တိုက္ပဲြမ်ား ရပ္စဲေရး ႀကိဳးစားဖို႔ RCSSကို မင္းကိုနိုင္ တိုက္တြန္း

၈၈ မ်ဳိးဆက္ ေခါင္းေဆာင္ ကိုမင္းကိုႏုိင္နဲ႔ RCSS/SSA အဖဲြ႔တို႔ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က ေက်ာက္မဲၿမိဳ႕ဘိုးဘြားရိပ္သာ မွာ ေတြ႔ဆံုစဥ္။ Photo: Kan Thar/ RFA
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တုိက္ပဲြေတြရပ္တန္႔ဖို႔အတြက္ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္း လူ႔အဖဲြ႔အစည္း ေခါင္းေဆာင္ ကိုမင္းကိုႏုိင္က ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ/ရွမ္းျပည္တပ္မေတာ္ RCSS/SSA အဖဲြ႔နဲ႔ ေတြ႔ဆံုစဥ္ ေမတၱာရပ္ခံခဲ့ပါတယ္။

၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္းဟာ မေန႔ညက RCSS/SSA အဖြဲ႔က ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးႀကီး စိုင္းအြမ္ေခး၊ ဒုတိယဗိုလ္မွဴးႀကီး စိုင္းေခါင္တုိ႔နဲ႔ ေက်ာက္မဲၿမိဳ႕ဘိုးဘြားရိပ္သာမွာ ေတြ႔ဆံုခဲ့တာျဖစ္ ပါတယ္။

အဲဒီလို ေဆြးေႏြးခဲ့တာကို ကိုမင္းကိုႏိုင္က အခုလိုေျပာပါတယ္။

"က်ေနာ္ညကပဲ RCSS ကေရာက္လာတဲ့ ဒီေဒသမွာရွိတဲ့ တာဝန္ရွိတဲ့ပုဂၢဳိလ္ေတြနဲ႔ က်ေနာ္စကားေျပာၿပီး ပါၿပီ၊ က်ေနာ္တို႔ဒီကိုလာတာ အခ်က္ ၃ ခ်က္ရွိတယ္၊ ၁ အခ်က္က ရုပ္ဝတၱဳေတြတတ္ႏိုင္သမွ် ေထာက္ပံ့မယ္၊ ၂ အခ်က္က စိတ္ဓါတ္ေရးရာအရ ကူညီၿပီးေတာ့ ရပ္ခံေပးရမွာေပါ့ေနာ္၊ အားေပးရမယ္၊ က်ေနာ္တို႔ တစ္ျပည္လံုးကစိတ္ပူေနတယ္၊ သူတို႔အတြက္ဘာလုပ္ေပးရမလဲ အသင့္ရွိေနတယ္ဆိုတာ က်ေနာ္တို႔ေျပာျပ တယ္၊ တတိယအခ်က္ကေတာ့ ဒီစစ္ပြဲကိုက်ေနာ္တို႔ရပ္ဆိုင္းဖို႔ ႏွစ္ဖက္စလံုးကို ေမတၱာရပ္ခံပန္ၾကားမွပဲ၊ ဘာလို႔လည္းဆိုေတာ့ ၾကာလာသည္ႏွင့္အမွ် ပိုၿပီးေတာ့ စိတ္ေတြမွာ နာၾကည္းမႈေတြျဖစ္လိမ့္မယ္၊ အဲ့ဒါက ျပည္ေထာင္စုတြက္ ေကာင္းတဲ့လကၡဏာ မဟုတ္ဘူး၊ ေနာက္ၿပီးေတာ့အျမဲ အတူေနရမယ့္ ညီကိုေတြ၊ ဒီၾကားထဲမွာ က်ေနာ္တို႔က ၿပီးခဲ့တဲ့အပိုုင္းကို ေနာက္မွဆက္ေဆြးေႏြးတာေပါ့၊ စစ္ကိုေတာ့ က်ေနာ္ရပ္ေစခ်င္တယ္၊ အဲ့တြက္ေၾကာင့္ ႏွစ္ဖက္လံုးကို ေမတၱာရပ္ခံမွာပါ၊ က်ေနာ္ TNLA အဖြဲ႔ကိုလည္း က်ေနာ္ေမတၱာရပ္ခံမွာပါ"

