ကေလးၿမိဳ႕လမ္းဆံုအနီး သံုးထပ္တိုက္ အေဆာက္အဦသစ္၏ အဖီ လသာေဆာင္ၿပိဳက်မႈ ျဖစ္ပြား ၂ ဦးေသဆုံး


 ကေလးၿမိဳ႕လမ္းဆံုအနီး သံုးထပ္တိုက္ အေဆာက္အဦသစ္၏ အဖီ လသာေဆာင္ၿပိဳက်မႈ ျဖစ္ပြား

ကေလး ေဖဖ၀ါရီ ၂၉

ကေလးၿမိဳ႕ လမ္းဆံုအေရွ႕ဘက္ ဗိုလ္ခ်ဳပ္လမ္းမေဘးရွိ ေပၚဦး ဘိနပ္ ဆိုင္ႏွင့္ ေနျခည္ဦး အထည္ ဘိနပ္ႏွင့္ အားကစား ပစၥည္းေရာင္း၀ယ္ေရး ဆုိင္ၾကား ရွိေဆာက္ လုပ္ဆဲ သံုးထပ္တိုက္ ဧကရီဘိနပ္ဆိုင္၏ Steel Structure အဖီထုတ္လသာေဆာင္ ခန္႔မွန္း အလ်ား ၂၀ေပ၊ အနံ ၁၂ ေပ၊ အျမင့္ ၁၂ ေပ သံကူကြန္ကရစ္ ေလာင္း သည့္ ေနရာကို ေဖဖ၀ါရီ ၂၉ ရက္ မြန္းလြဲ ၁၂ နာရီ ခြဲခန္႔က ၿပိဳက် မွဳ ျဖစ္ပြား ခဲ့သည္။

ယင္းသံုးထပ္တိုက္၏ အဖီ လသာေဆာင္ ၿပိဳက်မွဳတြင္ အိမ္ပိုင္ရွင္ ဦးေဌးေအာင္ႏွင့္ တူျဖစ္သူ ဦးစည္သူ တို႔ သည္ အဖီ လသာေဆာင္ၿပိဳက် သည့္ ေနရာတြင္ပိက်ၾကၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ား အျမန္ဆံုးျပဳလုပ္ကာ ကေလးၿမိဳ႕ ျပည့္သူ႔ ေဆးရံုသုိ႔ အခ်ိန္မီ ပို႔ခဲ့ၾကေသာ္ လည္း ျပည့္သူ႔ေဆးရံုႀကီး တြင္ ႏွစ္ဦးစလုံး အသက္ဆံုးရွံုး ခဲ႔ၾကေၾကာင္း သိရသည္။

အဆိုပါ အဖီ လသာေဆာင္ၿပိဳက်မႈ ျဖစ္ပြားျခင္း စက္မႈ လယ္ယာဦးစီး ဌာန ၏ ေျမေကာ္စက္ႏွစ္စီး၊ မီးသတ္ကား ႏွစ္စီးႏွင့္ မီးသတ္ တပ္ဖြဲ႔၀င္ မ်ား၊ ျပည့္သူ႔ ရဲတပ္ဖြဲ႔၀င္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ႏွင္႔ ရပ္ကြက္ ေနျပည္ သူမ်ား က ကေလး ခရိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌႏွင္႔ၿမိဳ႕နယ္ ဖြံ႕ၿဖိဳး တိုးတက္ မွဳအေထာက္အကူူျပဳ ေကာ္မတီ ၀င္မ်ား၏စီမံ ကြပ္ကဲမွဳျဖင့္ ကယ္ဆယ္ေရး လုပ္ငန္းမ်ားကို အခ်ိန္ ႏွင့္တေျပးညီေဆာင္ရြက္ လ်က္ ရွိၾက သည္။

