စင္ကာပူ Changi ေလယာဥ္ကြင္းထဲက ျမန္မာသတင္းစာ

ေလယာဥ္ေပၚက ျပစ္ခ်ခဲ့တဲ့ သတင္းစာပါတဲ့ အမိႈက္ထုပ္မ်ား
နိုင္ငံတကာက ေလယာဥ္ေတြ အျမားအျပား(အမ်ားအျပား) ဆင္းတဲ့ Changi ေလယာဥ္ကြင္းထဲမွာ လူမ်ဳိးေပါင္း အေတာ္စံုသေလာက္ပါပဲ။ Airlines ကလည္း အစံုရိွသလို သစ္ပင္စိုက္၊ ျမက္ရိတ္၊ အမိႈက္သိမ္း၊ ပန္းအလွျပင္၊ လမ္းခင္း/ျပင္၊ အဲကြန္း၊ ေဆာက္လုပ္ေရး၊ ဝါယာရိန္း၊ ေဆးသုတ္တို႔အျပင္ Position အစံုနဲ႔ လူမ်ဳိးေပါင္းစံု အလုပ္လုပ္ေနၾကတာပါ။ Canteen ၊ Duty Free ၊ Cargo ငွာန ၊ Mail ငွာနနဲ႔ Baggage Unit တို႔မွာလည္းရိွၾကျပီး အားလံုးက ကိုယ့္အေတြ႔အၾကံဳနဲ႔ ကိုယ္ပါပဲ။

ဒါေပမယ့္ အားလံုးက သူ႔ Pass နဲ႔သူမို႔ ကြင္းထဲကိုေတာ့ လာလို႔မရပါဘူး။ အဲဒီထဲကမွ လူမ်ဳိး ၇/၈ မ်ဳိးေလာက္က Apron မွာ Ramp Services လုပ္ၾကပါတယ္။ (က်ေနာ္တို႔ကေတာ့ အတိအက်ေျပာရရင္ ေလယာဥ္မွာ Operation လုပ္တာပါ) အမ်ားဆံုးကေတာ့ စလံုး၊ မေလးနဲ႔ ျပည္ၾကီးတရုတ္ေတြျဖစ္ျပီး ျမန္မာကေတာ့ သိပ္မရိွခဲ့ပါဘူး။

Apron ထဲက Staff အားလံုးနီးပါးက မိမိတိုင္းျပည္ကလာတဲ့ ေလယာဥ္ ျပန္သြားျပီးတဲ့ေနာက္မွာ ေလယာဥ္က ျပစ္ခ်ခဲ့တဲ့ အမိႈက္ထုပ္ထဲက သတင္းစာကို ေကာက္ယူဖတ္ေလ့ ရိွၾကပါတယ္(အလြမ္းေျဖၾကတယ္ေပါ့ဗ်ာ... အားလံုးက ရပ္ေဝးမွာ ေရာက္ေနတာေလ)။ ေလယာဥ္မွာ တာဝန္က်တဲ့ရဲေတာင္ တခါတရံမွာ အလြယ္တကူ ေကာက္ယူသြားတာမ်ဳိး ေတြ႔ဖူးပါတယ္။ အားလံုးက ရံုးထဲကို ယူလာျပီး ေအးေဆးဖတ္ၾကတယ္။ ဒါက Changi Airport ထဲက နိုင္ငံသားအစံုရဲ႕ လူေနမႈဘဝ တစ္စိတ္တစ္ပိုင္းပါ။

ေလယာဥ္ေတြကလည္း ေန႔တိုင္း အသြားအျပန္ လုပ္ေနတာဆိုေတာ့ ေန႔စဥ္သတင္းစာက အမိႈက္ထုပ္ထဲမွာ အျမဲပါပါတယ္။ ပါတာမွ သတင္းစာေတြအတြက္ ပလပ္စတစ္အိပ္ အၾကီးၾကီးနဲ႔ သီးသန္႔ထုပ္ျပီး ပစ္ထားခဲ့ၾကတာမ်ဳိးပါ။ အဲဒါေၾကာင့္ ေလယာဥ္ေပၚက ခရီးသည္ေတြရဲ႕ အနည္းဆံုး ၃၅% က သတင္းစာဖတ္ၾကတယ္လို႔ အမိႈက္ထုပ္ကိုၾကည့္ျပီး ခန္႔မွန္းလို႔ရပါတယ္။

ျပီးေတာ့လည္း ရံုးထဲမွာ လူမ်ဳိးေပါင္းစံုေတာ့ အမိႈက္ထုပ္က ေကာက္လာတဲ့ သတင္းစာကလည္း ျမန္မာသတင္းစာကလဲြျပီး အစံုရိွပါတယ္။ သူတို႔ သတင္းစာေတြ အားလံုးက ေဆးေရာင္ပါျပီး ျမန္မာသတင္းစာထက္ ပိုၾကီးတယ္။ ဘယ္သတင္းစာပဲျဖစ္ျဖစ္ နားမလည္လည္း စိတ္ဝင္စားတဲ့ သတင္းဓာတ္ပံု ေတြ႔ခဲ့ရင္ ေမးျမန္းၾကပံုကလည္း အျမဲျမင္ေတြ႔ေနက် ျမင္ကြင္းတစ္ခုပါ။ အဲလိုေမးခဲ့ရင္လည္း စိတ္ရွည္ရွည္နဲ႔ ရွင္းျပၾကေလ့ ရိွပါတယ္။ ဒါဟာလည္း အခ်ိန္တန္ရင္ အိမ္ျပန္ၾကမယ့္ သူေတြျဖစ္လို႔ အားလံုးက ခင္မင္ရင္းနီွးစြာ ေပါင္းသင္းဆက္ဆံၾကတာပါ။ အဲဒါေၾကာင့္... သတင္းကလည္း အစံုၾကားရသလို လူမ်ဳိးတိုင္းက သတင္းစာကို စိတ္ဝင္တစား ဖတ္ၾကတယ္ဆိုတာ အျမဲျမင္ေတြ႔နိုင္ပါတယ္။

ရံုးထဲမွာ နီေပါလူမ်ဳိး သန္႔ရွင္းေရးသမား ညီကိုနွစ္ေယာက္နဲ႔ စလံုးအဖြားအိုၾကီး တစ္ေယာက္ရိွတယ္။( အလွည့္က် တာဝန္နဲ႔ေပါ့) အဖြားၾကီးက အလုပ္မလုပ္နိုင္ေပမယ့္ ၾကာဇံထုပ္ေရာင္းျပီး အပိုဝင္ေငြရွာတယ္။ သူ႔အလွည့္မွာ စားပဲြေပၚက သတင္းစာေတြ ရွင္းေပးရံုကလဲြျပီး ဘာမွမလုပ္ဘဲ ၾကာဇံထုပ္ေရာင္းတယ္။ အဲဒါလည္း အလုပ္တစ္ခုမွာ တည္ျမဲေနျခင္းက သူ႔နိုင္ငံသား အခြင့္အေရးပဲေလ။ သူတို႔ Favour ေပးထားတယ္။ အသက္ၾကီးလို႔ အလုပ္မလုပ္နိုင္တာေတာင္ သူ႔နိုင္ငံသားက အလုပ္လုပ္ခြင့္ကို ရေစတယ္။( လုပ္နိုင္တဲ့သူနဲ႔ ေရာထည့္ေပးထားတယ္ ) ဒီအေၾကာင္းက လူ႔အခြင့္အေရး၊ နိုင္ငံသားတစ္ေယာက္ရဲ႕ အခြင့္အေရးကို သူမ်ားတိုင္းျပည္မွာ ဘယ္လိုဆိုတာကို သိေစခ်င္လို႔ ထည့္ေျပာရတာပါ။

