ခ်င္းေရႊေဟာ္ နယ္ေျမရဲစခန္းအနီး မုိင္းေပါက္ကြဲမႈ ႏွစ္ႀကိမ္ ယေန ့ျဖစ္ပြားခဲ့


မုိင္းေပါက္ကြဲမႈေၾကာင့္ ခ်င္းေရႊေဟာ္-ကြမ္းလံုသြား ကားလမ္း ေျမသားႏွင့္ ကတၱရာမ်ား ပ်က္စီးသြားသည္ကို ေတြ႔ရစဥ္ (ဓာတ္ပံု- လားရိႈးခရိုင္ ျပန္/ဆက္)
    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၀ ရက္ (ဆင္ဟြာ)

    ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ၊ေလာက္ကိုင္ၿမိဳ႕နယ္ ခ်င္းေရႊေဟာ္ နယ္ေျမရဲစခန္း၏ (၆) ဖာလံုခန္႕ အကြာ၌ ယေန ့ေဖေဖာ္ဝါရီလ ၂၀ ရက္ ၊ နံနက္ပုိင္း အခ်ိန္တြင္ မုိင္းေပါက္ကြဲမႈ ႏွစ္ႀကိမ္ ျဖစ္ပြားသြား ခဲ့ေၾကာင္း ႏုိင္ငံပုိင္ သတင္းဌာနမွ ထုတ္ျပန္ ခဲ့သည္။

ခ်င္းေရႊေဟာ္ အေနာက္ဖက္ (၂) မိုင္ခန္႕အကြာ ကြမ္းလံု ၿမိဳ႕နယ္ အတြင္း ခ်င္းေရႊေဟာ္-ကြမ္းလံုသြား ကားလမ္း မိုင္တိုင္ အမွတ္ (၆၄/၄-၅) ၾကားတြင္ ကန္႕လန္႕ျဖတ္ ေရႏွဳတ္ေျမာင္း ေအာက္ေျခ ဝဲ/ယာ တြင္ ႀကီးၾကပ္မိုင္း ၂ လံုးသည္  အခ်ိန္ ၅ မိနစ္စီျခား၍ ေဖေဖာ္ဝါရီ ၂၀ ရက္ နံနက္ ၁၅ မိနစ္အခ်ိန္တြင္ (၁) လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ၊ နံနက္ ၂၀ မိနစ္ အခ်ိန္ခန္႕တြင္ ၁ လံုး ထပ္မံ ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

မုိင္းေပါက္ကြဲမႈေၾကာင့္ ခ်င္းေရႊေဟာ္-ကြမ္းလံုသြား ကားလမ္း ေျမသားႏွင့္ ကတၱရာမ်ား ပ်က္စီးသြားသည္ကို ေတြ႔ရစဥ္ (ဓာတ္ပံု- လားရိႈးခရိုင္ ျပန္/ဆက္)
မိုင္း ေပါက္ကြဲမႈေၾကာင့္ ကားလမ္းမႀကီးေပၚ အနံ (၂၄) ေပခန္႔ ၊ အလ်ား (၂၀) ေပခန္႕၊အနက္ (၆) ေပခန္႕ ေျမသား ႏွင့္ ကတၱရာမ်ား လန္ထြက္၍ ေျမသားမ်ား က်ံဳ႕ဝင္ ပ်က္စီးလ်က္ ရွိေၾကာင္း၊ ျဖစ္စဥ္ေနရာ အနီး ကားလမ္းမ၏ ဝဲ/ယာ (၅) ေပခန္႕အတြင္းရွိ ဓါတ္တိုင္ (၂) တိုင္ ေအာက္ေျခတြင္ ကိ်ဳးပဲ့ ပ်က္စီးလ်က္ ရွိေၾကာင္း ျဖစ္စဥ္ေနရာမွ ကားလမ္း၏ ေျမာက္ဖက္ မီတာ (၂၀) ခန္႕အတြင္း မိုင္းခြဲ ဖ်က္ဆီးရန္ ေစာင့္ႀကိဳ ေနရာ ယူထားေသာ ေျခရာလက္ရာမ်ား ေတြ႕ရွိရေၾကာင္း သတင္း ေဖာ္ျပခ်က္တြင္ ပါရွိသည္။

