ျမန္မာျပည္ေျမာက္ပိုင္း စစ္ေရးပဋိပကၡမ်ား ရပ္ဆိုင္းဖို႔ EU တိုက္တြန္း

ရွမ္းျပည္နယ္အတြင္းမွာ တိုက္ပဲြေတြျဖစ္တာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ဒုကၡသည္မ်ား
ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေနရာအခ်ိဳ႕မွာျဖစ္လာတဲ့ စစ္ေရးပဋိပကၡေတြေၾကာင့္ အရပ္သားအထိအခိုက္ေတြနဲ႔ ဒုကၡသည္ေထာင္ဂဏန္းေလာက္ ထြက္ေျပးေနၾက ရတဲ့အေျခအေန အေပၚမွာ အီးယူ ဥေရာပသမဂၢအေနနဲ႔ စိုးရိမ္မကင္းျဖစ္တဲ့ အေၾကာင္း အီးယူ ဥေရာပသမဂၢ ရန္ကုန္ရံုးက ထုတ္ျပန္ပါတယ္။

တိုက္ပဲြေတြေၾကာင့္ လူမႈအသိုက္အ၀န္းအတြင္းက အမ်ိဳးသမီးနဲ႔ကေလးငယ္ေတြလို အကာအကြယ္လိုအပ္သူေတြရဲ႕ အသက္အႏၱရယ္ေတြ စိုးရိမ္စရာရိွၿပီး ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ မျဖစ္မေနလိုအပ္တဲ့ ယံုၾကည္မႈေတြကိုလည္း ထိခိုက္ေစတယ္လို႔ အီးယူ ဥေရာပသမဂၢက ထုတ္ျပန္ပါတယ္။

အားလံုးပါ၀င္ၿပီး အရွည္တည္တံမယ့္ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးအတြက္ တိုက္ပဲြေတြအားလံုး ခ်က္ျခင္းရပ္ဆိုင္းထားႏိုင္ဖို႔ ပဋိပကၡမွာပါ၀င္တဲ့ ဘက္အားလံုးက အေျခအေနေတြကို ထိမ္းထိမ္း သိမ္းသိမ္း ကိုင္တြယ္ၾကဖို႔နဲ႔၊ ေတြ႔ဆံုေဆြးေႏြး ၾကဖို႔ အီးယူ ဥေရာပသမဂၢအေနနဲ႔ တိုက္တြန္းတယ္လို႔ အီးယူဥေရာပသမဂၢ ရန္ကုန္ရံုး ျပန္ၾကားေရးတာ၀န္ခံ Valerie ZIRL က ဗီြအိုေအကို ေျပာသြားတာပါ။

ဒါ့အျပင္ ပဋိပကၡေတြျဖစ္ရာ နယ္ေျမအတြင္းက အရပ္သားေတြရဲ လိုအပ္ခ်က္ေတြကို ျဖည့္ဆည့္းႏိုင္ဖို႔ လူသားခ်င္း စာနာမႈ အကူအညီေတြ ေပးႏိုင္ေရး အတြက္လည္း ၀ိုင္း၀န္းအေျဖရွာညိႈႏိႈင္းေဆာင္ရြက္ၾကဖို႔ အီးယူက တိုက္တြန္းပါတယ္။ အခုႏွစ္ဆန္းပိုင္းက စလို႔ ရွမ္းျပည္နယ္အတြင္းမွာ TNLA ပေလာင္လက္နက္ကိုင္တပ္ဖဲြ႔နဲ႔ SSA ေတာင္ပိုင္း တပ္ဖဲြ႔အၾကား နယ္ေျမအျငင္းပြားၿပီး အျပန္အလွန္တိုက္ပဲြေတြျဖစ္တာေၾကာင့္ ဒုကၡသည္ သံုးေထာင္ေက်ာ္ ေနရပ္တိမ္းေရွာင္ေနၾကရသလို၊ ေျမာက္ပိုင္း ကခ်င္ျပည္နယ္နဲ႔ အျခားရွမ္းျပည္ ေဒသအခ်ိဳ႕မွာလည္း စစ္ေရးတင္းမာမႈေတြ ရိွေနတာပါ။

