ေရႊျပည္သာမွာ အုပ္ခ်ဳပ္ေရးမွဴးသစ္ ေရြးခ်ယ္ ခန္႔အပ္ေပးဖို႔ ေတာင္းဆုိဆႏၵျပ

ရန္ကုန္ၿမိဳ႕ ေရႊျပည္သာၿမိဳ႕နယ္က (ဒ)ရက္ကြက္အုပ္ခ်ဳပ္ေရးမွဴးကို ရာထူးကဖယ္ရွားေပးဖို႔အတြက္ ရပ္ကြက္ေနျပည္သူေတြ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ဆႏၵျပေတာင္းဆိုစဥ္။ Photo: Htet Arkar/RFA
ရန္ကုန္တုိင္းေဒသႀကီး ေရႊျပည္သာၿမိဳ႕နယ္ (ဒ) ရပ္ကြက္က အုပ္ခ်ဳပ္ေရးမွဴးဟာ အမ်ားျပည္သူပိုင္ ေျမကြက္ေတြ ကို ေရာင္းစားေနတဲ့အတြက္ သူ႔ကိုတာ၀န္ကေန ဖယ္ရွားၿပီး  အသစ္ျပန္လည္ေရြးခ်ယ္ခန္႔အပ္ေပးဖို႔ ရပ္ကြက္သူ/ရပ္ကြက္သား ၂၀၀ ေလာက္က ဒီေန႔ ရပ္ကြက္အတြင္းမွာ ဆႏၵျပေတာင္းဆုိၾကပါတယ္။

ေျမကြက္ေရာင္းစားတာအျပင္ လူမိုက္ေတြကို ဧည့္စာရင္းစစ္ခိုင္းတာေတြ ေငြေၾကးေတာင္းခံတာေတြ လုပ္ေနတာေၾကာင့္ အသစ္ေရြးခ်ယ္ေပးဖို႔ ေတာင္းဆုိတာျဖစ္တယ္လို႔ ဆႏၵျပရာမွာ ပါ၀င္သူတစ္ဦးျဖစ္သူ ဦးကိုကိုႏိုင္က ေျပာပါတယ္။

"အမကေက်ာင္းေျမ အပိုင္း ၁ ထဲမွာ ေျမကြက္ေတြကို ေရာင္းစားထားတယ္၊ သူ႔ေရာင္းစားတာ မဟုတ္ဘူး၊ ႀကိဳက္တဲ့ေနရာမွာတိုင္ မင္းတို႔ႀကိဳက္သလိုလုပ္ ငါကလက္မွတ္ထိုးေပးထားတာ မရွိဘူးဆိုတဲ့စကားေျပာတယ္၊ မိုက္ေၾကးခြဲတယ္ ပိုက္ဆံေတာင္းတယ္၊ ဧည့္စာရင္းစစ္တာ လူမိုက္ကစစ္တယ္၊ ရာအိမ္မွဴးမပါဘူး အုပ္ခ်ဳပ္ေရးမွဴးမပါဘူး မီးသတ္မပါဘူး၊ အဲ့ေတာ့ တရားဥပေဒမဲ့ျပဳက်င့္ေနတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ရာအိမ္မွဴးေတြကို လံုးဝလက္မခံႏိုင္တာေၾကာင့္ က်ေနာ္တို႔ ျပဳျပင္ေျပာင္းလဲေရးအသစ္ကို လိုအပ္ပါတယ္၊ အဲ့ဒါေၾကာင့္ က်ေနာ္တို႔ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္ပါတယ္"

ရပ္ကြက္သူ/ရပ္ကြက္သားေတြဟာ ဆႏၵျပခြင့္ရဖို႔ခြင့္ျပဳခ်က္ ေတာင္းခံေပမယ့္ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔က ခြင့္ျပဳမိန္႔မေပးခဲဲ့ဘဲ ဆႏၵျပသူေတြကို တရားမ၀င္ စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈ နဲ႔ အေရးယူသြားမယ္လို႔ ေျပာပါတယ္။

ေရႊျပည္သာၿမိဳ႕နယ္မွာ ရပ္ကြက္ေပါင္း ၂၇ရပ္ကြက္ရွိၿပီး (ဒ)ရပ္ကြက္မွာ အိမ္ေထာင္စု ၃၀၀ ေက်ာ္ ရိွတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
....................
 ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်က (ဒ)ရက်ကွက်အုပ်ချုပ်ရေးမှူးကို ရာထူးကဖယ်ရှားပေးဖို့အတွက် ရပ်ကွက်နေပြည်သူတွေ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်။ Photo: Htet Arkar/RFA
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (ဒ) ရပ်ကွက်က အုပ်ချုပ်ရေးမှူးဟာ အများပြည်သူပိုင် မြေကွက်တွေ ကို ရောင်းစားနေတဲ့အတွက် သူ့ကိုတာဝန်ကနေ ဖယ်ရှားပြီး  အသစ်ပြန်လည်ရွေးချယ်ခန့်အပ်ပေးဖို့ ရပ်ကွက်သူ/ရပ်ကွက်သား ၂၀၀ လောက်က ဒီနေ့ ရပ်ကွက်အတွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြေကွက်ရောင်းစားတာအပြင် လူမိုက်တွေကို ဧည့်စာရင်းစစ်ခိုင်းတာတွေ ငွေကြေးတောင်းခံတာတွေ လုပ်နေတာကြောင့် အသစ်ရွေးချယ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါ၀င်သူတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်က ပြောပါတယ်။

"အမကကျောင်းမြေ အပိုင်း ၁ ထဲမှာ မြေကွက်တွေကို ရောင်းစားထားတယ်၊ သူ့ရောင်းစားတာ မဟုတ်ဘူး၊ ကြိုက်တဲ့နေရာမှာတိုင် မင်းတို့ကြိုက်သလိုလုပ် ငါကလက်မှတ်ထိုးပေးထားတာ မရှိဘူးဆိုတဲ့စကားပြောတယ်၊ မိုက်ကြေးခွဲတယ် ပိုက်ဆံတောင်းတယ်၊ ဧည့်စာရင်းစစ်တာ လူမိုက်ကစစ်တယ်၊ ရာအိမ်မှူးမပါဘူး အုပ်ချုပ်ရေးမှူးမပါဘူး မီးသတ်မပါဘူး၊ အဲ့တော့ တရားဥပဒေမဲ့ပြုကျင့်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို လုံးဝလက်မခံနိုင်တာကြောင့် ကျနော်တို့ ပြုပြင်ပြောင်းလဲရေးအသစ်ကို လိုအပ်ပါတယ်၊ အဲ့ဒါကြောင့် ကျနော်တို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"

ရပ်ကွက်သူ/ရပ်ကွက်သားတွေဟာ ဆန္ဒပြခွင့်ရဖို့ခွင့်ပြုချက် တောင်းခံပေမယ့် မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုမိန့်မပေးခဲဲ့ဘဲ ဆန္ဒပြသူတွေကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၇ရပ်ကွက်ရှိပြီး (ဒ)ရပ်ကွက်မှာ အိမ်ထောင်စု ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)