RCSS/SSA အဖြဲ ့ဟာ အစိုးရနဲ ့ NCA စာခ်ဳပ္မွာလက္မွတ္ ေရးထိုးၿပီးေနာက္ပိုင္းမွာ TNLAနဲ႔ တိုက္ပြဲေတြျဖစ္ပြားေန ပါတယ္။ လက္ရွိျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ နဲ႔ပတ္သက္ၿပီး လူမႈကြန္ယက္ေတြမွာ ေရးသားေနၾကတာေတြကို ခ်င့္ခ်ိန္ၿပီးမွ ယံုၾကဖို႔နဲ႔ တုိင္းရင္းသား အခ်င္းခ်င္း အမုန္းမပြားၾကဖို႔ RCSS/SSA ေတာင္ႀကီး ဆက္ဆံေရးရံုးတာ၀န္ခံ ဗိုလ္မွဴးစိုင္းဦး ကေၿပာပါတယ္။

"အခုျဖစ္ေနတာက အမွန္ဆိုရင္ TNLAနဲ႔ RCSS ကျဖစ္တယ္ဆိုေပမယ့္လည္း တပ္တပ္ျခင္းျဖစ္ တာေပါ့ေနာ္၊ ဥပမာ ဒီတေအာင္းနဲ႔ ပေလာင္နဲ႔ က်ေနာ္တို႔ရွမ္းမ်ိဳးေတြက တစ္ျပည္နယ္ တည္းေနတဲ့ ေရွးအရင္တည္းက တူတူေနလာခဲ့တာ၊ ဘာမွျပႆနာမျဖစ္ခဲ့ဘူး၊ တပ္ႏွစ္ဖက္ကျဖစ္လို႔ လူမ်ိဳးေရးကို က်ေနာ္တို႔လည္းမျဖစ္ေစခ်င္ဘူး၊ ဒီလူငယ္ေတြကိုလည္း၊ ဒီဆိုရွယ္မီဒီယာေတြကိုလည္း သိပ္ၿပီးေတာ့ တခ်ိဳ႕ဟာေတြက က်ေနာ္တို႔လူမ်ိဳးေရးျဖစ္ေအာင္ လာဖြေနသလိုျဖစ္ေနတယ္"

ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ RCSS/SSA နဲ႕ TNLA တပ္ေတြ တုိက္ပဲြျဖစ္ပြား ေနတာေၾကာင့္ ေနရပ္စြန္႔ခြာလာသူ သံုးေထာင္ေက်ာ္ရွိေနၿပီး ဘုန္းေတာ္ ႀကီးေက်ာင္းေတြနဲ ့ဘိုးဘြားရိပ္သာေတြမွာ ေနရာခ်ထားေပးပါတယ္။

၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္းက ကိုမင္းကိုႏုိင္၊ ကိုဂ်င္မီ နဲ႔ စမ္းေခ်ာင္းကိုကိုႀကီးတုိ႔ ဟာ ေက်ာက္မဲၿမိဳ႔ေပၚ ေရာက္ရွိေနတဲ့ စစ္ေဘး ဒုကၡသည္ေတြ အတြက္ ေဆး၀ါး၊ အ၀တ္အထည္ နဲ႔ အသံုးအေဆာင္ ပစၥည္းေတြကို မေန႔က ေပးအပ္လွဴဒါန္းခဲ့တာျဖစ္ၿပီး RCSS/SSA အဖဲြ႔ကလည္း အစားအေသာက္ေတြ လွဴဒါန္းခဲ့ ပါတယ္။

RFA Burmese
http://www.rfa.org/burmese

...........................................


၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ RCSS/SSA အဖွဲ့တို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျောက်မဲမြို့ဘိုးဘွားရိပ်သာ မှာ တွေ့ဆုံစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ မနေ့ညက RCSS/SSA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး စိုင်းအွမ်ခေး၊ ဒုတိယဗိုလ်မှူးကြီး စိုင်းခေါင်တို့နဲ့ ကျောက်မဲမြို့ဘိုးဘွားရိပ်သာမှာ တွေ့ဆုံခဲ့တာဖြစ် ပါတယ်။

