မန္တလေး-မတ္ထရာလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၁၆ ဦး ဒဏ်ရာရ








ခိုင်ဆက်ဝေ
...............


မန္တလေး-မတ္တလမ်း မိုင်တိုင် ၂၀ နှင့်၂၁ ကြားတွင် စကျင်မန်းယာဉ်အသင်းမှ ခရီးသည်တင် မှန်လုံယာဉ်တစီးသည် ဖေဖေါ်ဝါရီ ၂၄ နံနက် ၉ နာရီက ပက်လက်လန် တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်မှာ မတ္တရာမှ ထွက်ခွာလာသည့် လူ ၃၀ စီး ရိမ်းဘိုးဟီးနိုးယာဉ်မှာ လားရာတူ မောင်းနှင်လာသည့် အုတ်ကားနှင့်ပွတ်တိုက်ကာ ဝဲဘက်လမ်းဘေးသို့ လဲကျတိမ်းမှောက်ခြင်းဖြစ်သည်။


အခင်းဖြစ်ရာသို့ မန္တလေးတိုင်းယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ အဝေးပြေး ဥက္ကဌနှင့်တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးတို့က လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြသည်။

တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ခရီးသည် ၁၅ ဦး ဒဏ်ရာရှိခဲ့ပြီး သေဆုံးမှုမရှိကြောင်း သိရသည်

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)