တိုက္ပြဲျဖစ္သည့္ ရြာမ်ားမွ ရြာသားမ်ားကို ေက်ာက္မဲေကာ္မတီက သြားေရာက္ ကယ္ဆယ္


ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ေတာ့စန္ေက်းရြာအနီး ေဖေဖာ္ဝါရီ ၇ ရက္မွ စတင္ကာ ျဖစ္ပြားေနေသာ တိုက္ပဲြမ်ားေၾကာင့္ ရြာမ်ားတြင္ ျမက်င္း(ခံတုတ္က်င္း)မ်ားတူးကာ ပုန္းေအာင္းေနရေသာ ရြာသားမ်ားကို ေက်ာက္မဲ ကယ္ဆယ္ေရး ေကာ္မတီမွ သြားေရာက္ ေခၚေဆာင္လာေၾကာင္း သိရွိရသည္။

“ကၽြန္ေတာ္တို႔ ေဖေဖာ္ဝါရီလ ၁၃ ရက္က သြားေခၚတယ္။ ည ၁၂ နာရီေလာက္ ေရာက္ပါတယ္။ တျခား ရြာေတြမွာလည္း ေနာက္ထပ္လည္း က်န္ေသးတယ္။ သြားဖို႔ရွိပါေသးတယ္’’ ဟု ေက်ာက္မဲ ကယ္ဆယ္ေရး ေကာ္မတီမွ ျပန္ၾကားေရး တာဝန္ရွိသူ ဦးပက ေျပာသည္။

လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕အတြင္း စစ္ေရွာင္စခန္း အေရအတြက္မွာ ေဖေဖာ္ဝါရီ ၁၆ ရက္ထိ ၁၅ ခု ရွိလာၿပီး အဆိုပါ စခန္းမ်ားတြင္ စစ္ေဘးေရွာင္ဦးေရ ၃၀၀၀ ခန္႔ ေရာက္ရွိ ခိုလႈံေနၾကကာ ဆက္လက္၍ ေရာက္ရွိလာႏိုင္ ေသးေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေျမက်င္းတူးထားၿပီး အသံေတြၾကားရင္ ေျပးဝင္ေနရတယ္။ ပါခါးရြာမွာေတာင္ မီးေရာင္ျမင္လို႔ လက္နက္ႀကီးနဲ႔ ထုလိုက္တာ ရြာသားတခ်ိဳ႕ ဒဏ္ရာေတြ ရေသးတယ္။ ထမင္းငတ္တယ္။ ဘယ္မွလည္း မထြက္ရဲဘူး။ အခုလိုလာေခၚေတာ့မွ ထြက္လာရဲတာပါ။ က်န္တဲ့လူေတြ ရွိပါေသးတယ္။ တစ္ေန႔လံုး ပစ္ေနတာ။ ညဆိုရင္ တစ္နာရီေလာက္နားၿပီး ျပန္ပစ္တယ္။ ဘယ္အခ်ိန္ ဗံုးက်မလဲမသိ စိုးရိမ္ေနရပါတယ္’’ ဟု ေက်ာက္မဲ စစ္ေရွာင္စခန္းရွိ ေတာ့စန္ရြာသား ဦးစိုင္းေမာင္က ေျပာသည္။

ပန္စံရြာတြင္ က်န္ေနေသာ ရြာသားမ်ားမွာလည္း လမ္းတြင္ ေရာက္ရွိခိုက္ ေညာင္းေမာင္ရြာတြင္ ပစ္ခတ္မႈမ်ား ျဖစ္ေနျခင္းေၾကာင့္ ပန္စံရြာသားမ်ားမွာ ရြာတြင္းသို႔ ျပန္ဝင္ကာ ပုန္းေအာင္း ေနခဲ့ၾကသျဖင့္ ၎တို႔ကိုလည္း သြားေရာက္ ေခၚေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - MMK
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
.............


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့စန်ကျေးရွာအနီး ဖေဖော်ဝါရီ ရ ရက်မှ စတင်ကာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွာများတွင် မြကျင်း(ခံတုတ်ကျင်း)များတူးကာ ပုန်းအောင်းနေရသော ရွာသားများကို ကျောက်မဲ ကယ်ဆယ်ရေး ကော်မတီမှ သွားရောက် ခေါ်ဆောင်လာကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဖေဖော်ဝါရီလ ၁၃ ရက်က သွားခေါ်တယ်။ ည ၁၂ နာရီလောက် ရောက်ပါတယ်။ တခြား ရွာတွေမှာလည်း နောက်ထပ်လည်း ကျန်သေးတယ်။ သွားဖို့ရှိပါသေးတယ်’’ ဟု ကျောက်မဲ ကယ်ဆယ်ရေး ကော်မတီမှ ပြန်ကြားရေး တာဝန်ရှိသူ ဦးပက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့အတွင်း စစ်ရှောင်စခန်း အရေအတွက်မှာ ဖေဖော်ဝါရီ ၁၆ ရက်ထိ ၁၅ ခု ရှိလာပြီး အဆိုပါ စခန်းများတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့် ရောက်ရှိ ခိုလှုံနေကြကာ ဆက်လက်၍ ရောက်ရှိလာနိုင် သေးကြောင်း သိရသည်။

“ကျွန်တော်တို့ မြေကျင်းတူးထားပြီး အသံတွေကြားရင် ပြေးဝင်နေရတယ်။ ပါခါးရွာမှာတောင် မီးရောင်မြင်လို့ လက်နက်ကြီးနဲ့ ထုလိုက်တာ ရွာသားတချို့ ဒဏ်ရာတွေ ရသေးတယ်။ ထမင်းငတ်တယ်။ ဘယ်မှလည်း မထွက်ရဲဘူး။ အခုလိုလာခေါ်တော့မှ ထွက်လာရဲတာပါ။ ကျန်တဲ့လူတွေ ရှိပါသေးတယ်။ တစ်နေ့လုံး ပစ်နေတာ။ ညဆိုရင် တစ်နာရီလောက်နားပြီး ပြန်ပစ်တယ်။ ဘယ်အချိန် ဗုံးကျမလဲမသိ စိုးရိမ်နေရပါတယ်’’ ဟု ကျောက်မဲ စစ်ရှောင်စခန်းရှိ တော့စန်ရွာသား ဦးစိုင်းမောင်က ပြောသည်။

ပန်စံရွာတွင် ကျန်နေသော ရွာသားများမှာလည်း လမ်းတွင် ရောက်ရှိခိုက် ညောင်းမောင်ရွာတွင် ပစ်ခတ်မှုများ ဖြစ်နေခြင်းကြောင့် ပန်စံရွာသားများမှာ ရွာတွင်းသို့ ပြန်ဝင်ကာ ပုန်းအောင်း နေခဲ့ကြသဖြင့် ၎င်းတို့ကိုလည်း သွားရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)