သုံးဘီးဆုိင္ကယ္ႏွင့္ ၁၂ ဘီးယာဥ္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိ၊ ၃ ဦးေသ



ေညာင္ေလးပင္ ေဖေဖာ္ဝါရီ ၂၄

ေညာင္ေလးပင္ၿမိဳ႕နယ္၌ ေဖေဖာ္ ဝါရီ ၂၃ ရက္ ည ၁၁ နာရီ ၄၅ မိနစ္ က သုံးဘီးဆုိင္ကယ္ႏွင့္ ၁၂ ဘီးယာဥ္ တို႔လမ္းလယ္၌ မ်က္ႏွာခ်င္းဆုိင္ တိုက္မိရာ သံုးဦးေသဆုံး၍ သံုးဦး ဒဏ္ရာရရွိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ ခင္ေမာင္ျမင့္ (၅၁ ႏွစ္)ေမာင္းႏွင္ၿပီး ေက်ာ္ဇင္ထုိက္၊ ဝင္းေအာင္ႏွင့္ ျမင့္ေဇာ္တို႔ လုိက္ပါ လာေသာ သုံးဘီးဆုိင္ကယ္ႏွင့္ မႏၲေလးဘက္မွ ရန္ကုန္ဘက္သို႔ မင္းေဇာ္ေမာင္းႏွင္ၿပီး ယာဥ္ေနာက္ လိုက္ ေက်ာ္လွဝင္း လုိက္ပါလာေသာ ၁၂ ဘီးယာဥ္တို႔ ေညာင္ေလးပင္ၿမိဳ႕ အေနာက္ေျမာက္ဘက္ ေလးမုိင္ ေလးဖာလုံခန္႔အကြာ ရန္ကုန္-မႏၲေလးလမ္းေဟာင္း မုိင္တိုင္ အမွတ္ (၁ဝ၁/၁)ႏွင့္ (၁ဝ၁/ ၂)ၾကားေကာက္ေကြ႕ရြာအနီး၌ လမ္း လယ္တြင္ ယာဥ္ႏွစ္စီးမ်က္ႏွာခ်င္း ဆုိင္တိုက္မိရာ ခင္ေမာင္ျမင့္ႏွင့္ ျမင့္ေဇာ္တို႔ႏွစ္ဦးမွာ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံး ခဲ့သည္။

မင္းေဇာ္(ေပါက္ၿပဲဒဏ္ရာရရွိ)၊ ေက်ာ္ဇင္ထုိက္၊ ဝင္းေအာင္ႏွင့္ ေက်ာ္လွဝင္းတို႔မွာ (အတြင္းလူနာ စိုးရိမ္ရ) ေညာင္ေလးပင္ျပည္သူ႔ ေဆး႐ုံ၌ ေဆးကုသမႈခံယူေနစဥ္ ဝင္းေအာင္မွာ ေဆး႐ံုတြင္ ေသဆံုး သြားခဲ့ေၾကာင္း သိရသည္။

ေနလင္း(ေညာင္ေလးပင္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
...........


ညောင်လေးပင် ဖေဖော်ဝါရီ ၂၄

ညောင်လေးပင်မြို့နယ်၌ ဖေဖော် ဝါရီ ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ် က သုံးဘီးဆိုင်ကယ်နှင့် ၁၂ ဘီးယာဉ် တို့လမ်းလယ်၌ မျက်နှာချင်းဆိုင် တိုက်မိရာ သုံးဦးသေဆုံး၍ သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ခင်မောင်မြင့် (၅၁ နှစ်)မောင်းနှင်ပြီး ကျော်ဇင်ထိုက်၊ ဝင်းအောင်နှင့် မြင့်ဇော်တို့ လိုက်ပါ လာသော သုံးဘီးဆိုင်ကယ်နှင့် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မင်းဇော်မောင်းနှင်ပြီး ယာဉ်နောက် လိုက် ကျော်လှဝင်း လိုက်ပါလာသော ၁၂ ဘီးယာဉ်တို့ ညောင်လေးပင်မြို့ အနောက်မြောက်ဘက် လေးမိုင် လေးဖာလုံခန့်အကွာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ် (၁ဝ၁/၁)နှင့် (၁ဝ၁/ ၂)ကြားကောက်ကွေ့ရွာအနီး၌ လမ်း လယ်တွင် ယာဉ်နှစ်စီးမျက်နှာချင်း ဆိုင်တိုက်မိရာ ခင်မောင်မြင့်နှင့် မြင့်ဇော်တို့နှစ်ဦးမှာ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံး ခဲ့သည်။

မင်းဇော်(ပေါက်ပြဲဒဏ်ရာရရှိ)၊ ကျော်ဇင်ထိုက်၊ ဝင်းအောင်နှင့် ကျော်လှဝင်းတို့မှာ (အတွင်းလူနာ စိုးရိမ်ရ) ညောင်လေးပင်ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဝင်းအောင်မှာ ဆေးရုံတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)