


............
“ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို အိမ်ခြေရာမဲ့များအတွက် နေအိမ်ထောင်ကျော် အိတ်စိုက် ဆောက်လုပ်ပေး”
------ ------ ------ ------

ဖိလစ်ပိုင် လက်ဝှေ့ကျော်၊ လွှတ်တော်အမတ်လည်းဖြစ်သူ မန်နီပက်ကွီအိုသည် ၎င်း၏ဇာတိနှင့် မဲဆန္ဒနယ်ဖြစ်သော ဆာရာဂါနီပြည်နယ်တွင် အိမ်ခြေရာမဲ့ မိသားစု ထောင်ကျော်အတွက် ကိုယ်ပိုင်ပိုက်ဆံ စိုက်ထုတ်၍ နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။ ယင်းသို့သော ရိုးရှင်းသပ်ရပ်သော လူနေအိမ်များကို ဆက်လက်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပက်ကွီအို က ပြောသည်။

“သမ္မာကျမ်းစားကို ကျွန်တော် အမြဲတစေ ယုံကြည်တယ်။ သမ္မာကျမ်းစားထဲမှာ တဦးနဲ့တဦး မေတ္တာထားဖို့၊ မေတ္တာတရားဟာ အပြစ်တွေကို ဖုံးလွှမ်းနိုင်ကြောင်းနဲ့ မေတ္တာတရားသည် အရေးအကြီးဆုံးဖြစ်ကြောင်း သွန်သင်ထားပါတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေအနေနဲ့ ဘုရားက ကိုယ့်ကိုပေးထားတာတွေနဲ့ တပါးသူအကျိုးကို ထမ်းဆောင်ပေးဖို့လည်း သွန်သင်ထားပါတယ်”ဟု ပက်ကွီအိုက ပြောသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)






Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)