အမႈျဖင့္ထြက္ေျပးတိမ္းေရွာင္ေနသူအား ရဲတပ္ဖဲြ႕မွဖမ္းဆီးရမိအေရးယူ


ရန္ကုန္၊ ေဖေဖာ္၀ါရီ ၅
၁၀.၁.၂၀၁၆ ရက္ေန႔ ၂၃၀၀ အခ်ိန္ခန္႔က သဃၤန္းကၽြန္းၿမိဳ႕နယ္ေနဦးေအးျမင့္သည္ အိမ္ခ်င္းကပ္ေနထိုင္
သည့္ သားျဖစ္သူေက်ာ္စြာျမင့္၏ေနအိမ္မွ ကယ္ၾကပါဦးဟုေအာ္သံၾကားသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့ရာ
သားျဖစ္၏ေနအိမ္တြင္ အ၀င္/အထြက္ရွိသူ သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ရဲသူ၀င္း (၃၀)ႏွစ္မွ ေက်ာ္စြာျမင့္ႏွင့္ေခၽြးမျဖစ္သူ မ-----ႏွင့္ တူမျဖစ္သူ မ------သူတို႔အား ကတ္ေၾကးျဖင့္ထိုး ေနသည္ ကိုေတြ႕ရသျဖင့္ ၎တို႔
(၃)ဦးတြင္ ဒဏ္ရာမ်ားအသီးသီးရရွိေၾကာင္း တိုင္တန္းခ်က္အရ သု၀ဏၰ နယ္ေျမရဲစခန္း(ပ)၅၃/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၂၆ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ခဲ့ပါသည္။
ယင္းေန႔ ၂၂၀၀ အခ်ိန္ခန္႔ကလည္း ရဲသူ၀င္းသည္ တရားလိုျဖစ္သူမ----ႏွင့္အတူ ေၾကးအိုး၀ယ္ယူၿပီး
ကားျဖင့္ျပန္လာစဥ္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သု၀ဏၰ၊ (၂၉)ရပ္ကြက္၊ ေပၚဆန္းေမႊးလမ္းအေရာက္တြင္ ကား
ရပ္ၿပီးမ----အား သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္ခဲ့သျဖင့္ မ-----မွ ကားေပၚမွဆင္းၿပီး ထြက္ေျပးခဲ့
ရေၾကာင္း တိုင္တန္းခ်က္အရ သု၀ဏၰနယ္ေျမရဲစခန္း(ပ)၆၂/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္
အေရးယူေဆာင္ရြက္ခဲ့ပါသည္။
အဆိုပါအမႈမ်ားႏွင့္ပတ္သက္၍ သု၀ဏၰနယ္ေျမရဲစခန္းမွတပ္ဖဲြ႕၀င္မ်ားက ရဲလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ ရဲသူ၀င္းအားဖမ္းဆီးရမိေရးအတြက္အေလးထားေဆာင္ရြက္လ်က္ရွိစဥ္ အုပ္ထိန္းသူမ်ားမွ ၅.၂.၂၀၁၆ ရက္ေန႔၀၁၄၀အခ်ိန္တြင္ သု၀ဏၰနယ္ေျမရဲစခန္းသို႔ လာေရာက္အပ္ႏွံေပးခဲ့
သျဖင့္ အမႈျဖင့္ဖမ္းဆီးခဲ့ပါသည္။
သု၀ဏၰနယ္ေျမရဲစခန္းမွ ဥပေဒႏွင့္အညီဆက္လက္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။
..........................
အမှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသူအား ရဲတပ်ဖွဲ့မှဖမ်းဆီးရမိအရေးယူ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
၁၀.၁.၂၀၁၆ ရက်နေ့ ၂၃၀၀ အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်နေဦးအေးမြင့်သည် အိမ်ချင်းကပ်နေထိုင်
သည့် သားဖြစ်သူကျော်စွာမြင့်၏နေအိမ်မှ ကယ်ကြပါဦးဟုအော်သံကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ 
သားဖြစ်၏နေအိမ်တွင် အဝင်/အထွက်ရှိသူ သင်္ဃန်းကျွန်းမြို့နယ်နေ ရဲသူဝင်း (၃၀)နှစ်မှ ကျော်စွာမြင့်နှင့်ချွေးမဖြစ်သူ မ-----နှင့် တူမဖြစ်သူ မ------သူတို့အား ကတ်ကြေးဖြင့်ထိုး နေသည် ကိုတွေ့ရသဖြင့် ၎င်းတို့
(၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၅၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
ယင်းနေ့ ၂၂၀၀ အချိန်ခန့်ကလည်း ရဲသူဝင်းသည် တရားလိုဖြစ်သူမ----နှင့်အတူ ကြေးအိုးဝယ်ယူပြီး 
ကားဖြင့်ပြန်လာစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းအရောက်တွင် ကား
ရပ်ပြီးမ----အား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့သဖြင့် မ-----မှ ကားပေါ်မှဆင်းပြီး ထွက်ပြေးခဲ့
ရကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၆၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအမှုများနှင့်ပတ်သက်၍ သုဝဏ္ဏနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ရဲသူဝင်းအားဖမ်းဆီးရမိရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိစဉ် အုပ်ထိန်းသူများမှ ၅.၂.၂၀၁၆ ရက်နေ့ဝ၁၄၀အချိန်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အပ်နှံပေးခဲ့
သဖြင့် အမှုဖြင့်ဖမ်းဆီးခဲ့ပါသည်။
သုဝဏ္ဏနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)