ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ တပ္ခ်ဳပ္ေနရာ ဆက္ယူသင့္သလား


တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ကို ၁၉၅၆ ခုႏွစ္မွာ ေမြးဖြားျပီး အခု ၂၀၁၆ ခုႏွစ္မွာ အသက္ ၆၀ ျပည့္ပါတယ္။ ႏိုင္ငံ့၀န္ထမ္း ဥပေဒ အရ အသက္ ၆၀ ျပည့္ျပီဆုိရင္ သက္ျပည့္ ပင္စင္ယူရမွာပါ။ ျပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္နဲ႔ သတင္းမီဒီယာေကာင္စီ အဖြဲ႕၀င္ေတြ ေတြ႕ဆံုခဲ့စဥ္တုန္းက ေကာင္စီ၀င္ တစ္ေယာက္ကေန ဗိုလ္ခ်ဳပ္မွဴးၾကီးအေနနဲ႔ ၂၀၁၆ မွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အျဖစ္ကေန အျငိမ္းစားယူမွာလား ဆိုျပီး ေမးျမန္းခဲ့ဖူးပါတယ္။ ဒီေမးျမန္းမွဳနဲ႔ ပတ္သက္ျပီး ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္က ယတိျပတ္ အေျဖမေပးခဲ့သလို၊ အနားမွာ အတူရွိေနတဲ့ စစ္ဥပေဒခ်ဳပ္ကလည္း တပ္မေတာ္ဥပေဒအရ ဗိုလ္ခ်ဳပ္မွဴးၾကီးအေနနဲ႔ တာ၀န္ ဆက္လက္ရယူႏုိင္ေသးတဲ့ အေျခအေနရွိတဲ့အေၾကာင္း ေျဖခဲ့ပါတယ္။ အခုရက္ပိုင္း ထြက္ေပၚလာတဲ့ သတင္းတစ္ပုဒ္မွာေတာ့ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ဟာ အသက္ ၆၅ ႏွစ္အထိ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ တာ၀န္ ဆက္ယူမယ္ လို႔ ဆိုပါတယ္။ ဒီသတင္းကို အတည္ျပဳလို႔ မရေသးေပမယ့္ ႏိုင္ငံေရးသမားေတြေရာ၊ ျပည္တြင္းက ႏုိင္ငံျခား သံတမန္ အသိုင္းအ၀ိုင္းကပါ အလြန္ စိတ္၀င္စားၾကပါတယ္။ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ အသက္ ၆၀ ေက်ာ္သည္အထိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ တာ၀န္ ဆက္ယူသြားဦးမလား ဆိုတာ ေလ့လာ တင္ျပသြားပါ့မယ္။

လက္ရွိ တည္ဆဲ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ ဆိုတာ ထူးျခားတဲ့ အေျခခံ ဥပေဒ တစ္ခုလို႔ ဆိုရမွာပါ။ တပ္မေတာ္ဟာ သမၼတ ဒါမွမဟုတ္ အစိုးရအဖြဲ႕ လက္ေအာက္မွာ ရွိေနတာမ်ိဳး မဟုတ္ပဲ သီးျခားတည္ရွိတဲ့ အဖြဲ႕အစည္းအျဖစ္ ျပဌာန္းထားပါတယ္။ တိုင္းျပည္ရဲ႕ အထြဋ္အထိပ္ အၾကီးအကဲလို႔ ဆိုတဲ့ သမၼတကို ဘယ္နည္းဘယ္ပံု ေရြးခ်ယ္ရမယ္၊ ဘယ္နည္းဘယ္ပံု ျပန္ ျဖဳတ္ခ်ႏိုင္တယ္ ဆုိျပီး တိတိက်က် ေရးဆြဲျပဌာန္းထားတာ ရွိေပမယ့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တစ္ေယာက္ကို ဘယ္နည္းဘယ္ပံု ခန္႔အပ္နိုင္တယ္၊ အဲဒီ တပ္ခ်ဳပ္ ဘယ္အခ်ိန္ အနားယူရမယ္ ဆိုတာမ်ိဳးကိုေတာ့ တိတိက်က် ျပဌာန္းထားတာ မေတြ႕ရပါဘူး။
သမၼတဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ခန္႔အပ္ခြင့္မရွိပါဘူး။ အဖြဲ႕၀င္ ၁၁ ေယာက္ပါတဲ့ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ လံုျခံဳေရးေကာင္စီ (ကာလံု) လို႔ေခၚတဲ့ အဖြဲ႕ကသာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ခန္႔အပ္ႏိုင္တယ္ ဆိုျပီး ျပဌာန္းထားတာ ျဖစ္ပါတယ္။

