ပုသိမ္ၿမိဳ႕လယ္ေကာင္ေရႊဆိုင္မွ ေရႊဆြဲႀကိဳးလုသူႏွစ္ဦးကိုဖမ္းမိ



ပုသိမ္ ေဖေဖာ္ဝါရီ ၁၇

ပုသိမ္ၿမိဳ႕လယ္ေကာင္ေရႊဆိုင္မွ ေရႊဆြဲႀကိဳးဝယ္ ဟန္ေဆာင္ၿပီး လုယူထြက္ေျပးသြားသည့္ ညီအစ္ကို ႏွစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရ သည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၁၅ ရက္ နံနက္ ၉ နာရီခြဲက ကုန္စုံလမ္းႏွင့္ ေျမႏုလမ္းေထာင့္ရွိ နဝရတ္ေရႊဆုိင္ဖြင့္ခ်ိန္ ၌ ေရႊဆိုင္ေရာင္းတာဝန္ခံ ေမာင္ေအာင္စိုးမိုး (၂ဝႏွစ္) ရွိေနစဥ္ ဆိုင္ေရွ႕၌ ဆိုင္ကယ္ဦးထုပ္ေဆာင္းထားၾကေသာ လူရြယ္ႏွစ္ဦးေရာက္ရွိလာၿပီး တစ္ဦးက ေရႊဆုိင္ထဲ ဝင္ေရာက္၍ ေရႊဆြဲႀကိဳးတစ္ကုံး လိုခ်င္ေၾကာင္းေျပာသျဖင့္ ေမာင္ေအာင္စိုးမိုးက ေရႊဆြဲႀကိဳးမ်ား ျပသေနစဥ္ ေငြက်ပ္ ၁၂ သိန္းေက်ာ္တန္ ေရႊဆြဲႀကိဳးကိုေရြးယူကာ လမ္းေပၚ၌ ဆိုင္ကယ္ႏွင့္ ရပ္ေနသူ ဝင္းလႈိင္အား ေငြက်ပ္ ၁၂ သိန္း ေက်ာ္ေပးေခ်ရန္ လွမ္းေျပာလိုက္ေၾကာင္း၊ ထို႔ေနာက္ ေအာင္စိုးမုိးက ေငြယူရန္ထြက္သြားစဥ္ ေရႊဆြဲႀကိဳးဖုိး က်သင့္ေငြ ေပးေခ်ျခင္းမရွိဘဲ ဆုိင္ကယ္ျဖင့္ ထြက္ေျပး သြားေၾကာင္း သိရသည္။

ယင္းအမႈႏွင့္ပတ္သက္၍ ပုသိမ္နယ္ေျမ အသည္ႀကီး ရဲစခန္းမွ စခန္းမွဴး ရဲအုပ္သိန္းေဇာ္ဦးႏွင့္အဖဲြ႕က ျပစ္မႈ က်ဴးလြန္သူႏွစ္ဦးအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ ခဲ့ေၾကာင္း၊ ေဖေဖာ္ဝါရီ ၁၆ ရက္ မြန္းတည့္ ၁၂ နာရီတြင္ ယခင္ျပစ္မႈက်ဴးလြန္ခဲ့ဖူးသူ ျမင့္လႈိင္(၁၉ ႏွစ္)ႏွင့္ ဝင္းလႈိင္ (၂၇ ႏွစ္) ပုသိမ္ၿမိဳ႕နယ္ သေဘၤာက်င္းတစ္ဖက္ကမ္း ဆယ္ပင္ႀကီးေက်းရြာေနသူတို႔ျဖစ္ႏုိင္ေၾကာင္း သံသယ ရွိသျဖင့္ ၄င္းတို႔ႏွစ္ဦးအား ဆက္လက္ရွာေဖြရာ သာေပါင္း ၿမိဳ႕မေစ်း ေရႊဆိုင္တစ္ဆုိင္၌ သက္ေသခံေရႊဆြဲႀကိဳးကို ေရာင္းခ်ေနစဥ္ ဖမ္းဆီးရမိခဲ့သည္။

ပုသိမ္-လွၾကည္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
............


ပုသိမ် ဖေဖော်ဝါရီ ၁၇

ပုသိမ်မြို့လယ်ကောင်ရွှေဆိုင်မှ ရွှေဆွဲကြိုးဝယ် ဟန်ဆောင်ပြီး လုယူထွက်ပြေးသွားသည့် ညီအစ်ကို နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲက ကုန်စုံလမ်းနှင့် မြေနုလမ်းထောင့်ရှိ နဝရတ်ရွှေဆိုင်ဖွင့်ချိန် ၌ ရွှေဆိုင်ရောင်းတာဝန်ခံ မောင်အောင်စိုးမိုး (၂ဝနှစ်) ရှိနေစဉ် ဆိုင်ရှေ့၌ ဆိုင်ကယ်ဦးထုပ်ဆောင်းထားကြသော လူရွယ်နှစ်ဦးရောက်ရှိလာပြီး တစ်ဦးက ရွှေဆိုင်ထဲ ဝင်ရောက်၍ ရွှေဆွဲကြိုးတစ်ကုံး လိုချင်ကြောင်းပြောသဖြင့် မောင်အောင်စိုးမိုးက ရွှေဆွဲကြိုးများ ပြသနေစဉ် ငွေကျပ် ၁၂ သိန်းကျော်တန် ရွှေဆွဲကြိုးကိုရွေးယူကာ လမ်းပေါ်၌ ဆိုင်ကယ်နှင့် ရပ်နေသူ ဝင်းလှိုင်အား ငွေကျပ် ၁၂ သိန်း ကျော်ပေးချေရန် လှမ်းပြောလိုက်ကြောင်း၊ ထို့နောက် အောင်စိုးမိုးက ငွေယူရန်ထွက်သွားစဉ် ရွှေဆွဲကြိုးဖိုး ကျသင့်ငွေ ပေးချေခြင်းမရှိဘဲ ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပုသိမ်နယ်မြေ အသည်ကြီး ရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းဇော်ဦးနှင့်အဖွဲ့က ပြစ်မှု ကျူးလွန်သူနှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် ယခင်ပြစ်မှုကျူးလွန်ခဲ့ဖူးသူ မြင့်လှိုင်(၁၉ နှစ်)နှင့် ဝင်းလှိုင် (၂၇ နှစ်) ပုသိမ်မြို့နယ် သင်္ဘောကျင်းတစ်ဖက်ကမ်း ဆယ်ပင်ကြီးကျေးရွာနေသူတို့ဖြစ်နိုင်ကြောင်း သံသယ ရှိသဖြင့် ၄င်းတို့နှစ်ဦးအား ဆက်လက်ရှာဖွေရာ သာပေါင်း မြို့မစျေး ရွှေဆိုင်တစ်ဆိုင်၌ သက်သေခံရွှေဆွဲကြိုးကို ရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့သည်။

ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)