အဲလိုနဲ႔ သန္႔ရွင္းေရးသမားက ေန႔စဥ္ ရံုးထဲက သတင္းစာေတြကို လိုက္သိမ္းရင္း ျမန္မာသတင္းစာကို မေတြ႔ဘူးေသးေၾကာင္း ျမင္ဖူးခ်င္ေၾကာင္း ေျပာလာခဲ့တယ္။ အဲဒါလည္း သူကရိုးရိုးေျပာတာပါ။ ဒါေပမယ့္ သူက လူေတြ႔တိုင္း ဒါပဲေမးေနခဲ့တာ။ (သူက ျမန္မာေတြထက္ လုပ္သက္လည္း ပိုမ်ားပါတယ္) အဲလိုနဲ႔ သူက အစျပဳခဲ့တဲ့ သာမာန္ေမးခြန္းတစ္ခုကို အားလံုးက သတိထားမိသြားျပီး Apron တစ္ခုလံုးမွာ အေတာ္ေလး က်ယ္ျပန္႔လာခဲ့ပါတယ္။ က်ေနာ္ေတာ့ အဲေလာက္ေတာင္ ျဖစ္လာလိမ့္မယ္လို႔ လံုးဝထင္မထားမိခဲ့ပါဘူး။

သူတို႔အျမင္မွာ ျမန္မာေတြက ယဥ္ေက်းျပီး ၾကီးသူကို ရိုေသတတ္ၾကတယ္။ ဘာမဆို အလြယ္တကူ သင္ယူတတ္ေျမာက္လြယ္ရံုမက အလုပ္က်ဳိးစားျပီး စာရိတၱေကာင္းမြန္ၾကတယ္လို႔ လက္ခံထားၾကပါတယ္။ သူတို႔ အဲလို နားလည္ထားတဲ့သူေတြက သတင္းစာမဖတ္ျခင္းကို အေတာ္ေလး စိတ္ဝင္စားေနၾကပံုပါ။

အဲဒီက အစျပဳျပီး... က်ေနာ္တို႔ကို အခြင့္သင့္တိုင္း ရိုးစင္းျပီး ေျဖရန္ခက္ခဲတဲ့ ေမးခြန္းမ်ဳိးေတြ ေမးတတ္ၾကပါေတာ့တယ္။ က်ေနာ္တို႔ကို စိတ္ဝင္စားေသာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။ အဲဒါဘာလည္းဆိုရင္ " မင္းတို႔ သတင္းစာ မဖတ္ဘူးလား?။ ငါတို႔နဲ႔ အလုပ္တူတူ လုပ္လာခဲ့တာ ၾကာခဲ့ျပီ။ ဒါေပမယ့္ ျမန္မာေတြ သတင္းစာဖတ္တာ မျမင္ဖူးေသးဘူး။ ဘာလို႔ သတင္းစာ မဖတ္ၾကတာလဲ? " ဆိုျပီး ေမးခြန္းထုတ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ က်ေနာ့ရဲ႕ လုပ္သက္က ေလးနွစ္ရိွေနခဲ့ပါျပီ။

ျပီးေတာ့ ျမန္မာေလယာဥ္က အမိႈက္ထုပ္ထဲမွာ သတင္းစာ ပါလာတာ မေတြ႔ဘူးေသးလို႔ ျမန္မာျပည္မွာ သတင္းစာ ရိွလားလို႔ေတာင္ ေမးလာပါတယ္။ စင္ကပူကို လာတဲ့ျမန္မာေတြက အေတာ္ေလး မ်ားေပမယ့္ သတင္းစာတစ္ေစာင္ေတာင္ ခုခ်ိန္ထိ သူတို႔မျမင္ဘူးေသးတာ( အမိႈက္ထုပ္ထဲမွာ ) ခရီးသည္ေတြကလည္း သတင္းစာ မဖတ္လို႔ေပါ့တဲ့။ ျပီးေတာ့လည္း သတင္းစာ တစ္ေစာင္ကို အလုပ္ရွဳပ္ခံျပီး သယ္သြားမည္ မဟုတ္ေၾကာင္းနဲ႔ သူတို႔သာဖတ္ရင္ အမိႈက္ထုတ္ထဲမွာ ေတြ႔မည္ျဖစ္ေၾကာင္း ခိုင္ခိုင္မာမာနဲ႔ကို စိတ္ဝင္တစား ေမးခြန္းထုတ္ေနေတာ့တာပါ။

အဲဒီအခ်ိန္က က်ေနာ္တို႔အားလံုး ဝင္ေငြလည္းေကာင္းျပီး အလုပ္လုပ္ရတာ အဆင္ေျပေနခဲ့ေပမယ့္ ျမန္မာသတင္းစာ တစ္ေစာင္ေၾကာင့္ အေတာ္ေလး အာရံုေနာက္ခဲ့ရပါတယ္။ ျမန္မာေလယာဥ္မွာ တာဝန္က်တိုင္း အေမးခံေနရလို႔ပါ။ ဒီလိုနဲ႔ ဘာမွမဟုတ္ဘူးလို႔ ထင္ခဲ့တဲ့ အဲဒီေမးခြန္းက Changi Airport ထဲမွာ အေတာ္ေလး ေရပန္းစားလာခဲ့ပါတယ္။ ဘာမွမဟုတ္ဘဲနဲ႔ ေမးခြန္းက အသက္ဝင္လာတယ္ေပါ့ဗ်ာ။

သူငယ္ခ်င္း တစ္ေယာက္ဆို အေမးမခံနိုင္ေတာ့လို႔ ထင္ပါတယ္။ ေလယာဥ္အတြင္းပိုင္း နံရံမွာစာေရးျပီး " ဟိတ္ေကာင္ေတြ သတင္းစာတစ္ေစာင္ ထည့္ေပးလိုက္ပါဟ" လို႔ေရးျပီး ရန္ကုန္ေလဆိပ္က ဘယ္သူပဲေတြ႔ေတြ႔လို႔ ရည္ရြယ္ျပီး စာေရးေပးရတဲ့ အေနအထားမ်ဳိးေတာင္ ရိွခဲ့ပါတယ္။ ဒါေပမယ့္ သတင္းစာကေတာ့ ေရာက္မလာခဲ့ပါဘူး။ သူတို႔မေတြ႔တာလည္း ျဖစ္နိုင္ပါတယ္။ ျပီးေတာ့... ျမန္မာေလယာဥ္ကလည္း သူ႔ရဲ႕ေလေၾကာင္းလိုင္း ေအာင္ျမင္လာခဲ့လို႔ တစ္ေန႔တစ္ေခါက္ကေန နွစ္ေခါက္ေျပးဆဲြတဲ့အထိ ျဖစ္လာခဲ့ေပမယ့္ စြန္႔ပစ္တဲ့ သတင္းစာက တစ္ေစာင္ေတာင္ ပါမလာခဲ့ပါဘူး။