http://burmese.voanews.com/audio/3191873.html

 တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ခန္႔အပ္ႏုိင္တဲ့ ကာလံုရဲ႕ အဖြဲ႕၀င္ ၁၁ ေယာက္ထဲမွာ တပ္ခ်ဳပ္ အပါအ၀င္ သူကခန္႔ထားတဲ့ ဒုတပ္ခ်ဳပ္၊ ဒုသမၼတ တစ္ေယာက္၊ ကာကြယ္ေရး၀န္ၾကီး၊ ျပည္ထဲေရး၀န္ၾကီး၊ နယ္စပ္ေရးရာ ၀န္ၾကီး ေပါင္း (၆) ေယာက္္ေတာင္ ရွိေနေလေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေနာက္တစ္ေယာက္ကို လက္ရွိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကပဲ ခန္႔အပ္ႏုိင္တဲ့ အဓိပၸါယ္ သြားသက္ေရာက္ေစပါတယ္။ တစ္ခ်ိန္တည္းမွာပဲ စစ္ဥပေဒအရ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဟာ အသက္ ၆၀ ျပည့္သည့္တိုင္ ပင္စင္မယူပဲ ေနလို႔ရတယ္ ဆိုထားျပန္ေလေတာ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ တစ္ေယာက္အေနနဲ႔ သူ႕ဖာသာသူ အနားမယူမခ်င္း ဖြဲ႕စည္းပံုအရျဖစ္ေစ၊ ဥပေဒအရ ျဖစ္ေစ၊ သမၼတ က ျဖစ္ေစ အနားယူေအာင္ လုပ္ကိုင္ေဆာင္ရြက္ႏုိင္ျခင္း မရွိဘူး ဆိုတဲ့ အေျဖ သြားထြက္ပါတယ္။ ဒါဟာ ဒီမိုကေရစီႏိုင္ငံက တပ္မေတာ္တစ္ခုအတြက္ ေကာင္းမြန္တဲ့ ပံုစံ မဟုတ္သလို၊ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ တည္ေဆာက္ခ်င္ေနတဲ့ Standard Army ပံုစံနဲ႔လည္း အံ၀င္ဂြင္က် မျဖစ္ေစပါဘူး။ ဒီေနရာမွာ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ အေနနဲ႔ ဘာလုပ္သင့္လဲ စဥ္းစားရမွာပါ။

ႏိုင္ငံေရး ေလ့လာသံုးသပ္သူေတြကေတာ့ ေရြးေကာက္ပြဲမွာ အင္န္အယ္လ္ဒီ ပါတီ အျပတ္အသတ္ အႏုိင္ရျပီး ျပည္ခုိင္ျဖိဳးပါတီ လံုး၀ အေရးနိမ့္သြားတာမို႔ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ဟာ ႏိုင္ငံရဲ႕ အျမင့္ဆံုး သမၼတ တာ၀န္ကို မရႏိုင္ေတာ့ဘူး၊ တပ္မေတာ္ အစုအဖြဲ႕ရဲ႕ တင္ေျမွာက္မွဳနဲ႔ ဒုသမၼတ ျဖစ္ႏိုင္ေပမယ့္ ဒီရာထူးေလာက္ကိုေတာ့ လိုခ်င္မွာ မဟုတ္ဘူး၊ ဒါေၾကာင့္ အသက္ ၆၀ ျပည့္သြားတဲ့တိုင္ အနားမယူေသးပဲ သမၼတ နီးပါး ၾသဇာအာဏာ ရွိတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာ၀န္ကိုပဲ ဆက္ျပီး ယူထားလိမ့္ဦးမယ္ ဆုိျပီးျဖစ္ပါတယ္။

