မဂၤလာဒဳုံျမိဳ့နယ္မွာ ပုိင္ရွင္မဲ့ စိတ္ျကြေဆး က်ပ္သိန္း ၁၃၀၀၀ေက်ာ္ဖုိး ဖမ္းမိ

မႏွစ္က အေမရိကန္ ေဒၚလာ ၁၃၃ သန္းခြဲ၊ ျမန္မာက်ပ္ေငြ ၁၃၃ ဒႆမ ၅ ဘီလီယံ တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပား အလံုးေရ ၂၆ သန္းခြဲေက်ာ္ကို ရန္ကုန္တုိင္း မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ မဂၤလာဒံုစက္မႈဇုန္ အိုးအိမ္ ၆ လမ္းသြား လမ္းမေပၚမွာ ရပ္ထားတဲ့ KIA Bongo အမ်ိဳးအစား ကုန္တင္ကားေပၚမွာ ဖမ္းဆီးရမိ။ (ဓာတ္ပံု - MOI)

ရန္ကုန္တုိင္းမဂၤလာဒံုၿမိဳ႕နယ္ေထာက္ၾကန္႔ ပ်ဥ္းမပင္ေက်းရြာအုပ္စုအပုိင္မွာ ပုိင္ရွင္မဲ့ စိတ္ႀကြေဆးျပား၂သိန္း၆ေသာင္းေက်ာ္ကုိ မေန့က ရဲတပ္ဖဲြ၀င္ေတြကရွာေဖြဖမ္းဆီးမိခဲ့ျပီး ကာလတန္းဖိုးက်ပ္သိန္းေပါင္း တေသာင္း ၃ေထာင္ေက်ာ္တန္ဖိုးရွိတယ္လို့ ေထာက္ႀကံရဲစခန္းမူးက ေျပာျပပါတယ္ မေအးမာကသတင္းေပးပုိ့ထားပါတယ္ ။

ျမန္မာႏို္င္ငံရန္ကုန္တုိင္းမဂၤလာဒုံျမိဳနယ္အပိုင္တြင္းမွာ စိတ္ႀကြေဆးေတြ သိန္းနဲ့ခ်ီျပိး ဖမ္းဆီးရမိရာမွာ ပိုင္ရွင္မဲ့ေတြအျဖစ္ စြန္ ့ပစ္ထားတာကိုေတြရွိရတယ္လုိ့ ေထာက္ႀကံရဲစခန္းမူး ရဲအုပ္ေဌး၀င္းက VOA ကိုအခုလိုေျပာျပပါတယ္။

 ”ေထာက္ၾကံ႕နယ္ေျမ ရဲစခန္းအပိုင္း ရန္ကုန္ျပည္လမ္းေပါ့ ပ်ဥ္းမပင္ ေက်းရြာ၊ ေရစင္မွတ္တိုင္အနီး ျပည္လမ္းမႀကီးေဘး၊ ေလွာ္ကားယ်ာဥ္ အုတ္တံတိုင္းနဲ႕ၾကား လမ္းေဘး အမွိဳက္ပံုေပါ့ဗ်ာ။ လႊင့္ပစ္ထားတာကို ရြာသားတစ္ေယာက္ကေန ပထမ သန္းရွာ ဖ်င္းရွာေနရင္းနဲ႕ ေတြ႕ရာကေန၊ သတင္းရရွိၿပီးေတာ့ စြန္႕ပစ္ထားတာကို ေတြ႕ရွိခဲ့ရတာပါ။ ေတြ႕ရွိရတဲ့ အခါက်ေတာ့ ကၽြန္ေတာ္တို႕ စုစုေပါင္း မူးယစ္အဖြဲ႕ေတြေရာ၊ နယ္ေျမ ရဲစခန္းေရာ၊ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး အဖြဲ႕ေတြေကာ ပူးေပါင္းၿပီးေတာ့ စစ္ေဆးလိုက္တဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႕ စုစုေပါင္း အျပားေရ ၂၆၂၇၀၀ ေတြ႕ရွိပါတယ္။ ပါကင္ထုတ္အေနနဲ႕ ဆိုရင္ေတာ့ ၂၆ထုပ္။ တစ္ေသာင္းစီပါတဲ့ အထုပ္၂၆ထုပ္နဲ႕ အထုပ္ျပည္ ေနတဲ့ ေဆးေတြ ကို ေတြ႕ရွိျခင္းျဖစ္ပါတယ္။ တန္ဖိုးအေနနဲ႕ တြက္မယ္ဆိုရင္ေတာ့ တစ္ျပားကို ငါးေထာင္ႏႈန္းနဲ႕ တြက္လိုက္ေတာ့ သိန္းေပါင္း ၁၃၁၃၅သိန္းဖိုးလို႕ ေဒသ ေပါက္ေစ်းအရတြက္ခ်က္ရရွိပါတယ္။ ဒါနဲ႕ ပက္သက္ၿပီးေတာ့ ကၽြန္ေတာ္ကပဲ တရားလို ျပဳလုပ္ၿပီးေတာ့ အမႈဖြင့္လွစ္ၿပီးေတာ့ စံုစမ္းစစ္ေဆးမႈ ေဆာင္ရြက္ေနပါတယ္။”