အဲဒီအခ်ိန္ကစျပီး က်ေနာ္တို႔ေတြဟာ ျမန္မာေလယာဥ္မွာ တာဝန္မက်ခဲ့လည္း ေလယာဥ္က ျပစ္ခ်ခဲ့တဲ့ အမိႈက္ထုပ္နားမွာ ေပၚေပၚထင္ထင္ မဟုတ္ဘဲ ဟိုလိုလို... ဒီလိုလို ပံုစံအမ်ဳိးမ်ဳိး ဖန္တီးျပီး သတင္းစာ ပါလိမ့္မလားဆိုတဲ့ ေမ်ွာ္လင့္ခ်က္မ်ဳိးနဲ႔ တဝဲလည္လည္ ျဖစ္ခဲ့ရပါေတာ့တယ္။ ဒါတင္မကေသးဘဲ ထြက္ခြါေလယာဥ္မွာ Aerobridge(ေလယာဥ္ေပၚတက္တဲ့ ခ်ဥ္းကပ္တံတားရွင္) ေပၚက ေစာင့္ျပီး ညီကိုေမာင္နွမအခ်ဳိ႕အား စလံုးကို ျပန္လာရင္ သတင္းစာတစ္ေစာင္ ယူလာခဲ့ေပးဖို႔နဲ႔ ယူလာခဲ့ရင္လည္း Aerobridge ေပၚက ရဲကိုေပးခဲ့ဖို႔ အဆင္ေျပသလို မွာခဲ့ဖူးၾကပါတယ္။ (ဒီပို႔စ္ကို ေတြ႔သူေတြကေတာ့ ဒီအျဖစ္ကို သတိရသြားပါလိမ့္မယ္) ဒါေပမယ့္ သတင္းစာက လံုးဝကို ပါမလာခဲ့တာပါ။ သူတို႔ေတြလည္း သာမာန္လို႔ပဲ ေအာက္ေမ့မိလို႔ ျဖစ္ေကာင္းျဖစ္မွာပါ။ ျပီးေတာ့ က်ေနာ္တို႔ေတြကလည္း အလည္ျပန္ဖို႔ ခြင့္ရက္က အဆင္မေျပေသးတဲ့ အခ်ိန္မ်ဳိး ျဖစ္ေနခဲ့တယ္။

စလံုးေရာက္ ညီကိုေမာင္နွမ မ်ားကေတာ့ က်ေနာ္တို႔ရဲ႕ အျဖစ္ကို မသိနိုင္သလို သူတို႔နဲ႔ က်ေနာ္တို႔ရဲ႕ ပတ္ဝန္းက်င္ကလည္း လံုးဝကဲြျပားေနတာမ်ဳိးပါ။ အဲလိုအျဖစ္မ်ဳိးကလည္း ရီစရာအလြန္ေကာင္းတဲ့ ျဖစ္ရပ္တစ္ခုအျဖစ္ အမွတ္တရ ျဖစ္ေနလ်ွက္ပါ။

တစ္ေန႔ ရံုးထဲမွာ Flight မသြားခင္ ျမန္မာေလယာဥ္က ျပန္လာတဲ့ ျမန္မာတစ္ေယာက္က စားပဲြေပၚကို "ျမန္မာ့အလင္း" သတင္းစာတစ္ေစာင္ ျပစ္ခ်ျပီး ေျပာလိုက္ပါတယ္။ " ေရာ႔! မင္းတို႔ရွာေနတဲ့ သတင္းစာတဲ့။ ဟို... ေျမယိုးေတြကို ျပလိုက္လို႔ ေျပာျပီး ငါတို႔ဒုကၡကလည္း ၾကီးလိုက္တာကြာလို႔ ျငီးျပရင္း " အားရပါးရ ရီေနပါေတာ့တယ္။ သတင္းစာ ေကာက္လာတဲ့ သူငယ္ခ်င္းနဲ႔ ေလယာဥ္ေပၚက လႊင့္ပစ္လိုက္တဲ့သူကိုေတာ့ ေက်းဇူးတင္မဆံုးေပါ့...

သူတို႔ေတြ ျမန္မာသတင္းစာကို ျမင္ဖူးသြားျပန္ေတာ့ သူတို႔အျမင္ေတြကိုေျပာရင္း ေဝဖန္ၾကပါတယ္။ ျမန္မာစာလံုးက စက္ဝိုင္းေလးေတြကို စုေပါင္းျပီး ဖဲြ႔စည္းထားတာျဖစ္လို႔ အင္မတန္ရွဳပ္ေထြးေၾကာင္းနဲ႔ ဖတ္ရခက္လို႔ ျမန္မာေတြ သတင္းစာမဖတ္တာလားလို႔ ေမးပါတယ္။ သူတို႔အေမးကို စိတ္မဆိုးပါဘူး။ ျမန္မာမွာ လူမ်ဳိး၊ ဘာသာ၊ ဂီတနဲ႔ ကိုယ္ပိုင္စာရိွေၾကာင္း ရွင္းျပရတယ္။ အဲဒါဆို... သတင္းစာမွာ ဘာေတြေရးထားလို႔ လူေတြက မဖတ္တာလည္းလို႔ ထပ္ဆင့္ျပီး ေမးလာပါတယ္။ ကာလာမပါတဲ့ အေၾကာင္းနဲ႔ သတင္းစာအရြယ္ ေသးေၾကာင္းကိုလည္း ေျပာပါတယ္။ ျပီးေတာ့ ျမန္မာျပည္ လူဦးေရနဲ႔ သတင္းစာရဲ႕ စာမ်က္နွာက ကြာဟတယ္လို႔ သူတို႔အျမင္ကို ေျပာပါတယ္။ လူဦးေရမ်ားျပီး သတင္းစာပါးတယ္လို႔ ဆိုလိုေနတာပါ။

သူတို႔ေမးေနတာက ရိုးသားျပီး ေလးနက္တဲ့အတြက္ အလြယ္ဆံုး စကားလံုးေတြသံုးျပီး တတ္နိုင္သေလာက္ ရွင္းျပရပါတယ္။ ျမန္မာသတင္းစာရဲ႕ သက္တမ္းက နွစ္ေပါင္း ၉၀ ေက်ာ္ ၁၀၀ ဝန္းက်င္ေလာက္ ရိွေပမယ့္ စစ္အုပ္ခ်ဳပ္ေရး ေခတ္တုန္းက အရမ္းေတာ္တဲ့ သတင္းစာ ဆရာၾကီးေတြက ေထာင္က်ျပီး ၊ တခ်ဳိ႕လည္း ျပည္ပကို တိမ္းေရွာင္သြားေၾကာင္းနဲ႔ တခ်ဳိ႕လည္း အသက္ၾကီးလို႔ ကြယ္လြန္ကုန္ၾကျပီျဖစ္ေၾကာင္း သူ႔ေခတ္နဲ႔သူ အားလံုးက သတိရေနေၾကာင္း သိထားသေလာက္ ရွင္းျပရတယ္။

