ျမန္မာႏုိင္ငံ လႊတ္ေတာ္ ဆုိင္ရာ အဖြဲ ့(MPU) အား မတ္လ ၁ ရက္ အစည္းအေဝးတြင္ လႊတ္ေတာ္၏ သေဘာတူညီခ်က္ ရယူၿပီး ဖြဲ ့စည္း ေဆာင္ရြက္သြားမည္


    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၉ ရက္ (ဆင္ဟြာ)

    ျမန္မာႏုိင္ငံ လႊတ္ေတာ္ ဆိုင္ရာအဖြဲ႔ (MPU) ၏ ဥကၠ႒အျဖစ္ ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးမန္းဝင္းခိုင္သန္း၊ ဒုတိယ ဥကၠ႒ အျဖစ္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္ အပါအဝင္ အဖြဲ႔ဝင္ ၁၈ ဦးျဖင့္ ဖြဲ ့စည္းျခင္းကုိ မတ္လ ၁ ရက္တြင္ က်င္းပ ျပဳလုပ္မည့္ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝးတြင္ လႊတ္ေတာ္၏ သေဘာတူညီခ်က္ ရယူၿပီး ဆက္လက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ လႊတ္ေတာ္ ဆိုင္ရာအဖြဲ႔တြင္ အတြင္းေရးမွဴး အျဖစ္ ျပည္ေထာင္စု လႊတ္ေတာ္၊ ဒုတိယ နာယက ဦးေအးသာေအာင္ အပါအဝင္ အဖြဲ ့ဝင္မ်ား အျဖစ္ ျပည္သူ႔လႊတ္ေတာ္ ဒုတိယ ဥကၠ႒ ဦးတီခြန္ျမတ္ ႏွင့္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၄ ခုမွ လႊတ္ေတာ္ ဥကၠ႒မ်ား ပါဝင္၍ ဖြဲ ့စည္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ နာယက မန္းဝင္းခိုင္သန္းက ယေန ့ေဖေဖာ္ဝါရီလ ၂၉ ရက္ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝးတြင္ ေၾကညာခဲ့သည္။

ျပည္ေထာင္စု လႊတ္ေတာ္ ဆုိင္ရာ ဥပေဒ ျပဌာန္းခ်က္ႏွင့္ အညီ ျမန္မာႏုိင္ငံ လႊတ္ေတာ္ ဆိုင္ရာအဖြဲ႔ (MPU) အား ျပန္လည္ ဖြဲ ့စည္းႏုိင္ေရး အတြက္ ျပည္ေထာင္စု လႊတ္ေတာ္မွ အတည္ျပဳေပးရန္ လုိအပ္ေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ ဒုတိယ နာယက ဦးေအးသာေအာင္က ယေန ့လႊတ္ေတာ္ အစည္းအေဝးတြင္ ရွင္းလင္း ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ ပထမအႀကိမ္ လႊတ္ေတာ္ သက္တမ္းအတြင္း ျမန္မာႏုိင္ငံ လႊတ္ေတာ္ ဆိုင္ရာအဖြဲ႔ (MPU) အား ဖြဲ ့စည္းႏုိင္ခဲ့သည့္ အတြက္ ျပည္ေထာင္စု လႊတ္ေတာ္ ၊ တုိင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္မ်ား ေရွ ့ဆက္ ေဆာင္ရြက္ရသည့္ ဥပေဒျပဳ လုပ္ငန္းမ်ား ၊ တုိင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ အခ်င္းခ်င္း ဆက္သြယ္ ေဆာင္ရြက္မႈ ပုိမုိ အားေကာင္းလာခဲ့ၿပီး အခ်င္းခ်င္း ေဆာင္ရြက္သည့္ အခါတြင္ အရည္အေသြးမ်ား ၊ စြမ္းရည္မ်ားကုိ ျမႇင့္တင္ ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ ဒုတိယ နာယက ဦးေအးသာေအာင္က ေျပာၾကားခဲ့သည္။ 

(Xinhua)
http://www.xinhuamyanmar.com

.............................................


    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ ့စည်းခြင်းကို မတ်လ ၁ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက် ရယူပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့တွင် အတွင်းရေးမှူး အဖြစ် ပြည်ထောင်စု လွှတ်တော်၊ ဒုတိယ နာယက ဦးအေးသာအောင် အပါအဝင် အဖွဲ ့ဝင်များ အဖြစ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ လွှတ်တော် ဥက္ကဋ္ဌများ ပါဝင်၍ ဖွဲ ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယနေ ့ဖေဖော်ဝါရီလ ၂၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ ပြဌာန်းချက်နှင့် အညီ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) အား ပြန်လည် ဖွဲ ့စည်းနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က ယနေ ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) အား ဖွဲ ့စည်းနိုင်ခဲ့သည့် အတွက် ပြည်ထောင်စု လွှတ်တော် ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များ ရှေ ့ဆက် ဆောင်ရွက်ရသည့် ဥပဒေပြု လုပ်ငန်းများ ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် အချင်းချင်း ဆက်သွယ် ဆောင်ရွက်မှု ပိုမို အားကောင်းလာခဲ့ပြီး အချင်းချင်း ဆောင်ရွက်သည့် အခါတွင် အရည်အသွေးများ ၊ စွမ်းရည်များကို မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်က ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)