ဓားကုိင္ေသာင္းက်န္းေနသူအား ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး


 ဓားကုိင္ေသာင္းက်န္းေနသူအား ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးရာမွ ျပစ္မႈမ်ားက်ဴးလြန္ၿပီး ထြက္ေျပး တိမ္းေရွာင္ေနသူျဖစ္ေၾကာင္း ေပၚေပါက္

ရန္ကုန္၊ ေဖေဖာ္၀ါရီ ၅

၅.၂.၂၀၁၆ ရက္ေန႔ ၁၁၃၀ အခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ (၁၉)ရပ္ကြက္၊ ဓည၀တီလမ္းမေပၚတြင္ အမ်ဳိးသားတစ္ဦး ဓားကုိင္ေသာင္းက်န္းေနေၾကာင္း သတင္းအရ လႈိင္သာယာၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားက သြားေရာက္ ဖမ္းဆီးခဲ့ရာ ၎မွ အသာတၾကည္အဖမ္းမခံဘဲ ဓားျဖင့္ျပန္လည္ခုခံၿပီး အနီးရွိ ေနအိမ္အတြင္းသုိ႔ ထြက္ေျပးစဥ္ အဆုိပါေနအိမ္အား ၀ုိင္း၀န္းပိတ္ဆုိ႔၍ ၀င္ေရာက္ဖမ္းဆီးခဲ့ရာ ၎မွ ရဲတပ္ဖြဲ႕၀င္တစ္ဦးအား ဓားျဖင့္ေျပးထုိးသျဖင့္ .၃၈ ဗုိ႔ေျခာက္လံုးျပဴးေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရာ ၎မွ အညံ့ခံ၍အဖမ္း
ခံခဲ့သျဖင့္ အရုိးအသြား ၁၆ လက္မခန္႔ရွိ ဓားဦးခၽြန္ ၁ ေခ်ာင္းႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူအားစစ္ေဆးရာ လႈိင္သာယာၿမိဳ႕နယ္ေန ခ်န္ဒူး(ခ)ေဇာ္လင္းထြန္း၊ (၂၈)ႏွစ္ျဖစ္ေၾကာင္း သိရွိရၿပီး ၎သည္ လႈိင္သာယာၿမိဳ႕မရဲစခန္း(ပ)၉၅၅/၂၀၁၅၊ လက္နက္အက္ဥပေဒပုဒ္မ-၁၉(င)အားတရားရံုးတြင္အာမခံျဖင့္ အမႈရင္ဆိုင္ေနစဥ္ (ပ)၁၆၅၄/ ၂၀၁၅၊ ျပစ္မႈပုဒ္မ-၃၂၄/၂၉၄/၄၂၇/ ၅၀၆ ႏွင့္ (ပ)၁၉၉၂/၂၀၁၅၊ ျပစ္မႈပုဒ္မ-၃၈၂/၅၄တို႔အားထပ္မံက်ဴးလြန္ၿပီး အမႈမွ ထြက္ေျပး တိမ္းေရွာင္ေနသူျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

၎ျပင္ ခ်န္ဒူး(ခ)ေဇာ္လင္းထြန္းသည္ ၂၀၀၇ ခုႏွစ္အတြင္းက လႈိင္သာယာ ၿမိဳ႕နယ္တရားရံုးမွ လက္နက္အက္ဥပေဒပုဒ္မ-၁၉(င) ျဖင့္ ေထာင္ဒဏ္(၂)ႏွစ္၊ ျပစ္မႈပုဒ္မ-၃၂၄/၃၂၃ ျဖင့္ ေထာင္ဒဏ္ (၂)ႏွစ္၊ ျပစ္မႈပုဒ္မ-၃၇၉ ျဖင့္ ေထာင္ဒဏ္(၁)ႏွစ္ က်ခံခဲ့ဖူးသူျဖစ္ေၾကာင္း၊ ထုိ႔ျပင္ လႈိင္ၿမိဳ႕နယ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္မ်ားတြင္ ခါးပိုက္ႏိႈက္မႈမ်ားက်ဴးလြန္ခဲ့သျဖင့္ စုစုေပါင္း ေထာင္ဒဏ္(၄)ႏွစ္က်ခံခဲ့ၿပီး ၂၀၁၅ ခုႏွစ္၊ (၃)လပုိင္းတြင္ ျပန္လည္ လြတ္ေျမာက္လာသူျဖစ္ေၾကာင္း သိရွိရပါသည္။

ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီးရမိသူ ခ်န္ဒူး(ခ)ေဇာ္လင္းထြန္းအား လႈိင္သာယာၿမိဳ႕မရဲစခန္း(ပ) ၁၈၂/၂၀၁၆၊ လက္နက္အက္ဥပေဒပုဒ္မ-၁၉(င)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိၿပီး ထြက္ေျပးတိမ္းေရွာင္ေနေသာ အမႈမ်ားျဖင့္ ဆက္လက္ အေရးယူႏုိင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice
.............................


 ဓားကိုင်သောင်းကျန်းနေသူအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ပြစ်မှုများကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသူဖြစ်ကြောင်း ပေါ်ပေါက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

၅.၂.၂၀၁၆ ရက်နေ့ ၁၁၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်၊ ဓညဝတီလမ်းမပေါ်တွင် အမျိုးသားတစ်ဦး ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့ရာ ၎င်းမှ အသာတကြည်အဖမ်းမခံဘဲ ဓားဖြင့်ပြန်လည်ခုခံပြီး အနီးရှိ နေအိမ်အတွင်းသို့ ထွက်ပြေးစဉ် အဆိုပါနေအိမ်အား ၀ုိင်းဝန်းပိတ်ဆို့၍ ၀င်ရောက်ဖမ်းဆီးခဲ့ရာ ၎င်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့်ပြေးထိုးသဖြင့် .၃၈ ဗို့ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်းမှ အညံ့ခံ၍အဖမ်း
ခံခဲ့သဖြင့် အရိုးအသွား ၁၆ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအားစစ်ဆေးရာ လှိုင်သာယာမြို့နယ်နေ ချန်ဒူး(ခ)ဇော်လင်းထွန်း၊ (၂၈)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် လှိုင်သာယာမြို့မရဲစခန်း(ပ)၉၅၅/၂၀၁၅၊ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င)အားတရားရုံးတွင်အာမခံဖြင့် အမှုရင်ဆိုင်နေစဉ် (ပ)၁၆၅၄/ ၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၄/၂၉၄/၄၂၇/ ၅၀၆ နှင့် (ပ)၁၉၉၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၈၂/၅၄တို့အားထပ်မံကျူးလွန်ပြီး အမှုမှ ထွက်ပြေး တိမ်းရှောင်နေသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြင် ချန်ဒူး(ခ)ဇော်လင်းထွန်းသည် ၂၀၀၇ ခုနှစ်အတွင်းက လှိုင်သာယာ မြို့နယ်တရားရုံးမှ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င) ဖြင့် ထောင်ဒဏ်(၂)နှစ်၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၃ ဖြင့် ထောင်ဒဏ် (၂)နှစ်၊ ပြစ်မှုပုဒ်မ-၃၇၉ ဖြင့် ထောင်ဒဏ်(၁)နှစ် ကျခံခဲ့ဖူးသူဖြစ်ကြောင်း၊ ထို့ပြင် လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် ခါးပိုက်နှိုက်မှုများကျူးလွန်ခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ်(၄)နှစ်ကျခံခဲ့ပြီး ၂၀၁၅ ခုနှစ်၊ (၃)လပိုင်းတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရပါသည်။

သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရမိသူ ချန်ဒူး(ခ)ဇော်လင်းထွန်းအား လှိုင်သာယာမြို့မရဲစခန်း(ပ) ၁၈၂/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော အမှုများဖြင့် ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)