ျပီးေတာ့... ငါတို႔ သတင္းစာက မဖတ္ခ်င္တဲ့ စာမ်က္နွာက မ်ားျပီး ၊ ဖတ္တဲ့အခါမွာလည္း ေနာက္ေက်ာဘက္ကသာ စျပီးဖတ္ၾကေၾကာင္း ေျပာျပေတာ့ သူတို႔ အ့ံၾသေနၾကတယ္။ သတင္းစာကို လူေတြက ဝယ္ၾကတယ္ဆိုေပမယ့္... ဖတ္ၾကပါတယ္လို႔ မဆိုနိုင္ေၾကာင္းကို လူေတြ ဟာသရုပ္ရွင္ကားၾကည့္ျပီး ရီေမာတာကို ေပ်ာ္ရႊင္ေနၾကတယ္လို႔ မဆိုနိုင္ေၾကာင္း ဥပမာေပးျပီး ရွင္းျပလိုက္တယ္။ သတင္းစာကို မဖတ္ဘူးဆိုေပမယ့္ ျပစ္ပါယ္လို႔မရေၾကာင္းလည္း ေသခ်ာရွင္းျပရတယ္။

အဲေတာ့... ေရွ႕ဘက္က ဘာေတြေရးထားလို႔ လူေတြက မဖတ္တာလည္း ထပ္ေမးေနလို႔.... ေရွ႕ဘက္က သူတို႔( အစိုးရ ) ဟန္းနီးမြန္း ထြက္တဲ့အေၾကာင္း၊ (စစ္ဗိုလ္ခ်ဳပ္ေတြ အလႉလုပ္တာကိုသာ ေဖာ္ျပေနေၾကာင္း) ၊ Propaganda (ဝါဒျဖန္႔ခ်ီမႈ) ကိုပဲ ဦးစားေပးထုတ္ေဝခဲ့ျပီး အဓိပါယ္မရိွေၾကာင္း ၊ နိုင္ငံတကာက အစိုးရတိုင္းဟာ သူတို႔ရဲ႕ ဝါဒေတြကို Convince( သိမ္းသြင္းစည္းရံုး ) လုပ္ေပမယ့္ ျမန္မာအစိုးရကေတာ့ အားလံုးနဲ႔ ကဲြျပားျပီး ျပည္သူကို လံုးဝဂရုမစိုက္ေၾကာင္း ၊ သတင္းစာထဲမွာ တစ္တိုင္းျပည္လံုး မီးေတြလင္းျပီး အျပင္မွာေတာ့ မဲေမွာင္ေနေၾကာင္း၊ ျပီးေတာ့... သတင္းစာထဲမွာ အရာရာတိုင္း Okay တယ္လို႔ ေရးထားျပီး အျပင္မွာနဲ႔ လံုးဝကဲြျပားေၾကာင္း၊ စာမ်က္နွာ ၃၈ မ်က္နွာပါရိွျပီး ေၾကာ္ျငာက႑မ်ားေၾကာင္း ၊ နိုင္ငံတကာသတင္း ေဖာ္ျပရာမွာလည္း ဘာမွ ဗဟုသုတ မရေၾကာင္းနဲ႔ မင္းတို႔လိုပဲ နိုင္ငံတကာကလည္း ေလးစားပါတယ္လို႔ ေျပာတဲ့ "ေဒၚေအာင္ဆန္းစုၾကည္" အေၾကာင္းကိုလည္း တစ္သက္လံုး မေဖာ္ျပဘဲ ေစာ္ကားတဲ့ ကာတြန္းေတြနဲ႔ အေရးအသားေတြကို အျမဲေဖာ္ျပတတ္ေၾကာင္း ရွင္းျပရတယ္။ (သတင္းစာ မဖတ္တဲ့အေၾကာင္းေမးတာကို အဲလိုပဲ ေျပာျပခဲ့တယ္)

ျပီးေတာ့... သတင္းစာက အဲလိုေဖာ္ျပေပမယ့္လည္း အစိုးရကို ေဝဖန္ေထာက္ျပမိရင္ ေထာင္ဒဏ္နွစ္ရွည္သလို ေသဒဏ္လည္း က်နိုင္ေၾကာင္း၊ တရုတ္အစိုးရနဲ႔ တခ်ဳိ႕ေနရာေတြမွာတူေၾကာင္း ရွင္းျပလိုက္ေတာ့ ျမန္မာေတြ သတင္းစာ ဖတ္တာနဲတဲ့အေၾကာင္း သူတို႔ သေဘာေပါက္သြားၾကတယ္။

ခုလို... ငါေျပာေနတာေတြကလည္း ျမန္မာနိုင္ငံသား အားလံုးကို ကိုယ္စားမျပဳဘဲ ငါ့အျမင္ကို ေျပာေနတာပါလို႔ ေျပာျပလိုက္ရေတာ့ တစ္ေယာက္က ထပ္ေမးတယ္။ ခုအစိုးရကေရာ( ဦးသိန္းစိန္) ဘယ္လိုလဲတဲ့။ (ဦးသိန္းစိန္ စင္ကပူကို လာျပီးသြားပါျပီ)သူ႔လက္ထက္မွာထုတ္တဲ့ သတင္းစာကေရာ Okay ျပီလားတဲ့?။

အဲဒါေတာ့... ငါလည္း ဒီမွာေရာက္ေနလို႔(စလံုး) ေသခ်ာမသိပါဘူး။ ဒါေပမယ့္ အမိႈက္ထုပ္ထဲမွာ သတင္း စာမပါတာျခင္းကေတာ့ တူေနျပီဆိုရင္....... အဲလိုပဲ ေျပာရေသးတယ္ သူတို႔ နားလည္သြားျပီတဲ့ေလ။ ျပီး... ေလယာဥ္သြားရေအာင္လို႔ ေျပာျပီး စကားျဖတ္လိုက္ေပမယ့္ Parking Bay မွာေတာ့ ျမန္မာသတင္းစာနဲ႔ သူတို႔ရဲ႕ လုပ္ေဖာ္ကိုင္ဘက္ေကာင္းေတြျဖစ္တဲ့ က်ေနာ္တို႔ အေၾကာင္းကို သူတို႔အခ်င္းခ်င္း ေျပာေနၾကေလရဲ႕။

တကယ္တမ္းဆို သတင္းစာဖတ္ျခင္းရဲ႕ အက်ဳိးေက်းဇူးေတြ မ်ားစြာရိွခဲ့ေပမယ့္ ျမန္မာသတင္းစာက ျမန္မာနိုင္ငံသားေတြကို ခုခ်ိန္ထိတိုင္ေအာင္ ဘာမွေကာင္းက်ဳိး မေပးခဲ့ျခင္းကလည္း သူတို႔ရဲ႕ အတင့္ရဲလြန္းလွတဲ့ ေစတနာပါပဲ။ မထင္မွတ္ဘဲ နိုင္ငံတကာသတင္းစာေတြ စုပံုေနတဲ့ ေနရာမ်ဳိးမွာ ျမန္မာသတင္းစာ တစ္မ်ဳိးတည္းက ထူးျခားျပီး Colour မပါဘဲ အျဖဴအမဲနဲ႔သာ တည္ရိွေနျခင္းကလည္း လူအမ်ားကို အ့ံၾသေစခဲ့ပါေတာ့တယ္။ ဒါဟာလည္း ေလယာဥ္ကြင္း တစ္ေနရာေလးဆိုေပမယ့္ လူအရမ္းမ်ားျပီး နိုင္ငံသားအစံု သတင္းစာအစံု ရိွတဲ့အတြက္ေၾကာင့္ နယ္ပါယ္ကက်ယ္ျပန္႔ပါတယ္။