TNLA နဲ႔ SSA ေတာင္ပိုင္းအၾကား ပဋိပကၡအေပၚမွာ အျခားတိုင္းရင္းသား အဖဲြ႔အစည္းေတြက ၾကား၀င္ညိႈႏိႈင္းဖို႔ႀကိဳးစားေနခ်ိန္မွာပဲ၊ TNLA နဲ႔ ျမန္မာစစ္တပ္တို႔ တပ္ပဲြေတြလည္း ဆက္ျဖစ္ခဲ့ပါတယ္။ ရွမ္းျပည္နယ္အတြင္းက တိုက္ပဲြေတြနဲ႔ ပတ္သက္လို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းဖို႔ ရန္ကုန္အေမရိကန္သံရံုးကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္က တိုက္တြန္းခဲ့ပါတယ္။ ျပည္သူ႔လႊတ္ေတာ္မွာလည္း ရွမ္းျပည္တိုက္ပဲြအေျခအေနအေပၚ အေရးႀကီးအဆို တင္သြင္းခဲ့ၿပီး၊ တုိက္ပဲြေတြ ရပ္စဲဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.....................................


ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်များ
မြန်မာနိုင်ငံ မြောက်ပိုင်းနေရာအချို့မှာဖြစ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားအထိအခိုက်တွေနဲ့ ဒုက္ခသည်ထောင်ဂဏန်းလောက် ထွက်ပြေးနေကြ ရတဲ့အခြေအနေ အပေါ်မှာ အီးယူ ဥရောပသမဂ္ဂအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း အီးယူ ဥရောပသမဂ္ဂ ရန်ကုန်ရုံးက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် လူမှုအသိုက်အဝန်းအတွင်းက အမျိုးသမီးနဲ့ကလေးငယ်တွေလို အကာအကွယ်လိုအပ်သူတွေရဲ့ အသက်အန္တရယ်တွေ စိုးရိမ်စရာရှိပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေလိုအပ်တဲ့ ယုံကြည်မှုတွေကိုလည်း ထိခိုက်စေတယ်လို့ အီးယူ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

အားလုံးပါ၀င်ပြီး အရှည်တည်တံမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေအားလုံး ချက်ခြင်းရပ်ဆိုင်းထားနိုင်ဖို့ ပဋိပက္ခမှာပါ၀င်တဲ့ ဘက်အားလုံးက အခြေအနေတွေကို ထိမ်းထိမ်း သိမ်းသိမ်း ကိုင်တွယ်ကြဖို့နဲ့၊ တွေ့ဆုံဆွေးနွေး ကြဖို့ အီးယူ ဥရောပသမဂ္ဂအနေနဲ့ တိုက်တွန်းတယ်လို့ အီးယူဥရောပသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေးတာဝန်ခံ Valerie ZIRL က ဗွီအိုအေကို ပြောသွားတာပါ။

ဒါ့အပြင် ပဋိပက္ခတွေဖြစ်ရာ နယ်မြေအတွင်းက အရပ်သားတွေရဲ လိုအပ်ချက်တွေကို ဖြည့်ဆည့်းနိုင်ဖို့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေး အတွက်လည်း ၀ိုင်းဝန်းအဖြေရှာညှိုနှိုင်းဆောင်ရွက်ကြဖို့ အီးယူက တိုက်တွန်းပါတယ်။ အခုနှစ်ဆန်းပိုင်းက စလို့ ရှမ်းပြည်နယ်အတွင်းမှာ TNLA ပလောင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ SSA တောင်ပိုင်း တပ်ဖွဲ့အကြား နယ်မြေအငြင်းပွားပြီး အပြန်အလှန်တိုက်ပွဲတွေဖြစ်တာကြောင့် ဒုက္ခသည် သုံးထောင်ကျော် နေရပ်တိမ်းရှောင်နေကြရသလို၊ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အခြားရှမ်းပြည် ဒေသအချို့မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။

TNLA နဲ့ SSA တောင်ပိုင်းအကြား ပဋိပက္ခအပေါ်မှာ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေက ကြားဝင်ညှိုနှိုင်းဖို့ကြိုးစားနေချိန်မှာပဲ၊ TNLA နဲ့ မြန်မာစစ်တပ်တို့ တပ်ပွဲတွေလည်း ဆက်ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ရန်ကုန်အမေရိကန်သံရုံးကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ရှမ်းပြည်တိုက်ပွဲအခြေအနေအပေါ် အရေးကြီးအဆို တင်သွင်းခဲ့ပြီး၊ တိုက်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)