![]() |
ကခ်င္ျပည္နယ္မွာ ျဖစ္တဲ့ စစ္ေဘးကေန ထြက္ေျပးတိမ္းေရွာင္တဲ့ ကခ်င္ျပည္သူ တစ္ဦး |
တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႔ အခ်င္းခ်င္းၾကား အျပင္းအထန္ ပစ္ခတ္တိုက္ခိုက္မႈေတြဟာ ျဖစ္ေတာင့္ျဖစ္ခဲ ျဖစ္ေပမယ့္ ရွမ္းနဲ႔ ပေလာင္တပ္အၾကား အရင္တပတ္ကစၿပီး တိုက္ပြဲေတြ ျဖစ္ပြားေနတာ ျဖစ္ပါတယ္။
စစ္ေျပး ဒုကၡသည္ အမ်ားစုဟာ ေက်ာက္မဲၿမိဳ႕က ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလွဳံေနၿပီး ပရိဟိတအဖြဲ႔အစည္းေတြနဲ႔ ၾကက္ေျခနီအသင္းတို႔က အကူအညီ ေပးေနၾကပါတယ္။
လႊတ္ေတာ္မွာ ျပဳလုပ္တဲ့ အေရးႀကီး အဆိုတင္သြင္းခ်က္ထဲမွာ ေက်ာက္မဲ လႊတ္ေတာ္အမတ္ ဦးစိုင္းထြန္းေအာင္ က စစ္ေၾကာင့္ ဆရာ၊ ဆရာမေတြ၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြက ေျခက်င္နဲ႔ ဖမ္းဆီးမႈက လြတ္ေအာင္ ထြက္ေျပးရတာေတြ၊ လက္နက္ကိုင္ အဖြဲ႔တခုကလည္း အဲဒီေဒသမွာ သတ္ျဖတ္မႈေတြ၊ ပစ္ခတ္မႈေတြ လုပ္ၾကတယ္လို႔ ေျပာပါတယ္။
ဒါေပမယ့္ ဘယ္အဖြဲ႔လည္း ဆိုတာကိုေတာ့ ေျပာဆိုျခင္း မရွိခဲ့ပါဘူး။
ႏွစ္ဘက္အၾကား တိုက္ခိုက္မႈေတြ ဘယ္ကေန စတင္သလဲ ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေပမယ့္ နယ္ေျမပိုင္ဆိုင္မႈကေန စတင္တာလို႔လည္း ေျပာဆိုသံေတြ ထြက္ေပၚေနပါတယ္။ TNLA ဘက္က စစ္အရာရွိ မိုင္အိုက္ေက်ာ္ ကေတာ့ ရွမ္းတပ္ဖြဲ႔ဟာ ျမန္မာ စစ္တပ္ အကူအညီနဲ႔ ပေလာင္ တပ္ဖြဲ႔ကို တိုက္ခိုက္ေနတာလို႔ ေအအက္ဖ္ပီကို ေျပာသြားခဲ့ပါတယ္။
ဘိန္းခင္း ဖ်က္ေနတဲ့ ပေလာင္တပ္ကိုလည္း ျမန္မာ စစ္တပ္က ဂ်က္ေလယာဥ္ ႏွစ္စင္းနဲ႔ တိုက္ခိုက္မႈ လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။
ရွမ္းတပ္ဖြဲ႔ဟာ ျမန္မာ အစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈ လက္မွတ္ ထိုးၿပီးေနာက္ပိုင္း နယ္ေျမတိုးခ်ဲ႕မႈေတြ လုပ္လာတယ္လို႔လည္း စြပ္စြဲလိုက္ပါတယ္။
RCSS ရွမ္းတပ္ဖြဲ႔ကေတာ့ တိုက္ပြဲအတြင္း ျမန္မာစစ္တပ္ဘက္က ကူညီတာမ်ဳိး မရွိသလို ကိုယ့္ကိုကိုယ္ ကာကြယ္တဲ့အေနနဲ႔သာ တုန္႔ျပန္မႈ လုပ္ရတာလို႔ ေျပာဆိုခဲ့ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
........
ကချင်ပြည်နယ်မှာ ဖြစ်တဲ့ စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်တဲ့ ကချင်ပြည်သူ တစ်ဦး
RCSS ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီအဖွဲ့နဲ့ TNLA တအာင်း ပလောင်တပ်တွေအကြား တိုက်ခိုက်မှုတွေကြောင့် လူပေါင်း သုံးထောင်လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းကြား အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပေမယ့် ရှမ်းနဲ့ ပလောင်တပ်အကြား အရင်တပတ်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်ပြေး ဒုက္ခသည် အများစုဟာ ကျောက်မဲမြို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေပြီး ပရိဟိတအဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီအသင်းတို့က အကူအညီ ပေးနေကြပါတယ်။
လွှတ်တော်မှာ ပြုလုပ်တဲ့ အရေးကြီး အဆိုတင်သွင်းချက်ထဲမှာ ကျောက်မဲ လွှတ်တော်အမတ် ဦးစိုင်းထွန်းအောင် က စစ်ကြောင့် ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေက ခြေကျင်နဲ့ ဖမ်းဆီးမှုက လွတ်အောင် ထွက်ပြေးရတာတွေ၊ လက်နက်ကိုင် အဖွဲ့တခုကလည်း အဲဒီဒေသမှာ သတ်ဖြတ်မှုတွေ၊ ပစ်ခတ်မှုတွေ လုပ်ကြတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဘယ်အဖွဲ့လည်း ဆိုတာကိုတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။
နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ဘယ်ကနေ စတင်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် နယ်မြေပိုင်ဆိုင်မှုကနေ စတင်တာလို့လည်း ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ TNLA ဘက်က စစ်အရာရှိ မိုင်အိုက်ကျော် ကတော့ ရှမ်းတပ်ဖွဲ့ဟာ မြန်မာ စစ်တပ် အကူအညီနဲ့ ပလောင် တပ်ဖွဲ့ကို တိုက်ခိုက်နေတာလို့ အေအက်ဖ်ပီကို ပြောသွားခဲ့ပါတယ်။
ဘိန်းခင်း ဖျက်နေတဲ့ ပလောင်တပ်ကိုလည်း မြန်မာ စစ်တပ်က ဂျက်လေယာဉ် နှစ်စင်းနဲ့ တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ပြောပါတယ်။
ရှမ်းတပ်ဖွဲ့ဟာ မြန်မာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ထိုးပြီးနောက်ပိုင်း နယ်မြေတိုးချဲ့မှုတွေ လုပ်လာတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
RCSS ရှမ်းတပ်ဖွဲ့ကတော့ တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ကူညီတာမျိုး မရှိသလို ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့သာ တုန့်ပြန်မှု လုပ်ရတာလို့ ပြောဆိုခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese