ရန္ကုန္-မႏၱေလး အျမန္လမ္းေပၚ၌ ယာဥ္တစ္စီး အရွိန္လြန္ တိမ္းေမွာက္(ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်)



ေက်ာက္တံခါး ေဖေဖာ္ဝါရီ ၂၆

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းအျမန္ လမ္းရဲစခန္းအပိုင္ အျမန္လမ္းမိုင္တိုင္အမွတ္ ၈၇/၂ ဖာလုံအနီး တြင္ ေဖေဖာ္ဝါရီ ၂၅ ရက္ ညေန ၃ နာရီခြဲက ရန္ကုန္ဘက္မွ ေနျပည္ေတာ္ဘက္သို႔ေမာင္းႏွင္လာေသာ 3I/---- Alphart အမ်ိဳးအစားယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္း ကို ျဖတ္၍ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိကာ တိမ္းေမွာက္ ခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာသို႔ ေက်ာက္တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းအျမန္ လမ္းရဲစခန္းမွ စခန္းမွဴးဒုတိယရဲမွဴး ထြန္းထြန္းဦးႏွင့္ ၿမိဳ႕ေခ်ာင္း အျမန္လမ္းမီးသတ္စခန္းမွ ဒုတိယဦးစီးမွဴးဦးေဇာ္ရဲႏိုင္ႏွင့္ အဖြဲ႕ သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ ယာဥ္ေပၚႏွင့္ အနီးပတ္ဝန္းက်င္ တြင္ တစ္ဦးတစ္ေယာက္မွ် မေတြ႕ရွိရဘဲ ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာက္တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းအျမန္ လမ္းရဲစခန္းက အမႈဖြင့္အေရးယူႏိုင္ေရး စံုစမ္းေဖာ္ထုတ္လ်က္ရွိ ေၾကာင္း သိရသည္။

ခင္ကို(ေက်ာက္တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..........


ကျောက်တံခါး ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းရဲစခန်းအပိုင် အမြန်လမ်းမိုင်တိုင်အမှတ် ၈၇/၂ ဖာလုံအနီး တွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီခွဲက ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော 3I/---- Alphart အမျိုးအစားယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကို ဖြတ်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ထွန်းထွန်းဦးနှင့် မြို့ချောင်း အမြန်လမ်းမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးဦးဇော်ရဲနိုင်နှင့် အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ယာဉ်ပေါ်နှင့် အနီးပတ်ဝန်းကျင် တွင် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရဘဲ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)