တကယ္ေတာ့ ျမန္မာႏိုင္ငံဟာ စစ္အာဏာရွင္ စနစ္နဲ႔ လမ္းခြဲျပီး ဒီမိုကေရစီ စနစ္ဆီ သြားဖို႔ ေျခလွမ္းျပင္ရံု အဆင့္ေလာက္ပဲ ရွိပါေသးတယ္။ ဒီမိုကေရစီ စနစ္ရဲ႕ အေျခခံအုတ္ျမစ္ေတြ ခ်ႏိုင္ဖို႔ လိုသလို၊ အာဏာရွင္စနစ္ ေနာက္တစ္ၾကိမ္ ျပန္မလာႏုိင္ေအာင္ ၾကိဳးစားေနရတဲ့ အေျခအေနလည္း ျဖစ္ပါတယ္။ ခုဆိုရင္ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒကို အေျခတည္ျပီး တုိင္းျပည္မွာ ဥပေဒျပဳေရးမ႑ိဳင္၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္၊ တရားစီရင္ေရး မ႑ိဳင္ သီးျခားစီျဖစ္ေအာင္ တည္ေဆာက္ေနဆဲ ကာလပါ။ တစ္ေယာက္တည္းနဲ႔ တစ္သက္လံုး အာဏာရယူမထားႏုိင္ေအာင္ သမၼတ တစ္ေယာက္အေနန႔ဲ အလြန္ဆံုး ၅ ႏွစ္သက္တန္း ၂ ၾကိမ္ ထမ္းေဆာင္ႏုိင္တယ္ ဆိုျပီးေတာ့လည္း ဖြဲ႕စည္းပံုထဲ ျပဌာန္းႏိုင္ခဲ့ပါျပီ။ ဒါေပမယ့္ အာဏာရွင္စနစ္ ျပန္လည္ ထြန္းကားမလာေရးအတြက္ အေရးၾကီးတဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ေတြဟာ အခ်ိန္တန္ရင္ အနားယူရမယ္ ဆိုတဲ့ ျပဌာန္းခ်က္ တစ္ခု ရွိမေနေသးတာကေတာ့ စိုးရိမ္စရာပါ။

အျခားတစ္ဖက္က ၾကည့္လိုကျပန္္ရင္လည္း တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ ဆိုတာဟာ အရင္ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊက တာ၀န္ေပးသြားလို႔ တပ္ခ်ဳပ္ ျဖစ္လာသူပါ။ ဒါေပမယ့္ သူဟာ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊနဲ႔ အလြန္ျခားနားပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပံုကို အေျခခံ၊ သမၼတ ဦးသိန္းစိန္နဲ႔ လက္တြဲျပီး ျမန္မာႏုိင္ငံ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးမွာ တက္တက္ၾကြၾကြ ပါ၀င္ခဲ့သူ ျဖစ္ပါတယ္။ ျပည္တြင္း ျငိမ္းခ်မ္းေရးရေအာင္ ၾကိဳးစားခဲ့သူလို႔ ဆိုရင္လည္း မမွားပါဘူး။ သူ႕ရဲ႕ အဓိက တာ၀န္ျဖစ္တဲ့ တပ္မေတာ္ တည္ေဆာက္ေရးကိုလည္း စြမ္းစြမ္းတမံ ေဆာင္ရြက္ခဲ့သူ ျဖစ္ပါတယ္။ တပ္မေတာ္ရဲ႕ အာဏာရွင္ လက္ထက္က ရွိခဲ့တဲ့ လူ႕အခြင့္အေရး ခ်ိဳးေဖါက္မွဳ ေလ်ာ့နည္းေအာင္ လုပ္တာ၊ တပ္တြင္းမွာ ကေလးစစ္သား ကင္းစင္ေအာင္ ေဆာင္ရြက္တာ၊ ျပည္သူေတြကို ေျမွျမွဳပ္မိုင္းရွင္း အထမ္းသမား ေပၚတာအျဖစ္ အတင္းအားဓမၼ ေစခိုင္းတဲ့ လုပ္ရပ္ေတြကို ရပ္တန္႔တာ၊ စစ္ဗ်ဴရိုကေရစီ ယႏၱယား ၾကီးမားေအာင္ စစ္အရာရွိအမ်ားအျပား ေမြးထုတ္ေနတာေတြကို ကန္႔သတ္တာ စသျဖင့္ အမ်ားၾကီး စြမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ အေနနဲ႔ လုပ္စရာ တစ္ခုပဲ က်န္ပါတယ္။ အလြန္လည္း အေရးၾကီးတဲ့ တာ၀န္တစ္ရပ္ပါ။ အဲဒါကေတာ့ တပ္မေတာ္ကို Standard Army ပီသစြာ တပ္ခ်ဳပ္တစ္ေယာက္ကေန ေနာက္တစ္ေယာက္ကို စနစ္တက် တာ၀န္လဲႊေပးသြားခဲ့တာမ်ိဳးပါ။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေတြဟာ အာဏာကို မမက္ေမာပဲ အသက္ျပည့္သည္အထိ တာ၀န္ထမ္းေဆာင္ျပီးတာနဲ႔ ေနာက္တစ္ေယာက္ကို တာ၀န္လဲႊအပ္ေပးျပီး အျငိမ္းစားယူသြားတာမ်ိဳးပါ။

