ကခ်င္ျပည္နယ္တြင္း ဘိန္းခင္း ပဋိပကၡႏွင့္ ပတ္သက္ၿပီး ထိခုိက္ ပ်က္စီးမႈမ်ားကို စံုစမ္း စစ္ေဆးေရး အဖြဲ႕ ဖြဲ႕စည္းကာ ဥပေဒႏွင့္အညီ အေရးယူ ေဆာင္ရြက္မည္

ဘိန္းခင္း ပဋိပကၡႏွင့္ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနစဥ္ (ဓာတ္ပံု-ျမဝတီ)
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၇ ရက္ (ဆင္ဟြာ)

    ကခ်င္ျပည္နယ္အတြင္း ဘိန္းခင္း ပဋိပကၡႏွင့္ ပတ္သက္ၿပီး ထိခိုက္၊ ပ်က္စီးမႈမ်ားကို စံုစမ္း စစ္ေဆးေရး အဖြဲ႕ ဖြဲ႕စည္းကာ အေျခအေန အမွန္မ်ား ေပၚေပါက္ေအာင္ စနစ္တက် စစ္ေဆး၍ ဥပေဒႏွင့္ အညီ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ဗုိလ္မွဴးႀကီး သူရမ်ဳိးတင္က သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားသည္။

လူထုအေျချပဳ ဘိန္းခင္းဖ်က္ဆီးေရး အဖြဲ႕၏ ဥပေဒမဲ့ လုပ္ရပ္မ်ားေၾကာင့္ ထိခုိက္ဒဏ္ရာ ရရွိမႈမ်ား၊ လူေန အေဆာက္အအံုမ်ား၊ ေမာ္ေတာ္ယာဥ္မ်ား ပ်က္စီးဆံုး႐ႈံး ခဲ့ရေၾကာင္း၊ ဆက္လက္၍ ပဋိပကၡ ျပႆနာမ်ား ျဖစ္ပြား ႏုိင္သည့္ အလားအလာ ရွိႏုိင္သည့္အတြက္ တည္ၿငိမ္ေအးခ်မ္းမႈ ရရွိေစရန္ ေဆာင္ရြက္ သြားမည္ျဖစ္ၿပီး စံုစမ္းစစ္ေဆးေရး အဖြဲ႕ဖြဲ႕စည္းကာ အေျခအေန အမွန္မ်ား ေပၚေပါက္ေအာင္ စနစ္တက် စစ္ေဆး၍ ဥပေဒႏွင့္အညီ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ဦးစြာ ဗုိလ္မွဴးႀကီး သူရမ်ဳိးတင္က သတင္းစာရွင္းလင္းပြဲတြင္ ဆိုသည္။

လူထုအေျချပဳ ဘိန္းခင္း ဖ်က္ဆီးေရး အဖြဲ႕ႏွင့္ ျပည္နယ္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာမ်ား ပါဝင္ေသာ အဖြဲ႕ေျခာက္ဖြဲ႕ စနစ္တက် ဖြဲ႕စည္းေဆာင္ရြက္ကာ အထိအခိုက္ အနည္းဆံုးျဖစ္ေအာင္ အေကာင္းဆံုး နည္းလမ္းမ်ားျဖင့္ ႀကိဳးစားေဆာင္ရြက္ ခဲ့ၾကေၾကာင္း ၎က ေျပာသည္။

အဆိုပါ သတင္းစာရွင္းလင္းပြဲတြင္ ျပည္နယ္ ရဲတပ္ဖြဲ႕မွဴးက လူထုအေျချပဳ ဘိန္းခင္းဖ်က္ဆီးေရး အဖြဲ႕စတင္ ေပၚေပါက္လာပံုႏွင့္ ဥပေဒမဲ့ ေဆာင္ရြက္မႈေၾကာင့္ တုိင္တန္းခံရေသာ အမႈမ်ား အေၾကာင္းကို ျဖစ္စဥ္မ်ားႏွင့္တကြ ရွင္းလင္းေျပာၾကားၿပီး ယခုအခါတြင္ ေဒသခံျပည္သူ ၁၄ ဦး၊ လူထု အေျချပဳ အဖြဲ႕မွ ၃၂ ဦး ဒဏ္ရာ ရရွိခဲ့ၿပီး ျမစ္ႀကီးနားၿမိဳ႕ ျပည္ သူ႔ေဆး႐ံု၌ ေဆးဝါးကုသမႈ ခံယူခဲ့ရေၾကာင္း ဆိုသည္။

