ျပည္ေထာင္စုလႊတ္ေတာ္ နာယကႀကီး ဦးမန္း၀င္းခိုင္သန္းသို႔ အိတ္ဖြင့္ေပးစာ

Published on Sun, 02/07/2016 - 19:58
ေဖေဖာ္၀ါရီ ၅ ရက္ ေန႔စြဲျဖင့္ ျပည္ေထာင္စု လႊတ္ေတာ္႐ံုးက ထုတ္ျပန္ခဲ့ေသာ သတင္းမီဒီယာမ်ားႏွင့္ စပ္လ်ဥ္း၍ ပူးေပါင္းေဆာင္ရြက္ေရး ထုတ္ျပန္ခ်က္ အျပည့္အစံုအား ေတြ႕ရစဥ္

 

ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးမန္း၀င္းခိုင္သန္း ခင္ဗ်ာ . . .

လႊတ္ေတာ္တြင္း သတင္း ရယူမႈနဲ႔ ပတ္သက္ၿပီး ေဖေဖာ္၀ါရီ ၅ ရက္မွာ ျပည္ေထာင္စု လႊတ္ေတာ္႐ံုးက ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့တာ ဖတ္ရပါတယ္။

အဲဒီ ထုတ္ျပန္စာကို ျပည္ေထာင္စု လႊတ္ေတာ္ရဲ႕ အႀကီးအကဲ ျဖစ္တဲ့ နာယကႀကီး သိရွိျခင္း ရွိ၊ မရွိ မသိရေပမယ့္ ထုတ္ျပန္စာမွာ ျပည္ေထာင္စုလႊတ္ေတာ္႐ံုး ညႊန္ၾကားေရးမွဴးခ်ဳပ္၊ လႊတ္ေတာ္ အစည္းအေ၀းမ်ား က်င္းပေရး ဗဟိုေကာ္မတီ အတြင္းေရးမွဴး ဦးေက်ာ္စိုးက လက္မွတ္ ထိုးခဲ့ပါတယ္။

ထုတ္ျပန္စာ အေၾကာင္းအရာက “သတင္း မီဒီယာမ်ားႏွင့္ စပ္လ်ဥ္း၍ ပူးေပါင္း ေဆာင္ရြက္ေရး” လို႔ စကားလံုး လွေအာင္ ဆိုထားပါတယ္။ အႏွစ္ခ်ဳပ္က လႊတ္ေတာ္တြင္းမွာ သတင္း မီဒီယာေတြ ‘မလုပ္ရ’ ဆိုတဲ့ တားျမစ္ ကန္႔သတ္ခ်က္ေတြကို ေျပာလိုက္တာပါ။

တနည္းအားျဖင့္ လူထုရဲ႕ သတင္း သိပိုင္ခြင့္ (Right to know) အတြက္ အလုပ္လုပ္ေနသူေတြကို တားဆီး ကန္႔သတ္လိုက္တဲ့ အခ်က္ေတြကို ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒီ အေၾကာင္းေတြကို နာယကႀကီး သိေအာင္ ေျပာခ်င္ပါတယ္။ နာယကႀကီးလိုပဲ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ႀကီး ဦး၀င္းျမင့္ကိုလည္း သိေစခ်င္ပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ နာယကႀကီးနဲ႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ႀကီးတို႔က လႊတ္ေတာ္ရဲ႕ အႀကီးအကဲေတြ ျဖစ္ၾကပါတယ္။ လႊတ္ေတာ္နဲ႔ ပတ္သက္တာ ဘာပဲလုပ္လုပ္ လႊတ္ေတာ္ အႀကီးအကဲေတြကို ေက်ာ္လြန္ မရဘူးလို႔ နားလည္တဲ့အတြက္ နာယကႀကီးတိ႔ုကိုပဲ ဦးတည္ ေျပာၾကားလိုပါတယ္။


(၁)

ၿပီးခဲ့တဲ့ လႊတ္ေတာ္ အစည္းအေ၀းေတြမွာ ျဖစ္ခဲ့တာကို အေၾကာင္းျပဳၿပီး လႊတ္ေတာ္နဲ႔ မီဒီယာေတြ အၾကား ပိုေကာင္းတဲ့ လမ္းစရွာဖို႔ လိုအပ္တာ အမွန္ပါပဲ။ ဒါေပမဲ့ အဲဒီ လိုအပ္ခ်က္ဟာ လႊတ္ေတာ္တြင္း သတင္းရယူပိုင္ခြင့္ကို ထပ္ၿပီး ကန္႔သတ္တာမ်ိဳး မျဖစ္သင့္ပါဘူး။ အရင္လႊတ္ေတာ္ သက္တမ္းမွာ ကန္႔သတ္ခဲ့တာေတြကို ေျဖေလ်ာ့ၿပီး သတင္းရယူမႈ ပိုေကာင္းေအာင္ လုပ္ေဆာင္ေပးဖို႔ပဲ ျဖစ္ပါတယ္။ အခု ထြက္လာတဲ့ ထုတ္ျပန္ခ်က္ အရ ဆိုရင္ အရင္ထက္ ပိုဆိုးသလို ျဖစ္သြားပါၿပီ။

ဘာေၾကာင့္ ပိုဆိုးသြားသလဲ ဆိုတာကို အခ်က္ သံုးခ်က္နဲ႔ ေထာက္ျပပါမယ္။

ပထမ အခ်က္က မဆိုင္တဲ့ ကိစၥကို အခ်က္တစ္ခု အေနနဲ႔ ထည့္ေျပာထားတာပါ။ ဒုတိယ အခ်က္က ေနရာ ကန္႔သတ္ခ်က္နဲ႔ လူအေရအတြက္ ကန္႔သတ္ခဲ့တာ ျဖစ္ပါတယ္။ တတိယ အခ်က္က Media Center တစ္ခုကို လႊတ္ေတာ္ထဲမွာ ပီပီျပင္ျပင္ ထားရွိေပးဖို႔ ျဖစ္ပါတယ္။ အခု ပထမ အခ်က္ ျဖစ္တဲ့ မဆိုင္တဲ့ အခ်က္ ထည့္ထားတာကို အရင္ေျပာပါမယ္။

သတင္းေထာက္ေတြ “မလုပ္ရ” ဆိုတဲ့ စည္းကမ္း သတ္မွတ္ခ်က္ေတြကို လႊတ္ေတာ္႐ံုး ထုတ္ျပန္ခ်က္ အပိုဒ္ ၃ မွာ ေတြ႕ရပါတယ္။ အခ်က္ ၁၈ ခ်က္ ပါ၀င္ခဲ့ၿပီး ေနာက္ဆံုး အခ်က္က အဆိုးဆံုးပါပဲ။

“လႊတ္ေတာ္တြင္း ေဆြးေႏြးခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ သတင္းေရးသား ေဖာ္ျပရာတြင္ ႏိုင္ငံေတာ္ႏွင့္ လႊတ္ေတာ္ ဂုဏ္သိကၡာကို မထိခိုက္ေစေရး သတင္းမီဒီယာ က်င့္၀တ္ႏွင့္ အညီ ေဆာင္ရြက္ရန္” လို႔ ေနာက္ဆံုး အခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ ဘယ္လို ရည္ရြယ္ခ်က္မ်ိဳးနဲ႔ ဒါကို ထည့္သြင္းခဲ့သလဲ မသိပါဘူး။

ဒါေပမဲ့ ဒီအခ်က္က ၂၀၀၈ ခုႏွစ္ ႏိုင္ငံေတာ္ ဖြဲ႕စည္းပံု အေျခခံဥပေဒ ပုဒ္မ ၃၅၄ (က) မွာ ျပ႒ာန္းထားတဲ့ “မိမိ၏ ယံုၾကည္ခ်က္၊ ထင္ျမင္ ယူဆခ်က္မ်ားကို လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္၊ ေရးသား ျဖန္႔ေ၀ခြင့္” ဆိုတာကို ခ်ိဳးေဖာက္သလို ျဖစ္ေနခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၄ ခုႏွစ္ မတ္ ၁၄ ရက္က ျပ႒ာန္းခဲ့တဲ့ သတင္းမီဒီယာ ဥပေဒကိုလည္း ေက်ာ္လြန္ရာ ေရာက္ပါတယ္။

သတင္းမီဒီယာ ဥပေဒ အခန္း ၃ မွာ သတင္းမီဒီယာ သမားမ်ားရဲ႕ ရပိုင္ခြင့္မ်ားကို ေဖာ္ျပထားပါတယ္။ ဒီထဲမွာ ပါ၀င္တဲ့ ပုဒ္မ ၄ (က) မွာ သတင္းမီဒီယာ သမားမ်ားသည္ “ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္  တရားစီရင္ေရး ဆိုင္ရာတို႔ လုပ္ငန္း ေဆာင္ရြက္မႈမ်ားကို ဖြဲ႕စည္းပံု အေျခခံ ဥပေဒႏွင့္ အညီ လြတ္လပ္စြာ ေ၀ဖန္၊ ေထာက္ျပ၊ အၾကံျပဳ ေရးသားခြင့္ ရွိသည္” လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီအတိုင္းပဲ ပုဒ္မ ၄ (ခ)မွာ “ႏိုင္ငံသားတိုင္း သိခြင့္ရွိေသာ သတင္း အခ်က္အလက္မ်ားႏွင့္ သေဘာထား အျမင္မ်ားကို က်င့္၀တ္ စည္းကမ္းႏွင့္ အညီ စံုစမ္းေဖာ္ထုတ္ ေရးသားခြင့္ႏွင့္ သတင္းထုတ္လႊင့္ခြင့္တို႔ ရွိသည္” လို႔ ဆိုပါတယ္။

ဒါကို ၾကည့္ျခင္းအားျဖင့္ သတင္းမီဒီယာ က်င့္၀တ္ႏွင့္ အညီ လုပ္ကိုင္ေနတဲ့ သတင္းေထာက္ေတြကို ဘာေတာ့ လုပ္ရ၊ ဘာေတာ့ မလုပ္ရ ဆိုၿပီး တားဆီး ပိတ္ပင္ပိုင္ခြင့္ မရွိပါဘူး။ ဒါက တစ္ပိုင္း ျဖစ္ပါတယ္။

ေနာက္ တစ္ခ်က္က လႊတ္ေတာ္တြင္း ေဆြးေႏြးခ်က္ေတြနဲ႔ စပ္လ်ဥ္းၿပီး သတင္းေရးတဲ့ အခါ ႏိုင္ငံေတာ္နဲ႔ လႊတ္ေတာ္ ဂုဏ္သိကၡာ မထိခိုက္ေစေရး ဆိုတာ ဘာကို ဆိုလိုတာပါလဲ။ ဒီအခ်က္က က်င့္၀တ္နဲ႔ အညီ လုပ္ေနတဲ့ သတင္းေထာက္ေတြကိုပါ ၿခိမ္းေျခာက္ ဖိအားေပးသလို ျဖစ္ေနပါတယ္။


(၂)

လႊတ္ေတာ္နဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးမႈေတြကို သတင္းေထာက္က ေရးမွာပါပဲ။ ေနာက္ၿပီး သူျမင္တာ၊ ေတြ႕တာေတြကိုလည္း ေရးမွာပါ။

ဒီလို ေရးလို႔ ျဖစ္လာတဲ့ ဂယက္နဲ႔ အနက္ ဆိုတာဟာ ျမင္ျခင္း၊ ေတြ႕ျခင္း၊ ေဆြးေႏြးျခင္းေတြနဲ႔ပဲ သက္ဆိုင္ပါတယ္။ ဒါကို မလုပ္နဲ႔ ဆိုၿပီး တိုက္႐ိုက္ တားျမစ္ပိုင္ခြင့္ မရွိသလို သြယ္၀ိုက္ ကန္႔သတ္ပိုင္ခြင့္လည္း မရွိပါဘူး။

