ဖားကန္႔တြင္ စစ္ေဆးေရးအဖြဲ႕ ျပန္သြားၿပီးေနာက္ ဝွက္ထားေသာ ယႏၲရားမ်ားျဖင့္ ေက်ာက္စိမ္းျပန္တူး

ဖားကန္႔ေဒသတြင္ စက္ ယႏၲရားစာရင္းမ်ား သြားေရာက္ စစ္ေဆးသည့္ ျပည္ထဲေရးဒုတိယ ဝန္ႀကီး ဦးေဆာင္ေသာ စစ္ေဆး ေရးအဖြဲ႕ ျပန္သြားၿပီးေနာက္ ကုမၸဏီမ်ားက ဝွက္ထားသည့္ စက္ယႏၲရားႀကီးမ်ား ထုတ္သံုး ကာ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းမ်ား ေန႔ေရာညပါ ျပန္ လည္လုပ္ကိုင္ေနေၾကာင္း ေဒသ ခံမ်ားက ေျပာသည္။
ဖားကန္႔ေဒသတြင္ ေက်ာက္ စိမ္းတူးေဖာ္ေနသည့္ စက္ယႏၲရားမ်ားစာရင္း အတိအက်ရရွိရန္ ျပည္ထဲေရးဒုတိယဝန္ႀကီး ဗိုလ္ ခ်ဳပ္ေအာင္စိုး ဦးေဆာင္ေသာ စံု စမ္းစစ္ေဆးေရးအဖြဲ႕က ဇန္နဝါရီ ၁၈ ရက္မွ ၂၅ ရက္အထိ ေျမျပင္ကြင္းဆင္းကာ စာရင္း ေကာက္ယူခဲ့ျခင္းျဖစ္သည္။ ျပည္ ထဲေရးဒုတိယဝန္ႀကီး စစ္ေဆးေန စဥ္အတြင္း ကုမၸဏီမ်ားက တရားမဝင္တင္သြင္းထားသည့္ စက္ ယႏၲရားမ်ားကို ေတာထဲ၌ သိုဝွက္ ထားေၾကာင္း သတင္းထြက္ေပၚခဲ့ သည္။

ယခုအခါ အဆုိပါ စက္ ယႏၲရားႀကီးမ်ား ျပန္လည္ထုတ္ သံုးကာ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းမ်ား ျပန္လည္လုပ္ကိုင္ ေနၾကေၾကာင္း ေဒသခံအရပ္ဘက္အဖြဲ႕အစည္းမ်ားထံမွ သတင္းရရွိ သည္။

‘‘ျပန္သြားၿပီဆုိမွေတာ့ အဲဒီ ကားေတြအားလံုး ျပန္ထြက္လာ တာပဲ။ သူတုိ႔ လာတုန္းေလးပဲ ဝွက္ထားၾကတာ။ ကြၽန္ေတာ္တုိ႔ ဆီမွာေတာ့ ေန႔စဥ္နဲ႔အမွ် ကမၻာ ပ်က္သလို ျဖစ္ေနတာပဲ။ ကြၽန္ ေတာ္တုိ႔နယ္ေျမကို ဖ်က္ဆီးေန တာပဲ။ ေန႔ေရာ၊ ညေရာ ၂၄ နာရီ လုပ္ေနၾကတာ။ ဘယ္သူ႔အားကိုး ရမွန္းမသိ။ ဘယ္သူ႔ကို အေဖေခၚ ရမွန္းမသိျဖစ္ေနတာ’’ဟု ဖားကန္႔ ၿမိဳ႕မွ လူမႈေရးသတင္းအဖြဲ႕ ဦး ေဆာင္သူ ဦးခင္ေမာင္ထြန္းက ေျပာသည္။

ျပည္ထဲေရးဒုတိယဝန္ႀကီး ဦးေဆာင္ေသာ စံုစမ္းစစ္ေဆးေရး အဖြဲ႕ ဖားကန္႔ၿမိဳ႕သို႔ ေရာက္ရွိေန စဥ္ ေက်ာက္စိမ္းကုမၸဏီမ်ားက တူးေဖာ္ေရးလုပ္ငန္းမ်ား ရပ္ထား ၿပီး တရားဝင္တင္သြင္းထားသည့္ ယာဥ္မ်ားကို ေရေဆးေၾကာကာ ကုမၸဏီပိုင္ လုပ္ကြက္အတြင္း စစ္ေဆးခံခဲ့ေၾကာင္း သတင္းရရိွ သည္။

