ျမန္မာ့သမုိင္း၀င္ေရြးေကာက္ပြဲ ထိပ္သီးညီလာခံမွာ အုိဘားမားခ်ီးက်ဴ း


အေမရိကန္ႏုိင္ငံ၊ ကာလီဖုိးနီးယားျပည္နယ္၊ Rancho Mirage မွာရွိတဲ့ Sunnylands မွာ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံ ၁၀ ႏုိင္ငံက ေခါင္းေဆာင္ေတြကုိ ဖိတ္ေခၚၿပီး သမၼတ Barack Obama က ေဒသစံေတာ္ခ်ိန္ တနလၤာေန႔က သမုိင္း၀င္ ထိပ္သီးညီလာခံ က်င္းေနပါတယ္။

အာဆီယံႏုိင္ငံေတြနဲ႔ အာရွပစိဖိတ္ေဒသဟာ အေမရိကန္ျပည္ေထာင္စုအတြက္ အေရးပါတဲ့ ေဒသတခုျဖစ္ေၾကာင္း ယူဆထားတာေၾကာင့္ အာရွတုိက္ေဒသ ခ်ိန္ခြင့္လွ်ာညွိေရး မူ၀ါဒအသစ္ ခ်မွတ္လုပ္ေဆာင္ခဲ့ေၾကာင္း သူ႔ရဲ႕ အဖြင့္ မိန္ခြန္းထဲမွာ သမၼတ အုိဘားမားက ထည့္သြင္း ေျပာၾကားသြားသလုိ ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီအသြင္ကူးေျပာင္းမႈ ျဖစ္ေပၚေနတာေတြကုိလည္း အခုလုိ ထဲ့သြင္း ေျပာၾကားခဲ့့ပါတယ္။

“ျမန္မာႏုိင္ငံမွာ သမုိင္း၀င္ေရြးေကာက္ပြဲ က်င္းပႏုိင္ခဲ့ၿပီး လက္ရွိေဖာ္ေဆာင္ေနတဲ့ အာဏာလြဲေျပာင္းမႈ တႏုိင္ငံလုံး အတုိင္းအတာနဲ႔ စည္းလုံးညီညြတ္ ၿငိမ္းခ်မ္းၿပီး အုပ္စုအားလုံးတုိ႔ ပါ၀င္ခြင့္ရတဲ့အျပင္ ဒီမုိကေရစီႏုိင္ငံ ျဖစ္လာေရးအတြက္ ႏုိင္ငံသားေတြကုိ ေမွ်ာ္လင့္ခ်က္ ရေစတာ ျဖစ္ပါတယ္။”

ဒါ့အျပင္ သမၼတအုိဘားမားက YSEALI ေခၚ အာဆီယံႏုိင္ငံေတြက လူငယ္ေတြရဲ႕ အေရးယူေဆာင္ရြက္မႈဟာ ေဒသႏၱရကုိ ေန႔စဥ္ ပုံေဖာ္ေနတဲ့ လူငယ္ေတြကုိ ေျမေထာင္ေျမာက္ေပးတဲ့အတြက္လည္း ေက်းဇူးတင္တဲ့အျပင္ လူငယ္ေတြရဲ႕ အရည္အေသြးေတြကုိလည္း သမၼတက ခ်ီးက်ဴးသြားပါတယ္။

သမၼတအုိဘားမား ရာထူးတာ၀န္စတင္ ထမ္းေဆာင္တဲ့အခ်ိန္ကစလုိ႔ အာဆီယံနဲ႔ အေမရိကန္ကုန္သြယ္ေရးဟာ ၅၅% တုိးခဲ့ၿပီး အာဆီယံေဒသႏၱရဟာ အေမရိကန္ရဲ႕ စတုတၳအႀကီးဆုံးကုန္သြယ္ဖက္ အုပ္စုျဖစ္တဲ့အေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ သမၼတအုိဘားမားက အေမရိကန္နဲ႔ အာဆီယံအၾကား လုံၿခံဳေရးပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ေဆာင္ၿပီး ပင္လယ္ ေရေၾကာင္းသြားလာမႈ ေဘးအႏၱရာယ္ ကင္းရွင္းေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ေဒသတြင္းရွိ မဟာမိတ္ႏုိင္ငံေတြကုိ စစ္ေရးအရ အေထာက္အကူေပးခဲ့တာေတြ ရွိတဲ့အျပင္ တရား၀င္ကုန္သြယ္ေရးနဲ႔ လူသားခ်င္းစာမႈဆုိင္ရာ ပဋိပကၡေျဖရွင္းေရး အတြက္လည္း အေမရိကန္က အေထာက္အကူေပးလ်က္ ရွိတဲ့အေၾကာင္း ထည့္သြင္း ေျပာၾကားသြားပါတယ္။