ျပီးခဲ့တဲ့ႏွစ္ ဇူလိုင္အတြင္းက ကကြန္တိန္နာကားနဲ႕ မဂၤလာဒံုျမိဳနယ္ထဲမွာ ပဲ မူယစ္ေဆး၀ါးေတြ ဖမ္းဆီးရမိတာဟာ ကမၻာေပၚမွာ ဒုတိယ အမ်ားဆံုးဖမ္းဆီးရမိတာျဖစ္ေၾကာင္းလည္း ရဲတပ္ဖဲြ႔က ေျပာဆုိထားတာပါ ဒီဖမ္းဆီးမႈေတြနဲ႕ပတ္သက္လို့အဆင့္ဆင့္အေရးယူေဆင္ရြက္မူေတြေတာ့လုပ္ေနတဲ့အေႀကာင္း ေထာက္ႀကံစခန္းမူး ရဲအုပ္ေဌး၀င္းက ေျပာျပပါတယ္။

“အဲဒီေတာ့ မဂၤလာဒံုၿမိဳ႕နယ္ကေနၿပီးေတာ့ မႈခင္းတပ္ဖြဲ႕ကေနၿပီးေတာ့ ေျပာင္းလဲၿပီးေတာ့ စစ္ေဆးပါတယ္။ စစ္ေဆးေတာ့ ဖမ္းဆီးရမိတဲ့ အပိုင္းမွာလဲ သူတို႕ တရားစြဲၿပီးပါၿပီ။ မမိတဲ့သူေတြလည္း တရားခံေျပးအေနနဲ႕ စြဲထားတဲ့အပိုင္းေတြလည္း ရွိပါတယ္။ ရံုးတင္ စစ္ေဆးဆဲပါပဲ။”

ျပီးခဲ့တဲ့ႏွစ္က မဂၤလာဒံုျမိဳနယ္ထဲမွာ စိတ္ႀကြေဆးကားတစီးလိုက္ဖမ္းမိျပီး ေနာက္ ႀသဂုတ္လအတြင္းမွာေတာ့ ရန္ကုန္တုိင္းေဒသၾကီး အတြင္းမွာ စိတ္ၾကြေဆးျပား ၁၅သိန္း၊ ကာလတန္ဖိုး က်ပ္ေငြ သန္း ၇၅၀၀ဖုိးကို ထပ္မံဖမ္းဆီးရမိခဲ့ၿပီး ဒါဟာ ရန္ကုန္တုိင္းေဒသၾကီးမွာ ဒုတိယအၾကိမ္အမ်ားဆံုးဖမ္းဆီးခဲ့ပါတယ္။ ၂ပတ္အတြင္းမွာ တတိယအႀကိမ္ပိုင္ရွင္မဲေဆးေတြကို သာေကတျမိဳနယ္ ထဲမွာ ထပ္မံဖမ္းဆီရမိခဲ့ပါတယ္။

အလားတူပဲဲ မရမ္းကုန္း၊ လိွဳင္သာယာ စတဲ့ ျမိဳနယ္ အေတာ္မ်ားမ်ားမွာ ပိုင္ရွင္မဲ့ မူယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးရမိမူေတြ ရွိသလို ဒဂံုအေရွ႕ပုိင္းၿမိဳ႕နယ္နဲ႕ မဂၤလာဒံုျမိဳနယ္တြင္းမွာေတာ့ စံုစမ္းေဖာ္ထုတ္မူေတြေႀကာင့္ မူယစ္ေဆး၀ါးတရားခံေတြကို ဖမ္မိတာေတြရွိတယ္လို့လည္းဆက္ေျပာျပပါတယ္။

