ကယား(ကရင္နီ)ျပည္နယ္တြင္ ျပဳလုပ္သည့္ ၿငိမ္းခ်မ္းေရးဖိုရမ္ တားျမစ္ခံရ


ကယား(ကရင္နီ) ျပည္နယ္ တြင္ျပဳလုပ္သည့္ ျငိမ္းခ်မ္းေရးဖိုရမ္ကို ႏိုင္ငံေတာ္ သမၼတရံုး ညြန္ၾကားခ်က္ေၾကာင့္ ဖ်က္သိမ္းလိုက္ရေၾကာင္းသိရသည္။

လြိဳင္ေကာ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးရံုးမွတဆင့္ ႏုတ္ျဖင့္ ဖိုရမ္က်င္းပျပဳလုပ္ခြင့္ကို တားျမစ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“ဘာေၾကာင့္ မလုပ္ခိုင္းတာလဲ၊ ဘာေၾကာင့္ကန္႔ကြက္တာလဲ၊ ဘာရည္ရြယ္ခ်က္နဲ႔လဲ ဆိုတာကို ကြ်န္ေတာ္တို႔ကို လံုးဝ ေျဖရွင္းခ်က္မေပးပါဘူး၊ ကြ်န္ေတာ္တို႔ တရားဝင္စာေတာင္းပါတယ္၊ ... ဒါေပမယ့္ သူတို႔ဘက္ကေနၿပီးေတာ့ မရွိဘူး ဆိုတဲ့အေၾကာင္း ကြ်န္ေတာ္တို႔ကို ေျပာသြားတာေပါ့ေနာ”ဟု ျငိမ္းခ်မ္းေရး ဖိုရမ္ကို ဦးေဆာင္စီစဥ္သူ ဦးဗညားကေျပာသည္။

တားျမစ္ထားသည့္ ၾကားမွ ျငိမ္းခ်မ္းေရးဖိုရမ္ကို ဆက္လက္ျပဳလုပ္လွ်င္ မလိုလားအပ္ေသာ ျပႆနာမ်ားျဖစ္ပြားလာႏိုင္ေၾကာင္း ကိုလည္း ေထြအုပ္ရံုးမွ သတိေပးေျပာၾကားမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။

ယခုလို ႏိုင္ငံေရး အေျပာင္းအလဲ ကာလတြင္ လက္ရွိအစိုးရက ျငိမ္းခ်မ္းေရးဖိုရမ္ကို တားျမစ္လိုက္ျခင္းသည္ အစိုးရ၏ မေျပာင္းလဲေသးေသာ အေျခအေနတခုကို ေဖၚျပသည့္သေဘာျဖစ္ေၾကာင္း ကရင္နီလူငယ္မ်ားသမဂၢမွ ဗဟိုအလုပ္အမႈေဆာင္ ဦးေက်ာ္ထင္ေအာင္ကေျပာသည္။

ျငိမ္းခ်မ္းေရး ဖိုရမ္ကို ရပ္ဆိုင္းလုိက္ရေသာ္လည္း ျငိမ္းခ်မ္းေရး ႏွင့္ပတ္သက္၍ လူထုၾကား ပညာေပးလုပ္ငန္းမ်ား၊ အုပ္စုဖြဲ႕ေဆြးေႏြးမႈ အစီစဥ္မ်ားျဖင့္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဦးဗညားကဆိုသည္။

ျငိမ္းခ်မ္းေရးဖိုရမ္ကို ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႕မွ ၁၉ ရက္ေန႕ တြင္ က်င္းပရန္စဥ္ခဲ့ျခင္းျဖစ္သည္။

ဖိုရမ္က်င္းပမည့္ရက္တြင္ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖဲြဲ႔အစည္းမ်ား( KNPP, ကလလတ,KnPDP) ၊လူမႈအသင္းအဖြဲ႔မ်ား၊ လူထုမ်ား ပါဝင္တက္ေရာက္လာခဲ့ၾကၿပီး စုစုေပါင္း လူဦးေရ ၁၅၀ ခန္႔ တက္ေရာက္လာခဲ့ၾကေသာ္လည္း တားျမစ္မႈေၾကာင့္ ညီလာခံကို ရပ္ဆိုင္းလိုက္ရသည္။

မူအက္စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
..............


ကယား(ကရင်နီ) ပြည်နယ် တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်ကို နိုင်ငံတော် သမ္မတရုံး ညွန်ကြားချက်ကြောင့် ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။

လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှတဆင့် နုတ်ဖြင့် ဖိုရမ်ကျင်းပပြုလုပ်ခွင့်ကို တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဘာကြောင့် မလုပ်ခိုင်းတာလဲ၊ ဘာကြောင့်ကန့်ကွက်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ ဆိုတာကို ကျွန်တော်တို့ကို လုံးဝ ဖြေရှင်းချက်မပေးပါဘူး၊ ကျွန်တော်တို့ တရားဝင်စာတောင်းပါတယ်၊ ... ဒါပေမယ့် သူတို့ဘက်ကနေပြီးတော့ မရှိဘူး ဆိုတဲ့အကြောင်း ကျွန်တော်တို့ကို ပြောသွားတာပေါ့နော”ဟု ငြိမ်းချမ်းရေး ဖိုရမ်ကို ဦးဆောင်စီစဉ်သူ ဦးဗညားကပြောသည်။

တားမြစ်ထားသည့် ကြားမှ ငြိမ်းချမ်းရေးဖိုရမ်ကို ဆက်လက်ပြုလုပ်လျှင် မလိုလားအပ်သော ပြဿနာများဖြစ်ပွားလာနိုင်ကြောင်း ကိုလည်း ထွေအုပ်ရုံးမှ သတိပေးပြောကြားမှုများရှိခဲ့ကြောင်းသိရသည်။

ယခုလို နိုင်ငံရေး အပြောင်းအလဲ ကာလတွင် လက်ရှိအစိုးရက ငြိမ်းချမ်းရေးဖိုရမ်ကို တားမြစ်လိုက်ခြင်းသည် အစိုးရ၏ မပြောင်းလဲသေးသော အခြေအနေတခုကို ဖေါ်ပြသည့်သဘောဖြစ်ကြောင်း ကရင်နီလူငယ်များသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ထင်အောင်ကပြောသည်။

ငြိမ်းချမ်းရေး ဖိုရမ်ကို ရပ်ဆိုင်းလိုက်ရသော်လည်း ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ လူထုကြား ပညာပေးလုပ်ငန်းများ၊ အုပ်စုဖွဲ့ဆွေးနွေးမှု အစီစဉ်များဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဗညားကဆိုသည်။

ငြိမ်းချမ်းရေးဖိုရမ်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ တွင် ကျင်းပရန်စဉ်ခဲ့ခြင်းဖြစ်သည်။

ဖိုရမ်ကျင်းပမည့်ရက်တွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲဲ့အစည်းများ( KNPP, ကလလတ,KnPDP) ၊လူမှုအသင်းအဖွဲ့များ၊ လူထုများ ပါဝင်တက်ရောက်လာခဲ့ကြပြီး စုစုပေါင်း လူဦးရေ ၁၅၀ ခန့် တက်ရောက်လာခဲ့ကြသော်လည်း တားမြစ်မှုကြောင့် ညီလာခံကို ရပ်ဆိုင်းလိုက်ရသည်။

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)