ကခ်င္ Pat Jasan ခရီး ပိတ္ပင္မႈ ဖယ္ရွားေပးၿပီ

Pat Jasan ကခ်င္လူထုအေျချပဳ မူးယစ္ တုိက္ဖ်က္ေရး အဖဲြ႔၀င္ေတြ ခရီးဆက္လက္ ထြက္ခြာေနစဥ္ -၂၃ ေဖဖ၀ါရီ ၂၀၁၆ (Photo-Ying kyang)
ကခ်င္ျပည္နယ္ ကန္ပိုက္တီၿမိဳ႔နယ္အတြင္းက ဘိန္းခင္းေတြကို သြားေရာက္ ဖ်က္ဆီးမယ့္လူထု အေျချပဳ မူးယစ္တုိက္ဖ်က္ေရး အဖဲြ႔ကို ၀ိုင္းေမာ္ၿမိဳ႔နယ္ ဆဒံုး၊ ခ်ီေဖြလမ္းခဲြမွာ တပတ္ေက်ာ္ၾကာ တားဆီးခဲ့ရာက ဒီကေန႔ ေန႔ခင္း ၂ နာရီမွာေတာ့ လံုၿခံဳေရးတပ္ဖဲြ႔ေတြက ဆက္လက္ထြက္ခြာခြင့္ ေပးလုိက္ၿပီျဖစ္ပါတယ္။

ကန္ပုိက္တီး နယ္က ဘိန္းခင္းရွင္ေတြက လက္နက္ေတြကိုင္ေဆာင္ၿပီး လမ္းခုလပ္ကေန ဟန္႔တားဖုိ႔ ျပင္ဆင္ ေနတယ္ လုိ႔ သတင္းေတြ ထြက္ေပၚေနတာေၾကာင့္မူးယစ္တုိက္ဖ်က္ေရး အဖဲြ႔၀င္ေတြ လံုၿခံဳေရးအတြက္ အာဏာပိုင္ေတြ ဘက္က ျပင္ဆင္ေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ႕သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထား ပါတယ္။

Pat Jasan (ေခၚ) ကခ်င္လူထုအေျချပဳ မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔၀င္ေတြကို ၀ိုင္းေမာ္ၿမိဳ႕နယ္ ဆဒံုး၊ ခ်ီေဖြ လမ္းခဲြမွာ ဒီလ ၁၆ ရက္ေန႔ကတည္းက ရဲနဲ႔ စစ္တပ္က တားဆီးထားခဲ့တာ ျဖစ္ပါတယ္။ ဒီလိုတားဆီးတာ တပတ္ေလာက္ရိွလာခ်ိန္မွာေတာ့ Pat Jasan အဖဲြ႔၀င္ေတြက အဂၤါေန႔ ေန႔ခင္း၂ နာရီမွာ မျဖစ္မေန ဆက္လက္ ထြက္ခြာဖုိ႔ တနလၤာေန႔က ဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီေန႔ေန႔ခင္းမွာေတာ့ အာဏာပိုင္ေတြဘက္က ကန္ပိုက္တီးေဒသဖက္ကို ဆက္လက္ထြက္ခြာဖို႔ ခြင့္ေပးလုိက္ တယ္လုိ႔ ဒီခရီးကုိ လုိက္ပါသြားတဲ့ တႏိုင္းေဒသ မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ ဥကၠ႒ ဆရာေနာ္ေတာင္က ေျပာပါတယ္။

“အဲဒါအခု ဒီည က်ေနာ္တို႔က ဘြမ္ေတာင္ဆိုတဲ့ေနရာမွာ ေရႊ႕ၿပီးစခန္းေျပာင္းမွာ။ အဲဒီမွာလည္း ထပ္ၿပီးမွ တဖြဲ႔ၿပီး တဖြဲ႔သြားဖို႔ အစီအစဥ္ရွိတယ္။ က်ေနာ္တို႔ အခုက ၃၀၀၀ ေလာက္ရွိတယ္။ ၂ နာရီခြဲ ေလာက္ကေန စထြက္တာ။”

ဘိန္းခင္းရွင္ေတြဖက္က ဓါး၊ လံွ၊ ေသနတ္ေတြ ကိုင္ေဆာင္ၿပီး လမ္းခရီးကေန ကတုတ္က်င္းတူးေစာင့္ဆုိင္း ေနတယ္လုိ႔ သတင္းရထားေၾကာင္း နဲ႔ စစ္တပ္၊ ရဲ၊ မီးသတ္နဲ႔ တျခားဌာနဆုိင္ရာ၀န္ထမ္းေတြက လံုၿခံဳေရး လုိက္ပါဖို႔ ကမ္းလွမ္းထားၿပီး မနက္ျဖန္မွ လံုၿခံဳေရးကိစၥ ေဆြးေႏြးဖုိ႔ ရိွေၾကာင္းလည္း ေျပာပါတယ္။