ႏုိင္ငံတကာ မူးယစ္ေဆး၀ါး တိုက္ဖ်က္မႈ အေျခအေနေတြနဲ႔ ပတ္သက္လို႔ အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ႏွစ္စဥ္ထုတ္ျပန္ေလ့႐ွိတဲ့ ၂၀၁၅ခုခုႏွစ္အတြက္ အစီရင္ခံစာမွာေတာ့ တႏိုင္ငံခ်င္း အလိုက္ အေျခအေနေတြကို ေဖၚျပထားပါတယ္ အဲဒီအစီရင္ခံစာ အရ ျမန္မာႏိုင္ငံဟာ ကမၻာေပၚမွာ ဘိန္းထုတ္လုပ္မႈ ဒုတိယ အမ်ားဆုံး ႏိုင္ငံျဖစ္ေန ဆဲျဖစ္ၿပီး မူးယစ္ေဆး၀ါးကို ထိထိေရာက္ေရာက္ တိုက္ဖ်က္ဖုိ႔ ပ်က္ကြက္ခဲ့တယ္ လို႔ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး လုပ္ငန္းေတြဟာ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ပါ အခ်က္ေတြကို အျပည့္အ၀ လိုက္နာေဆာင္ ရြက္ျခင္း မ႐ွိဘူးလို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ၂၀၁၅ ခုႏွစ္အတြက္ ထုတ္ျပန္တဲ့ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး ႏွစ္ပတ္လည္ အစီရင္ခံစာ မွာ ေရးသားထားတာပါ။ ျမန္မာ အာဏာပိုင္ေတြဖက္ကေတာ့ မူးယစ္ေဆး တိုက္ဖ်က္ေရးမွာ ႏိုင္ငံတကာနဲ႔ တတ္ႏိုင္ သမွ် ပူးေပါင္းေဆာင္႐ြက္ ေနပါတယ္လိုတုံျပန္ထားပါတယ္ရွင္။

ေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............
 မနှစ်က အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ KIA Bongo အမျိုးအစား ကုန်တင်ကားပေါ်မှာ ဖမ်းဆီးရမိ။ (ဓာတ်ပုံ - MOI)

ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ထောက်ကြန့် ပျဉ်းမပင်ကျေးရွာအုပ်စုအပိုင်မှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား၂သိန်း၆သောင်းကျော်ကို မနေ့က ရဲတပ်ဖွဲဝင်တွေကရှာဖွေဖမ်းဆီးမိခဲ့ပြီး ကာလတန်းဖိုးကျပ်သိန်းပေါင်း တသောင်း ၃ထောင်ကျော်တန်ဖိုးရှိတယ်လို့ ထောက်ကြံရဲစခန်းမူးက ပြောပြပါတယ် မအေးမာကသတင်းပေးပို့ထားပါတယ် ။

မြန်မာနို်င်ငံရန်ကုန်တိုင်းမင်္ဂလာဒုံမြိုနယ်အပိုင်တွင်းမှာ စိတ်ကြွဆေးတွေ သိန်းနဲ့ချီပြိး ဖမ်းဆီးရမိရာမှာ ပိုင်ရှင်မဲ့တွေအဖြစ် စွန် ့ပစ်ထားတာကိုတွေရှိရတယ်လို့ ထောက်ကြံရဲစခန်းမူး ရဲအုပ်ဌေးဝင်းက VOA ကိုအခုလိုပြောပြပါတယ်။

