အမ်ိဳးသား လုံျခဳံေရး ကြန္ရက္ မိတၳီလာမွာ ဖြဲ႕

 မဘသ က သံဃာေတြ အပါအဝင္ တျခား လူမွုေရး ကြန္ရက္ အသင္းက ေခါင္းေဆာင္ ေတြ စုစည္း ထား တဲ့ အမ်ိဳးသား လုံျခဳံေရး ကြန္ရက္ ဖြဲ႕စည္း။
အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာင့္ေရးအဖြဲ႕ မဘသ က သံဃာေတြ အပါအဝင္ တျခား လူမွုေရး ကြန္ရက္ အသင္းက ေခါင္းေဆာင္ ေတြ စုစည္း ထား တဲ့ အမ်ိဳးသား လုံျခဳံေရး ကြန္ရက္ ဆိုၿပီး မိတၳီလာ ၿမိဳ႕ မွာ ေပၚေပါက္ လာပါတယ္။

သဘာဝ ေဘး အႏၲရာယ္ က်ေရာက္တဲ့ အခါ လူမွု ကယ္ဆယ္ ေရး လုပ္ငန္း ေတြ လုပ္နိုင္ဖို႔ အပါအဝင္ အမ်ိဳးသားေရး ကာကြယ္ေစာင့္ေရွာက္ မွု ေတြျပဳလုပ္ နိုင္ဖို႔ ဖြဲ႕စည္းရတာ ျဖစ္တယ္ ဆိုၿပီး အဲဒီ့ ကြန္ရက္ရဲ့ ဦးေဆာင္ သံဃာ တစ္ပါး ျဖစ္တဲ့ ဦးအဂၢဓဇ က ဘီဘီစီ ကို မိန္႔ ပါတယ္။

မဘသ အဖြဲ႕ ရွိႏွင့္ၿပီး ျဖစ္ေပမယ့္ သံဃာေတြ ဝိနည္းတဲ့ ညိစြန္း နိုင္တဲ့ ႐ုံးျပင္ကနား ကိစၥေတြ မွာ လိုအပ္ လာရင္ ေျဖရွင္းဖို႔ လူပုဂၢိဳလ္ ေတြ ပါ ပါဝင္တဲ့ အခုလို ကြန္ရက္ မ်ိဳး ဖြဲ႕ရတာ ျဖစ္တယ္လို႔လည္း ဦးအဂၢဓဇ က မိန္႔ပါတယ္။

အမ်ိဳးသား တိုးတက္ ျမင့္မားေရး ပါတီ ဆိုတဲ့ နိုင္ငံေရး ပါတီ ကေန ထုတ္ျပန္ ေၾကညာခ်က္ ေတြ ေလာေလာ လတ္လတ္ ထြက္ေပၚ လာ ေပမယ့္ အခု ဖြဲ႕စည္း လိုက္တဲ့ ကြန္ရက္ နဲ႔ၾကား ဆက္သြယ္မွု တစုံတရာ မရွိဘူးလို႔ ဦးအဂၢဓဇ က မိန္႔ပါတယ္။

ဒါ့အျပင္ နိုင္ငံေရး အေျပာင္းအလဲ ကို ညင္ညင္သာသာ ျဖစ္ေပၚ ဖို႔ ႀကိဳးစားေနတဲ့ ကာလ မ်ိဳးမွာ အမ်ိဳးသားေရး ဝါဒ လမ္းေၾကာင္း က အေႏွာင့္အယွက္ ျဖစ္လာ ေစနိုင္ လားဆိုတဲ့ ဘီဘီစီ ရဲ့ အေမးကို ဦးအဂၢဓဇ က ကြန္ရက္ အေနနဲ႔ နိုင္ငံေရး ကိစၥေတြ အေပၚ စိတ္ဝင္စားမွု မရွိဘူး ဆိုၿပီး ျငင္းဆိုသလို ဘယ္သူ အစိုးရ ျဖစ္ျဖစ္ အမ်ိဳး၊ ဘာသာ၊ သာသနာ ကို ထိခိုက္ ေစမယ့္ အရာ ေတြကို ကာကြယ္ သြားမယ္လို႔ မိန္႔ပါတယ္။

BBC Burmese
http://www.bbc.com/burmese

..................................................


