‎ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္မႈျဖစ္ပြားကာ အမ်ိဳးသမီးတစ္ဦးေသဆံုး‬


ေတာင္တြင္းႀကီး ေဖေဖာ္၀ါရီ (၉)

မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြားၿပီး အမ်ိဳးသမီးတစ္ဦး ေသဆံုးမႈတစ္ခု ယေန႔ ေဖေဖာ္၀ါရီ (၉) ရက္ ညေန (၃) နာရီ (၁၅) မိနစ္အခ်ိန္ခန္႔က ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။



တိမ္းေမွာက္သည့္ ေမာ္ေတာ္ယာဥ္မွာ မေကြးၿမိဳ႕နယ္၊ မိေက်ာင္းရဲႏွင့္ေတာင္တြင္းႀကီးၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ယာဥ္ေမာင္း ဦးတိုးၾကည္(သ) ၄၉ႏွစ္ ေမာင္းႏွင္သည့္ ယာဥ္အမွတ္ ( ၆က/---- ) (၆)ဘီး ေကာင္တာ အျဖဴေရာင္ယာဥ္ျဖစ္ကာ ေတာင္တြင္းႀကီးၿမိဳ႕မွ မိေက်ာင္းရဲသို႔ ၾကက္ေသာင္း၀ါး အလံုး(၅၀)၊ ဆန္အိတ္(၁၀)အိတ္၊ ခရမ္းခ်ည္သီး(၈)အိတ္ႏွင့္ ေစ်းသည္မ်ားတင္ေဆာင္လ်ွက္ မိေက်ာင္းရဲသို႔ျပန္လာစဥ္ ေတာင္တြင္း-မေကြးကားလမ္း မိုင္တိုင္အမွတ္(၂၈၁/၅) အနီးအေရာက္တြင္ ေမာ္ေတာ္ယာဥ္ တိုက္ေရာ့ျပဳတ္ကာ လမ္း၏၀ဲဘက္ျခမ္း ေပ(၃၀) ခန္႔အကြာ႐ွိ အနက္(၄)ေပ၊ အက်ယ္(၇)ေပခန္႔႐ွိ ေရေျမာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။



ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ပါလာေသာ အသက္(၅၅)ႏွစ္႐ွိ ေဒၚစန္းမွာ နံ႐ိုးက်ိဳးကာ အသဲစိုက္သည့္ ဒဏ္ရာျဖင့္ ေသဆံုးသြားခဲ့ၿပီး ေဒၚေသာင္းတင္(သ)၄၇ႏွစ္၊ ေဒၚစန္းရီ(သ)၅၂ႏွစ္၊ မရီေဌး(သ)၃၅ႏွစ္၊ ေဒၚ၀င္းစိန္(သ)၅၆ႏွစ္၊ ကိုခင္ေမာင္သိန္း(သ)၃၈ႏွစ္၊ ေဒၚစိန္မႈံ(သ)၇၁ႏွစ္၊ မခင္ညိဳ(သ)၄၂ႏွစ္၊ ဦးတိုးၾကည္(သ)၄၉ႏွစ္ တို႔မွာ (မစိုးရိမ္ရ) ဒဏ္ရာအသီးသီး ရ႐ွိခဲ့ၾကၿပီး ေတာင္တြင္းႀကီးျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူလ်ွက္႐ွိေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။



ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ဦးတိုးၾကည္အား ဥပေဒအရ အေရးယူေဆာင္ေဆာင္ရြက္ေပးရန္ ရဲတပ္ၾကပ္ႀကီး ရဲ၀င္းမွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ေတာင္တြင္းႀကီး ၿမိဳ႕မရဲတပ္ဖြဲ႔စခန္း ယာဥ္(ပ) ၁၃/၂၀၁၆ ၊ ျပစ္မႈပုဒ္မ-၃၃၇/၃၃၈/၃၀၄-က ျဖင့္ အမႈေရးဖြင့္ေဆာင္ရြက္လ်ွက္႐ွိေၾကာင္း သတင္းရ႐ွိသည္။

ဗိုလ္ျပည့္ ( ေတာင္တြင္းႀကီး )
https://www.facebook.com/bopyae.taungdwingyi
.............


တောင်တွင်းကြီး ဖေဖော်ဝါရီ (၉)

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးမှုတစ်ခု ယနေ့ ဖေဖော်ဝါရီ (၉) ရက် ညနေ (၃) နာရီ (၁၅) မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။


တိမ်းမှောက်သည့် မော်တော်ယာဉ်မှာ မကွေးမြို့နယ်၊ မိကျောင်းရဲနှင့်တောင်တွင်းကြီးမြို့သို့ ပြေးဆွဲနေသည့် ယာဉ်မောင်း ဦးတိုးကြည်(သ) ၄၉နှစ် မောင်းနှင်သည့် ယာဉ်အမှတ် ( ၆က/---- ) (၆)ဘီး ကောင်တာ အဖြူရောင်ယာဉ်ဖြစ်ကာ တောင်တွင်းကြီးမြို့မှ မိကျောင်းရဲသို့ ကြက်သောင်းဝါး အလုံး(၅၀)၊ ဆန်အိတ်(၁၀)အိတ်၊ ခရမ်းချည်သီး(၈)အိတ်နှင့် စျေးသည်များတင်ဆောင်လျှက် မိကျောင်းရဲသို့ပြန်လာစဉ် တောင်တွင်း-မကွေးကားလမ်း မိုင်တိုင်အမှတ်(၂၈၁/၅) အနီးအရောက်တွင် မော်တော်ယာဉ် တိုက်ရော့ပြုတ်ကာ လမ်း၏ဝဲဘက်ခြမ်း ပေ(၃၀) ခန့်အကွာရှိ အနက်(၄)ပေ၊ အကျယ်(၇)ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသော အသက်(၅၅)နှစ်ရှိ ဒေါ်စန်းမှာ နံရိုးကျိုးကာ အသဲစိုက်သည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဒေါ်သောင်းတင်(သ)၄၇နှစ်၊ ဒေါ်စန်းရီ(သ)၅၂နှစ်၊ မရီဌေး(သ)၃၅နှစ်၊ ဒေါ်ဝင်းစိန်(သ)၅၆နှစ်၊ ကိုခင်မောင်သိန်း(သ)၃၈နှစ်၊ ဒေါ်စိန်မှုံ(သ)၇၁နှစ်၊ မခင်ညို(သ)၄၂နှစ်၊ ဦးတိုးကြည်(သ)၄၉နှစ် တို့မှာ (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့ကြပြီး တောင်တွင်းကြီးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။


ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးတိုးကြည်အား ဥပဒေအရ အရေးယူဆောင်ဆောင်ရွက်ပေးရန် ရဲတပ်ကြပ်ကြီး ရဲဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီး မြို့မရဲတပ်ဖွဲ့စခန်း ယာဉ်(ပ) ၁၃/၂၀၁၆ ၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)