အယ္လ္နီညိဳသည္ မီးေလာင္ျခင္းကို အားေပးသည္


၁၆-၂-၂၀၁၆
နံနက္(၈း၅၃)နာရီ

သမိုင္းမွာ အားအေကာင္းဆံုး အယ္လ္နီညိဳကို ၂၀၁၅-၂၀၁၆ ခုႏွစ္မ်ားတြင္ ကြ်န္ေတာ္တို႕ ႀကံဳေတြ႕ေနႀကရပါတယ္။ အခ်ိန္ကာလအားျဖင့္ (၁၂)လခန္႕ႀကာျမင့္တတ္တဲ့ အယ္လ္နီညိဳျဖစ္စဥ္ဟာ ၂၀၁၅ ဒီဇင္ဘာလမွာ အားအေကာင္းဆံုး ျဖစ္တဲ့အတြက္ ပထမ(၆)လကို ၂၀၁၅ ဒုတိယႏွစ္၀က္မွာ ႀကံဳေတြ႕ခဲ့ႀကရျပီး၊ဒုတိယ(၆)လကိုေတာ့၂၀၁၆ပထမႏွစ္၀က္မွာ ဆက္လက္ႀကံဳေတြ႕ႀကရပါလိမ့္ဦးမယ္(၈-၂-၂၀၁၆)ရက္ေန႕မွာေနာက္ဆံုးတုိင္းတာရရွိခ်က္အရ အယ္လ္နီညိဳဟာ ဒီဇင္ဘာလနဲ႕စာရင္ အင္အားအနည္းငယ္ေလ်ာ့လာခဲ့ေပမယ့္ အားေကာင္းေနဆဲျဖစ္ျပီး၊ လာမယ့္ ဇြန္လအထိ ဆက္လက္ျဖစ္ေပၚေနႏိႈင္ေသးတယ္လို႕ တြက္ခ်က္ရရွိထားပါတယ္။

အားေကာင္းတဲ့အယ္လ္နီညိဳျဖစ္စဥ္ေတြဟာ ျမန္မာႏိုင္င္ငံအပါအ၀င္ ေတာင္အာရွနဲ႕အေရွ႕ေတာင္အာရွႏိုင္ငံေတြအေပၚမွာ ေဖါက္ျပန္တဲ့ရာသီဥတုေတြကိုျဖစ္ေစတတ္ပါတယ္။ အထူးသျဖင့္ ပူျပင္းေျခာက္ေသြ႕တဲ့ရာသီဥတုကိုျဖစ္ေစတတ္တာပါပဲ။ေဆာင္းရာသီမကုန္ေသးမီ အခုရက္ပိုင္းအတြင္းမွာပဲ ျမန္မာႏိုင္ငံမွာ ေန႕အပူခ်ိန္ေတြဟာ 40°C မွ 45°C အထိ ေရာက္၇ွိလာေတာ့မွာျဖစ္ပါတယ္။ ေႏြကာလမွာ ဘယ္ေလာက္အထိ အပူခ်ိန္ ျမင့္တက္လာမလည္းဆိုတာကို စိုးရိမ္ရျပီ။

ေျခာက္ေသြ႕ျပီဆိုတာနဲ႕ မီးကေလာင္တတ္ပါတယ္။ ပူျပင္းေျခာက္ေသြ႕ျပီဆိုရင္ေတာ့ အရာအားလံုးဟာ ေလာင္စာသဖြယ္ပါပဲ။ ပံုမွန္အားျဖင့္ အယ္လ္နီညိဳႏွစ္ေတြမွာ (၁) ေရရရွိေရး၊ (၂) က်န္းမာေရး (၃) စိုက္ပ်ိဳးေရး က႑မ်ားမွာ ထိခိုက္မႈအမ်ားဆံုးျဖစ္ေပမယ့္ အခုေတာ့ သဘာ၀ေဘးကိုပါ ထည္႕သြင္းရပါေတာ့မယ္။

မီးေလာင္ျခင္းဟာ ျမန္မာႏိုင္ငံမွာ အပ်က္အစီး္အမ်ားဆံုး သဘာ၀ေဘးျဖစ္တဲ့အျပင္ အျဖစ္အမ်ားဆံုး သဘာ၀ေဘးလည္းျဖစ္ပါတယ္။ ၂၀၁၆ ဒီႏွစ္ မီးေလာင္မႈဟာ ေနြရာသီမေရာက္ခင္ကတည္း မီးႀကီးေတြေလာင္တာမ်ားလွတယ္။ မႀကံဳဖူးေအာင္ကိုမ်ားတယ္။ သဘာ၀မဟုတ္တဲ့ အျခားအေႀကာင္းေတြ ဘာေတြရွိမလည္း ကြ်န္ေတာ္မေျပာတတ္ေပမယ့္သဘာ၀ျဖစ္စဥ္အေႀကာင္းထဲမွာေတာ့ အယ္လ္နီညိဳဟာ မီးေလာင္ျခင္းကို အားေပးတယ္ဆိုတာကိုေတာ့ သတိထားေစခ်င္ပါတယ္။

အထူးသျဖင့္ လာမယ့္ေႏြရာသီဟာ အယ္လ္နီညိဳျဖစ္စဥ္ေႀကာင့္ အလြန္ပူျပင္းေျခာက္ေသြ႕ႏိႈင္တာေႀကာင့္ မီးကိုအထူးဂရုစိုက္ႀကေစလိုပါတယ္။

ေဒါက္တာထြန္းလြင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..........
  