“အႏၱရာယ္ ကေတာ့ ရွိမွာပဲေလ။ ဘာပဲျဖစ္ျဖစ္ လံုၿခံဳေရးကိစၥကေတာ့ မနက္ျဖန္ စခန္းခ်မယ့္ ေနရာ မွာ ေရာက္မွပဲ ျပန္လည္ ေဆြးေႏြးမွာျဖစ္တယ္။”

မူးယစ္တုိက္ဖ်က္ေရး အဖဲြ႔နဲ႔ ဘိန္းခင္းရွင္ေတြအၾကား အခင္းျဖစ္ပြားႏိုင္တာေၾကာင့္ ျပည္နယ္အစိုးရဖက္က လံုၿခံဳေရးအတြက္ တပ္မေတာ္၊ ရဲနဲ႔ ဌာနဆုိင္ရာေတြ ပူးေပါင္းလုိက္ပါဖုိ႔ ျပင္ဆင္ထားေၾကာင္း ၀ိုင္းေမာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းၿငိမ္းႏိုင္က ေျပာပါတယ္။

“သူတို႔အဖြဲ႔နဲ႔ ကခ်င္ျပည္နယ္စုက အဖြဲ႔နဲ႔ ညိႇႏိႈင္းသေဘာတူညီကတည္းက အဖြဲ႔ ၆ ဖြဲ႔ေပါ့ ။ သူတို႔ဆီက မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရး အဖြဲ႔လို႔ေျပာေနတဲ့လူေတြဆီက အဖြဲ႔ ၆ ဖြဲ႔ေပါ့။ အဲဒီ အဖြဲ႔ ၆ ဖြဲ႔က က်ေနာ္တို႔က ဒါ တပ္မေတာ္ရယ္ ၊ ရဲတပ္ဖြဲ႔ရယ္၊ ဌာနဆိုင္ရာေတြရယ္ အဲဒီ ၆ ဖြဲ႔ ပူးေပါင္းၿပီးေတာ့မွ သူတို႔ ဘိန္း ရွိပါတယ္ ဆိုတဲ့ေနရာေတြကို မနက္ျဖန္က စထြက္မွာပါ။ မနက္ျဖန္မွာ ၂ ဖြဲ႔ထြက္မွာေပါ့ေနာ္။ ၂၅ ရက္ေန႔မွာ ေနာက္ ၂ ဖြဲ႕ထြက္မယ္။ ၂၆ ရက္ေန႔မွာ ေနာက္ ၂ ဖြဲ႔ ထြက္မယ္။ က်ေနာ္တို႔ဆီကေတာ့ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ပါမယ္။ ေျမစာရင္း ပါမယ္။ လ၀က ပါမယ္။ စိုက္ပ်ိဳးေရး ပါမယ္။ သစ္ေတာ ပါမယ္။ က်န္းမာေရးပါမယ္။ က်ေနာ္တို႔ ဒါ နယ္ဘက္နဲ႔ ပတ္သက္တဲ့ အုပ္ခ်ဳပ္ေရး ပိုင္းဆိုင္ရာ ၀န္ထမ္းကေတာ့ ။ က်န္တာရဲတပ္ဖြဲ႔ကေတာ့ သူတို႔အဖြဲ႔အစည္း သူတို႔ အင္အားေပါ့ေနာ္ အဲဒါေလးေတြနဲ႔ သြားမယ္ေပါ့ေနာ္။ အဓိကကေတာ့ security အပိုင္းမွာ စိုးရိမ္တဲ့အတြက္ ဒါ ညိႇႏိႈင္းၿပီးမွ တကယ့္အဆင္ေျပေအာင္ စုဖြဲ႔ၿပီးေတာ့မွ ထြက္ၾကမွာေပါ့ေနာ္။”

