အစုိးရတပ္နဲ႔ တအာင္းတပ္ေတြ တုိက္ပြဲျပင္းထန္


ရွမ္းျပည္ေျမာက္ပိုင္းက TNLA တအာင္းပေလာင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္အဖြဲ႔ ထိန္းခ်ဳပ္နယ္ေျမေတြမွာ လံုၿခံဳေရးယူေနတဲ့ တပ္ဖြဲ႔ဝင္တခ်ိဳ႔ကိုေတြရစဥ္ ။ Photo: RFA
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေငါ့ငါး၊ ပန္မူနဲ ့မန္နိမ့္ ေက်းရြာေတြတစ္ဝိုက္မွာ အစိုးရတပ္မေတာ္နဲ ့ TNLA တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္တို႔ ဒီရက္ပိုင္းအတြင္း တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။

ေဖေဖာ္ဝါရီလ ၁၇ ရက္ေန ့ကေနစတင္ၿပီး တိုက္ပြဲေတြ ျပင္းထန္လာေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာေက်းရြာ ေဒသခံတစ္ဦးက ေၿပာပါတယ္။

"ပန္မူ၊ ပန္ေဆး ဝန္းက်င္ဘက္ကို လက္နက္ႀကီးနဲ႔ ထုေနတယ္ထင္တယ္၊ ၁၇ ရက္ေန႔ကေတာ့ အလံုး ၃ဝ ေလာက္ေတာ့ ရွိမယ္ထင္တယ္၊ က်န္တဲ့ရက္ေတြကေတာ့ သံုးေလးလံုး၊ မေန႔ မနက္ပိုင္းကေတာ့ ၃ လံုး၊ မေန႔ညကေတာ့ ၃လံုး၊ တပ္မ ၉၉ က၊ ပန္မူတို႔၊ ပန္ေဆးတို႔၊ ပန္ေမာ္တို႔ အဲ့ဘက္ေတြ၊ ပထမဆံုးေတာ့ အဲ့ဘက္ေတြ၊ အခုရက္ပိုင္းေတာ့ ဘယ္ကိုပစ္ေနမွန္းေတာ့ မသိဘူး၊ ၁၇ ရက္ေန႔တုန္းေတာ့ တေနကုန္ပဲေပါ့၊ အခုေနာက္ပိုင္းက်ေတာ့ ဒီကိုလွမ္းလွမ္းၿပီးေတာ့ နည္းနည္းပါးပါး ပစ္တာရွိတယ္၊ ၁၇ ရက္ေန႔ကေတာ့ တေနကုန္ပဲ"

ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာေက်းရြာတစ္ဝိုက္မွာ အစိုးရတပ္ဘက္က နယ္ေျမခံတပ္ေတြအျပင္ တပ္မ ၉၉ တပ္စြဲထားတာ ျဖစ္ပါတယ္။

မေန႔က ညပိုင္းနဲ ့ဒီကေန ့မနက္ပိုင္းေတြမွာလည္း လက္နက္ႀကီးေတြနဲ ့ပစ္ခတ္သံေတြ ၾကားေနရၿပီး ေဒသခံေတြ ထိတ္လန္႔ေနၾကရတယ္လို ့ေျပာပါတယ္။

ဒါ့အၿပင္ အစိုးရတပ္မေတာ္ဘက္က ၁၀၅ မမ အေျမာက္ေတြ၊ ေလယာဥ္ေတြနဲ႔ လာေရာက္တိုက္ခိုက္တာရွိသလို တပ္မ ၉၉ နဲ႔လည္း တိုက္ပြဲေတြျပင္းထန္ေနတယ္လို ့ TNLA ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........

ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တချို့ကိုတွေရစဉ် ။ Photo: RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ငေါ့ငါး၊ ပန်မူနဲ ့မန်နိမ့် ကျေးရွာတွေတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ ့ကနေစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ အမည်မဖော်လိုတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပန်မူ၊ ပန်ဆေး ဝန်းကျင်ဘက်ကို လက်နက်ကြီးနဲ့ ထုနေတယ်ထင်တယ်၊ ၁၇ ရက်နေ့ကတော့ အလုံး ၃ဝ လောက်တော့ ရှိမယ်ထင်တယ်၊ ကျန်တဲ့ရက်တွေကတော့ သုံးလေးလုံး၊ မနေ့ မနက်ပိုင်းကတော့ ၃ လုံး၊ မနေ့ညကတော့ ၃လုံး၊ တပ်မ ၉၉ က၊ ပန်မူတို့၊ ပန်ဆေးတို့၊ ပန်မော်တို့ အဲ့ဘက်တွေ၊ ပထမဆုံးတော့ အဲ့ဘက်တွေ၊ အခုရက်ပိုင်းတော့ ဘယ်ကိုပစ်နေမှန်းတော့ မသိဘူး၊ ၁၇ ရက်နေ့တုန်းတော့ တနေကုန်ပဲပေါ့၊ အခုနောက်ပိုင်းကျတော့ ဒီကိုလှမ်းလှမ်းပြီးတော့ နည်းနည်းပါးပါး ပစ်တာရှိတယ်၊ ၁၇ ရက်နေ့ကတော့ တနေကုန်ပဲ"

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတစ်ဝိုက်မှာ အစိုးရတပ်ဘက်က နယ်မြေခံတပ်တွေအပြင် တပ်မ ၉၉ တပ်စွဲထားတာ ဖြစ်ပါတယ်။

မနေ့က ညပိုင်းနဲ ့ဒီကနေ ့မနက်ပိုင်းတွေမှာလည်း လက်နက်ကြီးတွေနဲ ့ပစ်ခတ်သံတွေ ကြားနေရပြီး ဒေသခံတွေ ထိတ်လန့်နေကြရတယ်လို ့ပြောပါတယ်။

ဒါ့အပြင် အစိုးရတပ်မတော်ဘက်က ၁၀၅ မမ အမြောက်တွေ၊ လေယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်တာရှိသလို တပ်မ ၉၉ နဲ့လည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို ့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)