ယာဥ္ေနာက္ဘီးေပါက္ လမ္းေဘးထုိးက်၍ ယာဥ္ေပၚပါသူမ်ား ဒဏ္ရာရ



ဆားလင္းႀကီး ေဖေဖာ္ဝါရီ ၂၁

ပုသိမ္-မံုရြာ ကားလမ္း၌ ေဖေဖာ္ဝါရီ ၂ဝ ရက္ ညေန ၃ နာရီ ၁ဝ မိနစ္က ယာဥ္တိမ္းေမွာက္မႈ ျဖစ္ ပြားေၾကာင္း သတင္းရရွိသျဖင့္ ေၾကး စင္ေတာင္ ရဲစခန္းမွ ရဲအုပ္ေက်ာ္မင္း ႏိုင္ အခင္းျဖစ္ေနရာသုိ႔သြားေရာက္စစ္ေဆးခဲ့ရာပုသိမ္-မုံရြာကားလမ္း မုိင္တုိင္အမွတ္-၄၄၅/၁ ႏွင့္ ၄၄၅/၂ အၾကား ကံကုန္းရြာအနီး ေတာင္မွ ေျမာက္သုိ႔ ယာဥ္ေမာင္း ဦးသန္းေဝ ဆားလင္းႀကီးၿမိဳ႕နယ္ ေမာင္းႏွင္ လာေသာ ယာဥ္အမွတ္ ၆ၤ။---ပရာဒိုယာဥ္သည္ ညာဘက္ ဘီး ေပါက္၍လမ္း၏ ဘယ္ဘက္သုိ႔ ထုိး က်ၿပီး သစ္ဆိတ္ပင္ကို ဝင္တုိက္၍ တိမ္းေမွာက္ခဲ့သည္။

ယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း ဦးသန္းေဝႏွင့္ ယာဥ္ ေပၚပါ ေဒၚခင္ေလးေဆြတုိ႔၌ ဒဏ္ ရာမ်ား ျပင္းထန္သျဖင့္ ၁၆ ခုတင္ ဆံ့ေဆး႐ုံမွတစ္ဆင့္ မုံရြာၿမိဳ႕ ျပည္သူ႕ ေဆး႐ုံႀကီးသုိ႔ လႊဲေျပာင္းကုသေနရ ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ ကို မဆင္မျခင္ ေမာင္းႏွင္သူအား ဆားလင္းႀကီးၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဦးငယ္(ဆားလင္းႀကီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
........


ဆားလင်းကြီး ဖေဖော်ဝါရီ ၂၁

ပုသိမ်-မုံရွာ ကားလမ်း၌ ဖေဖော်ဝါရီ ၂ဝ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်က ယာဉ်တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းရရှိသဖြင့် ကြေး စင်တောင် ရဲစခန်းမှ ရဲအုပ်ကျော်မင်း နိုင် အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်-၄၄၅/၁ နှင့် ၄၄၅/၂ အကြား ကံကုန်းရွာအနီး တောင်မှ မြောက်သို့ ယာဉ်မောင်း ဦးသန်းဝေ ဆားလင်းကြီးမြို့နယ် မောင်းနှင် လာသော ယာဉ်အမှတ် ၆င်္။---ပရာဒိုယာဉ်သည် ညာဘက် ဘီး ပေါက်၍လမ်း၏ ဘယ်ဘက်သို့ ထိုး ကျပြီး သစ်ဆိတ်ပင်ကို ဝင်တိုက်၍ တိမ်းမှောက်ခဲ့သည်။

ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးသန်းဝေနှင့် ယာဉ် ပေါ်ပါ ဒေါ်ခင်လေးဆွေတို့၌ ဒဏ် ရာများ ပြင်းထန်သဖြင့် ၁၆ ခုတင် ဆံ့ဆေးရုံမှတစ်ဆင့် မုံရွာမြို့ ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် ကို မဆင်မခြင် မောင်းနှင်သူအား ဆားလင်းကြီးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဦးငယ်(ဆားလင်းကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)