ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား





မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ (၃) နာရီအချိန်က ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း မိုင်တိုင် အမှတ်(၃၄-၆/၇) ကြားရှိ တံတားအမှတ် (၁/၃၅) စည်သာတံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် ပြင်ဦးလွင်ခရိုင် ဒုရဲမှူးကြီးနှင့် ၀န်ထမ်း များ၊ တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ကြည့်ရှုခဲ့ရာ ပြင်ဦးလွင်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးထိန်လင်း မောင်းနှင်သည့် ယာဉ်အမှတ် 5E/6806 ၊ DYNA အဖြူရောင်ယာဉ်သည် မဲကင်းကြီးကျေးရွာ တံတားဦးမြို့နယ်မှ ခရီးသည် ကျား (၁၅) ဦး ၊ မ (၂၄ ) ဦး စုစုပေါင်း (၃၉) ဦးတို့အား တင်ဆောင်၍ ဘုရားဖူးလာရောက်ရာ အပြန်တွင် အမြင့် (၁၂) ပေခန့်ရှိ စည်သာချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သည်။






(ဇော်မျိုးထိုက် / ပြင်ဦးလွင် )
MOI Webportal Myanmar
................



ပြင်ဦးလွင် ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ (၃) နာရီအချိိန်က ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း မိုင်တိုင် အမှတ်(၃၄-၆/၇) ကြားရှိ တံတားအမှတ် (၁/၃၅) စည်သာတံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် ပြင်ဦးလွင်ခရိုင် ဒုရဲမှူးကြီးနှင့် ၀န်ထမ်း များ၊ တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ကြည့်ရှုခဲ့ရာ ပြင်ဦးလွင်ဘက်မှ မန ္တလေးဘက်သို့ ယာဉ်မောင်း ဦးထိန်လင်း မောင်းနှင်သည့် ယာဉ်အမှတ် 5E/6806 ၊ DYNA အဖြူရောင်ယာဉ်သည် မဲကင်းကြီးကျေးရွာ တံတားဦးမြို့နယ်မှ ခရီးသည် ကျား (၁၅) ဦး ၊ မ (၂၄ ) ဦး စုစုပေါင်း (၃၉) ဦးတို့အား တင်ဆောင်၍ ဘုရားဖူးလာရောက်ရာ အပြန်တွင် အမြင့် (၁၂) ပေခန့်ရှိ စည်သာချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သည်။



အဆိုပါ ယာဉ်တိမ်းမှောက်ရာတွင် မ (၂)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ကျား (၁၅) ဦး ၊ မ (၂၁ )ဦး ပေါင်း (၃၆) ဦးနှင့် ပြင်ပလူနာ မ(၁) ဦးတို့ အား ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသတင်းရရှိသည်။

(ဇော်မျိုုးထိုက် / ပြင်ဦးလွင် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)