ယင္း ဘိန္းခင္း ဖ်က္ဆီးေရး အဖြဲ႕ႏွင့္ လံုၿခံဳေရးလုိက္ပါ ေဆာင္ရြက္ခဲ့ၾကေသာ ျပည္နယ္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိ သူမ်ား၊ ဌာနဆုိင္ရာ အဖြဲ႕မွ တာဝန္ရွိသူမ်ားက ပဋိပကၡ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည့္ ေဖေဖာ္ဝါရီ ၂၄ ရက္ႏွင့္ ၂၅ ရက္ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေဒသခံမ်ားက လက္လုပ္မုိင္းမ်ား၊ တူမီးေသနတ္မ်ား အစရွိသည့္ လက္နက္မ်ားျဖင့္ ပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္မ်ားႏွင့္ လံုၿခံဳေရး အဖြဲ႕မ်ားက တားဆီးထိန္းသိမ္း ခဲ့ေသာ္လည္း လူထုအေျချပဳ အဖြဲ႕မွ ျပဳလုပ္ခဲ့သည့္ လုပ္ရပ္မ်ားေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိမႈ၊ ေနအိမ္ အေဆာက္အအံုမ်ား၊ ေမာ္ေတာ္ယာဥ္မ်ား ပ်က္စီးဆံုး႐ႈံးမႈမ်ား အမွန္တကယ္ ျဖစ္ပြားခဲ့သည့္ အေျခအေနမ်ားႏွင့္ ပဋိပကၡ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ရာတြင္လည္း လံုၿခံဳေရး အဖြဲ႕မ်ား အေနျဖင့္ အမွန္တကယ္ ေျဖရွင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ကခ်င္ျပည္နယ္ အတြင္း ဘိန္းခင္းဖ်က္ဆီးေရး အဖြဲ႕၏ ေဆာင္ရြက္မႈမ်ားႏွင့္ ပဋိပကၡ ျဖစ္ပြားမႈ အေျခအေနမ်ားကို ေဖေဖာ္၀ါရီ ၂၆ ရက္ေန႔ ယေန႔ နံနက္ပုိင္းတြင္ ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုး အစည္းအေဝး ခန္းမ၌ က်င္းပျပဳလုပ္ရာ ျပည္နယ္အစိုးရ အဖြဲ႕ဝင္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗုိလ္မွဴးႀကီး သူရမ်ဳိးတင္၊ ျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ခ်စ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာမ်ားမွ အဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
........
 ဘိန်းခင်း ပဋိပက္ခနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မြဝတီ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

    ကချင်ပြည်နယ်အတွင်း ဘိန်းခင်း ပဋိပက္ခနှင့် ပတ်သက်ပြီး ထိခိုက်၊ ပျက်စီးမှုများကို စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာ အခြေအနေ အမှန်များ ပေါ်ပေါက်အောင် စနစ်တကျ စစ်ဆေး၍ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး သူရမျိုးတင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ လူနေ အဆောက်အအုံများ၊ မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း၊ ဆက်လက်၍ ပဋိပက္ခ ပြဿနာများ ဖြစ်ပွား နိုင်သည့် အလားအလာ ရှိနိုင်သည့်အတွက် တည်ငြိမ်အေးချမ်းမှု ရရှိစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းကာ အခြေအနေ အမှန်များ ပေါ်ပေါက်အောင် စနစ်တကျ စစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစွာ ဗိုလ်မှူးကြီး သူရမျိုးတင်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

လူထုအခြေပြု ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့နှင့် ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့ခြောက်ဖွဲ့ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ကာ အထိအခိုက် အနည်းဆုံးဖြစ်အောင် အကောင်းဆုံး နည်းလမ်းများဖြင့် ကြိုးစားဆောင်ရွက် ခဲ့ကြကြောင်း ၎င်းက ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ် ရဲတပ်ဖွဲ့မှူးက လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့စတင် ပေါ်ပေါက်လာပုံနှင့် ဥပဒေမဲ့ ဆောင်ရွက်မှုကြောင့် တိုင်တန်းခံရသော အမှုများ အကြောင်းကို ဖြစ်စဉ်များနှင့်တကွ ရှင်းလင်းပြောကြားပြီး ယခုအခါတွင် ဒေသခံပြည်သူ ၁၄ ဦး၊ လူထု အခြေပြု အဖွဲ့မှ ၃၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး မြစ်ကြီးနားမြို့ ပြည် သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း ဆိုသည်။

ယင်း ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့နှင့် လုံခြုံရေးလိုက်ပါ ဆောင်ရွက်ခဲ့ကြသော ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ အဖွဲ့မှ တာဝန်ရှိသူများက ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသခံများက လက်လုပ်မိုင်းများ၊ တူမီးသေနတ်များ အစရှိသည့် လက်နက်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များနှင့် လုံခြံုရေး အဖွဲ့များက တားဆီးထိန်းသိမ်း ခဲ့သော်လည်း လူထုအခြေပြု အဖွဲ့မှ ပြုလုပ်ခဲ့သည့် လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု၊ နေအိမ် အဆောက်အအုံများ၊ မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုများ အမှန်တကယ် ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ရာတွင်လည်း လုံခြံုရေး အဖွဲ့များ အနေဖြင့် အမှန်တကယ် ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ် အတွင်း ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့၏ ဆောင်ရွက်မှုများနှင့် ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)