ဒါေၾကာင့္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္အေနနဲ႔ တိုင္းျပည္အတြက္ အေရးအၾကီးဆံုးနဲ႔ ေနာက္ဆံုး တာ၀န္ျဖစ္တဲ့ တပ္ခ်ဳပ္တစ္ေယာက္ကေန ေနာက္ တပ္ခ်ဳပ္တစ္ေယာက္ကို စနစ္တက် တာ၀န္လဲႊေျပာင္း ေပးအပ္သြားျခင္းကသာလ်င္ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ အျငိမ္းစားယူျပီးေနာက္ ဒုသမၼတ တာ၀န္ယူျပီး ႏိုင္ငံေရးတာ၀န္ေတြ ဆက္ ထမ္းေဆာင္ခ်င္ ထမ္းေဆာင္သြားႏုိင္ပါေသးတယ္။ အဲဒီလိုသာ ေဆာင္ရြက္ႏိုိင္ခဲ့ရင္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လွိဳင္ဟာ တပ္မေတာ္ကို Standard Army ျဖစ္ေအာင္ တည္ေဆာက္ခဲ့သူ ေခါင္းေဆာင္ေကာင္း တစ္ေယာက္၊ တိုင္းျပည္ အသြင္ကူးေျပာင္းေရးမွာ အေကာင္းဆံုး ေဆာင္ရြက္ခဲ့သူ တစ္ဦး အေနနဲ႔ မွတ္တမ္းတင္ခံရမွာျဖစ္ျပီး ေနာင္ ႏိုင္ငံ့အထြဋ္အထိပ္ သမၼတျဖစ္ဖို႔ကိုေတာင္ ၾကိဳးစားႏုိင္ပါေၾကာင္း သံုးသပ္တင္ျပလိုက္ရပါတယ္။

ဦးစည္သူေအာင္ျမင့္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................................................................



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ်မှာ မွေးဖွားပြီး အခု ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ပါတယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ အရ အသက် ၆၀ ပြည့်ပြီဆိုရင် သက်ပြည့် ပင်စင်ယူရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့စဉ်တုန်းက ကောင်စီဝင် တစ်ယောက်ကနေ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ၂၀၁၆ မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ကနေ အငြိမ်းစားယူမှာလား ဆိုပြီး မေးမြန်းခဲ့ဖူးပါတယ်။ ဒီမေးမြန်းမှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယတိပြတ် အဖြေမပေးခဲ့သလို၊ အနားမှာ အတူရှိနေတဲ့ စစ်ဥပဒေချုပ်ကလည်း တပ်မတော်ဥပဒေအရ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တာဝန် ဆက်လက်ရယူနိုင်သေးတဲ့ အခြေအနေရှိတဲ့အကြောင်း ဖြေခဲ့ပါတယ်။ အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အသက် ၆၅ နှစ်အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ဆက်ယူမယ် လို့ ဆိုပါတယ်။ ဒီသတင်းကို အတည်ပြုလို့ မရသေးပေမယ့် နိုင်ငံရေးသမားတွေရော၊ ပြည်တွင်းက နိုင်ငံခြား သံတမန် အသိုင်းအဝိုင်းကပါ အလွန် စိတ်ဝင်စားကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက် ၆၀ ကျော်သည်အထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန် ဆက်ယူသွားဦးမလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