ကေလးၿမိဳ႕လမ္းဆံုတြင္ ျပည္သူမ်ား သြားလာေရး ျပန္လည္ အစဥ္ေျပေခ်ာေမြ ႔ေစေရး အတြက္ လည္း ၿမိဳ႕နယ္စည္ ပင္ သာယာေရး ေကာ္မတီႏွင့္ျပည့္ သူ႔ ေဆာက္လုပ္ေရး လုပ္ငန္းမွ လမ္းဦးစီး ဌာန တို႔၏ ေျမသယ္ ေမာ္ေတာ္ ယာဥ္ မ်ား ကို အသံုးျပဳလ်က္ အဖီလ သာေဆာင္ၿပိဳက် မႈ ရွင္းလင္းျခင္း လုပ္ငန္းမ်ား ကိုေဆာင္ရြက္ ၾကေၾကာင္း သိရ သည္။

(ကေလးၿမိဳ႕-ခရိုင္ျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.............


 ကလေးမြို့လမ်းဆုံအနီး သုံးထပ်တိုက် အဆောက်အဦသစ်၏ အဖီ လသာဆောင်ပြိုကျမှု ဖြစ်ပွား

ကလေး ဖေဖဝါရီ ၂၉

ကလေးမြို့ လမ်းဆုံအရှေ့ဘက် ဗိုလ်ချုပ်လမ်းမဘေးရှိ ပေါ်ဦး ဘိနပ် ဆိုင်နှင့် နေခြည်ဦး အထည် ဘိနပ်နှင့် အားကစား ပစ္စည်းရောင်းဝယ်ရေး ဆိုင်ကြား ရှိဆောက် လုပ်ဆဲ သုံးထပ်တိုက် ဧကရီဘိနပ်ဆိုင်၏ Steel Structure အဖီထုတ်လသာဆောင် ခန့်မှန်း အလျား ၂၀ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၂ ပေ သံကူကွန်ကရစ် လောင်း သည့် နေရာကို ဖေဖဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က ပြိုကျ မှု ဖြစ်ပွား ခဲ့သည်။

ယင်းသုံးထပ်တိုက်၏ အဖီ လသာဆောင် ပြိုကျမှုတွင် အိမ်ပိုင်ရှင် ဦးဌေးအောင်နှင့် တူဖြစ်သူ ဦးစည်သူ တို့ သည် အဖီ လသာဆောင်ပြိုကျ သည့် နေရာတွင်ပိကျကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ကာ ကလေးမြို့ ပြည့်သူ့ ဆေးရုံသို့ အချိန်မီ ပို့ခဲ့ကြသော် လည်း ပြည့်သူ့ဆေးရုံကြီး တွင် နှစ်ဦးစလုံး အသက်ဆုံးရှုံး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖီ လသာဆောင်ပြိုကျမှု ဖြစ်ပွားခြင်း စက်မှု လယ်ယာဦးစီး ဌာန ၏ မြေကော်စက်နှစ်စီး၊ မီးသတ်ကား နှစ်စီးနှင့် မီးသတ် တပ်ဖွဲ့ဝင် များ၊ ပြည့်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက် နေပြည် သူများ က ကလေး ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့်မြို့နယ် ဖွံ့ဖြိုး တိုးတက် မှုအထောက်အကူူပြု ကော်မတီ ၀င်များ၏စီမံ ကွပ်ကဲမှုဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန် နှင့်တပြေးညီဆောင်ရွက် လျက် ရှိကြ သည်။

ကလေးမြို့လမ်းဆုံတွင် ပြည်သူများ သွားလာရေး ပြန်လည် အစဉ်ပြေချောမွေ ့စေရေး အတွက် လည်း မြို့နယ်စည် ပင် သာယာရေး ကော်မတီနှင့်ပြည့် သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ လမ်းဦးစီး ဌာန တို့၏ မြေသယ် မော်တော် ယာဉ် များ ကို အသုံးပြုလျက် အဖီလ သာဆောင်ပြိုကျ မှု ရှင်းလင်းခြင်း လုပ်ငန်းများ ကိုဆောင်ရွက် ကြကြောင်း သိရ သည်။

(ကလေးမြို့-ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)