ပဲခူးတိုင္းအ႒မတန္း ပထဝီေမးခြန္းတြင္ “တရုတ္ျပည္သူ႕သမၼတျမန္မာႏိုင္ငံ” ဟုမွားယြင္းေဖာ္ျပ

ပဲခူးတုိင္းေဒသႀကီးတြင္ အေျခခံပညာ အ႒မတန္း အတန္းတင္စာေမးပြဲ စတုတၳေျမာက္ေန႔အျဖစ္ ေဖေဖာ္ဝါရီ ၁၈ရက္၌ေျဖဆုိရသည့္ ပထဝီဝင္ေမးခြန္းလႊာတြင္ "တရုတ္ျပည္သူ႔သမၼတႏုိင္ငံ"အစား "တရုတ္ျပည္သူ႔သမၼတျမန္မာႏုိင္ငံ"ဟု မွားယြင္းေဖာ္ျပခဲ့ေၾကာင္း သတင္းရရွိသည္။
ပဲခူးတုိင္းေဒသႀကီး အေျခခံပညာ အ႒မတန္းအတန္းတင္စာေမးပြဲ ပထဝီဝင္ေမးခြန္းလႊာ၏ အပုိင္း (က)၊ အေျဖမွန္ေရြးခ်ယ္ရသည့္ ေမးခြန္း နံပါတ္(၂) (ဃ)တြင္ "တရုတ္ျပည္သူ႔သမၼတျမန္မာႏုိင္ငံ တြင္ ေနထုိင္သူအမ်ား စုမွာ (ထန္တရုတ္၊ ဗင္တရုတ္၊ ဟန္တရုတ္)တုိ႔ျဖစ္သည္" ဟု ေဖာ္ျပပါရွိခဲ့ျခင္းျဖစ္သည္။
ထုိသုိ႕ မွားယြင္းခဲ႕ရျခင္းမွာ ေမးခြန္းကုိ စာရုိက္ကူးရာတြင္ မွားယြင္းရုိက္ကူးမိျခင္းျဖစ္ၿပီး ေနာက္ဆက္တြဲျပင္ဆင္ခ်က္ကုိ ေမးခြန္းလႊာတြင္ တစ္ပါတည္းထည့္သြင္းေပးခဲ့ၿပီး ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား ေျဖဆိုရန္ ညႊန္ၾကားခဲ့ေၾကာင္း ပဲခူးတိုင္းေဒသႀကီး ပညာေရးမွဴးရုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
7Day News Journal
.......
ပဲခူးတိုင်းအဋ္ဌမတန်း ပထဝီမေးခွန်းတွင် “တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ” ဟုမှားယွင်းဖော်ပြ

ပဲခူးတိုင်းဒေသကြီးတွင် အခြေခံပညာ အဋ္ဌမတန်း အတန်းတင်စာမေးပွဲ စတုတ္ထမြောက်နေ့အဖြစ် ဖေဖော်ဝါရီ ၁၈ရက်၌ဖြေဆိုရသည့် ပထဝီဝင်မေးခွန်းလွှာတွင် "တရုတ်ပြည်သူ့သမ္မတနိုင်ငံ"အစား "တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ"ဟု မှားယွင်းဖော်ပြခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အခြေခံပညာ အဋ္ဌမတန်းအတန်းတင်စာမေးပွဲ ပထဝီဝင်မေးခွန်းလွှာ၏ အပိုင်း (က)၊ အဖြေမှန်ရွေးချယ်ရသည့် မေးခွန်း နံပါတ်(၂) (ဃ)တွင် "တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ တွင် နေထိုင်သူအများ စုမှာ (ထန်တရုတ်၊ ဗင်တရုတ်၊ ဟန်တရုတ်)တို့ဖြစ်သည်" ဟု ဖော်ပြပါရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ မှားယွင်းခဲ့ရခြင်းမှာ မေးခွန်းကို စာရိုက်ကူးရာတွင် မှားယွင်းရိုက်ကူးမိခြင်းဖြစ်ပြီး နောက်ဆက်တွဲပြင်ဆင်ချက်ကို မေးခွန်းလွှာတွင် တစ်ပါတည်းထည့်သွင်းပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများအား ဖြေဆိုရန် ညွှန်ကြားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
7Day News Journal





Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)