လက်ရှိ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ထူးခြားတဲ့ အခြေခံ ဥပဒေ တစ်ခုလို့ ဆိုရမှာပါ။ တပ်မတော်ဟာ သမ္မတ ဒါမှမဟုတ် အစိုးရအဖွဲ့ လက်အောက်မှာ ရှိနေတာမျိုး မဟုတ်ပဲ သီးခြားတည်ရှိတဲ့ အဖွဲ့အစည်းအဖြစ် ပြဌာန်းထားပါတယ်။ တိုင်းပြည်ရဲ့ အထွဋ်အထိပ် အကြီးအကဲလို့ ဆိုတဲ့ သမ္မတကို ဘယ်နည်းဘယ်ပုံ ရွေးချယ်ရမယ်၊ ဘယ်နည်းဘယ်ပုံ ပြန် ဖြုတ်ချနိုင်တယ် ဆိုပြီး တိတိကျကျ ရေးဆွဲပြဌာန်းထားတာ ရှိပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကို ဘယ်နည်းဘယ်ပုံ ခန့်အပ်နိုင်တယ်၊ အဲဒီ တပ်ချုပ် ဘယ်အချိန် အနားယူရမယ် ဆိုတာမျိုးကိုတော့ တိတိကျကျ ပြဌာန်းထားတာ မတွေ့ရပါဘူး။
သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ခွင့်မရှိပါဘူး။ အဖွဲ့ဝင် ၁၁ ယောက်ပါတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) လို့ခေါ်တဲ့ အဖွဲ့ကသာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်နိုင်တယ် ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။

http://burmese.voanews.com/audio/3191873.html

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်နိုင်တဲ့ ကာလုံရဲ့ အဖွဲ့ဝင် ၁၁ ယောက်ထဲမှာ တပ်ချုပ် အပါအဝင် သူကခန့်ထားတဲ့ ဒုတပ်ချုပ်၊ ဒုသမ္မတ တစ်ယောက်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး ပေါင်း (၆) ယောက််တောင် ရှိနေလေတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နောက်တစ်ယောက်ကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ်နိုင်တဲ့ အဓိပ္ပါယ် သွားသက်ရောက်စေပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ အသက် ၆၀ ပြည့်သည့်တိုင် ပင်စင်မယူပဲ နေလို့ရတယ် ဆိုထားပြန်လေတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်အနေနဲ့ သူ့ဖာသာသူ အနားမယူမချင်း ဖွဲ့စည်းပုံအရဖြစ်စေ၊ ဥပဒေအရ ဖြစ်စေ၊ သမ္မတ က ဖြစ်စေ အနားယူအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိဘူး ဆိုတဲ့ အဖြေ သွားထွက်ပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံက တပ်မတော်တစ်ခုအတွက် ကောင်းမွန်တဲ့ ပုံစံ မဟုတ်သလို၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ဆောက်ချင်နေတဲ့ Standard Army ပုံစံနဲ့လည်း အံဝင်ဂွင်ကျ မဖြစ်စေပါဘူး။ ဒီနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဘာလုပ်သင့်လဲ စဉ်းစားရမှာပါ။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရပြီး ပြည်ခိုင်ဖြိုးပါတီ လုံးဝ အရေးနိမ့်သွားတာမို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံရဲ့ အမြင့်ဆုံး သမ္မတ တာဝန်ကို မရနိုင်တော့ဘူး၊ တပ်မတော် အစုအဖွဲ့ရဲ့ တင်မြှောက်မှုနဲ့ ဒုသမ္မတ ဖြစ်နိုင်ပေမယ့် ဒီရာထူးလောက်ကိုတော့ လိုချင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အသက် ၆၀ ပြည့်သွားတဲ့တိုင် အနားမယူသေးပဲ သမ္မတ နီးပါး သြဇာအာဏာ ရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကိုပဲ ဆက်ပြီး ယူထားလိမ့်ဦးမယ် ဆိုပြီးဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်နဲ့ လမ်းခွဲပြီး ဒီမိုကရေစီ စနစ်ဆီ သွားဖို့ ခြေလှမ်းပြင်ရုံ အဆင့်လောက်ပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံအုတ်မြစ်တွေ ချနိုင်ဖို့ လိုသလို၊ အာဏာရှင်စနစ် နောက်တစ်ကြိမ် ပြန်မလာနိုင်အောင် ကြိုးစားနေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ခုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေတည်ပြီး တိုင်းပြည်မှာ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် သီးခြားစီဖြစ်အောင် တည်ဆောက်နေဆဲ ကာလပါ။ တစ်ယောက်တည်းနဲ့ တစ်သက်လုံး အာဏာရယူမထားနိုင်အောင် သမ္မတ တစ်ယောက်အနေနဲ့ အလွန်ဆုံး ၅ နှစ်သက်တန်း ၂ ကြိမ် ထမ်းဆောင်နိုင်တယ် ဆိုပြီးတော့လည်း ဖွဲ့စည်းပုံထဲ ပြဌာန်းနိုင်ခဲ့ပါပြီ။ ဒါပေမယ့် အာဏာရှင်စနစ် ပြန်လည် ထွန်းကားမလာရေးအတွက် အရေးကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေဟာ အချိန်တန်ရင် အနားယူရမယ် ဆိုတဲ့ ပြဌာန်းချက် တစ်ခု ရှိမနေသေးတာကတော့ စိုးရိမ်စရာပါ။