အဲဒီအခ်ိန္က သူတို႔ကို လွည့္စားျပီး ေျပာခဲ့ရင္လည္း ကိုယ္က "ငေပါ" ျဖစ္မွာေသခ်ာတယ္။ ျမန္မာေလယာဥ္က အမိႈက္ထုပ္ထဲမွာ သတင္းစာမပါေတာ့ သူတို႔အေနနဲ႔ thinking ျဖစ္ေနပါတယ္။ ခုေတာ့... က်န္တာေတြခဏ ေဘးဖယ္ထားျပီး သတင္းစာခ်င္း ယွဥ္မယ္ဆိုေတာင္ မယွဥ္နိုင္ခဲ့ေလေတာ့... အားငယ္စြာနဲ႔ ျပံဳးျပခဲ့ရေတာ့တာေပါ့။ အဲဒါက က်ေနာ့အတြက္ တစ္သက္လံုး မေမ့နိုင္ေတာ့တဲ့ စင္ကပူေလယာဥ္ကြင္းထဲက သူတို႔စိတ္ဝင္စားတဲ့ ျမန္မာသတင္းစာ အေၾကာင္းေပါ့။

( မွတ္ခ်က္# တျခားျမန္မာ သူငယ္ခ်င္းေတြကေတာ့ သူတို႔ဘယ္လို ရွင္းျပလည္း က်ေနာ္မသိသလို ဒီအေၾကာင္းကို ေရးသားေဖာ္ျပျခင္းကိုလည္း မေတြ႔ဘူးပါ ) ဖတ္ေပးသူမ်ားကို ေက်းဇူးတင္ပါသည္။
Naung Naung Thu 
........................

စင်ကပူ Changi လေယာဉ်ကွင်းထဲက မြန်မာသတင်းစာ
----------------------------------

နိုင်ငံတကာက လေယာဉ်တွေ အမြားအပြား(အများအပြား) ဆင်းတဲ့ Changi လေယာဉ်ကွင်းထဲမှာ လူမျိုးပေါင်း အတော်စုံသလောက်ပါပဲ။ Airlines ကလည်း အစုံရှိသလို သစ်ပင်စိုက်၊ မြက်ရိတ်၊ အမှိုက်သိမ်း၊ ပန်းအလှပြင်၊ လမ်းခင်း/ပြင်၊ အဲကွန်း၊ ဆောက်လုပ်ရေး၊ ဝါယာရိန်း၊ ဆေးသုတ်တို့အပြင် Position အစုံနဲ့ လူမျိုးပေါင်းစုံ အလုပ်လုပ်နေကြတာပါ။ Canteen ၊ Duty Free ၊ Cargo ငှာန ၊ Mail ငှာနနဲ့ Baggage Unit တို့မှာလည်းရှိကြပြီး အားလုံးက ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်ပါပဲ။

ဒါပေမယ့် အားလုံးက သူ့ Pass နဲ့သူမို့ ကွင်းထဲကိုတော့ လာလို့မရပါဘူး။ အဲဒီထဲကမှ လူမျိုး ရ/၈ မျိုးလောက်က Apron မှာ Ramp Services လုပ်ကြပါတယ်။ (ကျနော်တို့ကတော့ အတိအကျပြောရရင် လေယာဉ်မှာ Operation လုပ်တာပါ) အများဆုံးကတော့ စလုံး၊ မလေးနဲ့ ပြည်ကြီးတရုတ်တွေဖြစ်ပြီး မြန်မာကတော့ သိပ်မရှိခဲ့ပါဘူး။

Apron ထဲက Staff အားလုံးနီးပါးက မိမိတိုင်းပြည်ကလာတဲ့ လေယာဉ် ပြန်သွားပြီးတဲ့နောက်မှာ လေယာဉ်က ပြစ်ချခဲ့တဲ့ အမှိုက်ထုပ်ထဲက သတင်းစာကို ကောက်ယူဖတ်လေ့ ရှိကြပါတယ်(အလွမ်းဖြေကြတယ်ပေါ့ဗျာ... အားလုံးက ရပ်ဝေးမှာ ရောက်နေတာလေ)။ လေယာဉ်မှာ တာဝန်ကျတဲ့ရဲတောင် တခါတရံမှာ အလွယ်တကူ ကောက်ယူသွားတာမျိုး တွေ့ဖူးပါတယ်။ အားလုံးက ရုံးထဲကို ယူလာပြီး အေးဆေးဖတ်ကြတယ်။ ဒါက Changi Airport ထဲက နိုင်ငံသားအစုံရဲ့ လူနေမှုဘဝ တစ်စိတ်တစ်ပိုင်းပါ။

လေယာဉ်တွေကလည်း နေ့တိုင်း အသွားအပြန် လုပ်နေတာဆိုတော့ နေ့စဉ်သတင်းစာက အမှိုက်ထုပ်ထဲမှာ အမြဲပါပါတယ်။ ပါတာမှ သတင်းစာတွေအတွက် ပလပ်စတစ်အိပ် အကြီးကြီးနဲ့ သီးသန့်ထုပ်ပြီး ပစ်ထားခဲ့ကြတာမျိုးပါ။ အဲဒါကြောင့် လေယာဉ်ပေါ်က ခရီးသည်တွေရဲ့ အနည်းဆုံး ၃၅% က သတင်းစာဖတ်ကြတယ်လို့ အမှိုက်ထုပ်ကိုကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။

ပြီးတော့လည်း ရုံးထဲမှာ လူမျိုးပေါင်းစုံတော့ အမှိုက်ထုပ်က ကောက်လာတဲ့ သတင်းစာကလည်း မြန်မာသတင်းစာကလွဲပြီး အစုံရှိပါတယ်။ သူတို့ သတင်းစာတွေ အားလုံးက ဆေးရောင်ပါပြီး မြန်မာသတင်းစာထက် ပိုကြီးတယ်။ ဘယ်သတင်းစာပဲဖြစ်ဖြစ် နားမလည်လည်း စိတ်ဝင်စားတဲ့ သတင်းဓာတ်ပုံ တွေ့ခဲ့ရင် မေးမြန်းကြပုံကလည်း အမြဲမြင်တွေ့နေကျ မြင်ကွင်းတစ်ခုပါ။ အဲလိုမေးခဲ့ရင်လည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြကြလေ့ ရှိပါတယ်။ ဒါဟာလည်း အချိန်တန်ရင် အိမ်ပြန်ကြမယ့် သူတွေဖြစ်လို့ အားလုံးက ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကြတာပါ။ အဲဒါကြောင့်... သတင်းကလည်း အစုံကြားရသလို လူမျိုးတိုင်းက သတင်းစာကို စိတ်ဝင်တစား ဖတ်ကြတယ်ဆိုတာ အမြဲမြင်တွေ့နိုင်ပါတယ်။

