အထင္အျမင္လဲြမွား သံသယေတြ ေလ်ာ့ခ်ဖုိ ့သူရဦးေရႊမန္း ေျပာ(အထင်အမြင်လွဲမှား သံသယတွေ လျော့ချဖို ့သူရဦးရွှေမန်း ပြော)


 ဉာဏ္ပညာအေျမာ္အျမင္ျဖင့္ ဆင္ဆင္ျခင္ျခင္ ေျပာဆိုလုပ္ေဆာင္ ၾကမွသာလွ်င္ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားအက်ဳိးစီးပြားကို မွန္ကန္စြာေဖာ္ေဆာင္ႏိုင္ၾကမွာျဖစ္သည္

✔ အထင္အျမင္လဲြမွား သံသယေတြမ်ားၾကလွ်င္ ယံုၾကည္မႈေလ်ာ့နည္းလာလိမ့္မယ္။

✔ ယံုၾကည္မႈေလ်ာ့နည္းလာလွ်င္၊ စိုးရိမ္မႈပိုကဲလာၾကလိမ့္မယ္။ စိုးရိမ္မႈပိုလာၾကလွ်င္၊ ေနထိုင္ရတာ မလံုမၿခဳံ ျဖစ္လာလိမ့္မယ္။

✔ ထို႔အတူ ပကတိအေျခအေနနွင့္ အမွန္တရားအေပၚ အေျခခံၿပီး ႏုိင္ငံေတာ္အေပၚ၊ ျပည္သူမ်ားအေပၚ သစၥာတရားျဖင့္ ႏုိင္ငံကာကြယ္ေရး၊ ႏိုင္ငံတည္ေဆာက္ေရးတို႔အတြက္ သက္ဆိုင္ၾကသူမ်ား အားလုံးမွ ပါဝင္စဥ္းစားသံုးသပ္ ေဆာင္ရြက္ၾကရန္ အမွန္ပင္အေရးႀကီးလွပါတယ္။

✔ ဒါေၾကာင့္ ႏုိင္ငံသားအားလံုး၊ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမအားလံုးႏွင့္ တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္း ေျပာဆို လုပ္ေဆာင္မႈမ်ားသည္လည္း သံသယပြားေစေသာ၊ အထင္အျမင္လဲြမွားေစေသာ အေၾကာင္း အရာႏွင့္ အခ်က္အလက္မ်ားကို ဉာဏ္ပညာအေျမာ္အျမင္ျဖင့္ သတိျပဳဆင္ျခင္၍ ေျပာဆိုလုပ္ေဆာင္မႈမ်ားျဖင့္သာလွ်င္ ႏိုင္ငံနွင့္ႏိုင္ငံသား အကိ်ဳးစီးပြားကို မွန္ကန္စြာ ေဖာ္ေဆာင္ၾကရမည့္ အခိ်န္ျဖစ္ပါတယ္။

✔ ဉာဏ္ပညာအေျမာ္အျမင္ျဖင့္ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားမ်ားအတြက္ ေကာင္းကိ်ဳးလိုရာဆႏၵမ်ားျပည့္ဝေအာင္ ေဆာင္ရြက္နိုင္ၾကပါေစ…။

(သူရဦးေရႊမန္း၏ ၂၀၁၆ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၂၉ ရက္ေန႔၊ ၀၉၀၀ နာရီအခ်ိန္၊ ေကာ္မရွင္အေဆာက္အဦ(I-1)၌ ျပဳလုပ္ေသာအစည္းအေ၀းတြင္ ေျပာၾကားမွုမွ ေကာက္ႏွုတ္ေဖာ္ျပခ်က္)

Thura U Shwe Mann
https://www.facebook.com/HEThuraUShweMann
..............


 ဉာဏ်ပညာအမြော်အမြင်ဖြင့် ဆင်ဆင်ခြင်ခြင် ပြောဆိုလုပ်ဆောင် ကြမှသာလျှင် နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးစီးပွားကို မှန်ကန်စွာဖော်ဆောင်နိုင်ကြမှာဖြစ်သည်

✔ အထင်အမြင်လွဲမှား သံသယတွေများကြလျှင် ယုံကြည်မှုလျော့နည်းလာလိမ့်မယ်။

✔ ယုံကြည်မှုလျော့နည်းလာလျှင်၊ စိုးရိမ်မှုပိုကဲလာကြလိမ့်မယ်။ စိုးရိမ်မှုပိုလာကြလျှင်၊ နေထိုင်ရတာ မလုံမခြုံ ဖြစ်လာလိမ့်မယ်။

✔ ထို့အတူ ပကတိအခြေအနေနှင့် အမှန်တရားအပေါ် အခြေခံပြီး နိုင်ငံတော်အပေါ်၊ ပြည်သူများအပေါ် သစ္စာတရားဖြင့် နိုင်ငံကာကွယ်ရေး၊ နိုင်ငံတည်ဆောက်ရေးတို့အတွက် သက်ဆိုင်ကြသူများ အားလုံးမှ ပါဝင်စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန် အမှန်ပင်အရေးကြီးလှပါတယ်။

✔ ဒါကြောင့် နိုင်ငံသားအားလုံး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးနှင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း ပြောဆို လုပ်ဆောင်မှုများသည်လည်း သံသယပွားစေသော၊ အထင်အမြင်လွဲမှားစေသော အကြောင်း အရာနှင့် အချက်အလက်များကို ဉာဏ်ပညာအမြော်အမြင်ဖြင့် သတိပြုဆင်ခြင်၍ ပြောဆိုလုပ်ဆောင်မှုများဖြင့်သာလျှင် နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားကို မှန်ကန်စွာ ဖော်ဆောင်ကြရမည့် အချိန်ဖြစ်ပါတယ်။

✔ ဉာဏ်ပညာအမြော်အမြင်ဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝအောင် ဆောင်ရွက်နိုင်ကြပါစေ…။

(သူရဦးရွှေမန်း၏ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ ၀၉၀၀ နာရီအချိန်၊ ကော်မရှင်အဆောက်အဦ(I-1)၌ ပြုလုပ်သောအစည်းအဝေးတွင် ပြောကြားမှုမှ ကောက်နှုတ်ဖော်ပြချက်)

Thura U Shwe Mann
https://www.facebook.com/HEThuraUShweMann
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)