ကရင္ျပည္နယ္ ေခတၱဝန္ႀကီးခ်ဳပ္ ေဂါက္႐ိုက္စဥ္ ဦးေခါင္း ေဂါက္သီးထိမွန္သျဖင္႔ ဘားအံေဆး႐ုံသို႔ တက္ေရာက္ ေဆးကုသမႈ ခံယူခဲ့ရ

ကရင္ျပည္နယ္ ေခတၱဝန္ႀကီးခ်ဳပ္ ဦးေစာဝင္းထိန္မွာ ေဂါက္သီး ႐ိုက္ေနစဥ္တြင္ ဦးေခါင္းကို ေဂါက္သီးထိမွန္ သျဖင့္ ဘားအံျပည္သူ႔ေဆး႐ံုႀကီးသို႔ တက္ေရာက္ ေဆးကုသမႈခံယူခဲ့ရေၾကာင္း အဆိုပါေဆး႐ံုမွ သိရွိရသည္။
ကရင္ျပည္နယ္ အစိုးရအဖြဲ႔မွ ဝန္ႀကီးခ်ဳပ္ႏွင့္ ခ႐ိုင္ရဲတပ္ဖြဲ႔မွဴး၊ ျပည္နယ္က်န္းမာေရး ဦးစီးမွဴးမ်ား ပါဝင္သည့္အဖြဲ႔ သည္ ေဖေဖာ္ဝါရီ ၆ ရက္ ညေနပိုင္းက ဘားအံေဂါက္ကြင္း၌ ေဂါက္႐ိုက္ေနၾကစဥ္ ဝန္ႀကီးခ်ဳပ္ ဦးေစာဝင္းထိန္၏ ဦးေခါင္းကို ေဂါက္သီးထိမွန္ခဲ့ျခင္းျဖစ္သည္။
ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ႐ိုက္လိုက္သည့္ ေဂါက္သီးမွာ သစ္ပင္ကို ထိမွန္ရာမွတစ္ဆင့္ ျပန္ကန္ထြက္ၿပီး ဝန္ႀကီးခ်ဳပ္၏ ဦးေခါင္းသို႔ ထိမွန္ခဲ့ျခင္းေၾကာင့္ ညေန ၄း၀၀ နာရီခန္႔တြင္ ဘားအံျပည္သူ႔ေဆး႐ုံသို႔ ေရာက္ရွိလာျခင္း ျဖစ္ေၾကာင္းသိရသည္။
“ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကၽြန္မတု႔ိေဆး႐ုံကို ေရာက္လာပါတယ္။ ခ႐ိုင္ရဲမွဴးေရာ၊ ကၽြန္မတို႔ ျပည္နယ္ က်န္းမာေရးကလည္းပါတယ္။ အတူတူေဂါက္႐ိုက္ရင္း ဦးေခါင္းကို ထိမွန္ ဒဏ္ရာရတာပါ။ တျခားသူ ႐ိုက္လိုက္တဲ့ ေဂါက္သီး မဟုတ္ပါဘူး။ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ႐ိုက္လိုက္တဲ့ေဂါက္သီးက သစ္ပင္ကိုထိမွန္ၿပီးမွ တစ္ဆင့္ ထိမွန္တာလို႔ ေျပာပါတယ္။ လိုအပ္တဲ့ ဓာတ္မွန္႐ိုက္ျခင္း စတဲ့ စစ္ေဆးခ်က္ေတြ အားလံုး စစ္ၿပီးပါၿပီ။ အားလံုး ေကာင္းပါတယ္။ ဦးေခါင္း ထိခိုက္မႈမွန္သမွ် ၂၄ နာရီေတာ့ ေစာင့္ၾကည့္ရပါတယ္ ” ဟု ဘားအံျပည္သူ႔ေဆး႐ံုမွ ဒုတိယေဆး႐ံုအုပ္ ေဒါက္တာသီတာစိုးက ေျပာသည္။
ကရင္ျပည္နယ္ အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ ဦးေစာဝင္းထိန္သည္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ၏ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးျဖစ္ၿပီး ကရင္ျပည္နယ္ အစိုးရအဖြဲ႔တြင္ ဘ႑ာေရးဝန္ႀကီး အျဖစ္ တာဝန္ေပးအပ္ျခင္း ခံခဲ့ရသူျဖစ္သည္။
ကရင္ျပည္နယ္ အစိုးရအဖြဲ႔မွ ယခင္ဝန္ႀကီးခ်ဳပ္ ဦးေဇာ္မင္းသည္ ၂၀၁၅ ေရြးေကာက္ပြဲအတြက္ ပဲခူးတိုင္းေဒသ ႀကီး ကဝၿမိဳ႕နယ္မွ ျပန္လည္အေရြးခံရန္ အနားယူခဲ့စဥ္ ဦးေစာဝင္းထိန္မွာ ေခတၱဝန္ႀကီးခ်ဳပ္ တာဝန္ ယူခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
၎သည္ ၂၀၁၅ ေရြးေကာက္ပြဲ တြင္လည္း ထပ္မံဝင္ေရာက္ အေရြးခ်ယ္ခံရာတြင္ ဖာပြန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၂ မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။
သတင္း - MMK
The Ladies News Journal
....................................
ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဂေါက်ရိုက်စဉ် ဦးခေါင်း ဂေါက်သီးထိမှန်သဖြင့် ဘားအံဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရ
------ ------ ------
ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးစောဝင်းထိန်မှာ ဂေါက်သီး ရိုက်နေစဉ်တွင် ဦးခေါင်းကို ဂေါက်သီးထိမှန် သဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူခဲ့ရကြောင်း အဆိုပါဆေးရုံမှ သိရှိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ကျန်းမာရေး ဦးစီးမှူးများ ပါဝင်သည့်အဖွဲ့ သည် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ဘားအံဂေါက်ကွင်း၌ ဂေါက်ရိုက်နေကြစဉ် ဝန်ကြီးချုပ် ဦးစောဝင်းထိန်၏ ဦးခေါင်းကို ဂေါက်သီးထိမှန်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ကိုယ်တိုင် ရိုက်လိုက်သည့် ဂေါက်သီးမှာ သစ်ပင်ကို ထိမှန်ရာမှတစ်ဆင့် ပြန်ကန်ထွက်ပြီး ဝန်ကြီးချုပ်၏ ဦးခေါင်းသို့ ထိမှန်ခဲ့ခြင်းကြောင့် ညနေ ၄းဝဝ နာရီခန့်တွင် ဘားအံပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းသိရသည်။
“ ပြည်နယ်ဝန်ကြီးချုပ် ကျွန်မတို့ဆေးရုံကို ရောက်လာပါတယ်။ ခရိုင်ရဲမှူးရော၊ ကျွန်မတို့ ပြည်နယ် ကျန်းမာရေးကလည်းပါတယ်။ အတူတူဂေါက်ရိုက်ရင်း ဦးခေါင်းကို ထိမှန် ဒဏ်ရာရတာပါ။ တခြားသူ ရိုက်လိုက်တဲ့ ဂေါက်သီး မဟုတ်ပါဘူး။ ဝန်ကြီးချုပ်ကိုယ်တိုင် ရိုက်လိုက်တဲ့ဂေါက်သီးက သစ်ပင်ကိုထိမှန်ပြီးမှ တစ်ဆင့် ထိမှန်တာလို့ ပြောပါတယ်။ လိုအပ်တဲ့ ဓာတ်မှန်ရိုက်ခြင်း စတဲ့ စစ်ဆေးချက်တွေ အားလုံး စစ်ပြီးပါပြီ။ အားလုံး ကောင်းပါတယ်။ ဦးခေါင်း ထိခိုက်မှုမှန်သမျှ ၂၄ နာရီတော့ စောင့်ကြည့်ရပါတယ် ” ဟု ဘားအံပြည်သူ့ဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါက်တာသီတာစိုးက ပြောသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောဝင်းထိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ကရင်ပြည်နယ် ဖာပွန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ယခင်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပဲခူးတိုင်းဒေသ ကြီး ကဝမြို့နယ်မှ ပြန်လည်အရွေးခံရန် အနားယူခဲ့စဉ် ဦးစောဝင်းထိန်မှာ ခေတ္တဝန်ကြီးချုပ် တာဝန် ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲ တွင်လည်း ထပ်မံဝင်ရောက် အရွေးချယ်ခံရာတွင် ဖာပွန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)