မိုးညႇင္းတြင္ပီနံအိတ္ျဖင့္ ထုပ္ထားေသာ လူေသအေလာင္းေတြ႕ရွိ္

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ နမၼားနယ္ေျမရဲစခန္းအပိုင္ နမၼား ေက်းရြာ၏ေတာင္ဘက္ ေျခာက္ဖာလံုခန္႔အကြာရွိ နန္႔ရင္းေခ်ာင္း ထဲတြင္ ပီနန္အိတ္ျဖင့္ထည့္လ်က္ လူေသအေလာင္း တစ္ေလာင္းေတြ႕ ရွိရသျဖင့္ လူသတ္မႈျဖင့္အမႈဖြင့္ခဲ့ေသာ မႈခင္းတစ္ရပ္ျဖစ္ပြားခဲ့သည္။

စံုစမ္းသိရွိရသည္မွာ ယခုလ ၅ရက္ ညေန ၅နာရီခြဲတြင္ နမၼား ေက်းရြာအနီး ျဖတ္သန္းစီးဆင္းေနေသာ နန္႔ရင္းေခ်ာင္းထဲတြင္ လူ ေသအေလာင္းတစ္ေလာင္းသည္ ေရတိမ္ပိုင္းတြင္တင္ရွိေနေၾကာင္း သတင္းရရွိ၍ နမၼားနယ္ေျမစခန္းမွဴး ရဲအုပ္ရန္ႏိုင္ေက်ာ္ႏွင့္တပ္ဖြဲ႕ဝင္ မ်ား၊ နမၼားေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ေဌးႏွင့္အဖြဲ႕ဝင္မ်ား သြားေရာက္ၾကည့္႐ႈခဲ့ၾကသည္။

အေလာင္းေတြ႕ရွိရာေနရာသည္ နန္႔ရင္းေခ်ာင္းေရတိမ္ပိုင္းျဖစ္ၿပီး ပီနံအိတ္အျဖဴေရာင္ျဖင့္ ေျခေထာက္ႏွင့္ ဦးေခါင္းပိုင္းတို႔အား ထည့္ ထားၿပီး ခါးလယ္ပိုင္းတြင္ အိတ္ႏွစ္ခု၏ အစြန္းႏွစ္ဖက္အား ႏွီးျဖင့္ ခ်ည္ေႏွာင္ထားသည္ကို ေတြ႕ရွိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ အေလာင္းမွာအမ်ဳိးသားျဖစ္ၿပီး Jhiny But တံဆိပ္ပါ နက္ဝါက်ားရွပ္အကႌ်ႏွင့္ နီညိဳေရာင္ကြက္ စိပ္ပုဆိုးဝတ္လ်က္ အေလာင္းခါးက်ားတြင္ ေျပာင္းဖူးတံဆိပ္ေဖာ့ ဖိနပ္တစ္ရန္တို႔အား ေတြ႕ရွိရသည္။

အေလာင္းခႏၶာကိုယ္တြင္ ဦးေခါင္းေနာက္ေစ့တည့္တည့္၌ သံုး လက္မခြဲခန္႔ကြဲအက္ဒဏ္ရာတစ္ခ်က္၊ လည္ပင္းတြင္ေသြးခဲထားသည့္ လကၡဏာႏွင့္အေရျပားလန္ေနကာ အသားမ်ားေဆြးျမည့္ေနၿပီး ပီနံ အိတ္အတြင္းမွ 3MI ဆလင္း (အပ္တပ္လ်က္) အသံုးျပဳၿပီး ေဆးထိုး ပိုက္တစ္ေခ်ာင္းကို ေတြ႔ရသည္။

ရဲအုပ္ရန္ႏိုင္ေက်ာ္က ရဲေဆးစာျဖင့္ နမၼားတိုက္နယ္ေဆး႐ံုသို႔ ပို႔ေဆာင္၍ ေဒါက္တာေအာင္ျမတ္မင္းက စစ္္ေဆးခ်က္အရ ေသဆံုး သူသည္ ဦးေခါင္းအား မာေက်ာေသာအရာျဖင့္ အ႐ိုက္ခံရ၍ေသ ဆံုးေၾကာင္း ထင္ျမင္ခ်က္ေပးခဲ့သျဖင့္ ရဲအုပ္ရန္ႏိုင္ေက်ာ္က တရား လိုျပဳလုပ္အမႈဖြင့္လွစ္ခဲ့ရာ နမၼားနယ္ေျမရဲစခန္းက(ပ)၃/၂ဝ၁၆ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ(၃ဝ၂)ျဖင့္ အမႈလက္ခံကာ ေသဆံုးသူႏွင့္ လူသတ္တရားခံတုိ႔အား စံုးစမ္းလ်က္ရွိေၾကာင္း သိရသည္။

ကခ်င္ေျမနဂါး
The Union Daily
http://uniondaily.net/
.............