ဒီေနရာမွာ သတိျပဳရမွာက က်င့္၀တ္နဲ႔ အညီ လုပ္ကိုင္တဲ့ သတင္းေထာက္တိုင္း တာ၀န္ယူမႈ၊ တာ၀န္ခံမႈ ရွိၾကတယ္ ဆိုတဲ့ အခ်က္ ျဖစ္ပါတယ္။ နာမည္ခံၿပီး တရား၀င္ ေရးၾကသူေတြ ျဖစ္တဲ့အတြက္ အမွားလုပ္လို႔ မရပါဘူး။ သူတို႔ေတြရဲ႕ လုပ္ရပ္က မမွန္ဘူး၊ သတင္းမီဒီယာ က်င့္၀တ္ ေဖာက္ဖ်က္တယ္ ဆိုရင္ အေရးယူဖို႔ ျပ႒ာန္းထားတဲ့ သတင္း မီဒီယာ ဥပေဒ ရွိၿပီးသားပါ။ ဒီဥပေဒနဲ႔  အေရးယူ ေဆာင္ရြက္လို႔ ရပါတယ္။ ဒီလို ရွိထားပါလ်က္နဲ႔ “က်င့္၀တ္ႏွင့္ အညီ ေဆာင္ရြက္ရန္” ဆိုတာလည္း ထပ္ေျပာစရာ မလိုပါဘူး။

အခုေတာ့ အရင္ အာဏာရွင္ အစိုးရေတြလိုပဲ “က်င့္၀တ္နဲ႔ ညီေအာင္ေနၾက” ဆိုတာကို ခုတံုးလုပ္ၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားသလို ျဖစ္ခဲ့ပါတယ္။

လူတိုင္းမွာ ေစာင့္ထိန္းရမယ့္ က်င့္၀တ္ ရွိထားၿပီးသားပါ။ သတင္းေထာက္မွာလည္း သတင္းေထာက္ က်င့္၀တ္၊ ဆရာ၀န္မွာလည္း ဆရာ၀န္ က်င့္၀တ္ ရွိၿပီးသားပါ။ ဒါကို အက်ယ္ခ်ဲ႕ၿပီး ထပ္ေျပာေနစရာ မလိုပါဘူး။

အရင္ အစိုးရ အဆက္ဆက္လည္း သတင္းေထာက္ေတြကို က်င့္၀တ္ဆိုတာနဲ႔ ကိုင္ေပါက္ၿပီး ထိန္းခ်ဳပ္ တားဆီးခဲ့ၾကတာပါပဲ။ ဒီလို ထိန္းခ်ဳပ္ တားဆီးခဲ့တာကို ကန္႔ကြက္ ဆန္႔က်င္ခဲ့တဲ့ အသံေတြလည္း က်ယ္က်ယ္ေလာင္ေလာင္ ျဖစ္ခဲ့ၿပီးပါၿပီ။ NLD ပါတီ ဦးေဆာင္တဲ့ လႊတ္ေတာ္၊ NLD ပါတီ ဦးေဆာင္တဲ့ အစိုးရ လက္ထက္မွာ အရင္လို ပံုစံ မျဖစ္ေစခ်င္ပါဘူး။ အခုေတာ့ NLD ပါတီ ဦးေဆာင္တဲ့ လႊတ္ေတာ္က “က်င့္၀တ္ႏွင့္ အညီ ေဆာင္ရြက္ရန္” ဆိုၿပီး အာဏာရွင္ေတြရဲ႕ လက္သံုးစကား ဘာေၾကာင့္ ယူသံုးသလဲ ဆိုတာ စဥ္းစားစရာ ျဖစ္ခဲ့ပါတယ္။

တကယ္ေတာ့ လႊတ္ေတာ္တြင္း ေဆြးေႏြးမႈေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံနဲ႔ လႊတ္ေတာ္ ဂုဏ္သိကၡာ မထိခိုက္ဖို႔ အမွန္တကယ္ ထိန္းရမွာက လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ လႊတ္ေတာ္တြင္းက တာ၀န္ရွိသူေတြပဲ ျဖစ္ပါတယ္။

သူတို႔က ဂုဏ္သိကၡာ မထိခိုက္ေအာင္ လုပ္ေဆာင္ရင္ ႏိုင္ငံေတာ္နဲ႔ လႊတ္ေတာ္ ဂုဏ္သိကၡာ ထိခိုက္မွာ မဟုတ္ပါဘူး။ ဒီလို မဟုတ္ဘဲ သတင္းေထာက္ေတြကို တရားခံ ရွာခ်င္တဲ့ ပံုစံမ်ိဳးေတာ့ မသင့္ေတာ္ပါဘူး။

ဒီအတြက္ ၂၀၁၅ ခုႏွစ္မွာ ျဖစ္ခဲ့တဲ့ အေၾကာင္းအရာ တစ္ခုကို ဥပမာ ေပးခ်င္ပါတယ္။

လႊတ္ေတာ္တြင္း မဲခြဲခဲ့တဲ့ ျဖစ္စဥ္ တစ္ခုမွာ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးက လႊတ္ေတာ္ကို မလာေရာက္ႏိုင္တဲ့ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးအစား စက္ခလုတ္ႏွိပ္ ဆႏၵမဲ ေပးခဲ့ပါတယ္။ ဒါကို သတင္းေထာက္က ျမင္ခဲ့ပါတယ္။

ဒီလို ျမင္ခဲ့တဲ့ အတြက္ “လႊတ္ေတာ္ထဲက လက္ပြား ကိုယ္ေတာ္ေတြနဲ႔ သံသယ ျဖစ္စရာ မဲရလဒ္မ်ား” ဆိုၿပီး ဓာတ္ပံု အေထာက္အထားနဲ႔ သတင္း ေဖာ္ျပခဲ့ပါတယ္။

အက်ိဳးဆက္ကေတာ့ သတင္းေထာက္ေတြကို အျပစ္ပံုခ် ခဲ့တာပါပဲ။ လႊတ္ေတာ္ မီဒီယာခန္း ထဲကေန သတင္းေထာက္ေတြ သတင္း ရယူခြင့္ကို တားျမစ္ ကန္႔သတ္လိုက္ပါတယ္။

ျဖစ္ခဲ့တာကို ျပန္ၾကည့္ရင္ ဘယ္သူ မွားသလဲ ဆိုတာ ထင္ရွားပါတယ္။ ဒါေပမဲ့ မွားတဲ့သူ အေရးယူ မခံရဘဲ “လုပ္ရပ္မွား” ကို ေဖာ္ျပခဲ့တဲ့ သတင္းေထာက္ေတြ မီဒီယာခန္း ကေန တိုက္႐ိုက္ သတင္းရယူခြင့္ တားျမစ္ ပိတ္ပင္ ခံလိုက္ရပါတယ္။

အခု ဒုတိယအႀကိမ္ လႊတ္ေတာ္သစ္ ေပၚလာခ်ိန္ အထိလည္း လႊတ္ေတာ္ မီဒီယာခန္း ထဲကေန သတင္းေထာက္ေတြ တိုက္႐ိုက္ သတင္းရယူခြင့္ မရွိေသးပါဘူး။

ဒီအခ်ိန္မွာပဲ ေဖေဖာ္၀ါရီ ၅ ရက္ ထုတ္ျပန္ခ်က္နဲ႔ သတင္းေထာက္ေတြရဲ႕ သတင္း ရယူပိုင္ခြင့္ကို တိုးျမႇင့္ ကန္႔သတ္လိုက္တာပါ။

ဒါက အာဏာရွင္ အစိုးရေတြ လုပ္ခဲ့တဲ့ ပံုစံမ်ိဳးပါပဲ။ ဒီမိုကေရစီ စံခ်ိန္ စံညႊန္းနဲ႔လည္း မကိုက္ညီပါဘူး။ ႏိုင္ငံတကာ စံႏႈန္းအရ ဆိုရင္လည္း ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ပါတယ္။


(၃)

လႊတ္ေတာ္႐ံုး ထုတ္ျပန္ခ်က္မွာ ပါ၀င္တဲ့ က်န္တဲ့ အခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေျပာစရာေတြလည္း ရွိေနပါတယ္။ လူအေရအတြက္ ကန္႔သတ္လိုက္တဲ့ ကိစၥပါ။

လႊတ္ေတာ္ အစည္းအေ၀း သတင္းယူဖို႔ မီဒီယာ တစ္ဖြဲ႕ကို ငါးဦးထက္ မပိုရဘူးလို႔ ဆိုထားပါတယ္။ အဲဒီ ငါးဦး စာရင္းဟာ ျပန္ၾကားေရး ၀န္ႀကီးဌာန၊ ျမန္မာႏိုင္ငံ စာနယ္ဇင္းေကာင္စီ၊ ႏိုင္ငံျခား သတင္းေထာက္မ်ား အသင္းက စိစစ္ ေပးပို႔လာသူေတြ ျဖစ္ရမယ္၊ ဒီလူေတြကို လႊတ္ေတာ္႐ံုး အသီးသီးကို ေပပို႔ တင္ျပၿပီး ခြင့္ျပဳခ်က္ ရယူရမယ္လို႔ ေျပာထားပါတယ္။

အရင္ကေတာ့ ဒီလိုပံုစံ မဟုတ္ပါဘူး။ သတင္းေထာက္ေတြက ျပန္ၾကားေရးကို နာမည္စာရင္း ပို႔မယ္၊ ျပန္ၾကားေရးက လႊတ္ေတာ္႐ံုးကို ပို႔မယ္၊ လႊတ္ေတာ္႐ံုးက ခြင့္ျပဳခ်က္နဲ႔ သတင္းရယူခြင့္ ရွိမယ္ ဆိုတဲ့ ပံုစံမ်ိဳး ျဖစ္ပါတယ္။

တကယ္ဆိုရင္ ဒီကိစၥကို ၾကားခံ အဖြဲ႕အစည္း (proxy) မထားဘဲ လႊတ္ေတာ္႐ံုးက တိုက္႐ိုက္ ေဆာင္ရြက္သင့္တာပါ။ သတင္း ယူလိုသူေတြက လႊတ္ေတာ္႐ံုးကို အေထာက္အထားနဲ႔ ေလွ်ာက္ထား၊ လႊတ္ေတာ္႐ံုးက စိစစ္ၿပီး ခြင့္ျပဳရင္ အဆင္ေျပႏိုင္တဲ့ ကိစၥ ျဖစ္ပါတယ္။ ဒီလို မဟုတ္ဘဲ ၾကားခံ အဖြဲ႕အစည္း တစ္ခုကို အရင္ စိစစ္ခိုင္းမယ္၊ သူတို႔ တင္ျပလာတာကိုမွ ထပ္ၿပီး စိစစ္ဦးမယ္ ဆိုရင္ လုပ္ငန္းစဥ္ ႐ႈပ္ေထြးမႈ ျဖစ္မွာ ေသခ်ာပါတယ္။

တစ္ဖက္မွာလည္း ဒါဟာ ၾကားခံ အဖြဲ႕အစည္းေတြကို သံုးၿပီး သတင္းေထာက္ေတြကို ထိန္းခ်ဳပ္ခ်င္တဲ့ သေဘာ သက္ေရာက္ပါတယ္။ ဒီ အမူအက်င့္ ဟာလည္း အာဏာရွင္ အစိုးရေတြရဲ႕ လက္စြဲ ျဖစ္ပါတယ္။

ဒီလို အေရအတြက္ ကန္႔သတ္မႈက လႊတ္ေတာ္ အစည္းအေ၀း အားလံုးအတြက္ ဆိုလိုပံု ရပါတယ္။

လႊတ္ေတာ္ အစည္းအေ၀း အျပည့္အစံု သတင္းယူဖို႔ အတြက္ ဆိုရင္ လူငါးဦးထဲနဲ႔ လံုေလာက္ျခင္း ရွိ၊ မရွိကို သတင္းေထာက္ေတြ အသိဆံုးပါပဲ။ အခုခ်ိန္မွာပဲ လႊတ္ေတာ္မွာ သတင္းရယူေနတဲ့ ကြၽန္ေတာ္တို႔ Eleven Media Group ရဲ႕ သတင္းေထာက္ ခုနစ္ဦး ရွိပါတယ္။ သတင္းစာအတြက္ ျပည္သူ႔ လႊတ္ေတာ္မွာ ႏွစ္ဦး၊ အမ်ိဳးသား လႊတ္ေတာ္မွာ တစ္ဦး ပံုမွန္ ထားရွိပါတယ္။ Eleven Web TV အတြက္ ျပည္သူ႔ လႊတ္ေတာ္နဲ႔ အမ်ိဳးသား လႊတ္ေတာ္မွာ သတင္းေထာက္နဲ႔ ကင္မရာသမား ႏွစ္ဦးစီ ပံုမွန္ ထားပါတယ္။