 ”ထောက်ကြံ့နယ်မြေ ရဲစခန်းအပိုင်း ရန်ကုန်ပြည်လမ်းပေါ့ ပျဉ်းမပင် ကျေးရွာ၊ ရေစင်မှတ်တိုင်အနီး ပြည်လမ်းမကြီးဘေး၊ လှော်ကားယျာဉ် အုတ်တံတိုင်းနဲ့ကြား လမ်းဘေး အမှိုက်ပုံပေါ့ဗျာ။ လွှင့်ပစ်ထားတာကို ရွာသားတစ်ယောက်ကနေ ပထမ သန်းရှာ ဖျင်းရှာနေရင်းနဲ့ တွေ့ရာကနေ၊ သတင်းရရှိပြီးတော့ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရတာပါ။ တွေ့ရှိရတဲ့ အခါကျတော့ ကျွန်တော်တို့ စုစုပေါင်း မူးယစ်အဖွဲ့တွေရော၊ နယ်မြေ ရဲစခန်းရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေကော ပူးပေါင်းပြီးတော့ စစ်ဆေးလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ စုစုပေါင်း အပြားရေ ၂၆၂၇၀၀ တွေ့ရှိပါတယ်။ ပါကင်ထုတ်အနေနဲ့ ဆိုရင်တော့ ၂၆ထုပ်။ တစ်သောင်းစီပါတဲ့ အထုပ်၂၆ထုပ်နဲ့ အထုပ်ပြည် နေတဲ့ ဆေးတွေ ကို တွေ့ရှိခြင်းဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ တွက်မယ်ဆိုရင်တော့ တစ်ပြားကို ငါးထောင်နှုန်းနဲ့ တွက်လိုက်တော့ သိန်းပေါင်း ၁၃၁၃၅သိန်းဖိုးလို့ ဒေသ ပေါက်စျေးအရတွက်ချက်ရရှိပါတယ်။ ဒါနဲ့ ပက်သက်ပြီးတော့ ကျွန်တော်ကပဲ တရားလို ပြုလုပ်ပြီးတော့ အမှုဖွင့်လှစ်ပြီးတော့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေပါတယ်။”

ပြီးခဲ့တဲ့နှစ် ဇူလိုင်အတွင်းက ကကွန်တိန်နာကားနဲ့ မင်္ဂလာဒုံမြိုနယ်ထဲမှာ ပဲ မူယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာဟာ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးဖမ်းဆီးရမိတာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့အဆင့်ဆင့်အရေးယူဆေင်ရွက်မူတွေတော့လုပ်နေတဲ့အကြောင်း ထောက်ကြံစခန်းမူး ရဲအုပ်ဌေးဝင်းက ပြောပြပါတယ်။

“အဲဒီတော့ မင်္ဂလာဒုံမြို့နယ်ကနေပြီးတော့ မှုခင်းတပ်ဖွဲ့ကနေပြီးတော့ ပြောင်းလဲပြီးတော့ စစ်ဆေးပါတယ်။ စစ်ဆေးတော့ ဖမ်းဆီးရမိတဲ့ အပိုင်းမှာလဲ သူတို့ တရားစွဲပြီးပါပြီ။ မမိတဲ့သူတွေလည်း တရားခံပြေးအနေနဲ့ စွဲထားတဲ့အပိုင်းတွေလည်း ရှိပါတယ်။ ရုံးတင် စစ်ဆေးဆဲပါပဲ။”

ပြီးခဲ့တဲ့နှစ်က မင်္ဂလာဒုံမြိုနယ်ထဲမှာ စိတ်ကြွဆေးကားတစီးလိုက်ဖမ်းမိပြီး နောက် သြဂုတ်လအတွင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စိတ်ကြွဆေးပြား ၁၅သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ရ၅၀၀ဖိုးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအကြိမ်အများဆုံးဖမ်းဆီးခဲ့ပါတယ်။ ၂ပတ်အတွင်းမှာ တတိယအကြိမ်ပိုင်ရှင်မဲဆေးတွေကို သာကေတမြိုနယ် ထဲမှာ ထပ်မံဖမ်းဆီရမိခဲ့ပါတယ်။

အလားတူပဲဲ မရမ်းကုန်း၊ လှိုင်သာယာ စတဲ့ မြိုနယ် အတော်များများမှာ ပိုင်ရှင်မဲ့ မူယစ်ဆေးတွေ အများအပြား ဖမ်းဆီးရမိမူတွေ ရှိသလို ဒဂုံအရှေ့ပိုင်းမြို့နယ်နဲ့ မင်္ဂလာဒုံမြိုနယ်တွင်းမှာတော့ စုံစမ်းဖော်ထုတ်မူတွေကြောင့် မူယစ်ဆေးဝါးတရားခံတွေကို ဖမ်မိတာတွေရှိတယ်လို့လည်းဆက်ပြောပြပါတယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ၂၀၁၅ခုခုနှစ်အတွက် အစီရင်ခံစာမှာတော့ တနိုင်ငံချင်း အလိုက် အခြေအနေတွေကို ဖေါ်ပြထားပါတယ် အဲဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေ ဆဲဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အဝ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာ မှာ ရေးသားထားတာပါ။ မြန်မာ အာဏာပိုင်တွေဖက်ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာ နိုင်ငံတကာနဲ့ တတ်နိုင် သမျှ ပူးပေါင်းဆောင်ရွက် နေပါတယ်လိုတုံပြန်ထားပါတယ်ရှင်။

အေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)