အရက္မူးေသာင္းက်န္းသူကို ေဖ်ာင္းဖ်သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဓားထိုးခံရ၍ေသဆံုး


ေတာင္ငူ ေဖေဖာ္ဝါရီ ၁၄

ေတာင္ငူၿမိဳ႕နယ္ ကင္းဆိပ္ေက်းရြာ တြင္ ေဖေဖာ္ဝါရီ ၁၃ ရက္ ည ၁ဝ နာရီ ၁၅ မိနစ္ခန္႔က ေက်းရြာအုပ္ခ်ဳပ္ ေရးမွဴးသည္ ရပ္ကြက္အတြင္း မီးေဘးအႏၲရာယ္ျဖစ္ပြားမႈ မရွိေစေရး အတြက္ အသံခ်ဲ႕စက္ျဖင့္ လွည့္လည္ ႏိႈးေဆာ္စဥ္ ဓားကိုင္ကာ အရက္မူးၿပီး ေသာင္းက်န္းေနသူအား ေတြ႕၍ ေဖ်ာင္းဖ်ေျပာဆိုရာမွ ဓားႏွင့္အထိုး ခံရၿပီး ေသဆံုးသြားခဲ့ေၾကာင္း သိရ သည္။

ျဖစ္စဥ္မွာ ေတာင္ငူၿမိဳ႕အေနာက္ ေတာင္ဘက္ ကင္းဆိပ္ေက်းရြာအုပ္စု ကင္းဆိပ္ေက်းရြာေန အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ဝင္းသည္ ရာအိမ္စုမွဴး၊ အရန္ မီးသတ္အဖြဲ႕ဝင္တို႔ႏွင့္အတူ ေက်းရြာ အတြင္း မီးေဘးအႏၲရာယ္ျဖစ္ပြားမႈ မရွိေစေရးအတြက္ အသံခ်ဲ႕စက္ျဖင့္ လွည့္လည္ႏိႈးေဆာ္ခဲ့ၿပီး ေက်းရြာ စာၾကည့္တိုက္အေရွ႕ဘက္ လမ္းခြ အေရာက္ တစ္ရြာတည္းေန ညီလင္းေထြး(၂၄)ႏွစ္က အရက္ ေသာက္စားမူးယစ္ၿပီး ဓားကိုင္ေသာင္း က်န္းေနသည့္အတြက္ အုပ္ခ်ဳပ္ေရး မွဴးက အရက္မူးေနၿပီျဖစ္၍ အိမ္ျပန္ အိပ္ရန္ ေဖ်ာင္းဖ်ေျပာဆိုခဲ့ရာ ညီလင္းေထြးက မအိပ္ေတာ့ ဘာျဖစ္ သလဲဟုဆိုၿပီး အသင့္ပါလာသည့္ အ႐ိုးအသြား ႏွစ္ေပတစ္လက္မခန္႔ရွိ ငွက္ႀကီးေတာင္ဓားျဖင့္ ထိုးခဲ့ရာ အုပ္ခ်ဳပ္ေရးမွဴးမွာ ရရွိေသာဓား ဒဏ္ရာျဖင့္ ေသဆံုးခဲ့သည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေတာင္ငူအမွတ္(၂) နယ္ေျမရဲစခန္းက ညီလင္းေထြးအား အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

ကိုလြင္(ဆြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
..........


တောင်ငူ ဖေဖော်ဝါရီ ၁၄

တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ တွင် ဖေဖော်ဝါရီ ၁၃ ရက် ည ၁ဝ နာရီ ၁၅ မိနစ်ခန့်က ကျေးရွာအုပ်ချုပ် ရေးမှူးသည် ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေး အတွက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်စဉ် ဓားကိုင်ကာ အရက်မူးပြီး သောင်းကျန်းနေသူအား တွေ့၍ ဖျောင်းဖျပြောဆိုရာမှ ဓားနှင့်အထိုး ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ တောင်ငူမြို့အနောက် တောင်ဘက် ကင်းဆိပ်ကျေးရွာအုပ်စု ကင်းဆိပ်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် ရာအိမ်စုမှူး၊ အရန် မီးသတ်အဖွဲ့ဝင်တို့နှင့်အတူ ကျေးရွာ အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ပြီး ကျေးရွာ စာကြည့်တိုက်အရှေ့ဘက် လမ်းခွ အရောက် တစ်ရွာတည်းနေ ညီလင်းထွေး(၂၄)နှစ်က အရက် သောက်စားမူးယစ်ပြီး ဓားကိုင်သောင်း ကျန်းနေသည့်အတွက် အုပ်ချုပ်ရေး မှူးက အရက်မူးနေပြီဖြစ်၍ အိမ်ပြန် အိပ်ရန် ဖျောင်းဖျပြောဆိုခဲ့ရာ ညီလင်းထွေးက မအိပ်တော့ ဘာဖြစ် သလဲဟုဆိုပြီး အသင့်ပါလာသည့် အရိုးအသွား နှစ်ပေတစ်လက်မခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် ထိုးခဲ့ရာ အုပ်ချုပ်ရေးမှူးမှာ ရရှိသောဓား ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ငူအမှတ်(၂) နယ်မြေရဲစခန်းက ညီလင်းထွေးအား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)