အဲဒီလို ဆွေးနွေးခဲ့တာကို ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။

"ကျနော်ညကပဲ RCSS ကရောက်လာတဲ့ ဒီဒေသမှာရှိတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ကျနော်စကားပြောပြီး ပါပြီ၊ ကျနော်တို့ဒီကိုလာတာ အချက် ၃ ချက်ရှိတယ်၊ ၁ အချက်က ရုပ်ဝတ္တုတွေတတ်နိုင်သမျှ ထောက်ပံ့မယ်၊ ၂ အချက်က စိတ်ဓါတ်ရေးရာအရ ကူညီပြီးတော့ ရပ်ခံပေးရမှာပေါ့နော်၊ အားပေးရမယ်၊ ကျနော်တို့ တစ်ပြည်လုံးကစိတ်ပူနေတယ်၊ သူတို့အတွက်ဘာလုပ်ပေးရမလဲ အသင့်ရှိနေတယ်ဆိုတာ ကျနော်တို့ပြောပြ တယ်၊ တတိယအချက်ကတော့ ဒီစစ်ပွဲကိုကျနော်တို့ရပ်ဆိုင်းဖို့ နှစ်ဖက်စလုံးကို မေတ္တာရပ်ခံပန်ကြားမှပဲ၊ ဘာလို့လည်းဆိုတော့ ကြာလာသည်နှင့်အမျှ ပိုပြီးတော့ စိတ်တွေမှာ နာကြည်းမှုတွေဖြစ်လိမ့်မယ်၊ အဲ့ဒါက ပြည်ထောင်စုတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊ နောက်ပြီးတော့အမြဲ အတူနေရမယ့် ညီကိုတွေ၊ ဒီကြားထဲမှာ ကျနော်တို့က ပြီးခဲ့တဲ့အပိုုင်းကို နောက်မှဆက်ဆွေးနွေးတာပေါ့၊ စစ်ကိုတော့ ကျနော်ရပ်စေချင်တယ်၊ အဲ့တွက်ကြောင့် နှစ်ဖက်လုံးကို မေတ္တာရပ်ခံမှာပါ၊ ကျနော် TNLA အဖွဲ့ကိုလည်း ကျနော်မေတ္တာရပ်ခံမှာပါ"

RCSS/SSA အဖွဲ ့ဟာ အစိုးရနဲ ့ NCA စာချုပ်မှာလက်မှတ် ရေးထိုးပြီးနောက်ပိုင်းမှာ TNLAနဲ့ တိုက်ပွဲတွေဖြစ်ပွားနေ ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ရေးသားနေကြတာတွေကို ချင့်ချိန်ပြီးမှ ယုံကြဖို့နဲ့ တိုင်းရင်းသား အချင်းချင်း အမုန်းမပွားကြဖို့ RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုင်းဦး ကပြောပါတယ်။

"အခုဖြစ်နေတာက အမှန်ဆိုရင် TNLAနဲ့ RCSS ကဖြစ်တယ်ဆိုပေမယ့်လည်း တပ်တပ်ခြင်းဖြစ် တာပေါ့နော်၊ ဥပမာ ဒီတအောင်းနဲ့ ပလောင်နဲ့ ကျနော်တို့ရှမ်းမျိုးတွေက တစ်ပြည်နယ် တည်းနေတဲ့ ရှေးအရင်တည်းက တူတူနေလာခဲ့တာ၊ ဘာမှပြဿနာမဖြစ်ခဲ့ဘူး၊ တပ်နှစ်ဖက်ကဖြစ်လို့ လူမျိုးရေးကို ကျနော်တို့လည်းမဖြစ်စေချင်ဘူး၊ ဒီလူငယ်တွေကိုလည်း၊ ဒီဆိုရှယ်မီဒီယာတွေကိုလည်း သိပ်ပြီးတော့ တချို့ဟာတွေက ကျနော်တို့လူမျိုးရေးဖြစ်အောင် လာဖွနေသလိုဖြစ်နေတယ်"

ကျောက်မဲမြို့နယ်အတွင်းမှာ RCSS/SSA နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွား နေတာကြောင့် နေရပ်စွန့်ခွာလာသူ သုံးထောင်ကျော်ရှိနေပြီး ဘုန်းတော် ကြီးကျောင်းတွေနဲ ့ဘိုးဘွားရိပ်သာတွေမှာ နေရာချထားပေးပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နဲ့ စမ်းချောင်းကိုကိုကြီးတို့ ဟာ ကျောက်မဲမြို့ပေါ် ရောက်ရှိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ အတွက် ဆေးဝါး၊ အဝတ်အထည် နဲ့ အသုံးအဆောင် ပစ္စည်းတွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး RCSS/SSA အဖွဲ့ကလည်း အစားအသောက်တွေ လှူဒါန်းခဲ့ ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)