ပင္လယ္ျပင္တြင္ မီးေလာင္နစ္ျမဳပ္ခဲ့သည့္ ျမန္မာငါးကဲ့ေလွမွ ေလွသားမ်ား အား စစ္ေရယာဥ္မွကယ္ဆယ္



ေနျပည္ေတာ္ ေဖ ၂၃

ၿမိတ္ၿမိဳ႕ေန ဦးမင္းဦး ပိုင္ဆိုင္သည့္ ခိုင္လင္းစိုး(၁၈၀)အမည္ရွိ ငါးကဲ့ေလွသည္ ၂၀၁၆ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ ည ၁၁နာရီ၃၀မိနစ္ခန္႔တြင္ ဘုတ္ျပင္းၿမိဳ႕ အေနာက္ေတာင္ဘက္ ၃၅ မိုင္ခန္႔ အေရာက္ စက္မႀကီးအပူလြန္ကဲ၍ မီးပြားမ်ားလြင့္စင္ရာမွ ေလွတစ္စီးလံုးမီးေလာင္ကၽြမ္းခဲ့ပါသည္။


ေရယာဥ္မီးေလာင္မႈသတင္းကိုရရွိသည္ႏွင့္ ပင္လယ္ျပင္လံုၿခံဳေရး တာ၀န္ ထမ္းေဆာင္ေနသည့္ စစ္ေရယာဥ္ ၅၆၇ သည္ မီးေလာင္ေန သည့္ ေနရာသို႔အျမန္သြားေရာက္၍ ရွာေဖြကယ္ဆယ္ေရးေဆာင္ရြက္ခဲ့ရာ မီးေလာင္ေနသည့္ ေလွႏွင့္ ကိုက္၆၀၀ခန္႔အကြာတြင္ ေရကူးေနၾကသည့္ ပဲ့နင္း ဦးအုန္းေမာင္ ဦးစီးသည့္ ေလွသား ၁၅ ဦး စုစုေပါင္း ၁၆ ဦးကို အား ကယ္ဆယ္ႏိုင္ခဲ့ပါသည္။


ေလွမီးေလာင္မႈေၾကာင့္ လူ ေသဆံုးမႈမရွိခဲ့ေၾကာင္းႏွင့္ ေလွသားအားလံုးကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္းသတင္းရရွိပါသည္။

တပ္မေတာ္-ေရ
https://www.facebook.com/MyanmarNavyOfficial/


........


နေပြည်တော် ဖေ ၂၃

မြိတ်မြို့နေ ဦးမင်းဦး ပိုင်ဆိုင်သည့် ခိုင်လင်းစိုး(၁၈၀)အမည်ရှိ ငါးကဲ့လှေသည် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၁နာရီ၃၀မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့ အနောက်တောင်ဘက် ၃၅ မိုင်ခန့် အရောက် စက်မကြီးအပူလွန်ကဲ၍ မီးပွားများလွင့်စင်ရာမှ လှေတစ်စီးလုံးမီးလောင်ကျွမ်းခဲ့ပါသည်။


ရေယာဉ်မီးလောင်မှုသတင်းကိုရရှိသည်နှင့် ပင်လယ်ပြင်လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ရေယာဉ် ၅၆၇ သည် မီးလောင်နေ သည့် နေရာသို့အမြန်သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ မီးလောင်နေသည့် လှေနှင့် ကိုက်၆၀၀ခန့်အကွာတွင် ရေကူးနေကြသည့် ပဲ့နင်း ဦးအုန်းမောင် ဦးစီးသည့် လှေသား ၁၅ ဦး စုစုပေါင်း ၁၆ ဦးကို အား ကယ်ဆယ်နိုင်ခဲ့ပါသည်။


လှေမီးလောင်မှုကြောင့် လူ သေဆုံးမှုမရှိခဲ့ကြောင်းနှင့် လှေသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။

တပ်မတော်-ရေ
https://www.facebook.com/MyanmarNavyOfficial/

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)