အစုိးရ ဂုဏ္သိကၡာကုိ က်ေစမည့္ ေျမသိမ္းဆည္းမႈမ်ားအား အရင္ဆုံး ေျဖရွင္းမည္ဟု ေဒါက္တာေအာင္မုိးညိဳ ေျပာ


မေကြးတုိင္း၀န္ႀကီးခ်ဳပ္အျဖစ္ ေရပန္းစားေနေသာ ပြင့္ျဖဴၿမိဳ႕နယ္ အမွတ္ (၁) မဲဆႏၵနယ္မွ တုိင္းေဒသႀကီးလႊတ္ေတာ္ အမတ္ျဖစ္သူ ေဒါက္တာေအာင္မုိးညိဳအေနျဖင့္ ျပည္ေထာင္စုအစုိးရ၏ အကူအညီျဖင့္ မေကြးတုိင္းအတြင္း သိမ္းဆည္းထားေသာ ေျမယာမ်ားအေရးကုိ ပထမဦးစားေပးအျဖစ္ ကုိင္တြယ္ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ေဖေဖာ္၀ါရီလ ၈ရက္ေန႔တြင္ News Watch သို႔ ေျပာၾကားသည္။

ေဒါက္တာေအာင္မုိးညိဳမွာ ၂၀၁၂ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမာက္ခံခဲ့ရေသာ္လည္း ပြင့္ျဖဴၿမိဳ႕နယ္အတြင္း၌ ဒဂုံအင္တာေနရွင္နယ္ ကုမၸဏီ၏ သိမ္းဆည္းေျမယာမ်ားအေရးကုိ ကုိင္တြယ္ေဆာင္ရြက္ႏုိင္ခဲ့ျခင္းမရွိေသာေၾကာင့္ ျပည္သူမ်ားအၾကား ေ၀ဖန္မႈမႈအခ်ဳိ႕ ရွိခဲ့သည္။ သုိ႔ေသာ္ လြန္ခဲ့သည့္ ေရြးေကာက္ပြဲ အႀကိဳ မဲဆြယ္စည္းရုံးေရးကာလ ကုလားေဟာင္းရြာေဟာေျပာပြဲတြင္ သူ႔ပါတီအေနျဖင့္ အစုိးရမဖြဲ႔ႏုိင္လုိ႔သာ သိမ္းဆည္းလယ္ယာေျမမ်ားကိစၥကုိ မေျဖရွင္းႏုိင္ျခင္းျဖစ္သည္ဟု မဲဆႏၵရွင္မ်ားကုိ ေျပာခဲ့သည္။

မေကြးတုိင္းအစုိးရ အဖြဲ႔အသစ္အေနျဖင့္ ယခင္အစုိးရ အဆက္ဆက္က သိမ္းဆည္းခဲ့သည့္ ျပည္ေထာင္စုအစုိးရ၏ စီမံကိန္းေျမမ်ား၊ စစ္တပ္သိမ္းဆည္းေျမမ်ား၊ ကုမၸဏီသိမ္းဆည္းေျမမ်ားအျပင္ အျခားေသာ ေဒသဆုိင္ရာ ေျမသိမ္းအမႈငယ္ေလးမ်ားစြာကုိ အလ်င္အျမန္ ေျဖရွင္းေပးရန္ လုိအပ္လ်က္ရွိသည္။ လက္ရွိ မေကြးတုိင္းေဒသႀကီး ေျမစာရင္းဦးစီးဌာနတြင္ ၂၀၁၃ ခုႏွစ္မွ စတင္တုိင္ၾကားခဲ့ေသာ ေျမယာအမႈေပါင္း ၉၀၀ခန္႔ က်န္ရွိေနသည္ဟု သိရသည္။

ေစာေက်ာ္၀င္း
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
............


မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသော ပွင့်ဖြူမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် အမတ်ဖြစ်သူ ဒေါက်တာအောင်မိုးညိုအနေဖြင့် ပြည်ထောင်စုအစိုးရ၏ အကူအညီဖြင့် မကွေးတိုင်းအတွင်း သိမ်းဆည်းထားသော မြေယာများအရေးကို ပထမဦးစားပေးအဖြစ် ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၈ရက်နေ့တွင် News Watch သို့ ပြောကြားသည်။

ဒေါက်တာအောင်မိုးညိုမှာ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရသော်လည်း ပွင့်ဖြူမြို့နယ်အတွင်း၌ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ၏ သိမ်းဆည်းမြေယာများအရေးကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသောကြောင့် ပြည်သူများအကြား ဝေဖန်မှုမှုအချို့ ရှိခဲ့သည်။ သို့သော် လွန်ခဲ့သည့် ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးရေးကာလ ကုလားဟောင်းရွာဟောပြောပွဲတွင် သူ့ပါတီအနေဖြင့် အစိုးရမဖွဲ့နိုင်လို့သာ သိမ်းဆည်းလယ်ယာမြေများကိစ္စကို မဖြေရှင်းနိုင်ခြင်းဖြစ်သည်ဟု မဲဆန္ဒရှင်များကို ပြောခဲ့သည်။

မကွေးတိုင်းအစိုးရ အဖွဲ့အသစ်အနေဖြင့် ယခင်အစိုးရ အဆက်ဆက်က သိမ်းဆည်းခဲ့သည့် ပြည်ထောင်စုအစိုးရ၏ စီမံကိန်းမြေများ၊ စစ်တပ်သိမ်းဆည်းမြေများ၊ ကုမ္ပဏီသိမ်းဆည်းမြေများအပြင် အခြားသော ဒေသဆိုင်ရာ မြေသိမ်းအမှုငယ်လေးများစွာကို အလျင်အမြန် ဖြေရှင်းပေးရန် လိုအပ်လျက်ရှိသည်။ လက်ရှိ မကွေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနတွင် ၂၀၁၃ ခုနှစ်မှ စတင်တိုင်ကြားခဲ့သော မြေယာအမှုပေါင်း ၉၀၀ခန့် ကျန်ရှိနေသည်ဟု သိရသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)