PatJasan အဖွဲ့ တိုက်ခိုက်ခံရ ၁၈ဦးဒဏ်ရာရ ဟုဆို





...................


ဘိန်းခင်းများဖျက်ဆီးရန်အတွက် မဂါးရွာသို့ ထွက်ခွာသွားခဲ့သော ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့(pat ja san)အဖွဲ့ (၂) ယနေ့ မနက် ၉ နာရီခ ွဲအချိန်တွင် ဘိန်းခင်းပိုင်ရှင်များက တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း တိုက်ဖျက်ရေးတာဝန်ခံ ဆရာဆန်လီက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ကျွန်တော်တို့ အဖွဲ့ ၂ က မဂါးရွာမှာ ဘိန်းခင်းတိုက်ဖျက်နေတဲ့အချိန်မှာ ဘိန်းခင်းပိုင်ရှင်တွေက တူမီးသေနတ်တွေနဲ့ပစ်တယ်။ ကျွန်တော်တို့ ယာယီတဲတွေ ပစ္စည်းတွေကိုလည်းမီးရှို့လိုက်တယ် ။လူစုတွေလည်းကွဲသွားပြီ" ဟု ဆရာဆန်လီက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

ယင်းမဂါးရွာရှိ ဘိန်းခင်းပိုင်များမှ တရုတ်သူဋ္ဌေးများပိုင်ဆိုင်သော ဘိန်းခင်းများဖြစ်နိုင်ကြောင်း ဦးဆန်လီကပြောသည်။

Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)