 မဘသ က သံဃာတွေ အပါအဝင် တခြား လူမှုရေး ကွန်ရက် အသင်းက ခေါင်းဆောင် တွေ စုစည်း ထား တဲ့ အမျိုးသား လုံခြုံရေး ကွန်ရက် ဖွဲ့စည်း။
အမျိုးဘာသာ သာသနာ စောင့်ရှောင့်ရေးအဖွဲ့ မဘသ က သံဃာတွေ အပါအဝင် တခြား လူမှုရေး ကွန်ရက် အသင်းက ခေါင်းဆောင် တွေ စုစည်း ထား တဲ့ အမျိုးသား လုံခြုံရေး ကွန်ရက် ဆိုပြီး မိတ္ထီလာ မြို့ မှာ ပေါ်ပေါက် လာပါတယ်။

သဘာဝ ဘေး အန္တရာယ် ကျရောက်တဲ့ အခါ လူမှု ကယ်ဆယ် ရေး လုပ်ငန်း တွေ လုပ်နိုင်ဖို့ အပါအဝင် အမျိုးသားရေး ကာကွယ်စောင့်ရှောက် မှု တွေပြုလုပ် နိုင်ဖို့ ဖွဲ့စည်းရတာ ဖြစ်တယ် ဆိုပြီး အဲဒီ့ ကွန်ရက်ရဲ့ ဦးဆောင် သံဃာ တစ်ပါး ဖြစ်တဲ့ ဦးအဂ္ဂဓဇ က ဘီဘီစီ ကို မိန့် ပါတယ်။

မဘသ အဖွဲ့ ရှိနှင့်ပြီး ဖြစ်ပေမယ့် သံဃာတွေ ဝိနည်းတဲ့ ညိစွန်း နိုင်တဲ့ ရုံးပြင်ကနား ကိစ္စတွေ မှာ လိုအပ် လာရင် ဖြေရှင်းဖို့ လူပုဂ္ဂိုလ် တွေ ပါ ပါဝင်တဲ့ အခုလို ကွန်ရက် မျိုး ဖွဲ့ရတာ ဖြစ်တယ်လို့လည်း ဦးအဂ္ဂဓဇ က မိန့်ပါတယ်။

အမျိုးသား တိုးတက် မြင့်မားရေး ပါတီ ဆိုတဲ့ နိုင်ငံရေး ပါတီ ကနေ ထုတ်ပြန် ကြေညာချက် တွေ လောလော လတ်လတ် ထွက်ပေါ် လာ ပေမယ့် အခု ဖွဲ့စည်း လိုက်တဲ့ ကွန်ရက် နဲ့ကြား ဆက်သွယ်မှု တစုံတရာ မရှိဘူးလို့ ဦးအဂ္ဂဓဇ က မိန့်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး အပြောင်းအလဲ ကို ညင်ညင်သာသာ ဖြစ်ပေါ် ဖို့ ကြိုးစားနေတဲ့ ကာလ မျိုးမှာ အမျိုးသားရေး ဝါဒ လမ်းကြောင်း က အနှောင့်အယှက် ဖြစ်လာ စေနိုင် လားဆိုတဲ့ ဘီဘီစီ ရဲ့ အမေးကို ဦးအဂ္ဂဓဇ က ကွန်ရက် အနေနဲ့ နိုင်ငံရေး ကိစ္စတွေ အပေါ် စိတ်ဝင်စားမှု မရှိဘူး ဆိုပြီး ငြင်းဆိုသလို ဘယ်သူ အစိုးရ ဖြစ်ဖြစ် အမျိုး၊ ဘာသာ၊ သာသနာ ကို ထိခိုက် စေမယ့် အရာ တွေကို ကာကွယ် သွားမယ်လို့ မိန့်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)