ကုလ အတွင်းရေးမှူးချုပ်ဟောင်း Boutros Ghali ကွယ်လွန်





..............................



ကုလ အတွင်းရေးမှူ းချုပ်ဟောင်း Boutros Ghali
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ်ဟောင်း Boutros Boutros – Ghali ကွယ်လွန်ခဲ့ပြီလို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်းစီရဲ့ အကြီးအကဲ က အင်္ဂါနေ့မှာ ကြေညာပါတယ်။

Boutros Boutros–Ghali ဟာ ကုလသမဂ္ဂ အဖွဲ့ချုပ်ရဲ့ ၆ ဦးမြောက် အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံဖွား နိုင်ငံရေးသမားနဲ့ သံတမန် တဦး ဖြစ်သူ Boutros Boutros – Ghali ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၉၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က ကိုင်ရိုဆေးရုံကို တင်ခဲ့ရတာပါ။ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)