တရားမဝင္ စက္ယႏၲရား မ်ားကို လံုးခင္းေက်းရြာအုပ္စုရွိ ေမွာ္ပံုေတာင္ေၾကာႏွင့္ ေဟာင္း ပါးအုပ္စု ကသိုင္းေတာင္၊ တာ မခံလမ္းေပၚ နတ္လည္ကြင္းေန ရာအနီးရိွ လူအသြားအလာနည္း ပါးသည့္ ေတာင္ၾကား၌ ဝွက္ထားျခင္းျဖစ္ေၾကာင္း ေနရာအတိအ က်ေဖာ္ျပ၍ ေဝဖန္ခဲ့ၾကေသာ္ လည္း ကခ်င္ျပည္နယ္ အစိုးရက ျပန္လည္ရွင္းလင္းျခင္း မရွိခဲ့ေခ်။

‘‘ဝွက္ထားတဲ့ကားေတြ သူ တုိ႔ေတြ႕မသြားဘူး။ မျမင္ခ်င္ ေယာင္ေဆာင္တာပဲ ျဖစ္ျဖစ္၊ မေတြ႕တာပဲျဖစ္ျဖစ္ အဲဒီကား ထုတ္သံုးေနတယ္။ ဒါမ်ိဳးစစ္ေဆး တယ္ဆုိတာ ေရွာင္တခင္စစ္ေဆး ရတာ။ အခုက ငါတုိ႔လာမယ္။ ဘယ္ကုမၸဏီဝင္စစ္မယ္ဆုိတာ က သဘာဝေတာ့ မက်ဘူးဗ်’’ဟု ေက်ာက္စိမ္းလုပ္ငန္းရွင္ ဦးေဇာ္ မိုးထက္က ေျပာသည္။

ျပည္ထဲေရးဒုတိယဝန္ႀကီး ဦးေဆာင္ေသာ စံုစမ္းစစ္ေဆးေရး အဖြဲ႕၏ စစ္ေဆးေတြ႕ရွိခ်က္ကို အစိုးရက ယေန႔အထိ သတင္း တိတိက်က်မထုတ္ျပန္ေသးေပ။ ဖားကန္႔ေဒသတြင္ လက္ရွိအေျခ အေနမ်ားႏွင့္ပတ္သက္၍ ျမန္မာ့ ေက်ာက္မ်က္ရတနာလုပ္ငန္း (ေနျပည္ေတာ္)ႏွင့္ ကခ်င္ျပည္ နယ္ အစိုးရအဖြဲ႕႐ံုးသ႔ို ဆက္သြယ္ ေမးျမန္းရာ ၎တုိ႔အေနျဖင့္ စံုစမ္းစစ္ေဆးေနသည္ကိုသာ သိရၿပီး အေသးစိတ္မသိရေၾကာင္း ၎ကေျပာသည္။
Credit -7Daydaily
................
ဖားကန့်တွင် စစ်ဆေးရေးအဖွဲ့ ပြန်သွားပြီးနောက် ဝှက်ထားသော ယန္တရားများဖြင့် ကျောက်စိမ်းပြန်တူး

ဖားကန့်ဒေသတွင် စက် ယန္တရားစာရင်းများ သွားရောက် စစ်ဆေးသည့် ပြည်ထဲရေးဒုတိယ ဝန်ကြီး ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့ ပြန်သွားပြီးနောက် ကုမ္ပဏီများက ဝှက်ထားသည့် စက်ယန္တရားကြီးများ ထုတ်သုံး ကာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ နေ့ရောညပါ ပြန် လည်လုပ်ကိုင်နေကြောင်း ဒေသ ခံများက ပြောသည်။
ဖားကန့်ဒေသတွင် ကျောက် စိမ်းတူးဖော်နေသည့် စက်ယန္တရားများစာရင်း အတိအကျရရှိရန် ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ် ချုပ်အောင်စိုး ဦးဆောင်သော စုံ စမ်းစစ်ဆေးရေးအဖွဲ့က ဇန်နဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ မြေပြင်ကွင်းဆင်းကာ စာရင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။ ပြည် ထဲရေးဒုတိယဝန်ကြီး စစ်ဆေးနေ စဉ်အတွင်း ကုမ္ပဏီများက တရားမဝင်တင်သွင်းထားသည့် စက် ယန္တရားများကို တောထဲ၌ သိုဝှက် ထားကြောင်း သတင်းထွက်ပေါ်ခဲ့ သည်။