ၿပီးခဲ့တဲ့ ဒီဇင္ဘာလက တႏိုင္းၿမိဳ႕နယ္ဖက္မွာ ဘိန္းခင္းဖ်က္ဆီးစဥ္မွာ တူမီးေသနတ္နဲ႔၂ၾကိမ္ ေခ်ာင္းေျမာင္း ပစ္ခတ္ခံရတာေၾကာင့္ Pat Jasan အဖဲြ႔၀င္ လူငယ္တေယာက္ေသဆံုးခဲ့သလို တေယာက္ ထိခိုက္ဒဏ္ရာရ ခဲ့ပါတယ္။ ၀ုိင္းေမာ္ၿမိဳ႕နယ္ ခ်ီေဖြနဲ႔ ရွေငၚေဒသဖက္ေတြကို သြားေရာက္ ဖ်က္ဆီးစဥ္မွာေတာ့ မုိင္းခဲြတုိက္ခုိက္ တာေၾကာင့္ ၃ ေယာက္ထိခုိက္ခဲ့သလို တုိက္ခုိက္မႈ စုစုေပါင္း ၃ ႀကိမ္ ရိွခဲ့ပါတယ္။

ကန္ပိုက္တီး နယ္ဖက္မွာ ဘိန္းခင္းဧက ၅ေထာင္ေလာက္ရိွမယ္လို႔ ခန္႔မွန္းထားၿပီး ကခ်င္ျပည္နယ္က မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ေတြဟာ ဒီႏွစ္ ဘိန္းစိုက္ရာသီမွာ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းနဲ႔ စစ္ကိုင္းတုိင္းေဒသၾကီး ဟူးေကာင္းေတာင္ၾကားေဒသက ဘိန္းခင္းဧက ၈ ေထာင္ ေလာက္ကို ဖ်က္ဆီးခဲ့ၿပီလုိ႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ ခရီးဆက်လက် ထွက်ခွာနေစဉ် -၂၃ ဖေဖဝါရီ ၂၀၁၆ (Photo-Ying kyang)
ကချင်ပြည်နယ် ကန်ပိုက်တီမြို့နယ်အတွင်းက ဘိန်းခင်းတွေကို သွားရောက် ဖျက်ဆီးမယ့်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို ၀ိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေလမ်းခွဲမှာ တပတ်ကျော်ကြာ တားဆီးခဲ့ရာက ဒီကနေ့ နေ့ခင်း ၂ နာရီမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက်ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။

ကန်ပိုက်တီး နယ်က ဘိန်းခင်းရှင်တွေက လက်နက်တွေကိုင်ဆောင်ပြီး လမ်းခုလပ်ကနေ ဟန့်တားဖို့ ပြင်ဆင် နေတယ် လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့်မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ လုံခြံုရေးအတွက် အာဏာပိုင်တွေ ဘက်က ပြင်ဆင်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

Pat Jasan (ခေါ်) ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေကို ၀ိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေ လမ်းခွဲမှာ ဒီလ ၁၆ ရက်နေ့ကတည်းက ရဲနဲ့ စစ်တပ်က တားဆီးထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတားဆီးတာ တပတ်လောက်ရှိလာချိန်မှာတော့ Pat Jasan အဖွဲ့ဝင်တွေက အင်္ဂါနေ့ နေ့ခင်း၂ နာရီမှာ မဖြစ်မနေ ဆက်လက် ထွက်ခွာဖို့ တနင်္လာနေ့က ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့နေ့ခင်းမှာတော့ အာဏာပိုင်တွေဘက်က ကန်ပိုက်တီးဒေသဖက်ကို ဆက်လက်ထွက်ခွာဖို့ ခွင့်ပေးလိုက် တယ်လို့ ဒီခရီးကို လိုက်ပါသွားတဲ့ တနိုင်းဒေသ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာနော်တောင်က ပြောပါတယ်။

“အဲဒါအခု ဒီည ကျနော်တို့က ဘွမ်တောင်ဆိုတဲ့နေရာမှာ ရွှေ့ပြီးစခန်းပြောင်းမှာ။ အဲဒီမှာလည်း ထပ်ပြီးမှ တဖွဲ့ပြီး တဖွဲ့သွားဖို့ အစီအစဉ်ရှိတယ်။ ကျနော်တို့ အခုက ၃၀၀၀ လောက်ရှိတယ်။ ၂ နာရီခွဲ လောက်ကနေ စထွက်တာ။”

ဘိန်းခင်းရှင်တွေဖက်က ဓါး၊ လှံ၊ သေနတ်တွေ ကိုင်ဆောင်ပြီး လမ်းခရီးကနေ ကတုတ်ကျင်းတူးစောင့်ဆိုင်း နေတယ်လို့ သတင်းရထားကြောင်း နဲ့ စစ်တပ်၊ ရဲ၊ မီးသတ်နဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေက လုံခြံုရေး လိုက်ပါဖို့ ကမ်းလှမ်းထားပြီး မနက်ဖြန်မှ လုံခြံုရေးကိစ္စ ဆွေးနွေးဖို့ ရှိကြောင်းလည်း ပြောပါတယ်။