ဒီထိပ္သီးညီလာခံကုိ ျမန္မာႏုိုင္ငံက ဒုတိယသမၼတ ဦးဉာဏ္ထြန္းဦးေဆာင္တဲ့ ကုိယ္စားလွယ္အဖြဲ႔ တက္ေရာက္ေနတာပါ။

ထိပ္သီးညီလာခံအတြင္း အနာဂတ္ကာလ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ အေမရိကန္ျပည္ေထာင္စုနဲ႔ အာရွပစိတ္ဖိတ္ေဒသအၾကား မဟာျဗဴဟာေျမာက္ ဆက္ဆံေရး ခ်ိန္ခြင္လွ်ာညွိေပးမယ့္ မူ၀ါဒေတြကုိ သမၼတအုိဘားမားက အဆုိျပဳ သြားမွာ ျဖစ္ပါတယ္။

အာရွေဒသနဲ႔ ထိေတြ႔ဆက္ဆံမႈဟာ အေမရိကန္ျပည္ေထာင္စု အနာဂတ္မွာ ႀကီးပြားတုိးတက္ဖုိ႔နဲ႔ လုံၿခံဳေရးတုိ႔အတြက္ အေရးပါတဲ့ အေၾကာင္းရပ္အျဖစ္ သမၼတအိမ္ျဖဴေတာ္က ရႈျမင္ထားတာ ျဖစ္ပါတယ္။

တုိးတက္ ေျပာင္းလဲမႈေတြအျပင္ မတူကြဲျပားမႈေတြ အမ်ားအျပားရွိေနတဲ့ ဒီေဒသဟာ ထူးကဲတဲ့ တုိးတက္ေျပာင္းလဲမႈေတြ ျဖစ္ေပၚေနသလုိ၊ တင္းမာမႈေတြလည္း ျဖစ္ေပၚေနတာေၾကာင့္ တႏုိင္ငံခ်င္းစီက ကမၻာလုံးဆုိင္ရာ စီးပြားေရးနဲ႔ လုံၿခံဳေရးကုိ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေစႏုိင္ပါတယ္။

ေဆြးေႏြးၾကမယ့္ အေၾကာင္းအရာေတြထဲ - ကုန္သြယ္ေရးနဲ႔ ကူးသန္း ေရာင္း၀ယ္မႈေတြ ပုိမုိ နီးစပ္ႏုိင္ေရး၊ TPP လုိ႔ေခၚတဲ့ ပစိဖိတ္ ရပ္၀န္းႏုိင္ငံမ်ား ကုန္သြယ္ေရးသေဘာတူညီခ်က္ကုိ အေကာင္အထည္ေဖာ္ေရး၊ လူထုအခ်င္းခ်င္းၾကား ထိေတြ႔ ဆက္ဆံေရး၊ အစြန္းေရာက္အၾကမ္းဖက္မႈေတြကုိ ပူးေပါင္း တုိက္ခုိက္ေရး၊ တုိင္းျပည္ေတြအတြင္း ျဖစ္ေပၚလာမယ့္ အေၾကာင္းအရာမ်ားစြာကုိ ကုိင္တြယ္ ေျဖရွင္းဖုိ႔အတြက္ စည္းမ်ဥ္း၊ စည္းကမ္းေတြ ခ်မွတ္သြားေရးတုိ႔ ပါ၀င္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.....................................................


အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး သမ္မတ Barack Obama က ဒေသစံတော်ချိန် တနင်္လာနေ့က သမိုင်းဝင် ထိပ်သီးညီလာခံ ကျင်းနေပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ အာရှပစိဖိတ်ဒေသဟာ အမေရိကန်ပြည်ထောင်စုအတွက် အရေးပါတဲ့ ဒေသတခုဖြစ်ကြောင်း ယူဆထားတာကြောင့် အာရှတိုက်ဒေသ ချိန်ခွင့်လျှာညှိရေး မူဝါဒအသစ် ချမှတ်လုပ်ဆောင်ခဲ့ကြောင်း သူ့ရဲ့ အဖွင့် မိန်ခွန်းထဲမှာ သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်နေတာတွေကိုလည်း အခုလို ထဲ့သွင်း ပြောကြားခဲ့့ပါတယ်။

“မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး လက်ရှိဖော်ဆောင်နေတဲ့ အာဏာလွဲပြောင်းမှု တနိုင်ငံလုံး အတိုင်းအတာနဲ့ စည်းလုံးညီညွတ် ငြိမ်းချမ်းပြီး အုပ်စုအားလုံးတို့ ပါ၀င်ခွင့်ရတဲ့အပြင် ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးအတွက် နိုင်ငံသားတွေကို မျှော်လင့်ချက် ရစေတာ ဖြစ်ပါတယ်။”

ဒါ့အပြင် သမ္မတအိုဘားမားက YSEALI ခေါ် အာဆီယံနိုင်ငံတွေက လူငယ်တွေရဲ့ အရေးယူဆောင်ရွက်မှုဟာ ဒေသန္တရကို နေ့စဉ် ပုံဖော်နေတဲ့ လူငယ်တွေကို မြေထောင်မြောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တဲ့အပြင် လူငယ်တွေရဲ့ အရည်အသွေးတွေကိုလည်း သမ္မတက ချီးကျူးသွားပါတယ်။

သမ္မတအိုဘားမား ရာထူးတာဝန်စတင် ထမ်းဆောင်တဲ့အချိန်ကစလို့ အာဆီယံနဲ့ အမေရိကန်ကုန်သွယ်ရေးဟာ ၅၅% တိုးခဲ့ပြီး အာဆီယံဒေသန္တရဟာ အမေရိကန်ရဲ့ စတုတ္ထအကြီးဆုံးကုန်သွယ်ဖက် အုပ်စုဖြစ်တဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားက အမေရိကန်နဲ့ အာဆီယံအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီး ပင်လယ် ရေကြောင်းသွားလာမှု ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေသတွင်းရှိ မဟာမိတ်နိုင်ငံတွေကို စစ်ရေးအရ အထောက်အကူပေးခဲ့တာတွေ ရှိတဲ့အပြင် တရားဝင်ကုန်သွယ်ရေးနဲ့ လူသားချင်းစာမှုဆိုင်ရာ ပဋိပက္ခဖြေရှင်းရေး အတွက်လည်း အမေရိကန်က အထောက်အကူပေးလျက် ရှိတဲ့အကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

ဒီထိပ်သီးညီလာခံကို မြန်မာနိုုင်ငံက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတာပါ။

ထိပ်သီးညီလာခံအတွင်း အနာဂတ်ကာလ ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့အထိ အမေရိကန်ပြည်ထောင်စုနဲ့ အာရှပစိတ်ဖိတ်ဒေသအကြား မဟာဗြူဟာမြောက် ဆက်ဆံရေး ချိန်ခွင်လျှာညှိပေးမယ့် မူဝါဒတွေကို သမ္မတအိုဘားမားက အဆိုပြု သွားမှာ ဖြစ်ပါတယ်။

အာရှဒေသနဲ့ ထိတွေ့ဆက်ဆံမှုဟာ အမေရိကန်ပြည်ထောင်စု အနာဂတ်မှာ ကြီးပွားတိုးတက်ဖို့နဲ့ လုံခြံုရေးတို့အတွက် အရေးပါတဲ့ အကြောင်းရပ်အဖြစ် သမ္မတအိမ်ဖြူတော်က ရှုမြင်ထားတာ ဖြစ်ပါတယ်။

တိုးတက် ပြောင်းလဲမှုတွေအပြင် မတူကွဲပြားမှုတွေ အများအပြားရှိနေတဲ့ ဒီဒေသဟာ ထူးကဲတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေသလို၊ တင်းမာမှုတွေလည်း ဖြစ်ပေါ်နေတာကြောင့် တနိုင်ငံချင်းစီက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ လုံခြံုရေးကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲ - ကုန်သွယ်ရေးနဲ့ ကူးသန်း ရောင်းဝယ်မှုတွေ ပိုမို နီးစပ်နိုင်ရေး၊ TPP လို့ခေါ်တဲ့ ပစိဖိတ် ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး၊ လူထုအချင်းချင်းကြား ထိတွေ့ ဆက်ဆံရေး၊ အစွန်းရောက်အကြမ်းဖက်မှုတွေကို ပူးပေါင်း တိုက်ခိုက်ရေး၊ တိုင်းပြည်တွေအတွင်း ဖြစ်ပေါ်လာမယ့် အကြောင်းအရာများစွာကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်သွားရေးတို့ ပါ၀င်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)