CB ဦးခင္ေမာင္ေအး သိမ္းထားသည့္ လယ္ယာေျမမ်ား ျပန္လည္ရရိွေရး ေတာင္ငူ ၊ နဂါးေမာက္ေက်းရြာ ေဒသခံမ်ား ဆႏၵျပ

9 February 2016 


ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္ နဂါးေမာက္ေက်းရြာ သိမ္းဆည္းခံ လယ္ယာေျမမ်ား ျပန္လည္ရရွိေရးအတြက္ ေဒသခံ လယ္သမားမ်ားက ေဖေဖာ္၀ါရီ ၇ ရက္တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္မႈတြင္ CB ဘဏ္ဥကၠ႒ ဦးခင္ေမာင္ေအး ပိုင္ဆိုင္သည့္ ေကာင္းျမန္မာေအာင္ ကုမၼဏီက ေတာင္သူမ်ားအေပၚ တရားစြဲဆိုထားသည့္ အမႈမ်ား အျမန္ဆုံး ႐ုပ္သိမ္းေပးရန္ႏွင့္ သိမ္းဆည္းခံ ေျမမ်ား အတြက္ ထိုက္တန္ေသာ နစ္နာေၾကး ေလ်ာ္ေၾကးေပးရန္ ၊ ကုမၼဏီက သိမ္းယူထားသည့္ ေဒသခံမ်ား၏ စိုက္ပ်ိဳးေျမမ်ားအား ေဒသခံမ်ားက လြတ္လပ္စြာ ျပန္လည္လုပ္ပိုင္ခြင့္ ရရွိေရး စသည့္အခ်က္မ်ားကို ေက်းရြာေဒသခံမ်ားက ေတာင္းဆိုခဲ့ၾကသည္။

“ ဦးခင္ေမာင္ေအးကို ဆႏၵျပတာ လယ္ေတြသိမ္းထားလို႕၊ ေနျပည္ေတာ္က ျပန္ခ်ေပးတယ္။ သူကမေပးတာ။ ေတာင္သူေတြကို မေပးေသးဘူး။ ေနျပည္ေတာ္က ျပန္ေပးၿပီ၊ ေပးဖို႕ျပန္ၿပီး အမိန္႕ခ်ထားတယ္ ေျပာတယ္။ ေတာင္သူေတြက ျပန္မရေသးဘူး ” ဟု ေတာင္ငူၿမိဳ႕ ေဒသခံတစ္ဦးက The Ladies သို႕ေျပာသည္။

ေကာင္းျမန္မာေအာင္ ကုမၸဏီသည္ ၂၀၀၉ ခုႏွစ္မွ စတင္၍ ေတာင္ငူၿမိဳ႕ နဂါးေမာက္ေက်းရြာ အုပ္စုရွိ ေျမဧက ၂,၄၀၀ အား ရာဘာစိုက္ခင္း စိုက္ပ်ိဳးရန္ လုပ္ပိုင္ခြင့္ရရွိခဲ့ၿပီး ယင္းအထဲမွ ေျမဧကအခ်ိဳ႕၌ ကၽြန္းစိုက္ခင္းမ်ားကို စိုက္ပ်ိဳး လုပ္ကိုင္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရၿပီး အဆိုပါ ေျမမ်ားအားလံုးမွာ ယခင္က ေဒသခံ ေတာင္သူမ်ားက ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

ေျမသိမ္းခံ ေတာင္သူမ်ားသည္ အင္အား ႏွစ္ရာခန္႕ျဖင့္ ေတာင္ငူၿမိဳ႕ အေရွ႕ဘက္ ေအာင္နန္းတံခါးမုခ္ဦး မွစတင္၍ ေၾကြးေၾကာ္သံမ်ားျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး မင္းႀကီးညိဳ႐ုပ္တုမွ တစ္ဆင့္ ဗုိလ္မွဴးဖုိးကြန္းလမ္း၊ ကုန္သည္ႀကီးလမ္းမ်ားသုိ႕ ၀င္ေရာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကကာ ေတာင္ငူၿမိဳ႕ ကန္လမ္း၊ CB ဘဏ္ ဥကၠ႒ ဦးခင္ေမာင္ေအး ပိုင္ဆိုင္သည့္ ေတာ္၀င္ေကတုမတီဟိုတယ္ ေရွ႕တြင္ ေၾကြးေၾကာ္ ဆႏၵထုတ္ေဖာ္ ခဲ့ႀကသည္။

