ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းတြင္ ယာဥ္တိုက္မႈျဖစ္ပြား၊ တစ္ဦးေသဆုံး


ေက်ာက္တံခါး ေဖေဖာ္ဝါရီ ၁၄

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းအျမန္လမ္းမႀကီးအပိုင္ ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္းမႀကီးမိုင္တိုင္အမွတ္(၁ဝ၄/၃)၌ ေဖေဖာ္ဝါရီ ၁၃ ရက္ည ၇ နာရီခြဲခန္႔က ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ရန္ကုန္မွေနျပည္ေတာ္သို႔ ယာဥ္ေမာင္းဦးေအာင္ေက်ာ္ဇံ ေမာင္းႏွင္ေသာ ယာဥ္အမွတ္6F/---- TOYOTA CROWN အျဖဴေရာင္ ယာဥ္မွ လမ္း၏အေရွ႕ဘက္မွ အေနာက္ဘက္သို႔ ေလာ္ဂ်ာအမ်ဳိးအစား အနက္ေရာင္(၁၁ဝ)(နံပါတ္မပါ)ဆိုင္ကယ္အား ေမာင္းႏွင္သူ ေဇာ္ဦးႏွင့္ တစ္ရြာတည္းေန ဦးပုေကြးကိုတင္ေဆာင္၍ လမ္းျဖတ္ကူးစဥ္ တိုက္မိခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူေဇာ္ဦးတြင္ ဒဏ္ရာမ်ားရရွိ ၿပီး ဆိုင္ကယ္ေနာက္တြင္ စီးႏွင္းလိုက္ပါလာသူ ဦးပုေကြးမွာ ဒဏ္ရာမ်ား ရရွိၿပီး အခင္းျဖစ္ေနရာတြင္ေသဆုံးသြားသျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိ ေၾကာင္း သိရသည္။

မ်ဳိးဦး(ေက်ာက္တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
............


ကျောက်တံခါး ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးအပိုင် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁ဝ၄/၃)၌ ဖေဖော်ဝါရီ ၁၃ ရက်ည ရ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်မှနေပြည်တော်သို့ ယာဉ်မောင်းဦးအောင်ကျော်ဇံ မောင်းနှင်သော ယာဉ်အမှတ်6F/---- TOYOTA CROWN အဖြူရောင် ယာဉ်မှ လမ်း၏အရှေ့ဘက်မှ အနောက်ဘက်သို့ လော်ဂျာအမျိုးအစား အနက်ရောင်(၁၁ဝ)(နံပါတ်မပါ)ဆိုင်ကယ်အား မောင်းနှင်သူ ဇော်ဦးနှင့် တစ်ရွာတည်းနေ ဦးပုကွေးကိုတင်ဆောင်၍ လမ်းဖြတ်ကူးစဉ် တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူဇော်ဦးတွင် ဒဏ်ရာများရရှိ ပြီး ဆိုင်ကယ်နောက်တွင် စီးနှင်းလိုက်ပါလာသူ ဦးပုကွေးမှာ ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားသဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မျိုးဦး(ကျောက်တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)