ဆားခါးရွာအနီး တိုင်းဒေသကြီးအစိုးရ၏ စီမံကိန်းဖေါ်ထုတ်မှုကို ဒေသခံများ ကန့်ကွက်


ဖေဖေါ်ဝါရီ ၁၀ ။




ယင်းစီမံကိန်းမှာ မြင်းခြံမြို့မှ ၇-မိုင်ခန့်ဝေးသည့်သံမဏီစက်ရုံအနီးတည် ရှိပြီး ဒေသခံများ၏ သောက်သုံးရေ အခက်အခဲဖြစ်မည်ကို စိုးရိမ်သဖြင့် စီမံကိန်းရပ်တံ့ပေးရန် ခွင့်ပြုချက်တင်ကာ ကန့်ကွက်ခဲ့ကြသည်။





............


ဖေဖေါ်ဝါရီ ၁၀ ။

မြင်းခြံမြို့နယ် ဆားခါးရွာ မြနန္ဒာဆည်ရေဝင်ဧရိယာတွင်မန္တလေးတိုင်းဒေ သကြီးအစိုးရမှ မြေလွတ်မြေရိုင်းဖေါ်ထုတ်စီမံကိန်းဆောင်ရွက်ခြင်းကြော င့် ရေရှားပါးမှုကြုံတွေ့ နိုင်ခြင်းကြောင့် ဒေသခံအင်အား ၅၀၀-ကျော် က ဖေဖေါ်ဝါရီ ၁၀-ရက်၊နံနက် ၉-နာရီခန့်က မြင်းခြံမြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


ယင်းစီမံကိန်းမှာ မြင်းခြံမြို့မှ ရ-မိုင်ခန့်ဝေးသည့်သံမဏီစက်ရုံအနီးတည် ရှိပြီး ဒေသခံများ၏ သောက်သုံးရေ အခက်အခဲဖြစ်မည်ကို စိုးရိမ်သဖြင့် စီမံကိန်းရပ်တံ့ပေးရန် ခွင့်ပြုချက်တင်ကာ ကန့်ကွက်ခဲ့ကြသည်။

“ ရေရှိမှ ရွာသားတွေ သောက်သုံးရေ ဖူလုံတယ်။ဆည်ရေဝင် ဧရိယာတွေ မှာ မြေလွတ်မြေရိုင်း ဖေါ်ထုတ်ရင် သောက်သုံးရေမလုံေ လာက်ဘူး။ရာသီ ဥတု ဖေါက်ပြန်နေတော့ မိုး-နည်းတာနဲ့ ရေရှားပါးလို့ စပါး မစိုက်ဘဲနဲ့ ရွာ ဓလေ့အရ တခြားသီးနှံစိုက်ဖို့ လုပ်နေရတယ်။စပါးစိုက်ရင် သောက်သုံးရေ မလုံ လောက်မှာစိုးလို့ ကုလားပဲနဲ့တခြားသီးနှံစိုက်ဖို့ပေါ့။”ဟု ကံတော်ရွာမှ ကိုဇော်ထွေးက ပြောသည်။


စီမံကိန်းမှာ ကွင်းအမှတ်၃၁၂(က)အတွင်းရှိ မြနန္ဒာဆည်ထိပ် ရေဝင်ဧရိယာ များတွင်၁၃၀ဒသမ၆၂ ဧကကို မြေကွက်ဖေါ်ထုတ်နေကြောင်း၊ယင်းစီမံကိ န်းကြောင့် ဆားခါးရွာ အိမ်ထောင်စု ၄၈၀-ကျော်(လူဦးရေ-၁၃၀၀ခန့် သော က်သုံးရေ အခက်အခဲရှိနိုင်ကြောင်းရွာသားများက စိုးရိမ်နေကြသည်။

Mandalay News (facebook)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)