ရုံးထဲမှာ နီပေါလူမျိုး သန့်ရှင်းရေးသမား ညီကိုနှစ်ယောက်နဲ့ စလုံးအဖွားအိုကြီး တစ်ယောက်ရှိတယ်။( အလှည့်ကျ တာဝန်နဲ့ပေါ့) အဖွားကြီးက အလုပ်မလုပ်နိုင်ပေမယ့် ကြာဇံထုပ်ရောင်းပြီး အပိုဝင်ငွေရှာတယ်။ သူ့အလှည့်မှာ စားပွဲပေါ်က သတင်းစာတွေ ရှင်းပေးရုံကလွဲပြီး ဘာမှမလုပ်ဘဲ ကြာဇံထုပ်ရောင်းတယ်။ အဲဒါလည်း အလုပ်တစ်ခုမှာ တည်မြဲနေခြင်းက သူ့နိုင်ငံသား အခွင့်အရေးပဲလေ။ သူတို့ Favour ပေးထားတယ်။ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တာတောင် သူ့နိုင်ငံသားက အလုပ်လုပ်ခွင့်ကို ရစေတယ်။( လုပ်နိုင်တဲ့သူနဲ့ ရောထည့်ပေးထားတယ် ) ဒီအကြောင်းက လူ့အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို သူများတိုင်းပြည်မှာ ဘယ်လိုဆိုတာကို သိစေချင်လို့ ထည့်ပြောရတာပါ။

အဲလိုနဲ့ သန့်ရှင်းရေးသမားက နေ့စဉ် ရုံးထဲက သတင်းစာတွေကို လိုက်သိမ်းရင်း မြန်မာသတင်းစာကို မတွေ့ဘူးသေးကြောင်း မြင်ဖူးချင်ကြောင်း ပြောလာခဲ့တယ်။ အဲဒါလည်း သူကရိုးရိုးပြောတာပါ။ ဒါပေမယ့် သူက လူတွေ့တိုင်း ဒါပဲမေးနေခဲ့တာ။ (သူက မြန်မာတွေထက် လုပ်သက်လည်း ပိုများပါတယ်) အဲလိုနဲ့ သူက အစပြုခဲ့တဲ့ သာမာန်မေးခွန်းတစ်ခုကို အားလုံးက သတိထားမိသွားပြီး Apron တစ်ခုလုံးမှာ အတော်လေး ကျယ်ပြန့်လာခဲ့ပါတယ်။ ကျနော်တော့ အဲလောက်တောင် ဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားမိခဲ့ပါဘူး။

သူတို့အမြင်မှာ မြန်မာတွေက ယဉ်ကျေးပြီး ကြီးသူကို ရိုသေတတ်ကြတယ်။ ဘာမဆို အလွယ်တကူ သင်ယူတတ်မြောက်လွယ်ရုံမက အလုပ်ကျိုးစားပြီး စာရိတ္တကောင်းမွန်ကြတယ်လို့ လက်ခံထားကြပါတယ်။ သူတို့ အဲလို နားလည်ထားတဲ့သူတွေက သတင်းစာမဖတ်ခြင်းကို အတော်လေး စိတ်ဝင်စားနေကြပုံပါ။

အဲဒီက အစပြုပြီး... ကျနော်တို့ကို အခွင့်သင့်တိုင်း ရိုးစင်းပြီး ဖြေရန်ခက်ခဲတဲ့ မေးခွန်းမျိုးတွေ မေးတတ်ကြပါတော့တယ်။ ကျနော်တို့ကို စိတ်ဝင်စားသောကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါဘာလည်းဆိုရင် " မင်းတို့ သတင်းစာ မဖတ်ဘူးလား?။ ငါတို့နဲ့ အလုပ်တူတူ လုပ်လာခဲ့တာ ကြာခဲ့ပြီ။ ဒါပေမယ့် မြန်မာတွေ သတင်းစာဖတ်တာ မမြင်ဖူးသေးဘူး။ ဘာလို့ သတင်းစာ မဖတ်ကြတာလဲ? " ဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော့ရဲ့ လုပ်သက်က လေးနှစ်ရှိနေခဲ့ပါပြီ။

ပြီးတော့ မြန်မာလေယာဉ်က အမှိုက်ထုပ်ထဲမှာ သတင်းစာ ပါလာတာ မတွေ့ဘူးသေးလို့ မြန်မာပြည်မှာ သတင်းစာ ရှိလားလို့တောင် မေးလာပါတယ်။ စင်ကပူကို လာတဲ့မြန်မာတွေက အတော်လေး များပေမယ့် သတင်းစာတစ်စောင်တောင် ခုချိန်ထိ သူတို့မမြင်ဘူးသေးတာ( အမှိုက်ထုပ်ထဲမှာ ) ခရီးသည်တွေကလည်း သတင်းစာ မဖတ်လို့ပေါ့တဲ့။ ပြီးတော့လည်း သတင်းစာ တစ်စောင်ကို အလုပ်ရှုပ်ခံပြီး သယ်သွားမည် မဟုတ်ကြောင်းနဲ့ သူတို့သာဖတ်ရင် အမှိုက်ထုတ်ထဲမှာ တွေ့မည်ဖြစ်ကြောင်း ခိုင်ခိုင်မာမာနဲ့ကို စိတ်ဝင်တစား မေးခွန်းထုတ်နေတော့တာပါ။

အဲဒီအချိန်က ကျနော်တို့အားလုံး ဝင်ငွေလည်းကောင်းပြီး အလုပ်လုပ်ရတာ အဆင်ပြေနေခဲ့ပေမယ့် မြန်မာသတင်းစာ တစ်စောင်ကြောင့် အတော်လေး အာရုံနောက်ခဲ့ရပါတယ်။ မြန်မာလေယာဉ်မှာ တာဝန်ကျတိုင်း အမေးခံနေရလို့ပါ။ ဒီလိုနဲ့ ဘာမှမဟုတ်ဘူးလို့ ထင်ခဲ့တဲ့ အဲဒီမေးခွန်းက Changi Airport ထဲမှာ အတော်လေး ရေပန်းစားလာခဲ့ပါတယ်။ ဘာမှမဟုတ်ဘဲနဲ့ မေးခွန်းက အသက်ဝင်လာတယ်ပေါ့ဗျာ။

သူငယ်ချင်း တစ်ယောက်ဆို အမေးမခံနိုင်တော့လို့ ထင်ပါတယ်။ လေယာဉ်အတွင်းပိုင်း နံရံမှာစာရေးပြီး " ဟိတ်ကောင်တွေ သတင်းစာတစ်စောင် ထည့်ပေးလိုက်ပါဟ" လို့ရေးပြီး ရန်ကုန်လေဆိပ်က ဘယ်သူပဲတွေ့တွေ့လို့ ရည်ရွယ်ပြီး စာရေးပေးရတဲ့ အနေအထားမျိုးတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် သတင်းစာကတော့ ရောက်မလာခဲ့ပါဘူး။ သူတို့မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့... မြန်မာလေယာဉ်ကလည်း သူ့ရဲ့လေကြောင်းလိုင်း အောင်မြင်လာခဲ့လို့ တစ်နေ့တစ်ခေါက်ကနေ နှစ်ခေါက်ပြေးဆွဲတဲ့အထိ ဖြစ်လာခဲ့ပေမယ့် စွန့်ပစ်တဲ့ သတင်းစာက တစ်စောင်တောင် ပါမလာခဲ့ပါဘူး။