သတင္းစာ၊ ဂ်ာနယ္ တစ္ေစာင္တည္း အတြက္ဆိုရင္ လူငါးဦးက လံုေလာက္ပါတယ္။ ဒါေပမဲ့ သတင္းစာ၊ ဂ်ာနယ္ တစ္ခုတည္း အတြက္ မဟုတ္ဘဲ ႐ုပ္သံဌာန တြဲပါရင္ မလံုေလာက္ေတာ့ပါဘူး။ ဒါ့အျပင္ ခြင့္ျပဳထားတဲ့ ငါးဦး လဲလွယ္ပိုင္ခြင့္ ရွိ၊ မရွိကို တရား၀င္ ထုတ္ျပန္ခ်က္မွာ ေျပာမထားပါဘူး။ ငါးဦးထက္ ပို၀င္ဖို႔ လိုတယ္ဆိုတဲ့ အဖြဲ႕ေတြကို သီးျခား စိစစ္မယ္လို႔ေတာ့ ေျပာထားပါတယ္။ ဒီအပိုင္းက အားလံုးအတြက္ တစ္ေျပးညီလား၊ လက္သင့္ရာ ခြင့္ျပဳျခင္း ျဖစ္မလားဆိုတာ ေမးစရာ ရွိပါတယ္။

ဘာေၾကာင့္လဲဆိုရင္ သာမန္ သတင္းမီဒီယာ တစ္ခုက သတင္းေထာက္ေတြထက္ အစိုးရ သတင္းစာ၊ ႐ုပ္သံ၊ MRTV-4၊ Sky Net စတဲ့ သတင္းဌာနေတြက သတင္းသမားေတြ အခြင့္အေရး ပိုရခဲ့တဲ့ သာဓက မ်ားစြာ အရင္အစိုးရ လက္ထက္မွာ ရွိခဲ့ဖူးပါတယ္။

အေရအတြက္ ကန္႔သတ္ျခင္းက ဒုတိယအႀကိမ္ လႊတ္ေတာ္သစ္ အဖြင့္မွာ သတင္းေထာက္ ၅၀၀ ေက်ာ္ လာေရာက္ သတင္းယူခဲ့တာနဲ႔ ဆိုင္ပါလိမ့္မယ္။ ဒါကို အေၾကာင္းျပဳၿပီး အေရအတြက္ ကန္႔သတ္တာ မျဖစ္သင့္ပါဘူး။

ေနာက္တစ္ခ်က္က ဖြင့္ပြဲေန႔ ျဖစ္လို႔သာ လာတဲ့ သတင္းေထာက္ အေရအတြက္ မ်ားခဲ့တာပါ။ အျမဲတန္း ဒီလို မ်ားေနမွာ မဟုတ္ပါဘူး။ ပံုမွန္ အေျခအေနေတြမွာ လႊတ္ေတာ္တြင္း အလ်ဥ္မျပတ္ သတင္း ရယူေနတဲ့ သတင္းေထာက္ အေရအတြက္ ၅၀ နဲ႔ ၁၀၀ ၾကားမွာပဲ ရွိပါတယ္။ တခ်ိဳ႕ အခ်ိန္ေတြမွာ ၂၀၊ ၃၀ ေလာက္ပဲ ရွိပါတယ္။

လႊတ္ေတာ္၀င္းအတြင္း ရွိတဲ့ ကန္႔သတ္ အေဆာက္အအံုေတြ၊ ေနရာေတြမွာ ခြင့္ျပဳခ်က္ မရဘဲ ဓာတ္ပံု၊ ဗီဒီယို ႐ိုက္ခြင့္ မျပဳရ ဆိုတဲ့ အပိုင္းမွာ ဘယ္လို အရာေတြကိုလည္း ဆိုတာ တိတိက်က် ေျပာရပါလိမ့္မယ္။

တစ္ခု ထူးျခားတာက လႊတ္ေတာ္ေရးရာ ေကာ္မတီ အေဆာင္တစ္ခု ျဖစ္တဲ့ I ေဆာင္၀င္းအတြက္ လံုျခံဳေရး သီးျခား ထားရွိရန္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒါကလည္း အေဆာင္ I-1 မွာ သူရဦးေရႊမန္း႐ံုး ထိုင္ၿပီး အေဆာင္ I-12 မွာ ေဒၚAအာင္ဆန္းစုၾကည္ ႐ံုးထိုင္တဲ့ အတြက္ လံုျခံဳေရး သီးျခားထားတယ္လို႔ပဲ ယူဆပါတယ္။


(၄)

သတ္မွတ္ခ်က္ အမွတ္ ၁၃ မွာ ပါတဲ့ Media Corner ဆိုတဲ့ ကိစၥေတာ့ ေျပာရပါလိမ့္မယ္။ အရင္ကေတာ့ လႊတ္ေတာ္ အစည္းအေ၀း က်င္းပေနတာကို တိုက္႐ိုက္ သတင္းရယူႏိုင္တဲ့ မီဒီယာခန္း ရွိပါတယ္။ ၂၀၁၅ ခုႏွစ္မွာ မီဒီယာခန္းကို ပိတ္လိုက္ၿပီး တိုက္႐ိုက္ သတင္းယူခြင့္ တားျမစ္လိုက္ပါတယ္။

ဒုတိယအႀကိမ္ လႊတ္ေတာ္သစ္ ျပန္စခ်ိန္မွာလည္း မီဒီယာခန္းကို သတင္းေထာက္ေတြအတြက္ ဖြင့္မေပးပါဘူး။ ဒါေပမဲ့ Media Corner ဆိုတာ ရွိလာပါတယ္။ ဒါက သတင္းေထာက္ေတြအတြက္ အဆင္ေျပတဲ့ ပံုစံမ်ိဳး မဟုတ္ပါဘူး။

ဒုတိယအႀကိမ္ ျပန္စတဲ့ လႊတ္ေတာ္သစ္မွာ တကယ္တန္း လိုအပ္ေနတာက သတင္းေထာက္ ၅၀ နဲ႔ ၁၀၀ ေလာက္ အလုပ္လုပ္ႏိုင္တဲ့ Media Center ျဖစ္ပါတယ္။ လႊတ္ေတာ္ သတင္းေထာက္ေတြအတြက္ ႏိုင္ငံတကာ ပံုစံ Media Corner ထားေပးတယ္ဆိုရင္ ႏိုင္ငံတကာမွာလိုပဲ Media Center တစ္ခု ပီပီျပင္ျပင္ ထားေပးဖို႔ လိုပါတယ္။

ထုတ္ျပန္ခ်က္မွာ ပါတဲ့ သတ္မွတ္ခ်က္ အမွတ္ ၁၃ မွာ “Media Corner တြင္ အ႐ုပ္ႏွင့္ အသံ ရယူႏိုင္ရန္ႏွင့္ သတင္း ေရးသားရန္ စီစဥ္ေပးထားၿပီး ျဖစ္သျဖင့္ ယင္းေနရာတြင္ပင္ သတင္း ရယူျခင္း၊ နားေနျခင္းတို႔ ေဆာင္ရြက္ရန္” ဆိုတာက Media Center ရဲ႕ အဂၤါရပ္နဲ႔ ညီညြတ္ေအာင္ ေပးထားတဲ့ အခင္းအက်င္း မဟုတ္ပါဘူး။

ဒါေၾကာင့္ပဲ လႊတ္ေတာ္တြင္း ေလွ်ာက္လမ္းေဘးမွာ ျဖစ္သလိုေနရင္း သတင္းကိစၥ လုပ္ေနၾကတာေတြ၊ တီဗီြငယ္ တစ္လံုးကို သတင္းေထာက္ မ်ားစြာ ၀ိုင္းၾကည့္ၿပီး သတင္း ရယူေနရတဲ့ ျမင္ကြင္းေတြကို ေတြ႕ေနရတာပါ။

ဒီျမင္ကြင္းေတြက အရင္ လႊတ္ေတာ္မွာလည္း ရွိခဲ့တယ္။ အခု လႊတ္ေတာ္သစ္မွာလည္း ဆက္ရွိေနမယ္ ဆိုရင္ သတင္းမီဒီယာေတြ အေပၚ လႊတ္ေတာ္ရဲ႕ သေဘာထား ပံုရိပ္ က်ဆင္းေစမွာ ျဖစ္ပါတယ္။ ပံုရိပ္ က်ဆင္းေစတာထက္ အရင္ ငါးႏွစ္ အာဏာရ ျပည္ခိုင္ၿဖိဳး ပါတီရဲ႕ မီဒီယာအေပၚ သေဘာထားနဲ႔ အခု NLD ဦးေဆာင္တဲ့ လႊတ္ေတာ္ရဲ႕ မီဒီယာအေပၚ သေဘာထား အတူတူပဲ ဆိုတဲ့ ပံုစံက ပိုအက်ည္းတန္ပါတယ္။

Media Center ထားဖို႔ဆိုရင္ ႏိုင္ငံတကာ အစည္းအေ၀းေတြ၊ ကြန္ဖရင့္ေတြမွာ ဘယ္လို လုပ္သလဲ ဆိုတာ ဥပမာ ယူသင့္ပါတယ္။ အနီးစပ္ဆံုး အျဖစ္ ၂၀၁၄ ခုႏွစ္က ျမန္မာႏိုင္ငံမွာ လုပ္ခဲ့တဲ့ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲေတြ၊ ေနာက္ၿပီး အေရွ႕ေတာင္အာရွ အားကစားပြဲေတြမွာ Media Center ကို ဘယ္လိုလုပ္ခဲ့သလဲ ဆိုတာ ေလ့လာလို႔ ရပါတယ္။

စားပြဲနဲ႔ ထိုင္ခံု ခင္းထားၿပီး ေနရာတစ္ခု ေပးထား႐ံုနဲ႔ အဲတာကို Media Center ေခၚလို႔ မရပါဘူး။ မီဒီယာ တာ၀န္ခံေတြရဲ႕ ႐ံုးခန္း၊ ကြန္ပ်ဴတာ၊ ျမန္ႏႈန္းျမႇင့္ အင္တာနက္၊ မိတၱဴကူးစက္၊ ပရင္တာ စတာေတြ အပါအ၀င္ သတင္းစီဆင္းမႈ ျမန္ဆန္ဖို႔ အေထာက္အကူျပဳ ပစၥည္းေတြ ထားေပးဖို႔ လိုပါတယ္။ ႐ုပ္သံ ထုတ္လႊင့္သူေတြ အတြက္ စတူဒီယို ခန္းမငယ္ေတြ လိုအပ္သလို သတင္းစာ ရွင္းလင္းပြဲ လုပ္ခ်င္သူေတြ၊ သတင္း ထုတ္ျပန္လိုသူေတြနဲ႔ အင္တာဗ်ဴး လုပ္လိုသူေတြ အၾကား ခ်ိတ္ဆက္မႈ အဆင္ေျပေအာင္ လုပ္ေပးရတဲ့ မီဒီယာ ဆက္ဆံေရး ၀န္ထမ္းငယ္ေတြကိုလည္း သတင္းေထာက္ေတြနဲ႔ အတူ ေနရာ တစ္ခုတည္းမွာ စနစ္တက် ထားရွိေပးရမွာ ျဖစ္ပါတယ္။ ဒါေတြက ႏုိင္ငံတကာမွာ ထားရိွတဲ့ ပံုစံေတြကို ဥပမာထား ေျပာျပတာပါ။ ျမန္မာႏုိင္ငံမွာလို ႀကီးမားၿပီး ခမ္းနားထည္၀ါတဲ့ လႊတ္ေတာ္ႀကီး တစ္ခုမွာ သတ္မွတ္ အဂၤါရပ္နဲ႔ ျပည့္စံုတဲ့ Media Center တစ္ခု ရိွသင့္ပါတယ္။