“အန္တရာယ် ကတော့ ရှိမှာပဲလေ။ ဘာပဲဖြစ်ဖြစ် လုံခြံုရေးကိစ္စကတော့ မနက်ဖြန် စခန်းချမယ့် နေရာ မှာ ရောက်မှပဲ ပြန်လည် ဆွေးနွေးမှာဖြစ်တယ်။”

မူးယစ်တိုက်ဖျက်ရေး အဖွဲ့နဲ့ ဘိန်းခင်းရှင်တွေအကြား အခင်းဖြစ်ပွားနိုင်တာကြောင့် ပြည်နယ်အစိုးရဖက်က လုံခြံုရေးအတွက် တပ်မတော်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းလိုက်ပါဖို့ ပြင်ဆင်ထားကြောင်း ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းနိုင်က ပြောပါတယ်။

“သူတို့အဖွဲ့နဲ့ ကချင်ပြည်နယ်စုက အဖွဲ့နဲ့ ညှိနှိုင်းသဘောတူညီကတည်းက အဖွဲ့ ၆ ဖွဲ့ပေါ့ ။ သူတို့ဆီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့လို့ပြောနေတဲ့လူတွေဆီက အဖွဲ့ ၆ ဖွဲ့ပေါ့။ အဲဒီ အဖွဲ့ ၆ ဖွဲ့က ကျနော်တို့က ဒါ တပ်မတော်ရယ် ၊ ရဲတပ်ဖွဲ့ရယ်၊ ဌာနဆိုင်ရာတွေရယ် အဲဒီ ၆ ဖွဲ့ ပူးပေါင်းပြီးတော့မှ သူတို့ ဘိန်း ရှိပါတယ် ဆိုတဲ့နေရာတွေကို မနက်ဖြန်က စထွက်မှာပါ။ မနက်ဖြန်မှာ ၂ ဖွဲ့ထွက်မှာပေါ့နော်။ ၂၅ ရက်နေ့မှာ နောက် ၂ ဖွဲ့ထွက်မယ်။ ၂၆ ရက်နေ့မှာ နောက် ၂ ဖွဲ့ ထွက်မယ်။ ကျနော်တို့ဆီကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပါမယ်။ မြေစာရင်း ပါမယ်။ လဝက ပါမယ်။ စိုက်ပျိုးရေး ပါမယ်။ သစ်တော ပါမယ်။ ကျန်းမာရေးပါမယ်။ ကျနော်တို့ ဒါ နယ်ဘက်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ၀န်ထမ်းကတော့ ။ ကျန်တာရဲတပ်ဖွဲ့ကတော့ သူတို့အဖွဲ့အစည်း သူတို့ အင်အားပေါ့နော် အဲဒါလေးတွေနဲ့ သွားမယ်ပေါ့နော်။ အဓိကကတော့ security အပိုင်းမှာ စိုးရိမ်တဲ့အတွက် ဒါ ညှိနှိုင်းပြီးမှ တကယ့်အဆင်ပြေအောင် စုဖွဲ့ပြီးတော့မှ ထွက်ကြမှာပေါ့နော်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တနိုင်းမြို့နယ်ဖက်မှာ ဘိန်းခင်းဖျက်ဆီးစဉ်မှာ တူမီးသေနတ်နဲ့၂ကြိမ် ချောင်းမြောင်း ပစ်ခတ်ခံရတာကြောင့် Pat Jasan အဖွဲ့ဝင် လူငယ်တယောက်သေဆုံးခဲ့သလို တယောက် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ၀ုိင်းမော်မြို့နယ် ချီဖွေနဲ့ ရှငေါ်ဒေသဖက်တွေကို သွားရောက် ဖျက်ဆီးစဉ်မှာတော့ မိုင်းခွဲတိုက်ခိုက် တာကြောင့် ၃ ယောက်ထိခိုက်ခဲ့သလို တိုက်ခိုက်မှု စုစုပေါင်း ၃ ကြိမ် ရှိခဲ့ပါတယ်။

ကန်ပိုက်တီး နယ်ဖက်မှာ ဘိန်းခင်းဧက ၅ထောင်လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ကချင်ပြည်နယ်က မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေဟာ ဒီနှစ် ဘိန်းစိုက်ရာသီမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈ ထောင် လောက်ကို ဖျက်ဆီးခဲ့ပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)