အဲဒီအချိန်ကစပြီး ကျနော်တို့တွေဟာ မြန်မာလေယာဉ်မှာ တာဝန်မကျခဲ့လည်း လေယာဉ်က ပြစ်ချခဲ့တဲ့ အမှိုက်ထုပ်နားမှာ ပေါ်ပေါ်ထင်ထင် မဟုတ်ဘဲ ဟိုလိုလို... ဒီလိုလို ပုံစံအမျိုးမျိုး ဖန်တီးပြီး သတင်းစာ ပါလိမ့်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ တဝဲလည်လည် ဖြစ်ခဲ့ရပါတော့တယ်။ ဒါတင်မကသေးဘဲ ထွက်ခွါလေယာဉ်မှာ Aerobridge(လေယာဉ်ပေါ်တက်တဲ့ ချဉ်းကပ်တံတားရှင်) ပေါ်က စောင့်ပြီး ညီကိုမောင်နှမအချို့အား စလုံးကို ပြန်လာရင် သတင်းစာတစ်စောင် ယူလာခဲ့ပေးဖို့နဲ့ ယူလာခဲ့ရင်လည်း Aerobridge ပေါ်က ရဲကိုပေးခဲ့ဖို့ အဆင်ပြေသလို မှာခဲ့ဖူးကြပါတယ်။ (ဒီပို့စ်ကို တွေ့သူတွေကတော့ ဒီအဖြစ်ကို သတိရသွားပါလိမ့်မယ်) ဒါပေမယ့် သတင်းစာက လုံးဝကို ပါမလာခဲ့တာပါ။ သူတို့တွေလည်း သာမာန်လို့ပဲ အောက်မေ့မိလို့ ဖြစ်ကောင်းဖြစ်မှာပါ။ ပြီးတော့ ကျနော်တို့တွေကလည်း အလည်ပြန်ဖို့ ခွင့်ရက်က အဆင်မပြေသေးတဲ့ အချိန်မျိုး ဖြစ်နေခဲ့တယ်။

စလုံးရောက် ညီကိုမောင်နှမ များကတော့ ကျနော်တို့ရဲ့ အဖြစ်ကို မသိနိုင်သလို သူတို့နဲ့ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ကလည်း လုံးဝကွဲပြားနေတာမျိုးပါ။ အဲလိုအဖြစ်မျိုးကလည်း ရီစရာအလွန်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် အမှတ်တရ ဖြစ်နေလျှက်ပါ။

တစ်နေ့ ရုံးထဲမှာ Flight မသွားခင် မြန်မာလေယာဉ်က ပြန်လာတဲ့ မြန်မာတစ်ယောက်က စားပွဲပေါ်ကို "မြန်မာ့အလင်း" သတင်းစာတစ်စောင် ပြစ်ချပြီး ပြောလိုက်ပါတယ်။ " ရော့! မင်းတို့ရှာနေတဲ့ သတင်းစာတဲ့။ ဟို... မြေယိုးတွေကို ပြလိုက်လို့ ပြောပြီး ငါတို့ဒုက္ခကလည်း ကြီးလိုက်တာကွာလို့ ငြီးပြရင်း " အားရပါးရ ရီနေပါတော့တယ်။ သတင်းစာ ကောက်လာတဲ့ သူငယ်ချင်းနဲ့ လေယာဉ်ပေါ်က လွှင့်ပစ်လိုက်တဲ့သူကိုတော့ ကျေးဇူးတင်မဆုံးပေါ့...

သူတို့တွေ မြန်မာသတင်းစာကို မြင်ဖူးသွားပြန်တော့ သူတို့အမြင်တွေကိုပြောရင်း ဝေဖန်ကြပါတယ်။ မြန်မာစာလုံးက စက်ဝိုင်းလေးတွေကို စုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်လို့ အင်မတန်ရှုပ်ထွေးကြောင်းနဲ့ ဖတ်ရခက်လို့ မြန်မာတွေ သတင်းစာမဖတ်တာလားလို့ မေးပါတယ်။ သူတို့အမေးကို စိတ်မဆိုးပါဘူး။ မြန်မာမှာ လူမျိုး၊ ဘာသာ၊ ဂီတနဲ့ ကိုယ်ပိုင်စာရှိကြောင်း ရှင်းပြရတယ်။ အဲဒါဆို... သတင်းစာမှာ ဘာတွေရေးထားလို့ လူတွေက မဖတ်တာလည်းလို့ ထပ်ဆင့်ပြီး မေးလာပါတယ်။ ကာလာမပါတဲ့ အကြောင်းနဲ့ သတင်းစာအရွယ် သေးကြောင်းကိုလည်း ပြောပါတယ်။ ပြီးတော့ မြန်မာပြည် လူဦးရေနဲ့ သတင်းစာရဲ့ စာမျက်နှာက ကွာဟတယ်လို့ သူတို့အမြင်ကို ပြောပါတယ်။ လူဦးရေများပြီး သတင်းစာပါးတယ်လို့ ဆိုလိုနေတာပါ။

သူတို့မေးနေတာက ရိုးသားပြီး လေးနက်တဲ့အတွက် အလွယ်ဆုံး စကားလုံးတွေသုံးပြီး တတ်နိုင်သလောက် ရှင်းပြရပါတယ်။ မြန်မာသတင်းစာရဲ့ သက်တမ်းက နှစ်ပေါင်း ၉၀ ကျော် ၁၀၀ ဝန်းကျင်လောက် ရှိပေမယ့် စစ်အုပ်ချုပ်ရေး ခေတ်တုန်းက အရမ်းတော်တဲ့ သတင်းစာ ဆရာကြီးတွေက ထောင်ကျပြီး ၊ တချို့လည်း ပြည်ပကို တိမ်းရှောင်သွားကြောင်းနဲ့ တချို့လည်း အသက်ကြီးလို့ ကွယ်လွန်ကုန်ကြပြီဖြစ်ကြောင်း သူ့ခေတ်နဲ့သူ အားလုံးက သတိရနေကြောင်း သိထားသလောက် ရှင်းပြရတယ်။

ပြီးတော့... ငါတို့ သတင်းစာက မဖတ်ချင်တဲ့ စာမျက်နှာက များပြီး ၊ ဖတ်တဲ့အခါမှာလည်း နောက်ကျောဘက်ကသာ စပြီးဖတ်ကြကြောင်း ပြောပြတော့ သူတို့ အ့ံသြနေကြတယ်။ သတင်းစာကို လူတွေက ဝယ်ကြတယ်ဆိုပေမယ့်... ဖတ်ကြပါတယ်လို့ မဆိုနိုင်ကြောင်းကို လူတွေ ဟာသရုပ်ရှင်ကားကြည့်ပြီး ရီမောတာကို ပျော်ရွှင်နေကြတယ်လို့ မဆိုနိုင်ကြောင်း ဥပမာပေးပြီး ရှင်းပြလိုက်တယ်။ သတင်းစာကို မဖတ်ဘူးဆိုပေမယ့် ပြစ်ပါယ်လို့မရကြောင်းလည်း သေချာရှင်းပြရတယ်။