ေဖေဖာ္၀ါရီ ၅ ရက္ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး အဓိက ေျပာစရာ သံုးခ်က္ပဲ ရွိပါတယ္။ ပထမ အခ်က္က သတ္မွတ္ခ်က္ အမွတ္ ၁၈ ကို မထည့္သင့္ပါဘူး။ လႊတ္ေတာ္က လႊတ္ေတာ္ အလုပ္ လုပ္ေနခ်ိန္မွာ သတင္းေထာက္ေတြလည္း သူတို႔ အလုပ္ သူတို႔ လုပ္ေနပါလိမ့္မယ္။ ဥပေဒ ျပ႒ာန္းခ်က္မ်ား အတိုင္း လိုက္နာ႐ံု ျဖစ္ပါတယ္။

ဒုတိယ အခ်က္က သတင္း ရယူဖို႔ လူအေရအတြက္ ကန္႔သတ္တဲ့ အခ်က္ကို ျပန္စဥ္းစားသင့္ပါတယ္။ လႊတ္ေတာ္ သတင္းစီးဆင္းမႈ အားေကာင္းၿပီး ျပည့္စံုတဲ့ သတင္းေဖာ္ျပခ်က္ေတြ လုပ္ဖို႔ဆိုရင္ လူအေရအတြက္ ကန္႔သတ္ခ်က္နဲ႔ အလုပ္မျဖစ္ႏိုင္ပါဘူး။

တတိယ အခ်က္က တိုက္႐ိုက္ သတင္းယူခြင့္ မေပးရင္ေတာင္ Media Center တစ္ခုကို ပီပီျပင္ျပင္ ထားေပးရပါလိမ့္မယ္။ ငါးႏွစ္ၾကာ ကာလတစ္ေလွ်ာက္လံုး အစည္းအေ၀းေတြ မၾကာခဏ လုပ္ေနမယ့္ လႊတ္ေတာ္အတြက္ ဆိုရင္ Media Center လိုအပ္ပါတယ္။


(၅)

ေနာက္ထပ္ အေရးႀကီးတဲ့ အေၾကာင္းအရာ တစ္ခုက သတင္းမီဒီယာနဲ႔ သက္ဆိုင္တာေတြကို လုပ္တဲ့အခါ ၾကားခံ အဖြဲ႕အစည္း (proxy) ေတြ အသံုးခ်ျခင္းကို ေရွာင္ရွားဖို႔ပါပဲ။ proxy ေတြဟာ အားလံုးကို ကိုယ္စားျပဳသူေတြ မဟုတ္ပါဘူး။ အရင္ အစိုးရ အဆက္ဆက္မွာေတာ့ ဖိႏွိပ္ ခ်ဳပ္ခ်ယ္ ကန္႔သတ္မႈေတြ လုပ္ခ်င္တဲ့အခါ သူတို႔ရဲ႕ လက္ကိုင္တုတ္ proxy ေတြကို သံုးပါတယ္။

လႊတ္ေတာ္႐ံုးက အခု ထုတ္ျပန္လိုက္တဲ့ ပံုစံအရ သတင္း မီဒီယာေတြကို တားျမစ္ ကန္႔သတ္ျခင္းဟာ သူတို႔ သေဘာနဲ႔ လုပ္တာ မဟုတ္ဘူး၊ က်န္တဲ့ အဖြဲ႕အစည္းေတြနဲ႔ တိုင္ပင္ၿပီး လုပ္တယ္ဆိုတဲ့ ပံုစံမ်ိဳး ေဖာ္ေဆာင္ခဲ့ပါတယ္။ ဒီပံုစံဟာ အာဏာရွင္ အစိုးရေတြက သူတို႔ လက္ကိုင္တုတ္ အဖြဲ႕အစည္းေတြကို သံုးၿပီး သူတို႔လိုရာ ပံုေဖာ္ခဲ့ၾကတာမ်ိဳးနဲ႔ အတူတူပါပဲ။

ထုတ္ျပန္ခ်က္ အပိုဒ္ ၂ မွာ ေဖာ္ျပထားခ်က္အရ လႊတ္ေတာ္႐ံုး အသီးသီးက ညႊန္ၾကားေရးမွဴးခ်ဳပ္နဲ႔ တာ၀န္ရွိ ၀န္ထမ္းေတြ၊ ျပန္ၾကားေရး ၀န္ႀကီး႒ာန ညႊန္ၾကားေရးမွဴး ဦးသက္ေဆြနဲ႔ တာ၀န္ရွိသူေတြ၊ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ အတြင္းေရးမွဴး (၂) ဦးေက်ာ္စြာမင္း၊ ျမန္မာႏိုင္ငံ သတင္းစာဆရာ အသင္းက ဦးရဲမင္းဦး၊ လံုျခံဳေရးဆိုင္ရာ တာ၀န္ရွိသူေတြ ေတြ႕ဆံုၿပီး လႊတ္ေတာ္၀င္းအတြင္း မီဒီယာေတြ သတင္းရယူရာမွာ စနစ္တက်ရိွဖို႔ ညႇိႏႈိင္း ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။

ထုတ္ျပန္ခ်က္ အပိုဒ္ ၃ မွာ ပါ၀င္တဲ့ အခ်က္ေတြက သူတို႔ ညႇိႏိႈင္း ေဆြးေႏြးၿပီး ထြက္လာတာေတြ ျဖစ္တယ္၊ ဒီ သတ္မွတ္ခ်က္ေတြအတိုင္း ေဆာင္ရြက္ေပးရမယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

လႊတ္ေတာ္႐ံုး ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ သတင္းမီဒီယာ ေကာင္စီက ေဖေဖာ္၀ါရီ ၅ ရက္မွာပဲ ျပည္ေထာင္စုလႊတ္ေတာ္ ႐ံုးညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္စိုးဆီ စာတစ္ေစာင္ ပို႔ပါတယ္။

ဒီစာမွာ လႊတ္ေတာ္႐ံုးရဲ႕ ထုတ္ျပန္ခ်က္ကို လက္မခံတာလား၊ ကန္႔ကြက္တာလား တိတိက်က် ေျပာထားတာ မရွိပါဘူး။ ဒါေပမဲ့ ေပးစာပါ အပိုဒ္ ၃ မွာ “လႊတ္ေတာ္႐ံုး အသီးသီး အေနႏွင့္ သတင္းသမားမ်ား သတင္း ရယူျခင္းႏွင့္ ပတ္သက္၍ စည္းကမ္း သတ္မွတ္ျခင္း၊ အေရအတြက္ ကန္႔သတ္ျခင္း၊ ေနရာ ကန္႔သတ္ျခင္းမ်ားကို မိမိတို႔ ဌာနအလိုက္ လုပ္ထံုး လုပ္နည္းမ်ား အတိုင္း ေဆာင္ရြက္ရမည္ ျဖစ္ျခင္းကို သတင္းမီဒီယာ ေကာင္စီက နားလည္ သေဘာေပါက္ပါသည္။ သတင္းမီဒီယာ ေကာင္စီ အေနျဖင့္ ယင္းသတ္မွတ္ခ်က္ ကိစၥမ်ားကို ပါ၀င္ ေဆာင္ရြက္ခဲ့ျခင္း မရွိသလို ပါ၀င္မည္ မဟုတ္ေၾကာင္းလည္း သိေစအပ္ပါသည္” လို႔ ေဖာ္ျပခဲ့ပါတယ္။

သတင္းမီဒီယာ ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္အတိုင္း ဆိုရင္ လႊတ္ေတာ္႐ံုး အေနနဲ႔ ကိုယ္လိုခ်င္တဲ့ ကန္႔သတ္ တားျမစ္ခ်က္ေတြကို အေယာင္ျပ ညႇိႏိႈင္း ေဆြးေႏြးမႈ လုပ္ခဲ့တာလား၊ တကယ္ပဲ အျခား အဖြဲ႕အစည္းေတြရဲ႕ သေဘာတူညီခ်က္နဲ႔ လုပ္ခဲ့သလားဆိုတာ ရွင္းရပါဦးမယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ္လိုခ်င္တာ ျဖစ္ဖို႔ လက္ကိုင္တုတ္ေတြ သံုးၿပီး ဖန္တီးတာမ်ိဳးကို အာဏာရွင္ ေခတ္ကလည္း လုပ္ခဲ့ၿပီးပါၿပီ။ ဒါမ်ိဳးကို အခုခ်ိန္မွာ ထပ္မလိုခ်င္ေတာ့ပါဘူး။


ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးမန္း၀င္းခိုင္သန္း ခင္ဗ်ာ . . .

ျပည္ေထာင္စု လႊတ္ေတာ္႐ံုးရဲ႕ ေဖေဖာ္၀ါရီ ၅ ရက္ ထုတ္ျပန္ခ်က္ဟာ ဗ်ဴ႐ိုကေရစီ ယႏၲရားရဲ႕ အာဏာရွင္ အေငြ႕အသက္ေတြ လႊမ္းျခံဳေနတာ ေတြ႕ရပါတယ္။ သတင္းမီဒီယာ ဥပေဒနဲ႔ အညီ လူထုရဲ႕ သတင္းသိပိုင္ခြင့္အတြက္ ျပ႒ာန္းထားတဲ့ က်င့္၀တ္ေတြ အတိုင္း လြတ္လပ္စြာ သတင္းရယူလိုတဲ့ သတင္းေထာက္ေတြရဲ႕ သတင္း ရယူပိုင္ခြင့္ကို ကန္႔သတ္မႈေတြ ထပ္လုပ္ထားပါတယ္။ ေနာက္ၿပီး သတင္းမီဒီယာ ဥပေဒအရ သတင္းေထာက္ေတြရဲ႕ ရပိုင္ခြင့္နဲ႔ လြတ္လပ္ခြင့္ အျပည့္အ၀ ရရွိေရးကိုလည္း တားဆီးမႈေတြ လုပ္ထားပါတယ္။

ဒါကို နာယကႀကီးေရာ၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ႀကီး ဦး၀င္းျမင့္ေရာ သိခ်င္မွ သိပါလိမ့္မယ္။ ဒါေပမဲ့ ဒီစည္းကမ္း သတ္မွတ္ခ်က္ေတြကို ဘယ္သူကပဲ လုပ္ခဲ့၊ လုပ္ခဲ့ နာယကႀကီးတို႔က တာ၀န္ရွိသူေတြ ျဖစ္ေနတဲ့အတြက္ ေျပာျပရတာ ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ႀကီး ဦး၀င္းျမင့္က ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀း အဖြင့္မွာ ေျပာခဲ့တဲ့ စကားကို အမွတ္ရပါတယ္။ လႊတ္ေတာ္ရဲ႕ အဓိက တာ၀န္က ဥပေဒျပဳေရး ျဖစ္ၿပီး ဥပေဒျပဳသူသည္ ဥပေဒကို ခ်ိဳးေဖာက္သူ မျဖစ္ေစရဆိုတဲ့ ဆို႐ိုးစကားကို ေျပာခဲ့တာပါ။

ဒီစကား အတိုင္းပဲ အခု ထုတ္ျပန္လိုက္တဲ့ သတ္မွတ္ခ်က္ေတြဟာ ဥပေဒကို ေက်ာ္လြန္ျခင္း ရွိ၊ မရွိ ဆိုတာ လႊတ္ေတာ္ အေနနဲ႔ ျပန္သံုးသပ္ဖို႔ လိုပါတယ္။ ေသခ်ာတာေတာ့ ဖြဲ႕စည္းပံု အေျခခံ ဥပေဒပါ ျပ႒ာန္းခ်က္ကိုေရာ၊ သတင္းမီဒီယာ ဥပေဒ ျပ႒ာန္းခ်က္ကိုပါ ေက်ာ္လြန္ရာ ေရာက္ေနပါတယ္။ ဒီထုတ္ျပန္ခ်က္ အတိုင္း ဆက္ၿပီး အတည္ျပဳခဲ့မယ္ ဆိုရင္ ဥပေဒ ျပဳသူေတြက ဥပေဒအေပၚ ဘယ္လို သေဘာထားလဲ ဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါလိမ့္မယ္။

