အင္း၀ေခတ္ႏွင့္ ကုန္းေဘာင္ေခတ္ကဟုယူဆရေသာ ေရွးေဟာင္းေပၚေတာ္မူဘုရားမ်ား ေပၚထြက္(အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ကဟုယူဆရသော ရှေးဟောင်းပေါ်တော်မူဘုရားများ ပေါ်ထွက်)


မႏၱေလးတိုင္းေဒသၾကီး၊ ျမင္းျခံျမိဳ႕နယ္ႏွင့္ ႏြားထိုးၾကီးျမိဳ႕နယ္အၾကား စၾကၤာေတာင္ေဒသျပားေက်းရြာ၏ အေရွ႕ဘက္တြင္ ခန္႔မွန္းႏွစ္ေပါင္း ၂၀၀ ေက်ာ္ အင္း၀ႏွင့္ ကုန္းေဘာင္ေခတ္လက္ထက္ကဟုယူဆရေသာ ေရွးေဟာင္းလိုဏ္ဂူ ၁၆ ဂူ နွင့္ ဗုဒၶရုပ္ပြားေတာ္အဆူ ၉၀ တို႔အား လမ္းေဖာက္လုပ္ရန္ သစ္ပင္ခ်ဳံႏြယ္မ်ားရွင္း လင္းတူးေဖာ္ရာမွ ေတြ႕ရိွရေၾကာင္းသိရသည္။ ယင္းဆင္းတုေတာ္မ်ား၏ အေနာက္ဘက္တြင္လည္း ေျမေပၚ၌ ေက်ာက္လိုဏ္ဂူ ၁၁ ေပါက္ႏွင့္ ဗုဒၶရုပ္ပြားေတာ္မ်ား၊ ရဟန္းေတာ္ပံုေတာ္မ်ား၊ နံရံေဆးေရးပန္းခီ်မ်ားေရွးမူမပ်က္ ဖူးေျမာ္ႏိုင္ေၾကာင္း သိရသည္။

သို႔ျဖစ္ပါ၍ ထိုေရွးေဟာင္းလိုဏ္ဂူေတာ္မ်ား၊ ဗုဒၶဆင္းတုေတာ္မ်ား၊ ရဟႏၱာမ်ား၊ နံရံေဆးေရးပန္းခီ်မ်ားႏွင့္ ေက်ာက္ထြင္းအႏုလက္ရာမ်ားသည္ ႏိုင္ငံေတာ္ႏွင့္ ေဒသဆိုင္ရာမ်ားအတြက္ တန္ဖိုး မျဖတ္ႏိုင္ေသာ ျမန္မာ့ေရွးေဟာင္းအေမြအႏွစ္မ်ားကို တတ္သိပညာရွင္မ်ား၊ တာ၀န္သိတာ၀န္ရိွပုဂၢိဳလ္မ်ားက ၀ိုင္း၀န္းထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ရန္ လိုအပ္သည္။ ထိုတန္ဖိုးမျဖတ္နိုင္ေသာ ေရွးေဟာင္းအေမြအႏွစ္ ဘုရားမ်ားမွာ ေတာေတာင္ထဲတြင္ အကာအကြယ္မဲ့၊ လံုျခံဳေရးကင္းမဲ့လ်က္ရိွေၾကာင္း၊ ထိန္းသိမ္းေစာင့္ေရွာက္ ႏိုင္ရန္ အေဆာက္အအံုမ်ား လိုအပ္လ်က္ရိွပါေၾကာင္း ျပားေက်းရြာမွ ဦးသန္းေအာင္က ေျပာသည္။ လွဴဒါန္းလိုလွ်င္ ဖုန္း-၀၉၂၆၅၆၅၀၆၈၄ သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

ျမေခါင္(ေက်ာက္ဆည္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...............


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အကြား စင်္ကြာတောင်ဒေသပြားကျေးရွာ၏ အရှေ့ဘက်တွင် ခန့်မှန်းနှစ်ပေါင်း ၂၀၀ ကျော် အင်းဝနှင့် ကုန်းဘောင်ခေတ်လက်ထက်ကဟုယူဆရသော ရှေးဟောင်းလိုဏ်ဂူ ၁၆ ဂူ နှင့် ဗုဒ္ဓရုပ်ပွားတော်အဆူ ၉၀ တို့အား လမ်းဖောက်လုပ်ရန် သစ်ပင်ချုံနွယ်များရှင်း လင်းတူးဖော်ရာမှ တွေ့ရှိရကြောင်းသိရသည်။ ယင်းဆင်းတုတော်များ၏ အနောက်ဘက်တွင်လည်း မြေပေါ်၌ ကျောက်လိုဏ်ဂူ ၁၁ ပေါက်နှင့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရဟန်းတော်ပုံတော်များ၊ နံရံဆေးရေးပန်းချီများရှေးမူမပျက် ဖူးမြော်နိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ထိုရှေးဟောင်းလိုဏ်ဂူတော်များ၊ ဗုဒ္ဓဆင်းတုတော်များ၊ ရဟန္တာများ၊ နံရံဆေးရေးပန်းချီများနှင့် ကျောက်ထွင်းအနုလက်ရာများသည် နိုင်ငံတော်နှင့် ဒေသဆိုင်ရာများအတွက် တန်ဖိုး မဖြတ်နိုင်သော မြန်မာ့ရှေးဟောင်းအမွေအနှစ်များကို တတ်သိပညာရှင်များ၊ တာဝန်သိတာဝန်ရှိပုဂ္ဂိုလ်များက ၀ိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်။ ထိုတန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ် ဘုရားများမှာ တောတောင်ထဲတွင် အကာအကွယ်မဲ့၊ လုံခြုံရေးကင်းမဲ့လျက်ရှိကြောင်း၊ ထိန်းသိမ်းစောင့်ရှောက် နိုင်ရန် အဆောက်အအုံများ လိုအပ်လျက်ရှိပါကြောင်း ပြားကျေးရွာမှ ဦးသန်းအောင်က ပြောသည်။ လှူဒါန်းလိုလျှင် ဖုန်း-၀၉၂၆၅၆၅၀၆၈၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြခေါင်(ကျောက်ဆည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)