ထို႔ေနာက္ ေတာ္၀င္ေကတုမတီဟိုတယ္ လမ္းမွ ဗိုလ္မႈးဖိုးကြန္းလမ္းမသို႕ ျပန္လည္ ၀င္ေရာက္ကာ ဆႏၵ ထုတ္ေဖာ္ပြဲ စတင္ခဲ့သည့္ မင္းႀကီးညိဳ ႐ုပ္တုေရွ႕တြင္ ဆႏၵထုတ္ေဖာ္မႈကို အဆုံးသတ္ခဲ့ၾကသည္။

သိမ္းဆည္းခံေျမမ်ားႏွင့္ ပတ္သက္၍ ေတာင္ငူၿမိဳ႕နယ္ နဂါးေမာက္ ေက်းရြာအုပ္စု ေကာင္းျမန္မာေအာင္ ကုမၸဏီ လုပ္ပိုင္ခြင့္ရ စိုက္ပ်ိဳးေျမမ်ား စြန္႔လႊတ္ပြဲႏွင့္ နစ္နာေၾကးေငြမ်ား ထပ္မံေပးအပ္ပြဲ အခမ္းအနားကို ေတာ္၀င္ေကတုမတီဟိုတယ္ ဘုရင့္ေနာင္ခန္းမတြင္ ၿပီးခဲ့သည့္ ဇန္န၀ါရီလ ၁၁ ရက္ေန႔ နံနက္ ၁၀ နာရီက က်င္းပခဲ႔ၿပီး၊ ကုမၸဏီ၏သစ္ေတာလုပ္ငန္း ဒု-အေထြေထြမန္ေနဂ်ာ ဦးေစာေမာင္က နဂါးေမာက္ေက်းရြာအုပ္စုရွိ ေျမလႊတ္ေျမ႐ိုင္း ၂,၄၀၀ ခန္႔အနက္ ကၽြန္းသစ္မာ စိုက္ပ်ိဳးၿပီးစိုက္ခင္း ၅၁၁.၃၈ ဧကမွအပ က်န္ ၁၈၈၈.၆၂ ဧကအား ေကာင္းျမန္မာေအာင္ ကုမၸဏီဥကၠ႒ ဦးခင္ေမာင္ေအး၏ ညႊန္ၾကားခ်က္အရ နဂါးေမာက္အုပ္စုေန ျပည္သူမ်ား စိတ္ခ်မ္းေျမ့ေစရန္ အလို႔ငွာ စြန္႔လႊတ္ေၾကာင္း ေၾကညာခဲ့ေသးသည္။

အဆိုပါအခမ္းအနားတြင္ ေတာင္သူလယ္သမားပါတီ ဥကၠ႒ ဦးေက်ာ္စိုးမိုးက စိုက္ပ်ိဳးၿပီး ၅၁၁.၃၈ ဧကအတြင္းမွ ေတာင္သူမ်ားအား တစ္ဧကလွ်င္ သံုးသိန္းျပည့္မီေအာင္ မူလ၀ယ္ေစ်းမွ လိုေငြမ်ား ထပ္မံေပးမည္ျဖစ္ေၾကာင္း၊ မူလေရာင္းခ်ခဲ႔သူမ်ားက မိမိတို႔ေျမ ျပန္လိုခ်င္လွ်င္ မူရင္းေစ်းအတိုင္း ေငြျပန္သြင္းၿပီး ျပန္ယူႏိုင္ေၾကာင္း တို႔ကို ရွင္းလင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

သတင္း - ေဇာ္မင္းထြန္း
ဓာတ္ပုံ - မင္းေသြးနီေဖ့စ္ဘုတ္
The Ladies News Journal
https://www.facebook.com/News.TheLadies

........................................................

CB ဦးခင်မောင်အေး သိမ်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်ငူ ၊ နဂါးမောက်ကျေးရွာ ဒေသခံများ ဆန္ဒပြ
9 February 2016 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံ လယ်သမားများက ဖေဖော်ဝါရီ ရ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး ပိုင်ဆိုင်သည့် ကောင်းမြန်မာအောင် ကုမ္မဏီက တောင်သူများအပေါ် တရားစွဲဆိုထားသည့် အမှုများ အမြန်ဆုံး ရုပ်သိမ်းပေးရန်နှင့် သိမ်းဆည်းခံ မြေများ အတွက် ထိုက်တန်သော နစ်နာကြေး လျော်ကြေးပေးရန် ၊ ကုမ္မဏီက သိမ်းယူထားသည့် ဒေသခံများ၏ စိုက်ပျိုးမြေများအား ဒေသခံများက လွတ်လပ်စွာ ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေး စသည့်အချက်များကို ကျေးရွာဒေသခံများက တောင်းဆိုခဲ့ကြသည်။