စည္းကမ္း သတ္မွတ္ခ်က္ေတြ မထုတ္နဲ႔လို႔ မေျပာလိုပါဘူး။ ထုတ္သင့္ပါတယ္။ ဒါေပမဲ့ ဘယ္လို စည္းကမ္းသတ္မွတ္ခ်က္ကိုပဲ ထုတ္ထုတ္၊ ထုတ္ျပန္လိုက္တဲ့ အရာဟာ (၁) ဆႏၵစြဲနဲ႔ မဟုတ္ဘဲ မူအရပဲ ထုတ္သင့္ပါတယ္၊ (၂) ဥပေဒနဲ႔ ကိုက္ညီေအာင္ လုပ္သင့္ပါတယ္၊ (၃) ႏိုင္ငံတကာ စံႏႈန္းေတြနဲ႔ ကိုက္ညီသင့္ပါတယ္။

ထပ္ေျပာရင္ေတာ့ သတင္း မီဒီယာေတြကို ကိုင္တြယ္တဲ့ အခါ proxy ေတြကို မသံုးပါနဲ႔။ ဂ်ာနယ္လစ္ေတြထဲမွာလည္း စားဖားေတြ၊ ေဖာ္လံဖားေတြ၊ လက္ကိုင္တုတ္ လုပ္ခ်င္သူေတြ ၊ အခြင္ထူး ခံခ်င္ၾကသူေတြ ရွိၾကပါတယ္။ သူတို႔ စကားေတြကိုလည္း နားမေယာင္ပါနဲ႔။ အားလံုးရဲ႕ သေဘာဆႏၵကို နားစြင့္ေပးၾကပါ။

ေနာက္ၿပီး မတရားသျဖင့္ စီးပြားရွာၿပီး ႀကီးပြားေနၾကတဲ့ တခ်ိဳ႕ေသာ ခ႐ိုနီ လုပ္ငန္းရွင္ႀကီးေတြက NLD ကို ကုတ္ခြစီးၿပီး မီဒီယာေတြကို ေခ်ာက္ခ်ဖို႔ ႀကိဳးစား ၾကံစည္ေနတာကို နာယကႀကီးတို႔၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ႀကီးတို႔ သိသင့္ပါတယ္။

ဒီလို လူေတြရဲ႕ ေခ်ာက္တြန္းမႈေတြကို အယံုသြင္းၿပီး ဥပေဒနဲ႔ မညီတဲ့ စည္းကမ္း သတ္မွတ္ခ်က္ ထုတ္တာေတြကို အာဏာရွင္ အစိုးရ အဆက္ဆက္ က်င့္သံုးခဲ့ၾကၿပီးပါၿပီ။ ျပည္သူက ယံုၾကည္လို႔ ေရြးခ်ယ္ထားတဲ့ NLD ပါတီမွာ ဒီလိုလူေတြအတြက္ ေနရာ မရွိသင့္ပါဘူး။

အခုေတာ့ NLD ဦးေဆာင္တဲ့ လႊတ္ေတာ္မွာ ဥပေဒနဲ႔ မညီတဲ့ စည္းကမ္း သတ္မွတ္ခ်က္ေတြ ထြက္လာတာကို အရင္ဆံုး ျပင္ဆင္ ပယ္ဖ်က္ေပးဖို႔ နာယကႀကီးနဲ႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ႀကီးကို တိုက္တြန္းလိုက္ပါတယ္။

အေလးအနက္ ထားၿပီး ေျပာခ်င္တာက အမိန္႔ေတြ၊ ထုတ္ျပန္ခ်က္ေတြ၊ စည္းကမ္းခ်က္ေတြ၊ ကန္႔သတ္မႈေတြ လုပ္ေတာ့မယ္ ဆိုရင္ ကိုယ္တိုင္သိေအာင္ အရင္ေလ့လာ ေစခ်င္ပါတယ္။ မသိေသးဘူး ဆိုရင္လည္း အမွန္တကယ္ တတ္သိ နားလည္ၿပီး ဘက္လိုက္မႈ ကင္းသူေတြဆီက အၾကံဉာဏ္ကို ယူေစခ်င္ပါတယ္။ ဒီလို မဟုတ္ဘဲနဲ႔ အမိန္႔ေတြ၊ ထုတ္ျပန္ခ်က္ေတြ၊ စည္းကမ္းေတြ မထုတ္ေစခ်င္ပါဘူး။

တကယ္လို႔ အခု ထုတ္ျပန္ခ်က္ကို နာယကႀကီးတို႔ မသိခဲ့ဘူး ဆိုရင္ ဗ်ဴ႐ိုကေရစီ ယႏၲရားထဲက လုပ္ထံုးလုပ္နည္း ေဟာင္းေတြနဲ႔ NLD ဦးေဆာင္တဲ့ လႊတ္ေတာ္၊ NLD ဦးေဆာင္မယ့္ အစိုးရကို ဒုကၡေပး၊ အေနွာင့္အယွက္ ျပဳခ်င္သူေတြ ရွိေနၿပီ၊ သူတို႔ရဲ႕ လုပ္ထံုးလုပ္နည္းေဟာင္းေတြကို မသိဘဲ ခြင့္ျပဳလိုက္တဲ့အတြက္ NLD နဲ႔ ျပည္သူအၾကား ထိပ္တိုက္တိုးမႈေတြ ျဖစ္လာႏိုင္တာကို ပထမဆံုး သတိေပးလိုက္တဲ့ အခ်က္ေပး ေခါင္းေလာင္းသံ ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။    



(ေဖေဖာ္၀ါရီ ၅ ရက္ ေန႔စြဲျဖင့္ ျပည္ေထာင္စု လႊတ္ေတာ္႐ံုးက ထုတ္ျပန္ခဲ့ေသာ သတင္းမီဒီယာမ်ားႏွင့္ စပ္လ်ဥ္း၍ ပူးေပါင္းေဆာင္ရြက္ေရး ထုတ္ျပန္ခ်က္ အျပည့္အစံုအား ေတြ႕ရစဥ္)
Writer:
ေနထြန္းႏိုင္
..............................

ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးမန်းဝင်းခိုင်သန်းသို့ အိတ်ဖွင့်ပေးစာ
Published on Sun, 02/07/2016 - 19:58
ဖေဖော်ဝါရီ ၅ ရက် နေ့စွဲဖြင့် ပြည်ထောင်စု လွှတ်တော်ရုံးက ထုတ်ပြန်ခဲ့သော သတင်းမီဒီယာများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေး ထုတ်ပြန်ချက် အပြည့်အစုံအား တွေ့ရစဉ်



ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ခင်ဗျာ . . .

လွှတ်တော်တွင်း သတင်း ရယူမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာ ပြည်ထောင်စု လွှတ်တော်ရုံးက ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့တာ ဖတ်ရပါတယ်။

အဲဒီ ထုတ်ပြန်စာကို ပြည်ထောင်စု လွှတ်တော်ရဲ့ အကြီးအကဲ ဖြစ်တဲ့ နာယကကြီး သိရှိခြင်း ရှိ၊ မရှိ မသိရပေမယ့် ထုတ်ပြန်စာမှာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက လက်မှတ် ထိုးခဲ့ပါတယ်။

ထုတ်ပြန်စာ အကြောင်းအရာက “သတင်း မီဒီယာများနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်ရေး” လို့ စကားလုံး လှအောင် ဆိုထားပါတယ်။ အနှစ်ချုပ်က လွှတ်တော်တွင်းမှာ သတင်း မီဒီယာတွေ ‘မလုပ်ရ’ ဆိုတဲ့ တားမြစ် ကန့်သတ်ချက်တွေကို ပြောလိုက်တာပါ။

တနည်းအားဖြင့် လူထုရဲ့ သတင်း သိပိုင်ခွင့် (Right to know) အတွက် အလုပ်လုပ်နေသူတွေကို တားဆီး ကန့်သတ်လိုက်တဲ့ အချက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီ အကြောင်းတွေကို နာယကကြီး သိအောင် ပြောချင်ပါတယ်။ နာယကကြီးလိုပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်ကိုလည်း သိစေချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နာယကကြီးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတို့က လွှတ်တော်ရဲ့ အကြီးအကဲတွေ ဖြစ်ကြပါတယ်။ လွှတ်တော်နဲ့ ပတ်သက်တာ ဘာပဲလုပ်လုပ် လွှတ်တော် အကြီးအကဲတွေကို ကျော်လွန် မရဘူးလို့ နားလည်တဲ့အတွက် နာယကကြီးတို့ကိုပဲ ဦးတည် ပြောကြားလိုပါတယ်။


(၁)

ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာ ဖြစ်ခဲ့တာကို အကြောင်းပြုပြီး လွှတ်တော်နဲ့ မီဒီယာတွေ အကြား ပိုကောင်းတဲ့ လမ်းစရှာဖို့ လိုအပ်တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီ လိုအပ်ချက်ဟာ လွှတ်တော်တွင်း သတင်းရယူပိုင်ခွင့်ကို ထပ်ပြီး ကန့်သတ်တာမျိုး မဖြစ်သင့်ပါဘူး။ အရင်လွှတ်တော် သက်တမ်းမှာ ကန့်သတ်ခဲ့တာတွေကို ဖြေလျော့ပြီး သတင်းရယူမှု ပိုကောင်းအောင် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ အခု ထွက်လာတဲ့ ထုတ်ပြန်ချက် အရ ဆိုရင် အရင်ထက် ပိုဆိုးသလို ဖြစ်သွားပါပြီ။

ဘာကြောင့် ပိုဆိုးသွားသလဲ ဆိုတာကို အချက် သုံးချက်နဲ့ ထောက်ပြပါမယ်။

ပထမ အချက်က မဆိုင်တဲ့ ကိစ္စကို အချက်တစ်ခု အနေနဲ့ ထည့်ပြောထားတာပါ။ ဒုတိယ အချက်က နေရာ ကန့်သတ်ချက်နဲ့ လူအရေအတွက် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ တတိယ အချက်က Media Center တစ်ခုကို လွှတ်တော်ထဲမှာ ပီပီပြင်ပြင် ထားရှိပေးဖို့ ဖြစ်ပါတယ်။ အခု ပထမ အချက် ဖြစ်တဲ့ မဆိုင်တဲ့ အချက် ထည့်ထားတာကို အရင်ပြောပါမယ်။

သတင်းထောက်တွေ “မလုပ်ရ” ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို လွှတ်တော်ရုံး ထုတ်ပြန်ချက် အပိုဒ် ၃ မှာ တွေ့ရပါတယ်။ အချက် ၁၈ ချက် ပါ၀င်ခဲ့ပြီး နောက်ဆုံး အချက်က အဆိုးဆုံးပါပဲ။

“လွှတ်တော်တွင်း ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သတင်းရေးသား ဖော်ပြရာတွင် နိုင်ငံတော်နှင့် လွှတ်တော် ဂုဏ်သိက္ခာကို မထိခိုက်စေရေး သတင်းမီဒီယာ ကျင့်ဝတ်နှင့် အညီ ဆောင်ရွက်ရန်” လို့ နောက်ဆုံး အချက်မှာ ဖော်ပြခဲ့ပါတယ်။ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ဒါကို ထည့်သွင်းခဲ့သလဲ မသိပါဘူး။

ဒါပေမဲ့ ဒီအချက်က ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) မှာ ပြဋ္ဌာန်းထားတဲ့ “မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်” ဆိုတာကို ချိုးဖောက်သလို ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်က ပြဋ္ဌာန်းခဲ့တဲ့ သတင်းမီဒီယာ ဥပဒေကိုလည်း ကျော်လွန်ရာ ရောက်ပါတယ်။

သတင်းမီဒီယာ ဥပဒေ အခန်း ၃ မှာ သတင်းမီဒီယာ သမားများရဲ့ ရပိုင်ခွင့်များကို ဖော်ပြထားပါတယ်။ ဒီထဲမှာ ပါ၀င်တဲ့ ပုဒ်မ ၄ (က) မှာ သတင်းမီဒီယာ သမားများသည် “ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်  တရားစီရင်ရေး ဆိုင်ရာတို့ လုပ်ငန်း ဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့် ရှိသည်” လို့ ဖော်ပြခဲ့ပါတယ်။