အခြားတစ်ဖက်က ကြည့်လိုကပြန််ရင်လည်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆိုတာဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာဝန်ပေးသွားလို့ တပ်ချုပ် ဖြစ်လာသူပါ။ ဒါပေမယ့် သူဟာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အလွန်ခြားနားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံ၊ သမ္မတ ဦးသိန်းစိန်နဲ့ လက်တွဲပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တက်တက်ကြွကြွ ပါ၀င်ခဲ့သူ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရအောင် ကြိုးစားခဲ့သူလို့ ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အဓိက တာဝန်ဖြစ်တဲ့ တပ်မတော် တည်ဆောက်ရေးကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အာဏာရှင် လက်ထက်က ရှိခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု လျော့နည်းအောင် လုပ်တာ၊ တပ်တွင်းမှာ ကလေးစစ်သား ကင်းစင်အောင် ဆောင်ရွက်တာ၊ ပြည်သူတွေကို မြှေမြှုပ်မိုင်းရှင်း အထမ်းသမား ပေါ်တာအဖြစ် အတင်းအားဓမ္မ စေခိုင်းတဲ့ လုပ်ရပ်တွေကို ရပ်တန့်တာ၊ စစ်ဗျူရိုကရေစီ ယန္တယား ကြီးမားအောင် စစ်အရာရှိအများအပြား မွေးထုတ်နေတာတွေကို ကန့်သတ်တာ စသဖြင့် အများကြီး စွမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ လုပ်စရာ တစ်ခုပဲ ကျန်ပါတယ်။ အလွန်လည်း အရေးကြီးတဲ့ တာဝန်တစ်ရပ်ပါ။ အဲဒါကတော့ တပ်မတော်ကို Standard Army ပီသစွာ တပ်ချုပ်တစ်ယောက်ကနေ နောက်တစ်ယောက်ကို စနစ်တကျ တာဝန်လွှဲပေးသွားခဲ့တာမျိုးပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေဟာ အာဏာကို မမက်မောပဲ အသက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီးတာနဲ့ နောက်တစ်ယောက်ကို တာဝန်လွှဲအပ်ပေးပြီး အငြိမ်းစားယူသွားတာမျိုးပါ။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တိုင်းပြည်အတွက် အရေးအကြီးဆုံးနဲ့ နောက်ဆုံး တာဝန်ဖြစ်တဲ့ တပ်ချုပ်တစ်ယောက်ကနေ နောက် တပ်ချုပ်တစ်ယောက်ကို စနစ်တကျ တာဝန်လွှဲပြောင်း ပေးအပ်သွားခြင်းကသာလျင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အငြိမ်းစားယူပြီးနောက် ဒုသမ္မတ တာဝန်ယူပြီး နိုင်ငံရေးတာဝန်တွေ ဆက် ထမ်းဆောင်ချင် ထမ်းဆောင်သွားနိုင်ပါသေးတယ်။ အဲဒီလိုသာ ဆောင်ရွက်နိိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ကို Standard Army ဖြစ်အောင် တည်ဆောက်ခဲ့သူ ခေါင်းဆောင်ကောင်း တစ်ယောက်၊ တိုင်းပြည် အသွင်ကူးပြောင်းရေးမှာ အကောင်းဆုံး ဆောင်ရွက်ခဲ့သူ တစ်ဦး အနေနဲ့ မှတ်တမ်းတင်ခံရမှာဖြစ်ပြီး နောင် နိုင်ငံ့အထွဋ်အထိပ် သမ္မတဖြစ်ဖို့ကိုတောင် ကြိုးစားနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)