Pat Jasan အဖွဲ့နှင့် တပ်မတော်တို့ ခိုက်ရန်ဖြစ်ပွား
 လမ်းပိတ်ခံထားရသည့် Pat Jasan အဖွဲ့မှ ခေါင်းဆောင်များအား ချီဖွေလမ်းခွဲတွင် ဂိတ်စောင့်သည့် တပ်မတော်အဖွဲ့မှ ခေါ်ယူပြီး အစည်းအဝေးကျင်းပနေ စဉ် ဓာတ်ပုံရိုက်သည့် KBC မီဒီယာ ဌာနမှ သတင်းထောက်တစ်ဦးအား အပွင့်နှစ်ပွင့်ရှိသည့် တပ်မတော်သားတစ်ဦးသည် ဓာတ်ပုံမရိုက်ရန်နှင့် ရိုက်ပြီးသား ဓာတ်ပုံများကိုလည်း ဖျက်ပေးရန် ပြောဆိုပြီး စပြီး ရန်ရှာကာ လက်ဖြင့်ထိုး သည့်အတွက် သတင်းထောက်မှလည်းပြန်ထိုးကာ အချင်းချင်း ခိုက် ရန်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
Kachinwaves
............
 ပုံ။။ ယနေ့ ပြသနာဖြစ်သည့် နေရာ ။
 လမ်းပိတ်ခံထားရသည့် Pat Jasan အဖွဲ့မှ ခေါင်းဆောင်များအား ချီဖွေလမ်းခွဲတွင် ဂိတ်စောင့်သည့် တပ်မတော်အဖွဲ့မှ ခေါ်ယူပြီး အစည်းအဝေးကျင်းပနေ စဉ် ဓာတ်ပုံရိုက်သည့် KBC မီဒီယာ ဌာနမှ သတင်းထောက်တစ်ဦးအား အပွင့်နှစ်ပွင့်ရှိှသည့် တပ်မတော်သားတစ်ဦးသည် ဓာတ်ပုံမရိုက်ရန်နှင့် ရိုက်ပြီးသား ဓာတ်ပုံများကိုလည်း ဖျက်ပေးရန် ပြောဆိုပြီး စပြီး ရန်ရှာကာ လက်ဖြင့်ထိုး သည့်အတွက် သတင်းထောက်မှလည်းပြန်ထိုးကာ အချင်းချင်း ခိုက် ရန်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
နှစ်ပွင့်ဗိုလ်တစ်ယောက်မှ အရင်ကန်သည့်အတွက် သတင်းထောက်မှ ပြန်ထိုးခဲ့ရာ အခြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များမှလည်း ပြန်ထိုးခဲ့ပြီး တပ်မတော်သားတို့မှလည်း သေနတ်မှောင်းတွေတင်သည့်အထိ ပြသနာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နှစ်ဖက် လူကြီးများ ပြန်လည် တားဆီးလိုက်သည့်အတွက် ယခုအချိန် အဆင်ပြေပြီး မူလအတိုင်းပြန်ဖြစ်ပွားပြီဖြစ်ကြောင်း လည်း သိရသည်။
အဆိုပါချီဖွေလမ်းခွဲတွင် မိတ်မိနေသည့် Pat Jasan အဖွဲ့များ အယောက် ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည
ယနေ့မနက်နံနက်ပိုင်းတွင်လည်း Pat Jasan အဖွဲ့များ မြစ်ကြီးနား နှင့် ၀ိုင်းမော်မြို့နယ်ရှိ ဘာသာရေး ဂိုဏ်ပေါင်းစုံလူထုများ အယောက် တစ်သောင်းဝန်းကျင်တို့ ချီဖွေလမ်းခွဲတွင် စုပေါင်းဝတ်ပြုပွဲကျင်းပခဲ့ကြသည်။
Kachinwaves
https://www.facebook.com/kachinwavesnews
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)