တေအာင္းပေလာင္ေဒသထဲ TNLA နဲ႔ အစိုးရတပ္ တိုက္ပြဲ ျဖစ္ျပန္ (တအောင်းပလောင်ဒေသထဲ TNLA နဲ့ အစိုးရတပ် တိုက်ပွဲ ဖြစ်ပြန် )


အစိုးရ သစ္ ေပၚေပါက္ လာမွပဲ ၿငိမ္းခ်မ္းေရး ကိစၥ ျပန္လည္ စတင္ နိုင္ဖို႔ ေမၽွာ္လင့္ ထား။
ရွမ္းျပည္နယ္ တေအာင္း ပေလာင္ေဒသ မွာ ေဒသခံ တေအာင္း ပေလာင္ လက္နက္ကိုင္ တပ္ TNLA နဲ႔ တပ္မ ၇၇ လက္ေအာက္ခံ အစိုးရ စစ္တပ္ အၾကား ေဖေဖၚဝါရီလ ၂၈ ရက္ တနဂၤေႏြ ေန႔ က တိုက္ပြဲ ႏွစ္ႀကိမ္ ျဖစ္ခဲ့တယ္ ဆိုၿပီး TNLA ဘက္က ေျပာပါတယ္။

အစိုးရ စစ္တပ္ဘက္ က အက်အဆုံး ရွိတယ္ လို႔ TNLA က ေျပာေပမယ့္ သီးျခား အတည္ျပဳခ်က္ေတာ့ မရရွိ နိုင္ ေသးပါဘူး။

နမ့္ဆန္ ေဒသ ကို အခု ရက္ပိုင္း ေတြ အတြက္ အစိုးရ စစ္တပ္ ဘက္က အင္းအား အလုံးအရင္း ျဖည့္တင္း လာေနတဲ့ အတြက္ ထိေတြ႕မွု ေတြ ထပ္ၿပီး ျဖစ္လာ နိုင္တယ္ လို႔ လို႔ TNLA ေျပာခြင့္ရ ဗိုလ္မွူး မိုင္အိုက္ေက်ာ္ က ဘီဘီစီ ကို ေျပာပါတယ္။

နမ့္ခမ္း ဘက္ မွာလည္း TNLA နဲ႔ ရွမ္းျပည္ေတာင္ပိုင္းတပ္မေတာ္ RCSS/SSA တို႔ၾကား ၿပီးခဲ့တဲ့ တနလၤာ ေန႔က တိုက္ပြဲ ျဖစ္ ခဲ့ၿပီးတဲ့ ေနာက္ ပိုင္း ထိေတြ႕မွု ထပ္မံ မျဖစ္ ေတာ့ေပမယ့္ အေျခအေနဟာ တင္းမာ ေနဆဲ ျဖစ္တယ္ လို႔လည္း ဆိုပါတယ္။

လက္ရွိ မွာေတာ့ အစိုးရနဲ႔ TNLA အၾကား ၿငိမ္းခ်မ္းေရး အတြက္ ေျပာဆို ေဆြးေႏြးမွု ေတြ အားလုံး ရပ္တန္႔ ေနၿပီး အစိုးရ သစ္ ေပၚေပါက္ လာမွပဲ ၿငိမ္းခ်မ္းေရး ကိစၥ ျပန္လည္ စတင္ နိုင္ဖို႔ ေမၽွာ္လင့္ ထားတယ္ ဆိုၿပီး ဗိုလ္မွူး မိုင္အိုက္ေက်ာ္ က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
..........

အစိုးရ သစ် ပေါ်ပေါက် လာမှပဲ ငြိမ်းချမ်းရေး ကိစ္စ ပြန်လည် စတင် နိုင်ဖို့ မျှော်လင့် ထား။
ရှမ်းပြည်နယ် တအောင်း ပလောင်ဒေသ မှာ ဒေသခံ တအောင်း ပလောင် လက်နက်ကိုင် တပ် TNLA နဲ့ တပ်မ ရ၇ လက်အောက်ခံ အစိုးရ စစ်တပ် အကြား ဖေဖေါ်ဝါရီလ ၂၈ ရက် တနင်္ဂနွေ နေ့ က တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တယ် ဆိုပြီး TNLA ဘက်က ပြောပါတယ်။

အစိုးရ စစ်တပ်ဘက် က အကျအဆုံး ရှိတယ် လို့ TNLA က ပြောပေမယ့် သီးခြား အတည်ပြုချက်တော့ မရရှိ နိုင် သေးပါဘူး။

နမ့်ဆန် ဒေသ ကို အခု ရက်ပိုင်း တွေ အတွက် အစိုးရ စစ်တပ် ဘက်က အင်းအား အလုံးအရင်း ဖြည့်တင်း လာနေတဲ့ အတွက် ထိတွေ့မှု တွေ ထပ်ပြီး ဖြစ်လာ နိုင်တယ် လို့ လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

နမ့်ခမ်း ဘက် မှာလည်း TNLA နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA တို့ကြား ပြီးခဲ့တဲ့ တနင်္လာ နေ့က တိုက်ပွဲ ဖြစ် ခဲ့ပြီးတဲ့ နောက် ပိုင်း ထိတွေ့မှု ထပ်မံ မဖြစ် တော့ပေမယ့် အခြေအနေဟာ တင်းမာ နေဆဲ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

လက်ရှိ မှာတော့ အစိုးရနဲ့ TNLA အကြား ငြိမ်းချမ်းရေး အတွက် ပြောဆို ဆွေးနွေးမှု တွေ အားလုံး ရပ်တန့် နေပြီး အစိုးရ သစ် ပေါ်ပေါက် လာမှပဲ ငြိမ်းချမ်းရေး ကိစ္စ ပြန်လည် စတင် နိုင်ဖို့ မျှော်လင့် ထားတယ် ဆိုပြီး ဗိုလ်မှူး မိုင်အိုက်ကျော် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)