အပူဒဏ္ကို အထူးသတိျပဳရန္ ေဒါက္တာထြန္းလြင္ သတိေပး



 အယ္လ္နီညိဳ ရာသီဥတုေၾကာင့္ ရာသီဥတုေဖာက္ျပန္ၿပီး ေန႔အပူခ်ိန္မ်ား ျမင့္တက္လာျခင္းေၾကာင့္ အပူဒဏ္ကို အထူးသတိျပဳရန္ မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က ေဖေဖာ္၀ါရီ ၁၂ ရက္တြင္ ၎၏ေဖ့စ္ဘုတ္တြင္ သတိေပး ေရးသားလိုက္သည္။

ေန႔အပူခ်ိန္မ်ား စတင္ျမင့္တက္လာႏိုင္ၿပီး ၄၀ ဒီဂရီ စင္တီဂိတ္အထိ တက္လာႏိုင္သည္။ အယ္လ္နီညိဳႏွစ္ ၂၀၁၆ ခုႏွစ္အတြင္း ေဆာင္းရာသီ မကုန္ဆုံးေသးသည့္ ေဖေဖာ္၀ါရီလအတြင္း လာမည့္အပတ္ထဲတြင္ ပထမဆုံးအႀကိမ္အျဖစ္ ေန႔အပူခ်ိန္မ်ားသည္ ၄၀ ဒီဂရီစင္တီဂရိတ္မွ ၄၅ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္လာႏိုင္သည္ဟု ေဒါက္တာထြန္းလြင္က ဆိုထားသည္။

ေန႔အပူခ်ိန္မ်ား ျမင့္တက္လာႏိုင္သည့္ ေဒသမ်ားမွာ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ဧရာ၀တီတိုင္း ေျမာက္ပိုင္း၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္း တို႔တြင္ ျဖစ္ေၾကာင္းလည္း ၎က ေရးသားထားသည္။

လက္ရွိ အပူခ်ိန္မ်ားသည္ ျဖစ္ၿမဲအထက္ ေက်ာ္လြန္ေနၿပီး ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္မွလြဲ၍ တစ္ျပည္လုံးတြင္ ေန႔အပူခ်ိန္မ်ား ျဖစ္ၿမဲထက္ ေက်ာ္လြန္ေနသည္ဟု ေဒါက္တာထြန္းလြင္က ေရးသားထားသည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News
https://www.facebook.com/News.TheLadies
.................


 အယ်လ်နီညို ရာသီဥတုကြောင့် ရာသီဥတုဖောက်ပြန်ပြီး နေ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် အပူဒဏ်ကို အထူးသတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ၎င်း၏ဖေ့စ်ဘုတ်တွင် သတိပေး ရေးသားလိုက်သည်။

နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်ပြီး ၄၀ ဒီဂရီ စင်တီဂိတ်အထိ တက်လာနိုင်သည်။ အယ်လ်နီညိုနှစ် ၂၀၁၆ ခုနှစ်အတွင်း ဆောင်းရာသီ မကုန်ဆုံးသေးသည့် ဖေဖော်ဝါရီလအတွင်း လာမည့်အပတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် နေ့အပူချိန်များသည် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုထားသည်။

နေ့အပူချိန်များ မြင့်တက်လာနိုင်သည့် ဒေသများမှာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် ဖြစ်ကြောင်းလည်း ၎င်းက ရေးသားထားသည်။

လက်ရှိ အပူချိန်များသည် ဖြစ်မြဲအထက် ကျော်လွန်နေပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ တစ်ပြည်လုံးတွင် နေ့အပူချိန်များ ဖြစ်မြဲထက် ကျော်လွန်နေသည်ဟု ဒေါက်တာထွန်းလွင်က ရေးသားထားသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)