မိုင္း ေပါက္ကြဲမႈေၾကာင့္ ကြမ္းလံု-ခ်င္းေရႊေဟာ္ ကားလမ္း ယာဥ္အသြားအလာ ေခတၱ ပိတ္ထားခဲ့ၿပီး ယာဥ္ေၾကာ ပိတ္ဆို႕မႈ မျဖစ္ေစေရးအတြက္ ယာယီ ေရွာင္ကြင္းလမ္း ေဖာက္လုပ္ခဲ့ၿပီး ယာဥ္မ်ားအား လမ္းလႊဲမွ တဆင့္ ျဖတ္သန္း သြားလာေစရန္ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
...........

မိုင်းပေါက်ကွဲမှုကြောင့် ချင်းရွှေဟော်-ကွမ်းလုံသွား ကားလမ်း မြေသားနှင့် ကတ္တရာများ ပျက်စီးသွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- လားရှိုးခရိုင် ပြန်/ဆက်)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

    ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊လောက်ကိုင်မြို့နယ် ချင်းရွှေဟော် နယ်မြေရဲစခန်း၏ (၆) ဖာလုံခန့် အကွာ၌ ယနေ ့ဖေဖော်ဝါရီလ ၂၀ ရက် ၊ နံနက်ပိုင်း အချိန်တွင် မိုင်းပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားသွား ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှ ထုတ်ပြန် ခဲ့သည်။

ချင်းရွှေဟော် အနောက်ဖက် (၂) မိုင်ခန့်အကွာ ကွမ်းလုံ မြို့နယ် အတွင်း ချင်းရွှေဟော်-ကွမ်းလုံသွား ကားလမ်း မိုင်တိုင် အမှတ် (၆၄/၄-၅) ကြားတွင် ကန့်လန့်ဖြတ် ရေနှုတ်မြောင်း အောက်ခြေ ဝဲ/ယာ တွင် ကြီးကြပ်မိုင်း ၂ လုံးသည်  အချိန် ၅ မိနစ်စီခြား၍ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၅ မိနစ်အချိန်တွင် (၁) လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၊ နံနက် ၂၀ မိနစ် အချိန်ခန့်တွင် ၁ လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ချင်းရွှေဟော်-ကွမ်းလုံသွား ကားလမ်း မြေသားနှင့် ကတ္တရာများ ပျက်စီးသွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- လားရှိုးခရိုင် ပြန်/ဆက်)
မိုင်း ပေါက်ကွဲမှုကြောင့် ကားလမ်းမကြီးပေါ် အနံ (၂၄) ပေခန့် ၊ အလျား (၂၀) ပေခန့်၊အနက် (၆) ပေခန့် မြေသား နှင့် ကတ္တရာများ လန်ထွက်၍ မြေသားများ ကျုံ့ဝင် ပျက်စီးလျက် ရှိကြောင်း၊ ဖြစ်စဉ်နေရာ အနီး ကားလမ်းမ၏ ဝဲ/ယာ (၅) ပေခန့်အတွင်းရှိ ဓါတ်တိုင် (၂) တိုင် အောက်ခြေတွင် ကျိုးပဲ့ ပျက်စီးလျက် ရှိကြောင်း ဖြစ်စဉ်နေရာမှ ကားလမ်း၏ မြောက်ဖက် မီတာ (၂၀) ခန့်အတွင်း မိုင်းခွဲ ဖျက်ဆီးရန် စောင့်ကြို နေရာ ယူထားသော ခြေရာလက်ရာများ တွေ့ရှိရကြောင်း သတင်း ဖော်ပြချက်တွင် ပါရှိသည်။

မိုင်း ပေါက်ကွဲမှုကြောင့် ကွမ်းလုံ-ချင်းရွှေဟော် ကားလမ်း ယာဉ်အသွားအလာ ခေတ္တ ပိတ်ထားခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရေးအတွက် ယာယီ ရှောင်ကွင်းလမ်း ဖောက်လုပ်ခဲ့ပြီး ယာဉ်များအား လမ်းလွှဲမှ တဆင့် ဖြတ်သန်း သွားလာစေရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)