ယခုအခါ အဆိုပါ စက် ယန္တရားကြီးများ ပြန်လည်ထုတ် သုံးကာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင် နေကြကြောင်း ဒေသခံအရပ်ဘက်အဖွဲ့အစည်းများထံမှ သတင်းရရှိ သည်။

‘‘ပြန်သွားပြီဆိုမှတော့ အဲဒီ ကားတွေအားလုံး ပြန်ထွက်လာ တာပဲ။ သူတို့ လာတုန်းလေးပဲ ဝှက်ထားကြတာ။ ကျွန်တော်တို့ ဆီမှာတော့ နေ့စဉ်နဲ့အမျှ ကမ္ဘာ ပျက်သလို ဖြစ်နေတာပဲ။ ကျွန် တော်တို့နယ်မြေကို ဖျက်ဆီးနေ တာပဲ။ နေ့ရော၊ ညရော ၂၄ နာရီ လုပ်နေကြတာ။ ဘယ်သူ့အားကိုး ရမှန်းမသိ။ ဘယ်သူ့ကို အဖေခေါ် ရမှန်းမသိဖြစ်နေတာ’’ဟု ဖားကန့် မြို့မှ လူမှုရေးသတင်းအဖွဲ့ ဦး ဆောင်သူ ဦးခင်မောင်ထွန်းက ပြောသည်။

ပြည်ထဲရေးဒုတိယဝန်ကြီး ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖားကန့်မြို့သို့ ရောက်ရှိနေ စဉ် ကျောက်စိမ်းကုမ္ပဏီများက တူးဖော်ရေးလုပ်ငန်းများ ရပ်ထား ပြီး တရားဝင်တင်သွင်းထားသည့် ယာဉ်များကို ရေဆေးကြောကာ ကုမ္ပဏီပိုင် လုပ်ကွက်အတွင်း စစ်ဆေးခံခဲ့ကြောင်း သတင်းရရှိ သည်။

တရားမဝင် စက်ယန္တရား များကို လုံးခင်းကျေးရွာအုပ်စုရှိ မှော်ပုံတောင်ကြောနှင့် ဟောင်း ပါးအုပ်စု ကသိုင်းတောင်၊ တာ မခံလမ်းပေါ် နတ်လည်ကွင်းနေ ရာအနီးရှိ လူအသွားအလာနည်း ပါးသည့် တောင်ကြား၌ ဝှက်ထားခြင်းဖြစ်ကြောင်း နေရာအတိအ ကျဖော်ပြ၍ ဝေဖန်ခဲ့ကြသော် လည်း ကချင်ပြည်နယ် အစိုးရက ပြန်လည်ရှင်းလင်းခြင်း မရှိခဲ့ချေ။

‘‘ဝှက်ထားတဲ့ကားတွေ သူ တို့တွေ့မသွားဘူး။ မမြင်ချင် ယောင်ဆောင်တာပဲ ဖြစ်ဖြစ်၊ မတွေ့တာပဲဖြစ်ဖြစ် အဲဒီကား ထုတ်သုံးနေတယ်။ ဒါမျိုးစစ်ဆေး တယ်ဆိုတာ ရှောင်တခင်စစ်ဆေး ရတာ။ အခုက ငါတို့လာမယ်။ ဘယ်ကုမ္ပဏီဝင်စစ်မယ်ဆိုတာ က သဘာဝတော့ မကျဘူးဗျ’’ဟု ကျောက်စိမ်းလုပ်ငန်းရှင် ဦးဇော် မိုးထက်က ပြောသည်။

ပြည်ထဲရေးဒုတိယဝန်ကြီး ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်ကို အစိုးရက ယနေ့အထိ သတင်း တိတိကျကျမထုတ်ပြန်သေးပေ။ ဖားကန့်ဒေသတွင် လက်ရှိအခြေ အနေများနှင့်ပတ်သက်၍ မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်း (နေပြည်တော်)နှင့် ကချင်ပြည် နယ် အစိုးရအဖွဲ့ရုံးသိ့ု ဆက်သွယ် မေးမြန်းရာ ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးနေသည်ကိုသာ သိရပြီး အသေးစိတ်မသိရကြောင်း ၎င်းကပြောသည်။
Credit -7Daydaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)