ရခုုိင္ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ႏွင့္ ဒုုတိယဥကၠ႒ ေနရာ ရခိုုင္အမ်ဳိးသားပါတီ ကသာ ရယူမည္

မင္းေအာင္ခိုင္ ၊ ေဖေဖာ္၀ါရီ ၇

ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ လာမည့္ႏိုင္ငံေရး အခင္းအက်င္းတြင္
အစိုးရအဖြဲ႔ ၌ ပါ၀င္ျခင္း မျပဳ ေသာ္လည္း ျပည္နယ္အဆင့္တြင္ လႊတ္ေတာ္ဥကၠဌေနရာႏွင့္ ဒုကၠဌေနရာမ်ားကို ရယူမည္ ျဖစ္ကာ ေဖေဖာ္၀ါရီလ ၈
ရက္ေန႔တြင္ က်င္းပမည့္ ရခိုင္ျပည္နယ္လႊတ္ေတာ္သို႔ အဆိုတင္သြင္းမည္
ျဖစ္ေၾကာင္း သတင္းရရွိသည္။

ယင္းသို႔ အဆိုတင္သြင္းရာတြင္ ၄င္းပါတီ၏ ပုဏၰားကြ်န္းမဲဆႏၵနယ္အမွတ္ ( ၁
)မွအႏိုင္ရ ျပည္နယ္အမတ္ ဦးစံေက်ာ္လွကို လႊတ္ေတာ္ဥကၠဌ အျဖစ္ တင္သြင္းကာဒုဥကၠဌ အျဖစ္ ရေသ့ေတာင္မဲဆႏၵနယ္အမတ္ ( ၂ )မွ အႏိုင္ရျပည္နယ္ အမတ္ဦးဖိုးမင္းတို႔ကို အဆိုတင္သြင္း သြားမည္ ျဖစ္ေၾကာင္း အႏိုင္ရလႊတ္ေတာ္အမတ္မ်ား က ဆိုသည္။

လႊတ္ေတာ္တက္ေရာက္ရန္ ေရာက္ရွိေနသူ ရေသ့ေတာင္မဲဆႏၵနယ္အမွတ္ ( ၁ )မွအႏိုင္ရျပည္နယ္ အမတ္ ဦးသိန္းႏိုင္က “ သူတို႔ ႏွစ္ေယာက္ကို
မနက္ျဖန္လႊတ္ေတာ္မွာ တင္သြင္းဖို႔ ဆိုတာေတာ့ ဟုတ္ပါတယ္။ လႊတ္ေတာ္ ဥကၠဌအျဖစ္ ဦးစံေက်ာ္လွနဲ႔ ဒုကၠဌ အျဖစ္ ဦးဖိုးမင္းတို႔ကို
အဆိုတင္သြင္းပါမယ္ ” ဟု ဧရာ၀တီ သို႔ ေျပာသည္။

ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ ရခိုင္ျပည္နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္
အမ်ားဆုံး အႏိုင္ရထားေသာ ပါတီ တစ္ခု ျဖစ္သည့္ အတြက္ ျပည္နယ္အစိုးရ
အဖြဲ႕ကို ဦးေဆာင္ၿပီး ဖြဲ႕စည္းရန္ ဆႏၵရွိေသာ္လည္း ျမန္မာတစ္ႏိုင္ ငံ
လုံး အတိုင္းအတာျဖင့္ အမ်ားဆုံး အႏိုင္ရရွိထားသည့္ အမ်ိးသားဒီမိုကေရစီ
အဖြဲ႕ခ်ဳပ္ ( NLD ) ပါတီမွ တစ္စုံ တရာ ေဆြးေႏြးရန္ ကမ္းလွမ္းမႈ
မျပဳခဲ့သည့္အတြက္ မည္သည့္ အစိုးရဖြဲ႕တြင္ မဆို ပါ၀င္ လုပ္ကိုင္ျခင္းမျပဳဘဲ အတိုက္အခံ ပါတီ အျဖစ္ ရပ္တည္ရန္ ေၾကျငာခ်က္ ၁ /၂၀၁၆ ကိုထုတ္ျပန္ခဲ့ၿပီး ၄င္းေၾကျငာခ်က္ပါ အတိုင္း ဆက္လက္ရပ္တည္ရန္ေ နာက္ထပ္ ၂ / ၂၀၁၆ ေၾကျငာခ်က္ တစ္ေစာင္ကို ေဖေဖာ္၀ါရီလ ၆ ၊၇
ရက္ေန႔တြင္ျပဳလုပ္ေသာ CEC အစည္းအေ၀း၏ ဆုံးျဖတ္ခ်က္အရ ေဖေဖာ္၀ါရီလ ၇ ရက္ေန႔ ရက္စြဲျဖင့္ ထပ္မံ ထုတ္ျပန္လိုက္သည္။

