စစ္ေတြတြင္ န၀မတန္း ေမးခြန္းေပါက္ၾကား၍ ၄ နာရီၾကာ ေနာက္ဆုတ္၍ စာေမးပြဲစစ္ေဆးခဲ့ရ


စစ္ေတြ၊ ေဖေဖာ္၀ါရီ ၂၇

စစ္ေတြျမိဳ႕တြင္ ယေန႕ စစ္ေဆးခဲ့ေသာ န၀မတန္းစာေမးပြဲ ကို ေမးခြန္းမ်ား ေပါက္ၾကားသြားခဲ့သျဖင့္ အခ်ိန္ ၄ နာရီ ေနာက္ဆုတ္ျပီး စစ္ေဆးခဲ့ရသည္ဟု သတင္း ရရွိသည္။

ေပါက္ၾကားခဲ့ေသာ ဘာသာရပ္ ႏွစ္ခုမွာ ဇီ၀ေဗဒႏွင့္ ေဘာကေဗဒ ဘာသာ ရပ္မ်ား ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ေပါက္ၾကားခဲ့သည့္အတြက္ မူလေမးခြန္းျဖင့္ စာေမးပြဲ မစစ္ေဆးေတာ့ဘဲ အရန္ ေမးခြန္းလႊာျဖင့္ အစားထိုးစစ္ေဆးခဲ့ရၿပီး စာေမးပြဲကိုလည္း ပုံမွန္စစ္ေဆးေနသည့္ နံနက္ ၉ နာရီတြင္ မစစ္ေဆးခဲ့ဘဲ ေန႔လယ္ ၁နာရီသို႔ ေျပာင္းလဲ စစ္ေဆးခဲ့ရေၾကာင္း စစ္ေတြၿမိဳ႕နယ္ ပညာေရးမွဴးရုံးမွ သိရသည္။

ယခုကဲ့သို႕ ဘာသာရပ္ ႏွစ္ခု ေမးခြန္းေပါက္ၾကားခဲ့ျခင္းမွာ ဟုတ္မွန္ေၾကာင္းႏွင့္ စစ္ေဆးမႈမ်ား စတင္ ျပဳလုပ္ေတာ့မည္ ျဖစ္ေၾကာင္း စစ္ေတြ ၿမိဳ႕နယ္ပညာေရးမွဴး ဦးသန္းေက်ာ္က နိရဥၥရာသုိ႔ အတည္ျပဳ ေျပာၾကားသည္။

စစ္ေတြၿမိဳ႕နယ္အတြင္း ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွ စတင္စစ္ေဆးလ်က္ရွိေသာ နဝမတန္း စာေမးပြဲ ေနာက္ဆုံးေန႔ ျဖစ္သည့္ ေဖေဖာ္၀ါရီလ ၂၇ ရက္(ယေန႔)တြင္ ေျဖဆိုမည့္ ဇီ၀ေဗဒ ဘာသာရပ္ႏွင့္ ေဘာဂေဗဒ ဘာသာရပ္ေမးခြန္းတို႔မွာ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ ညေန ၈ နာရီခန္႔မွစတင္ကာ အြန္လိုင္းမ်ားတြင္ ေပါက္ၾကားမႈျဖစ္ပြားခဲ့သည္ဟု သိရသည္။

“ကြ်န္ေတာ္တို႔ ဒါကို မနက္ျဖန္မွ စတင္စံုစမ္းစစ္ေဆးမွာပါ။ ဒီေန႔ေတာ့ ႀကီးၾကပ္ေရးမွဴးေတြနဲ႔ ျပည္နယ္မွဴးနဲ႔ မ်က္ႏွာစံုညီေတြ႕ဆံုၿပီး ဘယ္ကေန ဘယ္လို ေပါက္ၾကားတယ္ဆုိတာ သတင္းယူ ေနတုန္းပါ” ဟု ဦးသန္းေက်ာ္က ဆုိသည္။

စံုစမ္းစစ္ေဆး၍ ေတြ႕ရွိပါက က်ဴးလြန္သူကုိ ဌာနဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားအတုိင္း ဆက္လက္အေရးယူေဆာင္ရြက္ သြားမည္ဟုလည္း ဦးသန္းေက်ာ္က ဆက္ေျပာသည္။

“က်ေနာ္တုိ႔က ၂၂ ရက္ေန႔စစ္မယ့္ေမးခြန္းဆုိရင္ ၂၁ ရက္ေန႔ကေန စၿပီး ေက်ာင္းတုိင္းကုိ ပုိ႔ထားပါတယ္။ ဒါေၾကာင့္ အခုကိစၥ ဟာလည္း ေက်ာင္းတစ္ေက်ာင္းကေန စၿပီး ေပါက္ၾကားတာ ျဖစ္ႏုိင္ပါတယ္” ဟု စစ္ေတြၿမိဳ႕နယ္ ပညာေရးမွဴး ဦးသန္းေက်ာ္က သံုးသပ္ ေျပာဆိုသည္။

ယခုကဲ့သုိ႔ ေမးခြန္းလႊာေပါက္ၾကားခဲ့မႈအေပၚ စစ္ေတြၿမိဳဳ႕ေပၚမွ အမည္မေဖာ္လုိသည့္ အထက္တန္းျပေက်ာင္းဆရာတစ္ဦးက "ဒီေမးခြန္းက ေက်ာင္းအလုိက္ လုပ္ၿပီး စစ္ေဆးတာမဟုတ္ဘဲ ၿမိဳ႕နယ္အလုိက္လုပ္တာျဖစ္တဲ့အတြက္ ၿမိဳ႕နယ္ပညာေရးဌာနမွာ အဓိက တာဝန္ရွိပါတယ္"ဟု သူ႔အျမင္ကုိ ေျပာသည္။