ဒီအတိုင်းပဲ ပုဒ်မ ၄ (ခ)မှာ “နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်း အချက်အလက်များနှင့် သဘောထား အမြင်များကို ကျင့်ဝတ် စည်းကမ်းနှင့် အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်တို့ ရှိသည်” လို့ ဆိုပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် သတင်းမီဒီယာ ကျင့်ဝတ်နှင့် အညီ လုပ်ကိုင်နေတဲ့ သတင်းထောက်တွေကို ဘာတော့ လုပ်ရ၊ ဘာတော့ မလုပ်ရ ဆိုပြီး တားဆီး ပိတ်ပင်ပိုင်ခွင့် မရှိပါဘူး။ ဒါက တစ်ပိုင်း ဖြစ်ပါတယ်။

နောက် တစ်ချက်က လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ စပ်လျဉ်းပြီး သတင်းရေးတဲ့ အခါ နိုင်ငံတော်နဲ့ လွှတ်တော် ဂုဏ်သိက္ခာ မထိခိုက်စေရေး ဆိုတာ ဘာကို ဆိုလိုတာပါလဲ။ ဒီအချက်က ကျင့်ဝတ်နဲ့ အညီ လုပ်နေတဲ့ သတင်းထောက်တွေကိုပါ ခြိမ်းခြောက် ဖိအားပေးသလို ဖြစ်နေပါတယ်။


(၂)

လွှတ်တော်နဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို သတင်းထောက်က ရေးမှာပါပဲ။ နောက်ပြီး သူမြင်တာ၊ တွေ့တာတွေကိုလည်း ရေးမှာပါ။

ဒီလို ရေးလို့ ဖြစ်လာတဲ့ ဂယက်နဲ့ အနက် ဆိုတာဟာ မြင်ခြင်း၊ တွေ့ခြင်း၊ ဆွေးနွေးခြင်းတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါကို မလုပ်နဲ့ ဆိုပြီး တိုက်ရိုက် တားမြစ်ပိုင်ခွင့် မရှိသလို သွယ်ဝိုက် ကန့်သတ်ပိုင်ခွင့်လည်း မရှိပါဘူး။

ဒီနေရာမှာ သတိပြုရမှာက ကျင့်ဝတ်နဲ့ အညီ လုပ်ကိုင်တဲ့ သတင်းထောက်တိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ နာမည်ခံပြီး တရားဝင် ရေးကြသူတွေ ဖြစ်တဲ့အတွက် အမှားလုပ်လို့ မရပါဘူး။ သူတို့တွေရဲ့ လုပ်ရပ်က မမှန်ဘူး၊ သတင်းမီဒီယာ ကျင့်ဝတ် ဖောက်ဖျက်တယ် ဆိုရင် အရေးယူဖို့ ပြဋ္ဌာန်းထားတဲ့ သတင်း မီဒီယာ ဥပဒေ ရှိပြီးသားပါ။ ဒီဥပဒေနဲ့  အရေးယူ ဆောင်ရွက်လို့ ရပါတယ်။ ဒီလို ရှိထားပါလျက်နဲ့ “ကျင့်ဝတ်နှင့် အညီ ဆောင်ရွက်ရန်” ဆိုတာလည်း ထပ်ပြောစရာ မလိုပါဘူး။

အခုတော့ အရင် အာဏာရှင် အစိုးရတွေလိုပဲ “ကျင့်ဝတ်နဲ့ ညီအောင်နေကြ” ဆိုတာကို ခုတုံးလုပ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားသလို ဖြစ်ခဲ့ပါတယ်။

လူတိုင်းမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ် ရှိထားပြီးသားပါ။ သတင်းထောက်မှာလည်း သတင်းထောက် ကျင့်ဝတ်၊ ဆရာဝန်မှာလည်း ဆရာဝန် ကျင့်ဝတ် ရှိပြီးသားပါ။ ဒါကို အကျယ်ချဲ့ပြီး ထပ်ပြောနေစရာ မလိုပါဘူး။

အရင် အစိုးရ အဆက်ဆက်လည်း သတင်းထောက်တွေကို ကျင့်ဝတ်ဆိုတာနဲ့ ကိုင်ပေါက်ပြီး ထိန်းချုပ် တားဆီးခဲ့ကြတာပါပဲ။ ဒီလို ထိန်းချုပ် တားဆီးခဲ့တာကို ကန့်ကွက် ဆန့်ကျင်ခဲ့တဲ့ အသံတွေလည်း ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ပြီးပါပြီ။ NLD ပါတီ ဦးဆောင်တဲ့ လွှတ်တော်၊ NLD ပါတီ ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ အရင်လို ပုံစံ မဖြစ်စေချင်ပါဘူး။ အခုတော့ NLD ပါတီ ဦးဆောင်တဲ့ လွှတ်တော်က “ကျင့်ဝတ်နှင့် အညီ ဆောင်ရွက်ရန်” ဆိုပြီး အာဏာရှင်တွေရဲ့ လက်သုံးစကား ဘာကြောင့် ယူသုံးသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။

တကယ်တော့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ လွှတ်တော် ဂုဏ်သိက္ခာ မထိခိုက်ဖို့ အမှန်တကယ် ထိန်းရမှာက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်တွင်းက တာဝန်ရှိသူတွေပဲ ဖြစ်ပါတယ်။

သူတို့က ဂုဏ်သိက္ခာ မထိခိုက်အောင် လုပ်ဆောင်ရင် နိုင်ငံတော်နဲ့ လွှတ်တော် ဂုဏ်သိက္ခာ ထိခိုက်မှာ မဟုတ်ပါဘူး။ ဒီလို မဟုတ်ဘဲ သတင်းထောက်တွေကို တရားခံ ရှာချင်တဲ့ ပုံစံမျိုးတော့ မသင့်တော်ပါဘူး။

ဒီအတွက် ၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ တစ်ခုကို ဥပမာ ပေးချင်ပါတယ်။

လွှတ်တော်တွင်း မဲခွဲခဲ့တဲ့ ဖြစ်စဉ် တစ်ခုမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်ကို မလာရောက်နိုင်တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစား စက်ခလုတ်နှိပ် ဆန္ဒမဲ ပေးခဲ့ပါတယ်။ ဒါကို သတင်းထောက်က မြင်ခဲ့ပါတယ်။

ဒီလို မြင်ခဲ့တဲ့ အတွက် “လွှတ်တော်ထဲက လက်ပွား ကိုယ်တော်တွေနဲ့ သံသယ ဖြစ်စရာ မဲရလဒ်များ” ဆိုပြီး ဓာတ်ပုံ အထောက်အထားနဲ့ သတင်း ဖော်ပြခဲ့ပါတယ်။

အကျိုးဆက်ကတော့ သတင်းထောက်တွေကို အပြစ်ပုံချ ခဲ့တာပါပဲ။ လွှတ်တော် မီဒီယာခန်း ထဲကနေ သတင်းထောက်တွေ သတင်း ရယူခွင့်ကို တားမြစ် ကန့်သတ်လိုက်ပါတယ်။

ဖြစ်ခဲ့တာကို ပြန်ကြည့်ရင် ဘယ်သူ မှားသလဲ ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ မှားတဲ့သူ အရေးယူ မခံရဘဲ “လုပ်ရပ်မှား” ကို ဖော်ပြခဲ့တဲ့ သတင်းထောက်တွေ မီဒီယာခန်း ကနေ တိုက်ရိုက် သတင်းရယူခွင့် တားမြစ် ပိတ်ပင် ခံလိုက်ရပါတယ်။

အခု ဒုတိယအကြိမ် လွှတ်တော်သစ် ပေါ်လာချိန် အထိလည်း လွှတ်တော် မီဒီယာခန်း ထဲကနေ သတင်းထောက်တွေ တိုက်ရိုက် သတင်းရယူခွင့် မရှိသေးပါဘူး။

ဒီအချိန်မှာပဲ ဖေဖော်ဝါရီ ၅ ရက် ထုတ်ပြန်ချက်နဲ့ သတင်းထောက်တွေရဲ့ သတင်း ရယူပိုင်ခွင့်ကို တိုးမြှင့် ကန့်သတ်လိုက်တာပါ။

ဒါက အာဏာရှင် အစိုးရတွေ လုပ်ခဲ့တဲ့ ပုံစံမျိုးပါပဲ။ ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့လည်း မကိုက်ညီပါဘူး။ နိုင်ငံတကာ စံနှုန်းအရ ဆိုရင်လည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။


(၃)

လွှတ်တော်ရုံး ထုတ်ပြန်ချက်မှာ ပါ၀င်တဲ့ ကျန်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြောစရာတွေလည်း ရှိနေပါတယ်။ လူအရေအတွက် ကန့်သတ်လိုက်တဲ့ ကိစ္စပါ။

လွှတ်တော် အစည်းအဝေး သတင်းယူဖို့ မီဒီယာ တစ်ဖွဲ့ကို ငါးဦးထက် မပိုရဘူးလို့ ဆိုထားပါတယ်။ အဲဒီ ငါးဦး စာရင်းဟာ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ နိုင်ငံခြား သတင်းထောက်များ အသင်းက စိစစ် ပေးပို့လာသူတွေ ဖြစ်ရမယ်၊ ဒီလူတွေကို လွှတ်တော်ရုံး အသီးသီးကို ပေပို့ တင်ပြပြီး ခွင့်ပြုချက် ရယူရမယ်လို့ ပြောထားပါတယ်။

အရင်ကတော့ ဒီလိုပုံစံ မဟုတ်ပါဘူး။ သတင်းထောက်တွေက ပြန်ကြားရေးကို နာမည်စာရင်း ပို့မယ်၊ ပြန်ကြားရေးက လွှတ်တော်ရုံးကို ပို့မယ်၊ လွှတ်တော်ရုံးက ခွင့်ပြုချက်နဲ့ သတင်းရယူခွင့် ရှိမယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

တကယ်ဆိုရင် ဒီကိစ္စကို ကြားခံ အဖွဲ့အစည်း (proxy) မထားဘဲ လွှတ်တော်ရုံးက တိုက်ရိုက် ဆောင်ရွက်သင့်တာပါ။ သတင်း ယူလိုသူတွေက လွှတ်တော်ရုံးကို အထောက်အထားနဲ့ လျှောက်ထား၊ လွှတ်တော်ရုံးက စိစစ်ပြီး ခွင့်ပြုရင် အဆင်ပြေနိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ ကြားခံ အဖွဲ့အစည်း တစ်ခုကို အရင် စိစစ်ခိုင်းမယ်၊ သူတို့ တင်ပြလာတာကိုမှ ထပ်ပြီး စိစစ်ဦးမယ် ဆိုရင် လုပ်ငန်းစဉ် ရှုပ်ထွေးမှု ဖြစ်မှာ သေချာပါတယ်။

တစ်ဖက်မှာလည်း ဒါဟာ ကြားခံ အဖွဲ့အစည်းတွေကို သုံးပြီး သတင်းထောက်တွေကို ထိန်းချုပ်ချင်တဲ့ သဘော သက်ရောက်ပါတယ်။ ဒီ အမူအကျင့် ဟာလည်း အာဏာရှင် အစိုးရတွေရဲ့ လက်စွဲ ဖြစ်ပါတယ်။

ဒီလို အရေအတွက် ကန့်သတ်မှုက လွှတ်တော် အစည်းအဝေး အားလုံးအတွက် ဆိုလိုပုံ ရပါတယ်။

လွှတ်တော် အစည်းအဝေး အပြည့်အစုံ သတင်းယူဖို့ အတွက် ဆိုရင် လူငါးဦးထဲနဲ့ လုံလောက်ခြင်း ရှိ၊ မရှိကို သတင်းထောက်တွေ အသိဆုံးပါပဲ။ အခုချိန်မှာပဲ လွှတ်တော်မှာ သတင်းရယူနေတဲ့ ကျွန်တော်တို့ Eleven Media Group ရဲ့ သတင်းထောက် ခုနစ်ဦး ရှိပါတယ်။ သတင်းစာအတွက် ပြည်သူ့ လွှတ်တော်မှာ နှစ်ဦး၊ အမျိုးသား လွှတ်တော်မှာ တစ်ဦး ပုံမှန် ထားရှိပါတယ်။ Eleven Web TV အတွက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ သတင်းထောက်နဲ့ ကင်မရာသမား နှစ်ဦးစီ ပုံမှန် ထားပါတယ်။