“ ဦးခင်မောင်အေးကို ဆန္ဒပြတာ လယ်တွေသိမ်းထားလို့၊ နေပြည်တော်က ပြန်ချပေးတယ်။ သူကမပေးတာ။ တောင်သူတွေကို မပေးသေးဘူး။ နေပြည်တော်က ပြန်ပေးပြီ၊ ပေးဖို့ပြန်ပြီး အမိန့်ချထားတယ် ပြောတယ်။ တောင်သူတွေက ပြန်မရသေးဘူး ” ဟု တောင်ငူမြို့ ဒေသခံတစ်ဦးက The Ladies သို့ပြောသည်။

ကောင်းမြန်မာအောင် ကုမ္ပဏီသည် ၂၀၀၉ ခုနှစ်မှ စတင်၍ တောင်ငူမြို့ နဂါးမောက်ကျေးရွာ အုပ်စုရှိ မြေဧက ၂,၄၀၀ အား ရာဘာစိုက်ခင်း စိုက်ပျိုးရန် လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ယင်းအထဲမှ မြေဧကအချို့၌ ကျွန်းစိုက်ခင်းများကို စိုက်ပျိုး လုပ်ကိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး အဆိုပါ မြေများအားလုံးမှာ ယခင်က ဒေသခံ တောင်သူများက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

မြေသိမ်းခံ တောင်သူများသည် အင်အား နှစ်ရာခန့်ဖြင့် တောင်ငူမြို့ အရှေ့ဘက် အောင်နန်းတံခါးမုခ်ဦး မှစတင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မင်းကြီးညိုရုပ်တုမှ တစ်ဆင့် ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကုန်သည်ကြီးလမ်းများသို့ ၀င်ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြကာ တောင်ငူမြို့ ကန်လမ်း၊ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ပိုင်ဆိုင်သည့် တော်ဝင်ကေတုမတီဟိုတယ် ရှေ့တွင် ကြွေးကြော် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ထို့နောက် တော်ဝင်ကေတုမတီဟိုတယ် လမ်းမှ ဗိုလ်မှုးဖိုးကွန်းလမ်းမသို့ ပြန်လည် ၀င်ရောက်ကာ ဆန္ဒ ထုတ်ဖော်ပွဲ စတင်ခဲ့သည့် မင်းကြီးညို ရုပ်တုရှေ့တွင် ဆန္ဒထုတ်ဖော်မှုကို အဆုံးသတ်ခဲ့ကြသည်။

သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍ တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု ကောင်းမြန်မာအောင် ကုမ္ပဏီ လုပ်ပိုင်ခွင့်ရ စိုက်ပျိုးမြေများ စွန့်လွှတ်ပွဲနှင့် နစ်နာကြေးငွေများ ထပ်မံပေးအပ်ပွဲ အခမ်းအနားကို တော်ဝင်ကေတုမတီဟိုတယ် ဘုရင့်နောင်ခန်းမတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး၊ ကုမ္ပဏီ၏သစ်တောလုပ်ငန်း ဒု-အထွေထွေမန်နေဂျာ ဦးစောမောင်က နဂါးမောက်ကျေးရွာအုပ်စုရှိ မြေလွှတ်မြေရိုင်း ၂,၄၀၀ ခန့်အနက် ကျွန်းသစ်မာ စိုက်ပျိုးပြီးစိုက်ခင်း ၅၁၁.၃၈ ဧကမှအပ ကျန် ၁၈၈၈.၆၂ ဧကအား ကောင်းမြန်မာအောင် ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ညွှန်ကြားချက်အရ နဂါးမောက်အုပ်စုနေ ပြည်သူများ စိတ်ချမ်းမြေ့စေရန် အလို့ငှာ စွန့်လွှတ်ကြောင်း ကြေညာခဲ့သေးသည်။

အဆိုပါအခမ်းအနားတွင် တောင်သူလယ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်စိုးမိုးက စိုက်ပျိုးပြီး ၅၁၁.၃၈ ဧကအတွင်းမှ တောင်သူများအား တစ်ဧကလျှင် သုံးသိန်းပြည့်မီအောင် မူလဝယ်စျေးမှ လိုငွေများ ထပ်မံပေးမည်ဖြစ်ကြောင်း၊ မူလရောင်းချခဲ့သူများက မိမိတို့မြေ ပြန်လိုချင်လျှင် မူရင်းစျေးအတိုင်း ငွေပြန်သွင်းပြီး ပြန်ယူနိုင်ကြောင်း တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
ဓာတ်ပုံ - မင်းသွေးနီဖေ့စ်ဘုတ်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)