သံတွဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်း မီးလောင် (သံတှဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်း မီးလောင် )
သံတွဲ၊ ဖေဖော်ဝါရီ ၂၇
ဖေဖော်ဝါရီ ၂၆ ရက် ညနေ၃ နာရီ ၃၀ မိနစ်ခန့် အချိန်တွင် ဒါးမိန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားကျောင်း အဆောက်အဦမှာ ၈ဝ×၄ဝ×၂၅ ပေ သွပ်မိုး/ ပျဉ်ကာ/ ပျဉ်ခင်း အုပ်ဖိနပ်ခံ ဖြစ်ကြောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် အခြား ဆက်စပ် ပစ္စည်းအချို့ မီးလောင်ကျွမ်းသွားသဖြင့် ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ ၃၁.၅ သိန်း ကျပ်ရှိကြောင်း၊ လူအသေ အပျောက်နှင့် ထိခိုက်ဒဏ်ရာရသူ ရရှိကြောင်း မြိ့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
မြို့နယ်မီးသတ် ဦးစီးဋ္ဌာနမှ ဦးနေလင်းကျော် ဦးစီးပြီး မီးသတ် တပ်ဖွဲ့ဝင် (၂၅)ဦး၊ မီးသတ်ယာဉ် ၄စီးဖြင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အရပ်သားများပါ ၀ိုင်းဝန်း မီးငြိမ်းသတ်ရာ ညနေ ၄ နာရီ အချိန်တွင် မီးညွှန့်ကျိုးပြီး ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။
Arakan State
.........
သံတွဲ၊ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ ခရစ်ယာဉ်ဘုရားရှိခိုးကျောင်း တစ်ကျောင်း ယမန်နေ့ ညနေပိုင်းက မီးလောင် သွားခဲ့ကြောင်း ပြည်နယ် မီးသတ် ဦးစီးဌာနမှ တစ်ဆင့် သိရသည်။
၎င်းဘုရားရှိခိုးကျောင်းမှာ သံတွဲမြို့ အမှတ်(၇) ရပ်ကွက် ဘုရင့်နောင်လမ်း တွင် တည်ရှိသည့် သံတွဲ ခရိုင် ပြည်သူ့ ဆေးရုံကြီးရှေ့ရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းဖြစ်ကြောင်း သိရသည်။
“ဒါးမိန်ခုံ (Chang Over) အပူလွန်ကဲရာကနေ စလောင်တာလို့ သိရပါတယ်။ အခုက အယ်နီညို ရာသီဥတုကလည်း ဖြစ်နေတော့ ပုံမှန်ထက် အပူ ချိန်ပြင်းနေတယ်။ သတိထားရမယ်” ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာကို အတည်ပြုပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေ၃ နာရီ ၃၀ မိနစ်ခန့် အချိန်တွင် ဒါးမိန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားကျောင်း အဆောက်အဦမှာ ၈ဝ×၄ဝ×၂၅ ပေ သွပ်မိုး/ ပျဉ်ကာ/ ပျဉ်ခင်း အုပ်ဖိနပ်ခံ ဖြစ်ကြောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် အခြား ဆက်စပ် ပစ္စည်းအချို့ မီးလောင်ကျွမ်းသွားသဖြင့် ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ ၃၁.၅ သိန်း ကျပ်ရှိကြောင်း၊ လူအသေ အပျောက်နှင့် ထိခိုက်ဒဏ်ရာရသူ ရရှိကြောင်း မြိ့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသို့ ပြောဆိုသည်။
မြို့နယ်မီးသတ် ဦးစီးဋ္ဌာနမှ ဦးနေလင်းကျော် ဦးစီးပြီး မီးသတ် တပ်ဖွဲ့ဝင် (၂၅)ဦး၊ မီးသတ်ယာဉ် ၄စီးဖြင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အရပ်သားများပါ ၀ုိင်းဝန်း မီးငြိမ်းသတ်ရာ ညနေ ၄ နာရီ အချိန်တွင် မီးညွှန့်ကျိုးပြီး ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။
“ကျောင်းတစ်ကျောင်းလုံး မီးလောင်သွားပါတယ်။ ဒီအဆောက် အဦက နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိပြီဖြစ်လို့ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှု တစ်ခုပါ ”ဟု အခင်းဖြစ်ရာသို့ သွားရောက်ခဲ့သည့် သံတွဲ မြို့ခံ ကိုစိန်ချစ်က ပြောဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သင်းအုပ်ဆရာ ဦးဟန်မြင့် (၅၂ နှစ်)ကို သံတွဲမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မာန်ယုကျော်/ မေဇော်ကို (သံတွဲ)
Arakan State
https://www.facebook.com/NarinjaraNews/
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)