စစ္ေတြၿမိဳ႕နယ္အတြင္း န၀မတန္းစာေမးပြဲကို စာစစ္ဌာန ၁၆ ခုျဖင့္ စစ္ေဆးလ်က္ရွိရာ စာေမးပြဲ ေျဖဆိုေနသည့္ ေက်ာင္းသူ/သားဦးေရ ၂၄ဝဝ ေက်ာ္ရွိေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴးရုံးမွ သိရသည္။

Arakan State
https://www.facebook.com/NarinjaraNews/
..........


စစ်တွေ၊ ဖေဖော်ဝါရီ ၂၇

စစ်တွေမြို့တွင် ယနေ့ စစ်ဆေးခဲ့သော နဝမတန်းစာမေးပွဲ ကို မေးခွန်းများ ပေါက်ကြားသွားခဲ့သဖြင့် အချိန် ၄ နာရီ နောက်ဆုတ်ပြီး စစ်ဆေးခဲ့ရသည်ဟု သတင်း ရရှိသည်။

ပေါက်ကြားခဲ့သော ဘာသာရပ် နှစ်ခုမှာ ဇီဝဗေဒနှင့် ဘောကဗေဒ ဘာသာ ရပ်များ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ပေါက်ကြားခဲ့သည့်အတွက် မူလမေးခွန်းဖြင့် စာမေးပွဲ မစစ်ဆေးတော့ဘဲ အရန် မေးခွန်းလွှာဖြင့် အစားထိုးစစ်ဆေးခဲ့ရပြီး စာမေးပွဲကိုလည်း ပုံမှန်စစ်ဆေးနေသည့် နံနက် ၉ နာရီတွင် မစစ်ဆေးခဲ့ဘဲ နေ့လယ် ၁နာရီသို့ ပြောင်းလဲ စစ်ဆေးခဲ့ရကြောင်း စစ်တွေမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ယခုကဲ့သို့ ဘာသာရပ် နှစ်ခု မေးခွန်းပေါက်ကြားခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် စစ်ဆေးမှုများ စတင် ပြုလုပ်တော့မည် ဖြစ်ကြောင်း စစ်တွေ မြို့နယ်ပညာရေးမှူး ဦးသန်းကျော်က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

စစ်တွေမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်စစ်ဆေးလျက်ရှိသော နဝမတန်း စာမေးပွဲ နောက်ဆုံးနေ့ ဖြစ်သည့် ဖေဖော်ဝါရီလ ၂၇ ရက်(ယနေ့)တွင် ဖြေဆိုမည့် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်မေးခွန်းတို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၈ နာရီခန့်မှစတင်ကာ အွန်လိုင်းများတွင် ပေါက်ကြားမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ ဒါကို မနက်ဖြန်မှ စတင်စုံစမ်းစစ်ဆေးမှာပါ။ ဒီနေ့တော့ ကြီးကြပ်ရေးမှူးတွေနဲ့ ပြည်နယ်မှူးနဲ့ မျက်နှာစုံညီတွေ့ဆုံပြီး ဘယ်ကနေ ဘယ်လို ပေါက်ကြားတယ်ဆိုတာ သတင်းယူ နေတုန်းပါ” ဟု ဦးသန်းကျော်က ဆိုသည်။

စုံစမ်းစစ်ဆေး၍ တွေ့ရှိပါက ကျူးလွန်သူကို ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဟုလည်း ဦးသန်းကျော်က ဆက်ပြောသည်။

“ကျနော်တို့က ၂၂ ရက်နေ့စစ်မယ့်မေးခွန်းဆိုရင် ၂၁ ရက်နေ့ကနေ စပြီး ကျောင်းတိုင်းကို ပို့ထားပါတယ်။ ဒါကြောင့် အခုကိစ္စ ဟာလည်း ကျောင်းတစ်ကျောင်းကနေ စပြီး ပေါက်ကြားတာ ဖြစ်နိုင်ပါတယ်” ဟု စစ်တွေမြို့နယ် ပညာရေးမှူး ဦးသန်းကျော်က သုံးသပ် ပြောဆိုသည်။

ယခုကဲ့သို့ မေးခွန်းလွှာပေါက်ကြားခဲ့မှုအပေါ် စစ်တွေမြိုု့ပေါ်မှ အမည်မဖော်လိုသည့် အထက်တန်းပြကျောင်းဆရာတစ်ဦးက "ဒီမေးခွန်းက ကျောင်းအလိုက် လုပ်ပြီး စစ်ဆေးတာမဟုတ်ဘဲ မြို့နယ်အလိုက်လုပ်တာဖြစ်တဲ့အတွက် မြို့နယ်ပညာရေးဌာနမှာ အဓိက တာဝန်ရှိပါတယ်"ဟု သူ့အမြင်ကို ပြောသည်။

စစ်တွေမြို့နယ်အတွင်း နဝမတန်းစာမေးပွဲကို စာစစ်ဌာန ၁၆ ခုဖြင့် စစ်ဆေးလျက်ရှိရာ စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသူ/သားဦးရေ ၂၄ဝဝ ကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)