အဲတော့... ရှေ့ဘက်က ဘာတွေရေးထားလို့ လူတွေက မဖတ်တာလည်း ထပ်မေးနေလို့.... ရှေ့ဘက်က သူတို့( အစိုးရ ) ဟန်းနီးမွန်း ထွက်တဲ့အကြောင်း၊ (စစ်ဗိုလ်ချုပ်တွေ အလှူလုပ်တာကိုသာ ဖော်ပြနေကြောင်း) ၊ Propaganda (ဝါဒဖြန့်ချီမှု) ကိုပဲ ဦးစားပေးထုတ်ဝေခဲ့ပြီး အဓိပါယ်မရှိကြောင်း ၊ နိုင်ငံတကာက အစိုးရတိုင်းဟာ သူတို့ရဲ့ ဝါဒတွေကို Convince( သိမ်းသွင်းစည်းရုံး ) လုပ်ပေမယ့် မြန်မာအစိုးရကတော့ အားလုံးနဲ့ ကွဲပြားပြီး ပြည်သူကို လုံးဝဂရုမစိုက်ကြောင်း ၊ သတင်းစာထဲမှာ တစ်တိုင်းပြည်လုံး မီးတွေလင်းပြီး အပြင်မှာတော့ မဲမှောင်နေကြောင်း၊ ပြီးတော့... သတင်းစာထဲမှာ အရာရာတိုင်း Okay တယ်လို့ ရေးထားပြီး အပြင်မှာနဲ့ လုံးဝကွဲပြားကြောင်း၊ စာမျက်နှာ ၃၈ မျက်နှာပါရှိပြီး ကြော်ငြာကဏ္ဍများကြောင်း ၊ နိုင်ငံတကာသတင်း ဖော်ပြရာမှာလည်း ဘာမှ ဗဟုသုတ မရကြောင်းနဲ့ မင်းတို့လိုပဲ နိုင်ငံတကာကလည်း လေးစားပါတယ်လို့ ပြောတဲ့ "ဒေါ်အောင်ဆန်းစုကြည်" အကြောင်းကိုလည်း တစ်သက်လုံး မဖော်ပြဘဲ စော်ကားတဲ့ ကာတွန်းတွေနဲ့ အရေးအသားတွေကို အမြဲဖော်ပြတတ်ကြောင်း ရှင်းပြရတယ်။ (သတင်းစာ မဖတ်တဲ့အကြောင်းမေးတာကို အဲလိုပဲ ပြောပြခဲ့တယ်)

ပြီးတော့... သတင်းစာက အဲလိုဖော်ပြပေမယ့်လည်း အစိုးရကို ဝေဖန်ထောက်ပြမိရင် ထောင်ဒဏ်နှစ်ရှည်သလို သေဒဏ်လည်း ကျနိုင်ကြောင်း၊ တရုတ်အစိုးရနဲ့ တချို့နေရာတွေမှာတူကြောင်း ရှင်းပြလိုက်တော့ မြန်မာတွေ သတင်းစာ ဖတ်တာနဲတဲ့အကြောင်း သူတို့ သဘောပေါက်သွားကြတယ်။

ခုလို... ငါပြောနေတာတွေကလည်း မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားမပြုဘဲ ငါ့အမြင်ကို ပြောနေတာပါလို့ ပြောပြလိုက်ရတော့ တစ်ယောက်က ထပ်မေးတယ်။ ခုအစိုးရကရော( ဦးသိန်းစိန်) ဘယ်လိုလဲတဲ့။ (ဦးသိန်းစိန် စင်ကပူကို လာပြီးသွားပါပြီ)သူ့လက်ထက်မှာထုတ်တဲ့ သတင်းစာကရော Okay ပြီလားတဲ့?။

အဲဒါတော့... ငါလည်း ဒီမှာရောက်နေလို့(စလုံး) သေချာမသိပါဘူး။ ဒါပေမယ့် အမှိုက်ထုပ်ထဲမှာ သတင်း စာမပါတာခြင်းကတော့ တူနေပြီဆိုရင်....... အဲလိုပဲ ပြောရသေးတယ် သူတို့ နားလည်သွားပြီတဲ့လေ။ ပြီး... လေယာဉ်သွားရအောင်လို့ ပြောပြီး စကားဖြတ်လိုက်ပေမယ့် Parking Bay မှာတော့ မြန်မာသတင်းစာနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်ကောင်းတွေဖြစ်တဲ့ ကျနော်တို့ အကြောင်းကို သူတို့အချင်းချင်း ပြောနေကြလေရဲ့။

တကယ်တမ်းဆို သတင်းစာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ များစွာရှိခဲ့ပေမယ့် မြန်မာသတင်းစာက မြန်မာနိုင်ငံသားတွေကို ခုချိန်ထိတိုင်အောင် ဘာမှကောင်းကျိုး မပေးခဲ့ခြင်းကလည်း သူတို့ရဲ့ အတင့်ရဲလွန်းလှတဲ့ စေတနာပါပဲ။ မထင်မှတ်ဘဲ နိုင်ငံတကာသတင်းစာတွေ စုပုံနေတဲ့ နေရာမျိုးမှာ မြန်မာသတင်းစာ တစ်မျိုးတည်းက ထူးခြားပြီး Colour မပါဘဲ အဖြူအမဲနဲ့သာ တည်ရှိနေခြင်းကလည်း လူအများကို အ့ံသြစေခဲ့ပါတော့တယ်။ ဒါဟာလည်း လေယာဉ်ကွင်း တစ်နေရာလေးဆိုပေမယ့် လူအရမ်းများပြီး နိုင်ငံသားအစုံ သတင်းစာအစုံ ရှိတဲ့အတွက်ကြောင့် နယ်ပါယ်ကကျယ်ပြန့်ပါတယ်။

အဲဒီအချိန်က သူတို့ကို လှည့်စားပြီး ပြောခဲ့ရင်လည်း ကိုယ်က "ငပေါ" ဖြစ်မှာသေချာတယ်။ မြန်မာလေယာဉ်က အမှိုက်ထုပ်ထဲမှာ သတင်းစာမပါတော့ သူတို့အနေနဲ့ thinking ဖြစ်နေပါတယ်။ ခုတော့... ကျန်တာတွေခဏ ဘေးဖယ်ထားပြီး သတင်းစာချင်း ယှဉ်မယ်ဆိုတောင် မယှဉ်နိုင်ခဲ့လေတော့... အားငယ်စွာနဲ့ ပြံုးပြခဲ့ရတော့တာပေါ့။ အဲဒါက ကျနော့အတွက် တစ်သက်လုံး မမေ့နိုင်တော့တဲ့ စင်ကပူလေယာဉ်ကွင်းထဲက သူတို့စိတ်ဝင်စားတဲ့ မြန်မာသတင်းစာ အကြောင်းပေါ့။

( မှတ်ချက်# တခြားမြန်မာ သူငယ်ချင်းတွေကတော့ သူတို့ဘယ်လို ရှင်းပြလည်း ကျနော်မသိသလို ဒီအကြောင်းကို ရေးသားဖော်ပြခြင်းကိုလည်း မတွေ့ဘူးပါ ) ဖတ်ပေးသူများကို ကျေးဇူးတင်ပါသည်။
Naung Naung Thu
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)