၁၆-၂-၂၀၁၆
နံနက်(၈း၅၃)နာရီ

သမိုင်းမှာ အားအကောင်းဆုံး အယ်လ်နီညိုကို ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် ကျွန်တော်တို့ ကြုံတွေ့နေကြရပါတယ်။ အချိန်ကာလအားဖြင့် (၁၂)လခန့်ကြာမြင့်တတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၁၅ ဒီဇင်ဘာလမှာ အားအကောင်းဆုံး ဖြစ်တဲ့အတွက် ပထမ(၆)လကို ၂၀၁၅ ဒုတိယနှစ်ဝက်မှာ ကြံုတွေ့ခဲ့ကြရပြီး၊ဒုတိယ(၆)လကိုတော့၂၀၁၆ပထမနှစ်ဝက်မှာ ဆက်လက်ကြံုတွေ့ကြရပါလိမ့်ဦးမယ်(၈-၂-၂၀၁၆)ရက်နေ့မှာနောက်ဆုံးတိုင်းတာရရှိချက်အရ အယ်လ်နီညိုဟာ ဒီဇင်ဘာလနဲ့စာရင် အင်အားအနည်းငယ်လျော့လာခဲ့ပေမယ့် အားကောင်းနေဆဲဖြစ်ပြီး၊ လာမယ့် ဇွန်လအထိ ဆက်လက်ဖြစ်ပေါ်နေနှိုင်သေးတယ်လို့ တွက်ချက်ရရှိထားပါတယ်။

အားကောင်းတဲ့အယ်လ်နီညိုဖြစ်စဉ်တွေဟာ မြန်မာနိုင်င်ငံအပါအဝင် တောင်အာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ ဖေါက်ပြန်တဲ့ရာသီဥတုတွေကိုဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကိုဖြစ်စေတတ်တာပါပဲ။ဆောင်းရာသီမကုန်သေးမီ အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေဟာ 40°C မှ 45°C အထိ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ နွေကာလမှာ ဘယ်လောက်အထိ အပူချိန် မြင့်တက်လာမလည်းဆိုတာကို စိုးရိမ်ရပြီ။

ခြောက်သွေ့ပြီဆိုတာနဲ့ မီးကလောင်တတ်ပါတယ်။ ပူပြင်းခြောက်သွေ့ပြီဆိုရင်တော့ အရာအားလုံးဟာ လောင်စာသဖွယ်ပါပဲ။ ပုံမှန်အားဖြင့် အယ်လ်နီညိုနှစ်တွေမှာ (၁) ရေရရှိရေး၊ (၂) ကျန်းမာရေး (၃) စိုက်ပျိုးရေး ကဏ္ဍများမှာ ထိခိုက်မှုအများဆုံးဖြစ်ပေမယ့် အခုတော့ သဘာဝဘေးကိုပါ ထည့်သွင်းရပါတော့မယ်။

မီးလောင်ခြင်းဟာ မြန်မာနိုင်ငံမှာ အပျက်အစီး်အများဆုံး သဘာဝဘေးဖြစ်တဲ့အပြင် အဖြစ်အများဆုံး သဘာဝဘေးလည်းဖြစ်ပါတယ်။ ၂၀၁၆ ဒီနှစ် မီးလောင်မှုဟာ နွေရာသီမရောက်ခင်ကတည်း မီးကြီးတွေလောင်တာများလှတယ်။ မကြံုဖူးအောင်ကိုများတယ်။ သဘာဝမဟုတ်တဲ့ အခြားအကြောင်းတွေ ဘာတွေရှိမလည်း ကျွန်တော်မပြောတတ်ပေမယ့်သဘာဝဖြစ်စဉ်အကြောင်းထဲမှာတော့ အယ်လ်နီညိုဟာ မီးလောင်ခြင်းကို အားပေးတယ်ဆိုတာကိုတော့ သတိထားစေချင်ပါတယ်။

အထူးသဖြင့် လာမယ့်နွေရာသီဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အလွန်ပူပြင်းခြောက်သွေ့နှိုင်တာကြောင့် မီးကိုအထူးဂရုစိုက်ကြစေလိုပါတယ်။

ဒေါက်တာထွန်းလွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)