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားနယ်မြေရဲစခန်းအပိုင် နမ္မား ကျေးရွာ၏တောင်ဘက် ခြောက်ဖာလုံခန့်အကွာရှိ နန့်ရင်းချောင်း ထဲတွင် ပီနန်အိတ်ဖြင့်ထည့်လျက် လူသေအလောင်း တစ်လောင်းတွေ့ ရှိရသဖြင့် လူသတ်မှုဖြင့်အမှုဖွင့်ခဲ့သော မှုခင်းတစ်ရပ်ဖြစ်ပွားခဲ့သည်။

စုံစမ်းသိရှိရသည်မှာ ယခုလ ၅ရက် ညနေ ၅နာရီခွဲတွင် နမ္မား ကျေးရွာအနီး ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းချောင်းထဲတွင် လူ သေအလောင်းတစ်လောင်းသည် ရေတိမ်ပိုင်းတွင်တင်ရှိနေကြောင်း သတင်းရရှိ၍ နမ္မားနယ်မြေစခန်းမှူး ရဲအုပ်ရန်နိုင်ကျော်နှင့်တပ်ဖွဲ့ဝင် များ၊ နမ္မားကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ကြသည်။

အလောင်းတွေ့ရှိရာနေရာသည် နန့်ရင်းချောင်းရေတိမ်ပိုင်းဖြစ်ပြီး ပီနံအိတ်အဖြူရောင်ဖြင့် ခြေထောက်နှင့် ဦးခေါင်းပိုင်းတို့အား ထည့် ထားပြီး ခါးလယ်ပိုင်းတွင် အိတ်နှစ်ခု၏ အစွန်းနှစ်ဖက်အား နှီးဖြင့် ချည်နှောင်ထားသည်ကို တွေ့ရှိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အလောင်းမှာအမျိုးသားဖြစ်ပြီး Jhiny But တံဆိပ်ပါ နက်ဝါကျားရှပ်အင်္ကျီနှင့် နီညိုရောင်ကွက် စိပ်ပုဆိုးဝတ်လျက် အလောင်းခါးကျားတွင် ပြောင်းဖူးတံဆိပ်ဖော့ ဖိနပ်တစ်ရန်တို့အား တွေ့ရှိရသည်။

အလောင်းခန္ဓာကိုယ်တွင် ဦးခေါင်းနောက်စေ့တည့်တည့်၌ သုံး လက်မခွဲခန့်ကွဲအက်ဒဏ်ရာတစ်ချက်၊ လည်ပင်းတွင်သွေးခဲထားသည့် လက္ခဏာနှင့်အရေပြားလန်နေကာ အသားများဆွေးမြည့်နေပြီး ပီနံ အိတ်အတွင်းမှ 3MI ဆလင်း (အပ်တပ်လျက်) အသုံးပြုပြီး ဆေးထိုး ပိုက်တစ်ချောင်းကို တွေ့ရသည်။

ရဲအုပ်ရန်နိုင်ကျော်က ရဲဆေးစာဖြင့် နမ္မားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဒေါက်တာအောင်မြတ်မင်းက စစ််ဆေးချက်အရ သေဆုံး သူသည် ဦးခေါင်းအား မာကျောသောအရာဖြင့် အရိုက်ခံရ၍သေ ဆုံးကြောင်း ထင်မြင်ချက်ပေးခဲ့သဖြင့် ရဲအုပ်ရန်နိုင်ကျော်က တရား လိုပြုလုပ်အမှုဖွင့်လှစ်ခဲ့ရာ နမ္မားနယ်မြေရဲစခန်းက(ပ)၃/၂ဝ၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃ဝ၂)ဖြင့် အမှုလက်ခံကာ သေဆုံးသူနှင့် လူသတ်တရားခံတို့အား စုံးစမ်းလျက်ရှိကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)