ရခိုင္ျပည္နယ္လႊတ္ေတာ္တြင္တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၁၂ ဦးအပါအ၀င္ စုစုေပါင္းလႊတ္ေတာ္ကိုယ္စားလွယ္စားလွယ္ ၄၇ ရွိရာ ၿပီးခဲ့သည့္ ႏိုင္၀င္ဘာလ ၈ ရက္ ေန႔ေရႊးေကာက္ပြဲ ရလဒ္အရ ANP ပါတီ မွ ၂၃ ဦး ၊ NLD ပါတီမွ ၉ ဦး ၊ျပည္ခိုင္ၿဖိဳးပါတီမွ ၃ ဦး အသီးသီး အႏိုင္ရရွိခဲ့ရာ ANP ပါတီမွမင္းျပားၿမိဳ႕နယ္ အမတ္ တစ္ဦး ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရသည့္အတြက္
လႊတ္ေတာ္သို႔ ANP ပါတီမွ အမတ္ ၂၂ ဦးသာ တက္ေရာက္ႏိုင္ေတာ့ မည္ ျဖစ္ သည္။
The Irrawaddy (Burmese Version)
....................
ရခုုိင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုုတိယဥက္ကဋ္ဌ နေရာ ရခိုုင်အမျိုးသားပါတီ ကသာ ရယူမည်

မင်းအောင်ခိုင် ၊ ဖေဖော်ဝါရီ ရ

ရခိုင်အမျိုးသားပါတီအနေဖြင့် လာမည့်နိုင်ငံရေး အခင်းအကျင်းတွင်
အစိုးရအဖွဲ့ ၌ ပါ၀င်ခြင်း မပြု သော်လည်း ပြည်နယ်အဆင့်တွင် လွှတ်တော်ဥက္ကဌနေရာနှင့် ဒုက္ကဌနေရာများကို ရယူမည် ဖြစ်ကာ ဖေဖော်ဝါရီလ ၈
ရက်နေ့တွင် ကျင်းပမည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ အဆိုတင်သွင်းရာတွင် ၄င်းပါတီ၏ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်အမှတ် ( ၁
)မှအနိုင်ရ ပြည်နယ်အမတ် ဦးစံကျော်လှကို လွှတ်တော်ဥက္ကဌ အဖြစ် တင်သွင်းကာဒုဥက္ကဌ အဖြစ် ရသေ့တောင်မဲဆန္ဒနယ်အမတ် ( ၂ )မှ အနိုင်ရပြည်နယ် အမတ်ဦးဖိုးမင်းတို့ကို အဆိုတင်သွင်း သွားမည် ဖြစ်ကြောင်း အနိုင်ရလွှတ်တော်အမတ်များ က ဆိုသည်။

လွှတ်တော်တက်ရောက်ရန် ရောက်ရှိနေသူ ရသေ့တောင်မဲဆန္ဒနယ်အမှတ် ( ၁ )မှအနိုင်ရပြည်နယ် အမတ် ဦးသိန်းနိုင်က “ သူတို့ နှစ်ယောက်ကို
မနက်ဖြန်လွှတ်တော်မှာ တင်သွင်းဖို့ ဆိုတာတော့ ဟုတ်ပါတယ်။ လွှတ်တော် ဥက္ကဌအဖြစ် ဦးစံကျော်လှနဲ့ ဒုက္ကဌ အဖြစ် ဦးဖိုးမင်းတို့ကို
အဆိုတင်သွင်းပါမယ် ” ဟု ဧရာဝတီ သို့ ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်
အများဆုံး အနိုင်ရထားသော ပါတီ တစ်ခု ဖြစ်သည့် အတွက် ပြည်နယ်အစိုးရ
အဖွဲ့ကို ဦးဆောင်ပြီး ဖွဲ့စည်းရန် ဆန္ဒရှိသော်လည်း မြန်မာတစ်နိုင် ငံ
လုံး အတိုင်းအတာဖြင့် အများဆုံး အနိုင်ရရှိထားသည့် အမျိးသားဒီမိုကရေစီ
အဖွဲ့ချုပ် ( NLD ) ပါတီမှ တစ်စုံ တရာ ဆွေးနွေးရန် ကမ်းလှမ်းမှု
မပြုခဲ့သည့်အတွက် မည်သည့် အစိုးရဖွဲ့တွင် မဆို ပါ၀င် လုပ်ကိုင်ခြင်းမပြုဘဲ အတိုက်အခံ ပါတီ အဖြစ် ရပ်တည်ရန် ကြေငြာချက် ၁ /၂၀၁၆ ကိုထုတ်ပြန်ခဲ့ပြီး ၄င်းကြေငြာချက်ပါ အတိုင်း ဆက်လက်ရပ်တည်ရန်ေ နာက်ထပ် ၂ / ၂၀၁၆ ကြေငြာချက် တစ်စောင်ကို ဖေဖော်ဝါရီလ ၆ ၊၇
ရက်နေ့တွင်ပြုလုပ်သော CEC အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ရ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးအပါအဝင် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်စားလှယ် ၄၇ ရှိရာ ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၈ ရက် နေ့ရွှေးကောက်ပွဲ ရလဒ်အရ ANP ပါတီ မှ ၂၃ ဦး ၊ NLD ပါတီမှ ၉ ဦး ၊ပြည်ခိုင်ဖြိုးပါတီမှ ၃ ဦး အသီးသီး အနိုင်ရရှိခဲ့ရာ ANP ပါတီမှမင်းပြားမြို့နယ် အမတ် တစ်ဦး ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့်အတွက်
လွှတ်တော်သို့ ANP ပါတီမှ အမတ် ၂၂ ဦးသာ တက်ရောက်နိုင်တော့ မည် ဖြစ် သည်။
The Irrawaddy (Burmese Version)
....................




Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)