ေရႊျပည္သာၿမိဳ႔နယ္တြင္ ဂက္စ္ပိုက္လိုင္းယိုစိမ္႕ရာမွ မီးေလာင္မႈျဖစ္ပြား


ရန္ကုန္ ေဖေဖာ္ဝါရီ ၂၇

ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာ ၿမိဳ႕နယ္ ဘုံရွည္ကုန္းေက်းရြာတြင္ ယေန႔ ညေန ၅ နာရီခြဲခန္႔က ဂက္စ္ ပိုက္လိုင္းယိုစိမ့္ရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့သည္။

''ဂက္စ္ပိုက္လိုင္း ေပါက္သံနဲ႔အတူ မီးေတာက္ေတြ တက္လာေတာ့ ပတ္ဝန္းက်င္ကလူေတြ ထြက္ေျပးၾက တယ္။ မီးေတာက္ကအရမ္းျမန္ေတာ့ အနီးကအိမ္ဆိုရင္ ဘာပစၥည္းမွ သယ္ခ်ိန္မရလိုက္ဘူး။ ကိုယ္လြတ္႐ုန္း ၿပီး ေျပးၾကတာေတြ႕ရတယ္''ဟု အဆိုပါျဖစ္ပြားမႈအနီးရွိ ကိုသိန္းက ေျပာသည္။

ျဖစ္စဥ္မွာ အဆိုပါေက်းရြာ သံျဖဴကားမွတ္တိုင္အနီးရွိ အမွတ္(၄)လမ္းမႀကီးေဘးတြင္ သြယ္တန္းထားေသာ အေဖ်ာက္မွ ေရႊျပည္သာသို႔ ဂက္စ္ပို႔လႊတ္သည့္ ၁ဝ လက္မ ဂက္စ္ပိုက္လိုင္း၏ အဆက္ေနရာမွ ဂက္စ္မ်ားေပါက္ထြက္၍ အေပၚရွိ လွ်ပ္စစ္ႀကိဳးႏွင့္ထိေတြ႕ရာမွ မီးေလာင္မႈ စတင္ျဖစ္ပြားခဲ့သည္။

ထိုျဖစ္ပြားရာသို႔ သက္ဆိုင္ရာ တာဝန္ရွိသူတို႔ႏွင့္အတူ သေႏၶ မီးသတ္တပ္ဖြဲ႕ဝင္ ၃၂၅ ဦး၊ အရန္ မီးသတ္ ၁၁ဝ၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ ၉ဝ တို႔က မီးၿငႇိမ္းသတ္ယာဥ္ ၃၈ စီး၊ ေရသယ္ယာဥ္ ရွစ္စီး၊ ကြပ္ကဲမႈယာဥ္ ခုနစ္စီး၊ အေထာက္ကူျပဳယာဥ္ ေလးစီး၊ လူနာတင္ယာဥ္ ၁ဝ စီး၊ မိတ္ဖက္ေရသယ္ယာဥ္ တစ္စီးတို႔ျဖင့္ ၿငႇိမ္းသတ္ခဲ့ရာ ၆ နာရီ မိနစ္ ၂ဝ တြင္ မီးၿငိမ္းသြားသည္။

''ဂက္စ္မီးဆိုေတာ့ အျမႇဳပ္မီးသတ္ ေဆးရည္နဲ႔ ေရကိုအသုံးျပဳၿပီး လူအင္အားမ်ားမ်ားနဲ႔ၿငႇိမ္းသတ္ခဲ့ရတယ္။မီးေလာင္ဆုံး႐ႈံးမႈ တန္ဖိုးအေနနဲ႔ေတာ့ အတြင္းပစၥည္း က်ပ္သိန္း ၃ဝ ေလာက္ရွိပါတယ္။ အေသးစိတ္ကိုေတာ့ စုံစမ္းမႈေတြလုပ္ေနတုန္းပါ''ဟု ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ဦးစီး ဌာန ဒုတိယၫႊန္ၾကားေရးမွဴး ဦးေသာ္ဒါက ေျပာသည္။

အဆိုပါျဖစ္ပြားမႈေၾကာင့္ အနီးရွိ ဂိုေဒါင္ေဟာင္းတစ္လုံးႏွင့္ လက္ဖက္ ရည္ဆိုင္တစ္ဆိုင္ မီးေလာင္ခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိမႈမရွိေၾကာင္း ကနဦးသတင္းမ်ားအရ သိရသည္။

သတင္းႏွင့္ဓာတ္ပုံ
ေဇာ္ႀကီး (ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
..........


ရန်ကုန် ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် ဘုံရှည်ကုန်းကျေးရွာတွင် ယနေ့ ညနေ ၅ နာရီခွဲခန့်က ဂက်စ် ပိုက်လိုင်းယိုစိမ့်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

''ဂက်စ်ပိုက်လိုင်း ပေါက်သံနဲ့အတူ မီးတောက်တွေ တက်လာတော့ ပတ်ဝန်းကျင်ကလူတွေ ထွက်ပြေးကြ တယ်။ မီးတောက်ကအရမ်းမြန်တော့ အနီးကအိမ်ဆိုရင် ဘာပစ္စည်းမှ သယ်ချိန်မရလိုက်ဘူး။ ကိုယ်လွတ်ရုန်း ပြီး ပြေးကြတာတွေ့ရတယ်''ဟု အဆိုပါဖြစ်ပွားမှုအနီးရှိ ကိုသိန်းက ပြောသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာ သံဖြူကားမှတ်တိုင်အနီးရှိ အမှတ်(၄)လမ်းမကြီးဘေးတွင် သွယ်တန်းထားသော အဖျောက်မှ ရွှေပြည်သာသို့ ဂက်စ်ပို့လွှတ်သည့် ၁ဝ လက်မ ဂက်စ်ပိုက်လိုင်း၏ အဆက်နေရာမှ ဂက်စ်များပေါက်ထွက်၍ အပေါ်ရှိ လျှပ်စစ်ကြိုးနှင့်ထိတွေ့ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

ထိုဖြစ်ပွားရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၃၂၅ ဦး၊ အရန် မီးသတ် ၁၁ဝ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၉ဝ တို့က မီးငြှိမ်းသတ်ယာဉ် ၃၈ စီး၊ ရေသယ်ယာဉ် ရှစ်စီး၊ ကွပ်ကဲမှုယာဉ် ခုနစ်စီး၊ အထောက်ကူပြုယာဉ် လေးစီး၊ လူနာတင်ယာဉ် ၁ဝ စီး၊ မိတ်ဖက်ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၆ နာရီ မိနစ် ၂ဝ တွင် မီးငြိမ်းသွားသည်။

''ဂက်စ်မီးဆိုတော့ အမြှုပ်မီးသတ် ဆေးရည်နဲ့ ရေကိုအသုံးပြုပြီး လူအင်အားများများနဲ့ငြှိမ်းသတ်ခဲ့ရတယ်။မီးလောင်ဆုံးရှုံးမှု တန်ဖိုးအနေနဲ့တော့ အတွင်းပစ္စည်း ကျပ်သိန်း ၃ဝ လောက်ရှိပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းမှုတွေလုပ်နေတုန်းပါ''ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောသည်။

အဆိုပါဖြစ်ပွားမှုကြောင့် အနီးရှိ ဂိုဒေါင်ဟောင်းတစ်လုံးနှင့် လက်ဖက် ရည်ဆိုင်တစ်ဆိုင် မီးလောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

သတင်းနှင့်ဓာတ်ပုံ
ဇော်ကြီး (ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)