သတင်းစာ၊ ဂျာနယ် တစ်စောင်တည်း အတွက်ဆိုရင် လူငါးဦးက လုံလောက်ပါတယ်။ ဒါပေမဲ့ သတင်းစာ၊ ဂျာနယ် တစ်ခုတည်း အတွက် မဟုတ်ဘဲ ရုပ်သံဌာန တွဲပါရင် မလုံလောက်တော့ပါဘူး။ ဒါ့အပြင် ခွင့်ပြုထားတဲ့ ငါးဦး လဲလှယ်ပိုင်ခွင့် ရှိ၊ မရှိကို တရားဝင် ထုတ်ပြန်ချက်မှာ ပြောမထားပါဘူး။ ငါးဦးထက် ပိုဝင်ဖို့ လိုတယ်ဆိုတဲ့ အဖွဲ့တွေကို သီးခြား စိစစ်မယ်လို့တော့ ပြောထားပါတယ်။ ဒီအပိုင်းက အားလုံးအတွက် တစ်ပြေးညီလား၊ လက်သင့်ရာ ခွင့်ပြုခြင်း ဖြစ်မလားဆိုတာ မေးစရာ ရှိပါတယ်။

ဘာကြောင့်လဲဆိုရင် သာမန် သတင်းမီဒီယာ တစ်ခုက သတင်းထောက်တွေထက် အစိုးရ သတင်းစာ၊ ရုပ်သံ၊ MRTV-4၊ Sky Net စတဲ့ သတင်းဌာနတွေက သတင်းသမားတွေ အခွင့်အရေး ပိုရခဲ့တဲ့ သာဓက များစွာ အရင်အစိုးရ လက်ထက်မှာ ရှိခဲ့ဖူးပါတယ်။

အရေအတွက် ကန့်သတ်ခြင်းက ဒုတိယအကြိမ် လွှတ်တော်သစ် အဖွင့်မှာ သတင်းထောက် ၅၀၀ ကျော် လာရောက် သတင်းယူခဲ့တာနဲ့ ဆိုင်ပါလိမ့်မယ်။ ဒါကို အကြောင်းပြုပြီး အရေအတွက် ကန့်သတ်တာ မဖြစ်သင့်ပါဘူး။

နောက်တစ်ချက်က ဖွင့်ပွဲနေ့ ဖြစ်လို့သာ လာတဲ့ သတင်းထောက် အရေအတွက် များခဲ့တာပါ။ အမြဲတန်း ဒီလို များနေမှာ မဟုတ်ပါဘူး။ ပုံမှန် အခြေအနေတွေမှာ လွှတ်တော်တွင်း အလျဉ်မပြတ် သတင်း ရယူနေတဲ့ သတင်းထောက် အရေအတွက် ၅၀ နဲ့ ၁၀၀ ကြားမှာပဲ ရှိပါတယ်။ တချို့ အချိန်တွေမှာ ၂၀၊ ၃၀ လောက်ပဲ ရှိပါတယ်။

လွှတ်တော်ဝင်းအတွင်း ရှိတဲ့ ကန့်သတ် အဆောက်အအုံတွေ၊ နေရာတွေမှာ ခွင့်ပြုချက် မရဘဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခွင့် မပြုရ ဆိုတဲ့ အပိုင်းမှာ ဘယ်လို အရာတွေကိုလည်း ဆိုတာ တိတိကျကျ ပြောရပါလိမ့်မယ်။

တစ်ခု ထူးခြားတာက လွှတ်တော်ရေးရာ ကော်မတီ အဆောင်တစ်ခု ဖြစ်တဲ့ I ဆောင်ဝင်းအတွက် လုံခြုံရေး သီးခြား ထားရှိရန်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း အဆောင် I-1 မှာ သူရဦးရွှေမန်းရုံး ထိုင်ပြီး အဆောင် I-12 မှာ ဒေါ်Aအာင်ဆန်းစုကြည် ရုံးထိုင်တဲ့ အတွက် လုံခြံုရေး သီးခြားထားတယ်လို့ပဲ ယူဆပါတယ်။


(၄)

သတ်မှတ်ချက် အမှတ် ၁၃ မှာ ပါတဲ့ Media Corner ဆိုတဲ့ ကိစ္စတော့ ပြောရပါလိမ့်မယ်။ အရင်ကတော့ လွှတ်တော် အစည်းအဝေး ကျင်းပနေတာကို တိုက်ရိုက် သတင်းရယူနိုင်တဲ့ မီဒီယာခန်း ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ မီဒီယာခန်းကို ပိတ်လိုက်ပြီး တိုက်ရိုက် သတင်းယူခွင့် တားမြစ်လိုက်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သစ် ပြန်စချိန်မှာလည်း မီဒီယာခန်းကို သတင်းထောက်တွေအတွက် ဖွင့်မပေးပါဘူး။ ဒါပေမဲ့ Media Corner ဆိုတာ ရှိလာပါတယ်။ ဒါက သတင်းထောက်တွေအတွက် အဆင်ပြေတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။

ဒုတိယအကြိမ် ပြန်စတဲ့ လွှတ်တော်သစ်မှာ တကယ်တန်း လိုအပ်နေတာက သတင်းထောက် ၅၀ နဲ့ ၁၀၀ လောက် အလုပ်လုပ်နိုင်တဲ့ Media Center ဖြစ်ပါတယ်။ လွှတ်တော် သတင်းထောက်တွေအတွက် နိုင်ငံတကာ ပုံစံ Media Corner ထားပေးတယ်ဆိုရင် နိုင်ငံတကာမှာလိုပဲ Media Center တစ်ခု ပီပီပြင်ပြင် ထားပေးဖို့ လိုပါတယ်။

ထုတ်ပြန်ချက်မှာ ပါတဲ့ သတ်မှတ်ချက် အမှတ် ၁၃ မှာ “Media Corner တွင် အရုပ်နှင့် အသံ ရယူနိုင်ရန်နှင့် သတင်း ရေးသားရန် စီစဉ်ပေးထားပြီး ဖြစ်သဖြင့် ယင်းနေရာတွင်ပင် သတင်း ရယူခြင်း၊ နားနေခြင်းတို့ ဆောင်ရွက်ရန်” ဆိုတာက Media Center ရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်အောင် ပေးထားတဲ့ အခင်းအကျင်း မဟုတ်ပါဘူး။

ဒါကြောင့်ပဲ လွှတ်တော်တွင်း လျှောက်လမ်းဘေးမှာ ဖြစ်သလိုနေရင်း သတင်းကိစ္စ လုပ်နေကြတာတွေ၊ တီဗွီငယ် တစ်လုံးကို သတင်းထောက် များစွာ ၀ိုင်းကြည့်ပြီး သတင်း ရယူနေရတဲ့ မြင်ကွင်းတွေကို တွေ့နေရတာပါ။

ဒီမြင်ကွင်းတွေက အရင် လွှတ်တော်မှာလည်း ရှိခဲ့တယ်။ အခု လွှတ်တော်သစ်မှာလည်း ဆက်ရှိနေမယ် ဆိုရင် သတင်းမီဒီယာတွေ အပေါ် လွှတ်တော်ရဲ့ သဘောထား ပုံရိပ် ကျဆင်းစေမှာ ဖြစ်ပါတယ်။ ပုံရိပ် ကျဆင်းစေတာထက် အရင် ငါးနှစ် အာဏာရ ပြည်ခိုင်ဖြိုး ပါတီရဲ့ မီဒီယာအပေါ် သဘောထားနဲ့ အခု NLD ဦးဆောင်တဲ့ လွှတ်တော်ရဲ့ မီဒီယာအပေါ် သဘောထား အတူတူပဲ ဆိုတဲ့ ပုံစံက ပိုအကျည်းတန်ပါတယ်။

Media Center ထားဖို့ဆိုရင် နိုင်ငံတကာ အစည်းအဝေးတွေ၊ ကွန်ဖရင့်တွေမှာ ဘယ်လို လုပ်သလဲ ဆိုတာ ဥပမာ ယူသင့်ပါတယ်။ အနီးစပ်ဆုံး အဖြစ် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေ၊ နောက်ပြီး အရှေ့တောင်အာရှ အားကစားပွဲတွေမှာ Media Center ကို ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာ လေ့လာလို့ ရပါတယ်။

စားပွဲနဲ့ ထိုင်ခုံ ခင်းထားပြီး နေရာတစ်ခု ပေးထားရုံနဲ့ အဲတာကို Media Center ခေါ်လို့ မရပါဘူး။ မီဒီယာ တာဝန်ခံတွေရဲ့ ရုံးခန်း၊ ကွန်ပျူတာ၊ မြန်နှုန်းမြှင့် အင်တာနက်၊ မိတ္တူကူးစက်၊ ပရင်တာ စတာတွေ အပါအဝင် သတင်းစီဆင်းမှု မြန်ဆန်ဖို့ အထောက်အကူပြု ပစ္စည်းတွေ ထားပေးဖို့ လိုပါတယ်။ ရုပ်သံ ထုတ်လွှင့်သူတွေ အတွက် စတူဒီယို ခန်းမငယ်တွေ လိုအပ်သလို သတင်းစာ ရှင်းလင်းပွဲ လုပ်ချင်သူတွေ၊ သတင်း ထုတ်ပြန်လိုသူတွေနဲ့ အင်တာဗျူး လုပ်လိုသူတွေ အကြား ချိတ်ဆက်မှု အဆင်ပြေအောင် လုပ်ပေးရတဲ့ မီဒီယာ ဆက်ဆံရေး ၀န်ထမ်းငယ်တွေကိုလည်း သတင်းထောက်တွေနဲ့ အတူ နေရာ တစ်ခုတည်းမှာ စနစ်တကျ ထားရှိပေးရမှာ ဖြစ်ပါတယ်။ ဒါတွေက နိုင်ငံတကာမှာ ထားရှိတဲ့ ပုံစံတွေကို ဥပမာထား ပြောပြတာပါ။ မြန်မာနိုင်ငံမှာလို ကြီးမားပြီး ခမ်းနားထည်ဝါတဲ့ လွှတ်တော်ကြီး တစ်ခုမှာ သတ်မှတ် အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ Media Center တစ်ခု ရှိသင့်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အဓိက ပြောစရာ သုံးချက်ပဲ ရှိပါတယ်။ ပထမ အချက်က သတ်မှတ်ချက် အမှတ် ၁၈ ကို မထည့်သင့်ပါဘူး။ လွှတ်တော်က လွှတ်တော် အလုပ် လုပ်နေချိန်မှာ သတင်းထောက်တွေလည်း သူတို့ အလုပ် သူတို့ လုပ်နေပါလိမ့်မယ်။ ဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း လိုက်နာရုံ ဖြစ်ပါတယ်။

ဒုတိယ အချက်က သတင်း ရယူဖို့ လူအရေအတွက် ကန့်သတ်တဲ့ အချက်ကို ပြန်စဉ်းစားသင့်ပါတယ်။ လွှတ်တော် သတင်းစီးဆင်းမှု အားကောင်းပြီး ပြည့်စုံတဲ့ သတင်းဖော်ပြချက်တွေ လုပ်ဖို့ဆိုရင် လူအရေအတွက် ကန့်သတ်ချက်နဲ့ အလုပ်မဖြစ်နိုင်ပါဘူး။

တတိယ အချက်က တိုက်ရိုက် သတင်းယူခွင့် မပေးရင်တောင် Media Center တစ်ခုကို ပီပီပြင်ပြင် ထားပေးရပါလိမ့်မယ်။ ငါးနှစ်ကြာ ကာလတစ်လျှောက်လုံး အစည်းအဝေးတွေ မကြာခဏ လုပ်နေမယ့် လွှတ်တော်အတွက် ဆိုရင် Media Center လိုအပ်ပါတယ်။


(၅)

နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုက သတင်းမီဒီယာနဲ့ သက်ဆိုင်တာတွေကို လုပ်တဲ့အခါ ကြားခံ အဖွဲ့အစည်း (proxy) တွေ အသုံးချခြင်းကို ရှောင်ရှားဖို့ပါပဲ။ proxy တွေဟာ အားလုံးကို ကိုယ်စားပြုသူတွေ မဟုတ်ပါဘူး။ အရင် အစိုးရ အဆက်ဆက်မှာတော့ ဖိနှိပ် ချုပ်ချယ် ကန့်သတ်မှုတွေ လုပ်ချင်တဲ့အခါ သူတို့ရဲ့ လက်ကိုင်တုတ် proxy တွေကို သုံးပါတယ်။

လွှတ်တော်ရုံးက အခု ထုတ်ပြန်လိုက်တဲ့ ပုံစံအရ သတင်း မီဒီယာတွေကို တားမြစ် ကန့်သတ်ခြင်းဟာ သူတို့ သဘောနဲ့ လုပ်တာ မဟုတ်ဘူး၊ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး လုပ်တယ်ဆိုတဲ့ ပုံစံမျိုး ဖော်ဆောင်ခဲ့ပါတယ်။ ဒီပုံစံဟာ အာဏာရှင် အစိုးရတွေက သူတို့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို သုံးပြီး သူတို့လိုရာ ပုံဖော်ခဲ့ကြတာမျိုးနဲ့ အတူတူပါပဲ။

ထုတ်ပြန်ချက် အပိုဒ် ၂ မှာ ဖော်ပြထားချက်အရ လွှတ်တော်ရုံး အသီးသီးက ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိ ၀န်ထမ်းတွေ၊ ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးသက်ဆွေနဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး (၂) ဦးကျော်စွာမင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ဦးရဲမင်းဦး၊ လုံခြံုရေးဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံပြီး လွှတ်တော်ဝင်းအတွင်း မီဒီယာတွေ သတင်းရယူရာမှာ စနစ်တကျရှိဖို့ ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက် အပိုဒ် ၃ မှာ ပါ၀င်တဲ့ အချက်တွေက သူတို့ ညှိနှိုင်း ဆွေးနွေးပြီး ထွက်လာတာတွေ ဖြစ်တယ်၊ ဒီ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ပေးရမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ရုံး ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ဖေဖော်ဝါရီ ၅ ရက်မှာပဲ ပြည်ထောင်စုလွှတ်တော် ရုံးညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးဆီ စာတစ်စောင် ပို့ပါတယ်။

ဒီစာမှာ လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်ကို လက်မခံတာလား၊ ကန့်ကွက်တာလား တိတိကျကျ ပြောထားတာ မရှိပါဘူး။ ဒါပေမဲ့ ပေးစာပါ အပိုဒ် ၃ မှာ “လွှတ်တော်ရုံး အသီးသီး အနေနှင့် သတင်းသမားများ သတင်း ရယူခြင်းနှင့် ပတ်သက်၍ စည်းကမ်း သတ်မှတ်ခြင်း၊ အရေအတွက် ကန့်သတ်ခြင်း၊ နေရာ ကန့်သတ်ခြင်းများကို မိမိတို့ ဌာနအလိုက် လုပ်ထုံး လုပ်နည်းများ အတိုင်း ဆောင်ရွက်ရမည် ဖြစ်ခြင်းကို သတင်းမီဒီယာ ကောင်စီက နားလည် သဘောပေါက်ပါသည်။ သတင်းမီဒီယာ ကောင်စီ အနေဖြင့် ယင်းသတ်မှတ်ချက် ကိစ္စများကို ပါ၀င် ဆောင်ရွက်ခဲ့ခြင်း မရှိသလို ပါ၀င်မည် မဟုတ်ကြောင်းလည်း သိစေအပ်ပါသည်” လို့ ဖော်ပြခဲ့ပါတယ်။

သတင်းမီဒီယာ ကောင်စီရဲ့ ထုတ်ပြန်ချက်အတိုင်း ဆိုရင် လွှတ်တော်ရုံး အနေနဲ့ ကိုယ်လိုချင်တဲ့ ကန့်သတ် တားမြစ်ချက်တွေကို အယောင်ပြ ညှိနှိုင်း ဆွေးနွေးမှု လုပ်ခဲ့တာလား၊ တကယ်ပဲ အခြား အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့သလားဆိုတာ ရှင်းရပါဦးမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ ဖြစ်ဖို့ လက်ကိုင်တုတ်တွေ သုံးပြီး ဖန်တီးတာမျိုးကို အာဏာရှင် ခေတ်ကလည်း လုပ်ခဲ့ပြီးပါပြီ။ ဒါမျိုးကို အခုချိန်မှာ ထပ်မလိုချင်တော့ပါဘူး။


ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ခင်ဗျာ . . .

ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ဖေဖော်ဝါရီ ၅ ရက် ထုတ်ပြန်ချက်ဟာ ဗျူရိုကရေစီ ယန္တရားရဲ့ အာဏာရှင် အငွေ့အသက်တွေ လွှမ်းခြံုနေတာ တွေ့ရပါတယ်။ သတင်းမီဒီယာ ဥပဒေနဲ့ အညီ လူထုရဲ့ သတင်းသိပိုင်ခွင့်အတွက် ပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်တွေ အတိုင်း လွတ်လပ်စွာ သတင်းရယူလိုတဲ့ သတင်းထောက်တွေရဲ့ သတင်း ရယူပိုင်ခွင့်ကို ကန့်သတ်မှုတွေ ထပ်လုပ်ထားပါတယ်။ နောက်ပြီး သတင်းမီဒီယာ ဥပဒေအရ သတင်းထောက်တွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့် အပြည့်အဝ ရရှိရေးကိုလည်း တားဆီးမှုတွေ လုပ်ထားပါတယ်။

ဒါကို နာယကကြီးရော၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်ရော သိချင်မှ သိပါလိမ့်မယ်။ ဒါပေမဲ့ ဒီစည်းကမ်း သတ်မှတ်ချက်တွေကို ဘယ်သူကပဲ လုပ်ခဲ့၊ လုပ်ခဲ့ နာယကကြီးတို့က တာဝန်ရှိသူတွေ ဖြစ်နေတဲ့အတွက် ပြောပြရတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး အဖွင့်မှာ ပြောခဲ့တဲ့ စကားကို အမှတ်ရပါတယ်။ လွှတ်တော်ရဲ့ အဓိက တာဝန်က ဥပဒေပြုရေး ဖြစ်ပြီး ဥပဒေပြုသူသည် ဥပဒေကို ချိုးဖောက်သူ မဖြစ်စေရဆိုတဲ့ ဆိုရိုးစကားကို ပြောခဲ့တာပါ။

ဒီစကား အတိုင်းပဲ အခု ထုတ်ပြန်လိုက်တဲ့ သတ်မှတ်ချက်တွေဟာ ဥပဒေကို ကျော်လွန်ခြင်း ရှိ၊ မရှိ ဆိုတာ လွှတ်တော် အနေနဲ့ ပြန်သုံးသပ်ဖို့ လိုပါတယ်။ သေချာတာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကိုရော၊ သတင်းမီဒီယာ ဥပဒေ ပြဋ္ဌာန်းချက်ကိုပါ ကျော်လွန်ရာ ရောက်နေပါတယ်။ ဒီထုတ်ပြန်ချက် အတိုင်း ဆက်ပြီး အတည်ပြုခဲ့မယ် ဆိုရင် ဥပဒေ ပြုသူတွေက ဥပဒေအပေါ် ဘယ်လို သဘောထားလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။

စည်းကမ်း သတ်မှတ်ချက်တွေ မထုတ်နဲ့လို့ မပြောလိုပါဘူး။ ထုတ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လို စည်းကမ်းသတ်မှတ်ချက်ကိုပဲ ထုတ်ထုတ်၊ ထုတ်ပြန်လိုက်တဲ့ အရာဟာ (၁) ဆန္ဒစွဲနဲ့ မဟုတ်ဘဲ မူအရပဲ ထုတ်သင့်ပါတယ်၊ (၂) ဥပဒေနဲ့ ကိုက်ညီအောင် လုပ်သင့်ပါတယ်၊ (၃) နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီသင့်ပါတယ်။

ထပ်ပြောရင်တော့ သတင်း မီဒီယာတွေကို ကိုင်တွယ်တဲ့ အခါ proxy တွေကို မသုံးပါနဲ့။ ဂျာနယ်လစ်တွေထဲမှာလည်း စားဖားတွေ၊ ဖော်လံဖားတွေ၊ လက်ကိုင်တုတ် လုပ်ချင်သူတွေ ၊ အခွင်ထူး ခံချင်ကြသူတွေ ရှိကြပါတယ်။ သူတို့ စကားတွေကိုလည်း နားမယောင်ပါနဲ့။ အားလုံးရဲ့ သဘောဆန္ဒကို နားစွင့်ပေးကြပါ။

နောက်ပြီး မတရားသဖြင့် စီးပွားရှာပြီး ကြီးပွားနေကြတဲ့ တချို့သော ခရိုနီ လုပ်ငန်းရှင်ကြီးတွေက NLD ကို ကုတ်ခွစီးပြီး မီဒီယာတွေကို ချောက်ချဖို့ ကြိုးစား ကြံစည်နေတာကို နာယကကြီးတို့၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတို့ သိသင့်ပါတယ်။

ဒီလို လူတွေရဲ့ ချောက်တွန်းမှုတွေကို အယုံသွင်းပြီး ဥပဒေနဲ့ မညီတဲ့ စည်းကမ်း သတ်မှတ်ချက် ထုတ်တာတွေကို အာဏာရှင် အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့ကြပြီးပါပြီ။ ပြည်သူက ယုံကြည်လို့ ရွေးချယ်ထားတဲ့ NLD ပါတီမှာ ဒီလိုလူတွေအတွက် နေရာ မရှိသင့်ပါဘူး။

အခုတော့ NLD ဦးဆောင်တဲ့ လွှတ်တော်မှာ ဥပဒေနဲ့ မညီတဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ထွက်လာတာကို အရင်ဆုံး ပြင်ဆင် ပယ်ဖျက်ပေးဖို့ နာယကကြီးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကို တိုက်တွန်းလိုက်ပါတယ်။

အလေးအနက် ထားပြီး ပြောချင်တာက အမိန့်တွေ၊ ထုတ်ပြန်ချက်တွေ၊ စည်းကမ်းချက်တွေ၊ ကန့်သတ်မှုတွေ လုပ်တော့မယ် ဆိုရင် ကိုယ်တိုင်သိအောင် အရင်လေ့လာ စေချင်ပါတယ်။ မသိသေးဘူး ဆိုရင်လည်း အမှန်တကယ် တတ်သိ နားလည်ပြီး ဘက်လိုက်မှု ကင်းသူတွေဆီက အကြံဉာဏ်ကို ယူစေချင်ပါတယ်။ ဒီလို မဟုတ်ဘဲနဲ့ အမိန့်တွေ၊ ထုတ်ပြန်ချက်တွေ၊ စည်းကမ်းတွေ မထုတ်စေချင်ပါဘူး။

တကယ်လို့ အခု ထုတ်ပြန်ချက်ကို နာယကကြီးတို့ မသိခဲ့ဘူး ဆိုရင် ဗျူရိုကရေစီ ယန္တရားထဲက လုပ်ထုံးလုပ်နည်း ဟောင်းတွေနဲ့ NLD ဦးဆောင်တဲ့ လွှတ်တော်၊ NLD ဦးဆောင်မယ့် အစိုးရကို ဒုက္ခပေး၊ အနှောင့်အယှက် ပြုချင်သူတွေ ရှိနေပြီ၊ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းဟောင်းတွေကို မသိဘဲ ခွင့်ပြုလိုက်တဲ့အတွက် NLD နဲ့ ပြည်သူအကြား ထိပ်တိုက်တိုးမှုတွေ ဖြစ်လာနိုင်တာကို ပထမဆုံး သတိပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။    



(ဖေဖော်ဝါရီ ၅ ရက် နေ့စွဲဖြင့် ပြည်ထောင်စု လွှတ်တော်ရုံးက ထုတ်ပြန်ခဲ့သော သတင်းမီဒီယာများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေး ထုတ်ပြန်ချက် အပြည့်အစုံအား တွေ့ရစဉ်)
Writer:
နေထွန်းနိုင်



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)